
Friday, 21 September 2012
ဝန်ကြီးချုပ်ဦးနုမှ မှားယွင်းစွာ ပြဿနာကို မီးမွှေးခဲ့မိပုံ

အင်တာဗျူးတဲ့ညိုအုန်းမြင့်ရဲ့ မြန်မာပြည်ခရီး

Thursday, 20 September 2012
""ရခိုင်အထူးစုံစမ်းရေးအဖွဲ့ က မစုံစမ်းတတ်သူများ မဖြစ်ကြပါစေနဲ့ ""

လူသတ်မှုဖြင့်ဖမ်းဆီးထားသော ဘင်္ဂလီနှစ်ဦး ကျောက်တော် ရဲစခန်း အချုပ်ခန်းမှ ဖောက် ထွက် လွတ်မြောက်သွား

Wednesday, 19 September 2012
လုရွင်တော် နဲ့ နိုင်ငံရေးဆိုတာ

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနဲ့တွေ့ဆုံ

သတိပြုဆင်ခြင်စရာ
" သတိပြုဆင်ခြင်စရာ " by J.A
(စက်တင်ဘာ၊၁၉ ရက်၊ကွာလာလမ်ပူ ) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တော်တွင် မလေးနိုင်ငံသူ တရုတ်အမျိုးသမီးတစ်ဦး အား အလုပ်အင်တာဗျူး မည်ဟု အင်တာနက် အီးမေးလ် မှတဆင့် အကြောင်းကြားကာ ၎င်းအမျိုးသမီးအား ဟိုတယ်တခုသို့ ချိန်းဆို၍ အဓမ္မပြုကျင့်မှုဖြစ်ပွါးခဲ့ပါသည်။
တိုးတက်ပြောင်းလဲလာသော ယနေ့ ခေတ်တွင် လူငယ်အများစုသည် အလုပ်အကိုင် အခွင့်အလမ်း များစွာကို အင်တာနက်တွင် ရှာဖွေ၍ လုပ်ကိုင်လာကြလျှက်ရှိပြီး အချို့ သော မသမာသူ များ၏ လှည့်စားမှုကြောင့် ဒုက္ခရောက်ကြရ သူများ လည်းရှိလာခဲ့ရာမှ မလေးရှားနိုင်ငံ တွင် လည်း ထိုကဲ့သို့ အဖြစ်မျိုးကိုတွေ့ ရှိခဲ့ရပါသည်။
ဖြစ်စဉ်မှာ အသက်(၂၀) အရွယ် မလေးနိုင်ငံသူတရုတ်အမျိုးသမီးတစ်ဦးသည် နိုင်ငံပိုင်နေ့ စဉ်သတင်းစာတစ်ခုမှ လစာကောင်းသောအလုပ်အကိုင်ကြော်ငြာစာ တစ်ခုကိုတွေ့ ရှိခဲ့ရာ ၎င်း အလုပ်ရှင်၏အီးမေးလ်သို့ CV Form ပေးပို့ ကာဆက်သွယ်ခဲ့ပါသည်။ ၎င်း အီးမေးလ်ပိုင်ရှင် မှ အမျိုးသမီးအား အလုပ်အင်တာဗျူးရန် ဟိုတယ်တစ်ခုသို့ ချိန်းဆိုခဲ့ပါသည်။ ဟိုတယ်သို့ အရောက်တွင် အလုပ်ရှင် ဟန်ဆောင်ထားသူသည် ထိုအမျိုးသမီးအား ၎င်း၏ အခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ တရားလို အမျိုးသမီးအား အလုပ်ရှင် ဟန်ဆောင်ထားသူမှ အအေးသုံးဆောင်ပါ ဟုပြောကာ ၄င်း၏ အင်တာဗျူးအား စတင်ပါသည်။ တရားခံ အလုပ်ရှင်တိုက်သော အအေးခွက်အတွင်း တွင် မူးယစ်စေတတ်သော ဆေးတစ်မျိုးထည့်ထားသဖြင့် တရားလိုအမျိုးသမီး မှာ အင်တာဗျူးမဆုံးခင်တွင် အိပ်မောကျသွားခဲ့ပါသည်။
အိပ်ရာမှာ ရုတ်တရက် လန့် နိုးချိန်တွင်မူ မိမိ တစ်ကိုယ်လုံးတွင် မည်သည့် အဝတ်အစားမျှမရှိတော့ပဲ မိမိယူဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ပိုက်ဆံနှင့် အခြားအဖိုးတန် ပစ္စည်းများလည်း ပျောက်ဆုံးနေသည်ကိုတွေ့ ရှိရပါသည်။ ထို့ နောက်တွင် တရားလို အမျိုးသမီးမှ နီးစပ်ရာ ရဲစခန်းသို့ အမြန်ဆုံးအကြောင်းကြားခဲ့ပါသည်။
တရားခံသည် လျှင်မြန်ပါးနပ်သူဖြစ်၍ ၄င်း၏ မျက်နှာနှင့်ပုံစံအား ဟိုတယ် CCTV မှ မှတ်မိနိုင်ခြင်းမရှိစေရန်ခြေရာဖျောက်ခဲ့သောကြောင့် မလေးရှား ရဲတပ်ဖွဲ့ ဝင်များအတွက် အကြပ်တွေ့ စေခဲ့ပါသည်။ တရားလို နှင့် နီးစပ်ရာ ဟိုတယ်ဝန်ထမ်း အချို့ ၏ ပုံဖော်ချက်ဖြင့် တရားခံ၏ မျက်နှာ ပုံစံကြမ်းအား နိုင်ငံ၏ မီဒီယာများမှတဆင့် ကြေငြာ၍ အသိပေးနှိုးဆော်ထားပါသည်။
ဤဖြစ်စဉ်မှာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမ အကြိမ် တရားခံ၏ ပုံစံနှင့် တစ်ထပ်တည်းကျပြီး ကျုးလွန်သူမှာလည်း တစ်ကိုယ်တော် သာဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှ ယူဆထားသည်။
သစတေးလျဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ရဲ့ သမိုင်းတင်သည့် ရဲရဲတောက်မိန့်ခွန်း
သစတေးလျဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ရဲ့ သမိုင်းတင်သည့် ရဲရဲတောက်မိန့်ခွန်း
သူမဟာ မိမိရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်ကနေ
လျော့မပေးနိုင်ကြောင်းကို ထပ်လောင်းအတည်ပြုလိုက်
တာကြောင့် သူမရဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်
အရေးအပေါ် ယုံကြည်ချက်ကို ချီးကျူးထောပနာ ပြုသင့်
လှပါတယ်။
ဒီလို တစ်ယောက်တစ်လေက ဦးဆောင်ပြောဆိုတာကို ကြား
ရတော့ လေသင်းရနံ့လေးကို ရှူရှိုက်လိုက်ရသလိုပါပဲ။
"သြစတေးလျ ဝန်ကြီးချုပ် ထပ်မံပြောဆိုလိုက်ပြန်ခြင်း"
ဒီအမျိုးသမီးကိုတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတောင် ခန့်အပ်ဖို့
ကောင်းနေပါပြီ။
ဒီထက်မှန်တဲ့စကားမျိုးကို ဘယ်တုန်းကမှ မပြောခဲ့ကြဘူးပါလား။
ဒီအမျိုးသမီးဟာ သတ္တိဗျတ္တိအတော်အတန်ရှိသူမို့ ကမ္ဘာက ကြား
သင့်တဲ့ ဒီစကားမျိုးကို ပြောဝံ့တာပါ။ တုံ့ပြန်မှုတွေကို အကြီးအကျယ်
ရှိလာနိုင်စရာပါ။ ဒါပေမယ့် အနည်းဆုံး သူမဟာ သူနဲ့သြစတေးလျ
နိုင်ငံရဲ့ ယုံကြည်ချက်ကို ချပြလိုက်တာပါပဲ။
ဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်က အစ္စလာမ်ရှရိယာဥပဒေနဲ့အညီ
နေထိုင်လိုတယ်ဆိုတဲ့ သြစတေးလျ မွတ်စ်လင်တွေကို ဒီကထွက်သွား
ကြဖို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု
ကြီးတွေကို တားဆီးနုင်ဖို့ရာ အစိုးရင အစွန်းရောက်သမားတွေအပေါ်
ဦးတည်အာရုံစိုက်နေချိန် ဒီလိုပြောကြားလိုက်တာပါ။
သီးခြားအနေနဲ့ ဂျေးလတ်က သူမဟာ နိုင်ငံက မွတ်စ်လင်ဗလီတွေကို
သူလျှိုအဖွဲ့အစည်းတွေက စောင့်ကြပ်ကြည့်ရှုနေတာကို ထောက်ခံ
အားပေးကြောင်း၊ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်လို့ သြစတေးလျမွတ်စ်လင်
များကို ဒေါသထွက်စေခဲ့တာပါ။
သူ့စကားတွေကို ကိုးကားရရင် -
"ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာ
လေ၊ သြစတေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ၊ မနေချင်
ထွက်သွား"
"တို့ဟာ တချို့ပုဂ္ဂလိကတွေနဲ့ သူတို့ရဲ့ယဉ်ကျေးမှုတွေကို စော်ကားနေမိ
သလားဆိုတာကို တွေးတွေးပူနေရတဲ့ ဒီနိုင်ငံအတွက် ကျွန်မငြီးငွေ့လာရ
ပါပြီ။ ဘာလီကျွန်းတိုက်ခိုက်မှုပြီးကတည်းက ကျွန်မတို့ သြစတေးလျသား
အများစုမှာ မျိုးချစ်စိတ်ဓာတ်တွေ တရှိန်ထိုး တိုးမြင့်လာတာ လက်တွေ့သိ
ခဲ့ရပြီ"
"ကျွန်မတို့ ယဉ်ကျေးမှုဟာ အနှစ် ၂၀၀မျှမက အမျိုးသား အမျိုးသမီး သန်း
ပေါင်းများစွာက ရုန်းကန်ကြိုးစားတိုက်ပွဲဝင်အောင်ပွဲဆင်ပြီးမှ ဖွံ့ဖြိုးတိုးတက်
လာခဲ့တာပါ"
"ကျွန်မတို့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောပါတယ်။ စပိန်၊ လက်ဘနွန်၊ အာရပ်၊တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အခြားဘာသာစကားတွေမပြောပါဘူး။ ဒါကြောင့် ရှင်တို့ ကျွန်မတို့လူ့အသိုင်းအ၀ိုင်းမှာ အပါအ၀င်ဖြစ်ချင်တယ်
ဆိုရင် ဒီဘာသာစကားကို သင်ကြားပါ"
"သြစတေးလျလူမျိုးအားလုံးဟာ ဘုရားသခင်ကို ယုံကြည်ကြပါတယ်။
ခရစ်ယာန် တချို့တလေကြောင့်၊ လက်ယာဝါဒီကြောင့်၊ နိုင်ငံရေးနှိုးဆော်
ချက်စတာတွေကြောင့် မဟုတ်ပါဘူး။ ခရစ်ယာန်အမျိုးသား အမျိုးသမီးများ
က ဒီနိုင်ငံတော်ကြီးကို ခရစ်ယာန်အယူဝါဒအပေါ် အခြေပြုကာ ထူထောင်
ခဲ့ကြကြောင်းကို ရှင်းလင်းစွာ ကမ္ဗည်းအက္ခရာတင်ခဲ့ကြတာပါ"
"ဒီအကြောင်းကို ကျွန်မတို့ စာသင်ခန်းနံရံတွေမှာ ဖော်ပြထားနိုင်မယ်ဆိုရင်
သင့်လျော်မှာပါ။ ဘုရားသခင်နဲ့သင် အဆင်ပြေဖို့မရှိဘူးဆိုရင် သင့်ရဲ့အိမ်ယာ
သစ်အတွက် ကမ္ဘာ့အခြားတစ်နေရာမှာသာ စဉ်းစားပါတော့လို့ ကျွန်မအကြံ
ပေးပါရစေ"
"ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်မတို့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်း
ဖြစ်လို့ပါပဲ"
"ကျွန်မတို့ဟာ သင်တို့ရဲ့ ယုံကြည်မှုတွေကို လက်ခံပါတယ်။ ဘာညာမေးခွန်း
ထုတ်နေမှာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ တောင်းဆိုနေတာတစ်ခုလုံးက
သင်လည်း ကျွန်မတို့ယုံကြည်ချက်တွေကို လက်ခံဖို့၊ ကျွန်မတို့နဲ့အတူတကွ
အေးအေးချမ်းချမ်း အဆင်ပြေပြေ နေထိုင်သွားကြဖို့ပါပဲ"
"ဒါဟာ ကျွန်မတို့ရဲ့တိုင်းပြည်၊ နယ်မြေ နေထိုင်မှုပုံစံပါ။ အဲဒီ့ခံစား စံစားခွင့်
အားလုံးကို သင်တို့ကို ကျွန်မတို့က ပေးအပ်မှာပါ။ ဒါပေမယ့် သင်က ကျွန်မ
တို့ရဲ့ အလံ၊ ကျွန်မတို့ရဲ့ အဓိဋ္ဌာန်၊ ကျွန်မတို့ရဲ့ ခရစ်ယာန်အယူ သို့မဟုတ်
ကျွန်မတို့ လူနေမှုဘ၀ကို ဆန့်ကျင်ကန့်ကွက် ငြင်းခုံလာမယ်ဆိုရင်တော့
ကျွန်မ အလေးအနက် အားပေးချင်တာကတော့ သြစတေးလျသားတို့ရဲ့
အခြားသော လွတ်လပ်ခွင့်ကြီးတစ်ခုဖြစ်တဲ့ "ထွက်သွားနိုင်ခွင့်"ကို ရယူ
လိုက်ကြဖို့ပါပဲ"
"သင် ဒီမှာမပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကျွန်မတို့ သင့်ကို အတင်းလာ
ခိုင်းခဲ့တာလည်း မဟုတ်ပါဘူး။ သင်ကသာ လာနေပါရစေလို့ တောင်းဆိုခဲ့
တာပါ။ ဒါကြောင့် သင့်ကို လက်ခံတဲ့ နိုင်ငံကို သင်ကလည်း လက်ခံပေးပါ။"
ဒါကတော့ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ဆိုတဲ့ မိန်းမသား
တစ်ယောက်ရဲ့ ရဲရဲတောက်မိန့်ခွန်းပါပဲ ..။ မြန်မာနိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်
များ၊ လူထုခေါင်းဆောင်များနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
သူပြောခဲ့တဲ့ မိန့်ခွန်း၊ သူ့အတွေး၊ သူ့ခံယူချက်တွေဟာ လေးစားစရာ၊ အား
ကျစရာ၊ လိုက်နာစရာ ဖြစ်တယ်ဆိုတာ ..သင်လည်း မျိုးချစ်စိတ်ရှိသူတစ်
ယောက်ဖြစ်မယ်ဆိုရင် ထပ်တူခံစားနားလည်နိုင်မှာပါ။
ဒါကြောင့် ..မြန်မာတွေကို သိစေချင်တာက ...
ကိုယ့်မြေကို ကိုယ်ကာကွယ်တာ .. အားနာစရာမဟုတ်။
ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တာ ..ရှက်စရာမဟုတ်။
ကိုယ့်လူမျိုးကို ကိုယ်စောင့်ရှောက်တာ .. မျက်နှာငယ်စရာမဟုတ်။
Tuesday, 18 September 2012
""အသက်(၁၈) အရွယ် လူနာ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့် သမားတော် ထောင်ပို့ခံရ ""
ဇော်ဇော်( ရွှေမြန်မာမီဒီယာ)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ဆယ်ကျော်သက်
လူနာအမျိုးသမီးငယ် တဦးအား မုဒိမ်းကျင့်
ကျူးလွန်သူ သမားတော်တစ်ဦးမှာ ထောင်ဒဏ်
ချမှတ်ခံရသည်ဟု သတင်းရရှိသည်။
ထောင်ပို့ခံရသော အဆိုပါ သမားတော်ကြီးမှာ ဒက္ကာမြို့ တောင်ပိုင်း
ဘောရီးရှားမြို့နယ်မှ ဖြစ်သည်ဟု ဆိုသည်။
ဘောရီးရှားမြို့နယ် ကိုဝါတိုလီရဲဌာနမှ အရာရှိတဦးဖြစ်သူ Sharduzzaman က “သူမခင်ပွန်း
အာလန်ချို(ခ်)ဒါက အဲဒီအမှုကိစ္စနဲ့ တနင်္လာ နေ့ညက အမျိုးသမီးနဲ့ ကလေးငယ်များအပေါ်
ကာကွယ်တဲ့ ဥပဒေကို ကျူးလွန်တဲ့ ပုဒ်မှ (၁၀)နဲ့အမှုဖွင့်ထားပါတယ်
”ဟု ဆိုသည်။
Jahangir Alam Seimသည် ဘောရီးရှားမြို့ လူနာခွဲစိတ်ကုသာသည့် ဆေးရုံ၌ သမားတော်
တဦးဖြစ်သလို ၄င်းဆေးရုံနှင့် ဆေးခန်းပိုင်ရှင် တဦးလည်း ဖြစ်သည်ဟု
သိရသည်။
လူနာဆေးရုံ၌ ခွဲစိတ်ကုသရင်း သမားတော် Jahangirဆီ မုဒိမ်းပြုကျင့်ခြင်း ခံရသည့်
အမျိုးသမီးမှာ အသက်(၁၈)သာရှိပြီး အိမ်ထောင် သစ်ပြုထားသည့် Chokder
၏ဇနီး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါအမျိုးသမီးအား စက်တင်ဘာ ၁၂ရက်နေ့က အူအတက်ရောက်၍ ခွဲစိတ်ကုသရန် ဆေးရုံတင်ထားသူ ဖြစ်သည်။
တနင်္လာနေ့က သူမအား သမားတော်၏ အခန်းထဲ၌ မုဒိမ်ပြုကျင့်သည့်နေ့တွင်
ရုံးဝန်ထမ်းများ လာရောက်ခြင်းမရှိဟု ခင်ပွန်းဖြစ် သူကပြောသည်။ အဆိုပါအခန်း
ထဲမှ ငိုယိုသံကြားပြီးမှ အနီးအနားရှိ လူတွေသွားရောက်ပြီး ကယ်ထုတ်နိုင်ခဲ့
သည်ဟု သိရသည်။
ဇော်ဇော်( ရွှေမြန်မာမီဒီယာဂရု)
"အသက်၂ဝပြည့် မွေးနေ့ကို စိုးပြည့်သဇင် ဘယ်လိုဖြတ်သန်းမှာလဲ"
"အသက်၂ဝပြည့် မွေးနေ့ကို စိုးပြည့်သဇင် ဘယ်လိုဖြတ်သန်းမှာလဲ"
စိုးပြည့်သဇင်က Laurel Art Academy က စီစဉ်ရိုက်ကူးတဲ့ ‘ မင်းနဲ့အတူတူ’ ဇာတ်ကား ကို ကျော်ကျော်ဗိုနဲ့၊ ဘရိတ်ကီ ၊ နော်လီဇာ ၊Laurel Art မှကျောင်း သူ၊ ကျောင်းသားတို့နဲ့ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကား က အနုပညာ သင်တန်း က သင်တန်းသူ၊ သင်တန်းသား တို့ကို ရိုက်ကူးထား တဲ့ ကျောင်းသား ဇာတ် လမ်းလေးဖြစ်ပြီး စိုးပြည့်သဇင်က သင်တန်း ကျောင်း အုပ်နော်လီဇာရဲ့သမီး၊အကသင် ပေး တဲ့ဆရာမအဖြစ် သရုပ်ဆောင် မှာဖြစ်ပါ တယ်။ ကျော်ကျော်ဗိုက အင်္ဂလိပ် အက ဆရာ ဖြစ်ပြီး ဘရိတ်ကီက အဆို ဆရာအဖြစ် သရုပ် ဆောင်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ငယ်ဘဝ ဇာတ်ရုပ်မှာ ပတ္တလားတီး တဲ့ အခန်း ပါတဲ့အတွက် ပတ္တလားတီး တာကို နည်း နည်း တော့ သင်ကြားခဲ့ ရကြောင်း ပြောပါ တယ်။ Laurel Art က သရုပ်ဆောင်သစ် တွေက လည်း စနစ်တကျသင်ကြားထားရတဲ့ အတွက် သရုပ်ဆောင်တာတော်ကြောင်း စိုးပြည့်သဇင် က ပြောပါတယ်။ စိုးပြည့် သဇင် က ဒီဇာတ် ကားပြီးရင်တော့ မြင့်မြတ်နဲ့ အချစ် ဇာတ်ကား ရိုက်ကူး မှာဖြစ်ပါတယ်။ စိုးပြည့် သဇင်က ‘ ချစ်သူရွေးမယ်’ သီချင်းခွေ ထဲက သီချင်း၆ ပုဒ်ကို ဗီစီဒီ ရိုက်ကူးထား ပြီးသွား
ပြီဖြစ်ပါ တယ်။ ဒါရိုက်တာ တစ်ယောက်စီ နဲ့ သူတို့ စိတ် ကြိုက်ဖန်တီး ထား တာဖြစ်ေ ကြာင်း ပြော ပါ တယ်။ ဗီစီဒီနဲ့ ပတ်သက်ပြီး စိုးပြည့်သဇင်က ” စိုးပြည့် အခွေ အတွက် ဒါရိုက်တာ တွေက သူတို စိတ်တိုင်းကျပဲ ဖန်တီး ထားကြ တာပါ။ သီချင်းက ၆ပုဒ်ရိုက်ပြီးသွား ပြီ။ ၅ပုဒ်လောက် ရိုက်ဖို့ ကျန်သေးတယ်။ စိုးပြည့် အားတဲ့ဘက် ရော ပါဝင်မယ့် သရုပ်ဆောင်တွေ အား တဲ့ ရက်ပါ ညှိပြီး ရိုက်ကြ တာပါ။ အခု ရိုက်ပြီး သွားတာတော့ ကိုအောင်ရဲလင်း၊ ကိုမိုး အောင်ရင်၊ ကိုစည်ဖြိုး၊ ကိုမင်းမော်ကွန်း တို့နဲ့ ရိုက်ပြီး သွားပြီ။ စိုးပြည့် အခွေ ထွက်လာ ရင် တော့ ပရိသတ်ကြီး နားထောင်ပေး စေချင်ပါတယ်” လို့ ပြော ပါတယ်။ စက်တင်ဘာ ၂၂ရက်နေ့က စိုးပြည့် သဇင်ရဲ့ အသက် ၂ဝပြည့်မွေး နေ့ ဖြစ်ပါတယ်။ မွေးနေ့ကိုနှစ်တိုင်း အလှူလုပ်ပြီး ဖြတ်သန်း နေကျဖြစ် တဲ့ အတွက် ဒီနှစ် လည်း အလှူ လုပ်မှာဖြစ် ပါတယ် ။ မွေး နေ့ မှာတော့ ရှုတင် မှာပဲ ဖြတ်သန်း ဖြစ်ဖို့ များ ပြီး ည ဘက်တော့ ဘုရား သွား မှာဖြစ် ကြောင်း စိုးပြည့် သဇင်ကပြောပါ တယ်။
ခိုင်ဝေလွင်
မူရင်းသတင်း--Popular Journal
""ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလီကိစ္စ ၀ါရှင်တန် Asian Society မှာ ဘာတွေပြောလိုက်ပြီလဲ""
မေးတဲ့ပုံလေးက လေအေးလေးသုံးပြီး
အပြစ်တင်သလိုလို ( မယုံရင်နားထောင်ကြည့်
ပါ) ။ ပျော့ပျော့လေးနဲ့ ချည်မယ် ၊ တုတ်မယ်
ဆိုတာချည်းဘဲကိုး ။ ဒေါ်စုခမျာလည်း
အမေးခံရလွန်းလို့ ဘယ်လောက်တောင်
သူတို့အကြောင်း သဘောတွေ ပေါက်နေသလဲ မသိဘူး ။ ပြောနေကြာပါတယ် ။ ဟောဒါက
ဒေါ်စု ၀ါရှင်တန် Asian Society မှာ ပြောသွားတဲ့ မိန့်ခွန်းအပြီး အမေးအဖြေ
ထဲက ရိုဟင်ဂျာ မေးခွန်နဲ့ အဖြေပါ ။
မေး။ ။ ရခိုင်ပြည်နယ် ပြသာနာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေများစွာ ကျမတို့ ရထားပါတယ် ။ ရိုဟင်ဂျာပြသာနာနဲ့ ပတ်သက်တာကိုရောပေါ့ ။ တချို့တွေ သိချင်ကြတာက......... ဒေါ်စုအနေနဲ့ အရင်က ဒီကိစ္စကို ပြောတိုင်း ဒါဟာ နိုင်ငံသားပြသာနာ ပါ ၊ ဒါကြောင့် citizenship law ကို စဉ်းစားဖို့ လိုတယ်လို့ ပြောခဲ့တယ် ။ အဲဒါ ဘာကိုဆိုလိုတာပါလဲ ။ ပြီးတော့ ရေရှည်မှာ ဒီကိစ္စကို ရှင်းဖို့ ဘယ်နည်းဟာ အကောင်းဆုံးဖြစ်မလဲ ။
ဖြေ ။ ။ ( ဒေါ်စုအနည်းငယ် စိတ်တိုသွားပုံရပြီး ဒီလို မဆိုင်းမတွ မြန်ဆန်စွာ ပြန်ဖြေပါတယ် )
အရင်ဆုံး ပြောရရင်တော့ အဲဒီပြသာနာဟာ နိုင်ငံသားဖြစ်ခွင့် citizenship တစ်ခုတည်းနဲ့ ပတ်သက်တယ် ဆိုတာတစ်ခုတည်း ကျမပြောခဲ့တာ မဟုတ်ဘူး ဆိုတာဘဲ ။ ကျမက တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ ရှုထောင့်များစွာကို ပြောခဲ့တာပါ ။
ပထမဆုံးဖြစ်ခဲ့သင့်တာက ရခိုင်ပြည်နယ်တစ်ဝိုက်မှာ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းထားဖို့ လိုပါတယ် ။ လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ ပထမဆုံး ရာဇ၀တ်မှု ( မသီတာထွေးအမှုကို ဆိုလိုသည် ) ကို တရားဥပဒေနဲ့ အညီသာ ဖြေရှင်းခဲ့ရင် .........ဆိုလိုတာက ဖြစ်တာနဲ့ ကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် အရေးယူတာမျိုး ၊ ဒါတင်မကဘဲ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူလိုက်ပါတယ် ဆိုတာကို ပြည်သူက သိမြင်နားလည်အောင် လုပ်ခဲ့တာမျိုးတွေသာ ရှိခဲ့ရင် ဒီပြသာနာဟာ ဒီလို ကြီးသွားမှာ မဟုတ်ပါဘူး ။
ဒါပေမယ့် အစကတည်း အဲလို အခြေခံကျတဲ့ တရားဥပဒေတွေကို မလိုက်နာ မကျင့်သုံးထားခဲ့ဘူး ။ ဒီတော့ ပြသာနာက မကျယ်သင့်ဘဲ ကျယ်သွားခဲ့ရတယ် ။ ဆိုးသထက် ဆိုးသွားခဲ့ရတယ် ။
ဥပဒေစိုးမိုးရေးဆိုတာကို ရေရှည် ကြည့်ရင် နိုင်ငံသားဖြစ်ခွင့် ဥပဒေ citizenship law ဆိုတာ ပါလာရော ။ ဆိုလိုတာက ဥပဒေအရ ဘယ်သူတွေဟာ မြန်မာနိုင်ငံသားတွေလဲ ဆိုတာ ကျမတို့ သိဖို့လိုပါတယ် ။
တစ်ဖက်ကလည်း အဲဒီ citizenship law ဟာ နိုင်ငံတကာ စံချိန်နဲ့ ကိုက်သလား ၊ အခြေခံလူ့အခွင့်အရေးလိုအပ်ချက်တွေနဲ့ ကိုက်သလားဆိုတာလည်း လေ့လာစစ်ဆေးကြည့်ဖို့လိုတယ် ။ ဒီတော့ တရာဥပဒေစိုးမိုးရေး Rule of Law ဆိုတာကို ပြောရင် နိုင်ငံသားဖြစ်ခွင့် ဥပဒေ ဆိုတာတစ်ခုတည်း ပြောလို့မရဘူး ။
အဲဒီ Rule of Law ဆိုတာမှာလည်း '' မှန်ကန် မျှတတဲ့ တရားဥပဒေစိုးမိုးရေး Rule of Just Law '' ဆိုတာဖြစ်ရမယ် ။ အဲဒီထဲမှာမှ citizenship law လည်း ပါမယ် ။ ရာဇ၀တ်မှုတွေကို ဖြေရှင်းတဲ့ law လည်း ပါရမယ်.........ဒီကိစ္စက ရာဇ၀တ်မှုနဲ့ စတာဘဲလေ ။ အာဏာပိုင်တွေက ဒီရာဇ၀တ်မှုကို ဖြေရှင်းပုံ ဖြေရှင်းနည်းက မလုံလောက်မမျှတတဲ့ပုံ ဖြစ်နေတာကိုး ။ ဒါကြောင့်ဘဲ ပိုဆိုးခဲ့တာမဟုတ်လား .....။
ထိုင်းမှာလည်း ဘင်္ဂါလီအမျိုးတွေ ဆန္ဒပြပြီ။
မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက်ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင် စတင်ချီတက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။
အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ထားသော ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ရာ မွတ်ဆလင်မ်တို့၏ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမှတစ်ဆင့် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရသည်။
အစ္စလာမစ်နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့နိုင်ငံများမှ ဆန္ဒပြမှုများမှာ အကြမ်းဖက် တိုက်ခိုက်မှုအသွင်ဆောင်ခဲ့ပြီး အမေရိကန်သံရုံးများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြုလုပ်ခဲ့သော ဟစ်ဇ်ဘိုလာအုပ်စုက ဦးဆောင်သည့် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူပေါင်းတစ်သိန်းခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
ကချင်ထိုးစစ်များ မရပ်ပါက ဆွေးနွေးမှုများ ဆိုင်းငံ့ထားကြရန် ENC တိုက်တွန်း
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မရပ်ဆိုင်းပါက အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် အစိုးရနှင့် ဆက်လက်တွေ့ဆုံမှု အားလုံး ဆိုင်းငံ့ထားကြရန် ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC က တိုက်တွန်းလိုက်သည်။
“ကျနော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးပေါ်လာဖို့ ဆိုရင် ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသားတခုလုံး ဆွေးနွေးမှပဲပြေလည်မှု ရမှာဖြစ်ပါတယ်။ တပိုင်းတစနဲ့လုပ်လို့ မရတဲ့ကိစ္စ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အစစ် ဖြစ်ဖို့ တပြည်လုံး ငြိမ်းချမ်းရေးမှာ ကချင်မပါလို့ မဖြစ်ဘူး။ ကချင် ပါလာနိုင်အောင်ဆိုရင် ခုလိုမျိုး ထိုးစစ်ဆင်နေတဲ့ဟာကို ရပ်တန့်ရမယ်” ဟု ENC အတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးရ် က ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တနေရာ၌ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက ကျင်းပခဲ့သည့် ENC ၏ တတိယအကြိမ် ညီလာခံ အပြီးတွင်လည်း အဆိုပါသဘောထားအတိုင်း ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်၊ ချင်း၊ မွန်၊ ရှမ်း(မြောက်)၊ ရှမ်း(တောင်)နှင့် ရခိုင် စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပြည်ထောင်စု အဆင့်နှင့် ပြည်နယ် အဆင့်အဖြစ် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်၍ ယင်းတို့ အနေဖြင့် ပြန်လည်သုံးသပ်ရန် တိုက်တွန်းခြင်း ဖြစ်သည်ဟု ဒေါက်တာရွှေခါးရ် က ဆိုသည်။
အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ လုပ်ဆောင်နေစဉ် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် အဟန့်အတား ဖြစ်စေပြီး ချွတ်ယွင်းချက် အများအပြား ရှိနေသေးကြောင်း ထောက်ပြ ပြောဆိုသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုတဲ့ ဆန္ဒတခုပဲ အားလုံးမှာ ရှိကြပြီးတော့ ဒီဟာကို ဘယ်လို လက်တွေ့ အကောင်အထည် ဖော်မလဲဆိုတာကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းတဲ့ လုပ်ငန်းစဉ်မရှိတာ ခက်တယ်။ ဒီငြိမ်းချမ်ရေးကိုဖော်ဆောင်ဖို့အတွက် ဘာတွေ အဟန့်အတား ဖြစ်နိုင်တယ်၊ ဘယ်လို လုပ်မလဲဆိုတာ တိတိကျကျ မရှိဘူး။ နောက် Famework မူဘောင် မရှိသေးဘူး” ဟု ၎င်းက ဝေဖန်ထောက်ပြလိုက်သည်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည့် ထိုးစစ်ရပ်ဆိုင်းရေး သမ္မတ၏ အမိန့်စာမှာ ရှင်းလင်းမှု မရှိခြင်းကြောင်းလည်း “အမိန့်မှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာမှအပ ထိုးစစ်မဆင်ဖို့လို့ ပြောတာကိုး။ အဲဒီမှာ တပ်တွေ အကုန်လုံးက စစ်ရေးလှုပ်ရှားမှု မလုပ်ရဘူးဆိုတာ မပါဘူး။ အဲဒါက အမိန့် ချွတ်ယွင်းချက်တခု။ သမ္မတအနေနဲ့ ကချင်ပြည်နယ်မှာ ရှိတဲ့ တပ်တွေ မဟုတ်ဘဲ ကချင်ပြည်နယ် ပြင်ပက တပ်တွေ နောက်ဆုတ်ဖို့ အဲဒါလည်း မပါဘူး။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ စစ်တပ်ကတော့ နယ်မြေစိုးမိုးရေးတို့ လုပ်နေတာ၊ အဲဒါ ပြဿနာ ဖြစ်တာပဲ” ဟု
ဒေါက်တာ ရွှေခါးရ်က သုံးသပ် ပြောဆိုသည်။
ထိုကဲ့သို့ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသော စစ်ပြေး ဒုက္ခသည်များအားနိုင်ငံတကာမှ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများကို မြန်မာအစိုးရက ဟန့်တားနေသည့်အပေါ် ENC မှ ပြစ်တင် ရှုတ်ချလိုက်ပြီး အမြန်ဆုံး အကူအညီများ ရောက်ရှိစေရန် ဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗုဒ္ဓဟူးနေ့ကလည်း KIO တပ်မဟာ ၃ လက်အောက်ခံ တပ်များနှင့် အစိုးရတပ်များအကြား မိုးမောက်မြို့နယ် စိန်လွမ်နှင့် လွယ်ဂျယ် အကြား ကားလမ်းဘန်ဝိုင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။ ထိခိုက်ကျဆုံးမှု အတိအကျ မသိရသေးကြောင်း သူက ပြောသည်။
ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့များ စက်တင်ဘာလဆန်းက ဖားကန့်မြို့ရှိ စစ်ပြေး ဒုက္ခသည်များအား သွားရောက်ကူညီရန် ပြင်ဆင်ထားသော်လည်း လုံခြုံရေးအခြေအနေ မကောင်းသဖြင့် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်ဟု ဦးဒွဲပီဆားက ဆိုသည်။
တိုက်ပွဲများ တနှစ်ကျော် ဖြစ်ပွားပြီးနောက် ကုလအဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လိုင်လအထိ တရုတ်နယ်စပ် မိုင်ဂျာနယ်နှင့် တရုတ်နယ်စပ် မှတ်တိုင်များရှိ စစ်ပြေးဒုက္ခသည်များအား အနည်းဆုံး နှစ်ကြိမ်ခန့်သာ ကူညီ ထောက်ပံ့ခဲ့သော်လည်း နောက်ပိုင်း ယနေ့ထိ ထပ်မံ ကူညီထောက်ပံ့နိုင်မှု မရှိသေးကြောင်း သူက ဆိုသည်။
လက်ရှိတွင် ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် တရုတ်နယ်စပ် တလျှောက်ရှိ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၉၀၀,၀၀၀ ကျော် ရှိနေပြီး ဖြစ်ကြောင်း သိရသည်။
ENC ကို ကချင်၊ ကရင်၊ ကယန်း၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ချင်းတိုင်းရင်းသား အဖွဲ့ အစည်းများမှ ခေါင်းဆောင်များဖြင့် ၂၀၀၁ ခုနှစ် စတင် ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ဥက္ကဋ္ဌ တာဝန် လွှဲပြောင်း ထမ်းဆောင်နေပြီး ယခုနှစ် ဥက္ကဋ္ဌ အဖြစ်ဒေါက်တာဆလိုင်း လျန်မှုန်း ဆာခေါင် အား အလည့်ကျ တာဝန် ပေးအပ်လိုက်ကြောင်း သိရသည်။
အကြမ်းဖက်ခံရသည့် မောင်တောမြို့နယ် ကျေးရွာများမှ ကျောင်းသားများ
အကြမ်းဖက်ခံရသည့် မောင်တောမြို့နယ် ကျေးရွာများမှ ကျောင်းသားများ ပညာရေး ကော်မီတီ ကျပ် ၇၉ သိန်းဖြင့် မတည်
မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုကြောင့် ယခုတိုင် ကျောင်းမတက်ရောက်နိုင်သေးသည့် အထက်တန်း အလယ်တန်း ကျောင်းသား ကျောင်းသူ များ လုံခြုံစိတ်ချစွာ ပညာ သင်ကြားနိုင်ရေး အတွက် ရခိုင်အမျိုးသား ကွန်ယက်မှ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ပညာရေး ကော်မီတီ ကျပ် ၇၉ သိန်းဖြင့် မတည် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
အဆိုပါ ကော်မီတီကို လွန်ခဲ့သည့် ကြာသပတေးနေ့က မောင်တောမြို့ မြို့မဘုန်းတော်ကြီး ကျောင်း တွင် အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ မီးရှို့ခံရတဲ့ ရွာတွေက ကျောင်းသူ ကျောင်းသား တွေကို အဓိက ရည်ရွယ်ပြီး ဖွဲ့စည်တာ ဖြစ်ပါတယ်။ သူတို့ကို မောင်တောမြို့က ဘုန်းကြီးကျောင်း တွေမှာထားပြီး ပညာသင်ပေးဖို့အတွက် ဒီကော်မီတီကို ဖွဲ့စည်းရတာပါ။ ဆရာဆရာမတွေကိုတော့ ကျွန်တော်တို့က ထောက်ပံ့ကြေးသဘော ထောက်ပံ့ပြီး အကူအညီတောင်းဖို့ စီစဉ်ထားပါတယ်”ဟု အဖွဲ့ဝင်တဦးဖြစ်သူ မောင်တောမြို့မှ ကို လှမြင့်က ပြောသည်။
ပညာရေးကော်မီတီအတွက် မတည်ငွေအဖြစ် ရခိုင်အမျိုးသားကွန်ယက်အ ဖွဲ့မှ ကျပ်သိန်း၇၀ နှင့် တခြား အလှူရှင်များမှ ထည့်ဝင်ငွေ စုစုပေါင်း ကျပ်ငွေ ၇၉ သိန်းဖြင့် မတည်ထားကြောင်း သိရသည်။
ယခုအခါ မီးရှို့ခံရသည့်ကျေးရွာများမှ ကျောင်းသားကျောင်းသူများစာရင်းကို လိုက်လံစုဆောင်းနေပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်ခန့်ရှိမည်ဖြစ်ကြောင်း ကိုလှမြင့်က ပြောသည်။
မောင်တောခရိုင်အတွင်း စာသင်ကျောင်းများကို သြဂတ်စ်လအတွင်းက အာဏာပိုင်များမှ ဖွင့်လှစ်ခဲ့ သော်လည်း အကြမ်းဖက်မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ ကျောင်းသားများနှင့် မြို့နှင့် အလှမ်းဝေး သည့် အတွက် ကျောင်းမတက်ရောက်နိုင်ဘဲ ဖြစ်နေကြသည်။
ယခုကဲ့သို့ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြခြင်းမှာ ကျေးရွာများမှနေ ကျောင်းတက်မည့် ကျောင်းသူ ကျောင်းသားများ၏ လုံခြုံရေး စိတ်မချရသည့်အတွက် ဖြစ်ကြောင်း ကိုလှမြင့်က ပြောသည်။
အလားတူ မောင်တောမြို့နှင့် ၂၅ မိုင်ခန့်ဝေးသည့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ များ တွင်လည်း လုံခြုံရေး စိတ်မချရသည့်အ တွက် စသင်ကျောင်းများ ပြန်လည် မဖွင့်လှစ် နိုင်သေးဘဲ ဖြစ်ကြောင်း သိရသည်။
“ ဒီမှာဘက်မှာက ကျောင်းမဖွင့်သေးတဲ့ ရွာတွေအများကြီးရှိပါတယ်။ တောင်ပြို အ.ထ.က တခုဘဲ ဖွင့်နိုင်သေးတယ်။ ဒီဘက်ကရွာတွေမှာ အရင်ရှိတဲ့ ဆရာ၊ ဆရာမတွေလည်းမရောက်သေးဘူး။ သူတို့ အတွက်လုံခြုံရေးက စိတ်ချရတဲ့အနေ အထား မရှိသေးဘူးဆိုပြီး မရောက်ကြသေးဘူး။ သူတို့ ဘယ် အချိန် ပြန်လာမယ်ဆိုတာ မပြောနိုင်ဘူး” ဟု နံသာတောင်ကျောင်းဆရာတော် အရှင် စရဏက မိန့်ကြားသည်။
နံသာတောင် ဘုန်းတော်ကြီးကျောင်းတွင် အစိုးရကျောင်းများ မဖွင့်လှစ်နိုင်သေးသဖြင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း တစ်ခုကို ဖွင့်လှစ်ထားပြီး အဆိုပါကျောင်းတွင် နံသာတောင်၊ သင်္ဘောလှ၊ တရိန်း၊ သာယာကုန်းစသည့် ကျေးရွာများမှ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၁၀ တက်ရောက် ပညာသင်ကြားနေကြသည်ဟု ဆရာတော်က ပြောသည်။
နံသာတောင် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်း သူများအ တွက် W.A.O (ကမ္ဘာ့ ရခိုင် အဖွဲ့ချုပ်) နှင့် တခြားစေတနာရှင်များ၏ ထောက်ပံ့ငွေ အနည်းငယ်ဖြင့် သင်ကြားပေး နေခြင်းဖြစ် ကြောင်း သိရသည်။
ပညာရေးဌာနမှ တာဝန်ရှိသူများသည် လွန်ခဲ့သော ရက်ပိုင်း အတွင်းက နံသာတောင်ကျောင်းရှိ ကျောင်းသူ ကျောင်းသားများ ပညာရေးကို လာရောက် လေ့လာခဲ့ကြောင်း သတင်း ရရှိသည်။
မူရင်းသတင်း---Narinjara
နိုင်ငံတော်သမ္မတဦးသိန်းစိန် ပေးခဲ့သည့် လယ်မြေအသိမ်းခံရမှုများရှိ
နိုင်ငံတော်သမ္မတဦးသိန်းစိန် ပေးခဲ့သည့် လယ်မြေအသိမ်းခံရမှုများရှိ
ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီလက်ထက်၌ တြိဂံဒေသ တိုင်း မှူး၊ ယခုနိုင်ငံတော်သမ္မတဦးသိန်း စိန် သည် ၁၉၉၉ ခုနှစ် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ မြို့တွင် တာဝန်ထမ်းဆောင်စဉ် က တိုင်းစစ်ဌာနချုပ် မဲခေါင်ရိပ် သာ၊ အလှူငွေပေးအပ်လှူဒါန်းပွဲ ၌ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့ လုပ်ကိုင်ရန် ရှမ်းပြည်နယ်အရှေ့ ပိုင်း တာချီလိတ်မြို့နယ် လွယ်စီ တုန်း ကျေးရွာအနီးရှိ မြေလွတ် မြေရိုင်းအဖြစ်ရှိနေသော ဘယ် ဘက် (၁၀)ဧက၊ ညာဘက်(၁၅) ဧကကို နှုတ်မိန့်၊ စာမိန့်ဖြင့် လမ်း ညွှန်ချက်နှင့်အညီ လုပ်ကိုင်ရန် ပေးအပ်ခဲ့သော လယ်မြေများ၊ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ရာဘာခြံ၊ စိုက်ပျိုးရန် စီစဉ် ဆောင်ရွက်လျက်ရှိသော လယ် မြေများကို နယ်မြေခံပြည်သူ့စစ် ထံမှ ဒေသခံအာဏာပိုင်အစိုးရ နှင့် ဒေသမြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းကာ ပုဂ္ဂလိက လုပ်ငန်း ရှင်များသို့ လွှဲပြောင်းမှုများရှိခဲ့ ကြောင်းသိရသည်။
အဆိုပါ မြေများကို အသိမ်း ခံရသူ ပြည်သူ့စစ်အဖွဲ့မှ ဦးကိုဦး အား မေးမြန်းရာတွင် ““နိုင်ငံတော် သမ္မတဦးသိန်းစိန်က သူသမ္မတမဖြစ်ခင် တြိဂံဒေသ တိုင်းမှူးဖြစ်စဉ်က အစ်ကိုတို့ကို မြေလွတ်မြေရိုင်းတွေမှာ စံနမူနာ အဖြစ် ရာဘာပင်တွေကိုစိုက်ခိုင်း တယ်။ အဲဒါကို အစ်ကိုတို့ နိုင်ငံ တော်သမ္မတကြီး ခိုင်းတဲ့အတိုင်း အစ်ကိုတို့စိုက်တယ်။ အဲဒီလို စိုက် တဲ့မြေနေရာကို အဓမ္မသိမ်းယူ မီး ရှို့ဖျက်ဆီးသွားတယ်။ အဲဒါကို အစ်ကိုတို့ အထက်ကိုတင်ပြ တယ်။အထက်ကလည်း ဒီကိစ္စကို စုံစမ်းအရေးယူဖို့ စာပြန်ကျတယ်။ အဲဒါကို ဒေသခံအာဏာပိုင်တွေ က အထက်ကအမိန့်အတိုင်း အရေးယူပေးခဲ့တာမရှိဘူး။ နောက် တစ်ခါက အစ်ကိုတို့သိမ်းခံရတဲ့ မြေဧက (၂၅)ဧကရှိတယ်။ ဘယ် ဘက် ၁၀ဧက၊ ညာဘက် ၁၅ ဧကရှိတယ်။ ညာဘက်မှာစိုက် ထားတဲ့ ရာဘာ ၁၅ဧက က မီး ရှို့ဖျက်ဆီးတာကို ခံရတယ်။ အဲလို မီးရှို့ဖျက်ဆီးပြီးတော့မှ ၁၅ ဧက ကို ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်ခွင့်ပေး ထားတယ်။ ဘယ်သူက ခွင့်ပေး ထားမှန်း မသိဘူး။ နိုင်ငံတော် သမ္မတကိုယ်တိုင်က အစ်ကိုတို့ကို စံပြလုပ်ဖို့အတွက် တရားဝင် လက်မှတ်ထိုးပေးပြီး လုပ်ပိုင်ခွင့် ပေးထားတာ။ အဲဒါကို ပုဂ္ဂလိက ကို ဘယ်သူက ခွင့်ပေးထားမှန်း မသိဘူး။ အဲဒီပုဂ္ဂလိက ခွင့်ပေး ထားတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံကလည်း မအောင်မြင်ဘူး။ လက်ရှိ ဒီအတိုင်းပဲ အဲဒါက ညာ ဘက် ၁၅ဧက နောက်ထပ်လုပ် ကိုင်တဲ့ ရာဘာက ကျန်တဲ့ ၁၀ ဧက၊ ကျန်တဲ့ ၁၀ ဧကကို အတင်းအဓမ္မသိမ်းယူတယ်။ မြေ စာရင်းဌာနကို အစ်ကိုတို့ နိုင်ငံ တော်သမ္မတကြီးပြောထားတဲ့ စီမံ ကိန်းပေါ်ဖို့ သွားပြောတုန်းက အစ်ကိုတို့ကို လုပ်ခွင့်မပေးဘူး။ အဲဒါနဲ့အစ်ကိုတို့ကလည်း နေတာ ပေါ့။ အခုကျတော့ တခြားလူ တစ်ယောက်ကို မြေစာရင်းဦးစီး ဌာနက လန ၃၉ ထုတ်ပေးထား တယ်။ လုပ်ပိုင်ခွင့်ပေးထားတယ်။ အဲဒါက ၂၀၀၃ ခုနှစ်ကနေ၂၀၁၁ ခုနှစ်အထိ။ အခုအဲဒီ ၁၀ ဧကကို ခြံခတ်တယ်။ လန (၃၉)ဥပဒေမှာ စီမံကိန်းအဖြစ် မြေယာကို သိမ်း မယ်ဆိုရင် ချက်ချင်းအကောင် အထည်ဖော်ရမယ်။ မဖော်ဖြစ် ဘူးဆိုရင် မူလပိုင်ရှင်ကို ပြန်ပေး ရတယ်။ ၂၀၁၂ ခုနှစ်အထိရောက် နေပြီ အစ်ကိုတို့ကို နိုင်ငံတော် သမ္မတက တရားဝင်ပေးထားခဲ့ တဲ့ မြေယာကို ပြန်လည်မပေးဘူး။ စီမံကိန်းမဖြစ်တဲ့သူဆီက ပြန်လည်း မသိမ်းဘူး””ဟု ဦးကိုဦးက ပြော ကြားခဲ့သည်။
ယခင် လယ်ယာမြေသိမ်း ဆည်းမှုများတွင် လယ်သမားများ ထံမှလယ်ယာမြေများ သိမ်းဆည်း မှုများသာ ကြားသိခဲ့ရသော် လည်း ယခုတွင် ယခင်တြိဂံဒေသ တိုင်းမှူး ယခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စိုက်ပျိုးမြေအဖြစ် စိုက်ပျိုးရန် ချထားပေးခဲ့သော မြေယာများပါ သိမ်းယူသော ကိစ္စ မျိုးပါ ကြားသိတွေ့ရှိရသည်။
ဖြိုးအောင်
မူရင်းသတင်း--The Hot News
မျိုးချစ်သူရဲကောင်းကြီးတယောက်အကြာင်း
ရခိုင်ပြည်တပ်မတော်
စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ်
ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁
ရက်နိ့ဆိုကေ ဗိုလ်ရာဇာ ကျဆုံးလားစွာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်ရေနိ့
ဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ တိုင်းပြည်နန့် လူမျိုး လွတ် မြောက်ရေးအတွက်
ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နိန်ချိန်မှာ အဂုပိုင် အိန္ဒိယစစ်တပ်၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရစွာဖြစ်ပါရေ။ ယင်းပိုင် ခေါင်းဆောင်တဦး
ကျဆုံးလားရခြင်းက ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားရေ ဆုံးယှုံးးမှုကြီးတစ်ရပ်ဖြစ်ရေပိုင် ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်ရေ
ဆုံးယှုံးမှုကြီးတရပ် လည်း ဖြစ်ပါရေ။ ယင်းကြောင့် ဗိုလ်ရာဇာစွာ ဇာပိုင်ဂေါင်းဆောင်မျိုးလဲ။ သူ၏စိတ်နီသဘောထားတိက ဇာပိုင်ဟိရေလဲဆိုစွာကို သိဟိနိုင်အောင် ဗိုလ်ရာဇာနန့် ညီအစ်ကိုတော်စပ်သူ တော်လှန်ရေး
လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်ရေ ကိုလင်းခိုင်ကို ကိုမောင်အေးက တွိ့ဆုံပြီး အဂုပိုင် မိန်းမြန်းထားပါရေ။
မိန်း။ ကိုလင်းခိုင်အနီနန့် ဗိုလ်ရာဇာ၏
ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပီးပါလား။
ဖြေ။ ဗိုလ်ရာဇာစွာ မင်းပြားမြို့နယ်
ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါရေ။ သူ၏ဖခင်က ဦးသာမြအောင်၊ မိခင်က
ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါရေ။ သားသမီး ၇ ယောက်အနက်
တတိယမြောက် သားဖြစ်ပါရေ။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါရေ။ သူ့ကို အသက် ၁၃
နှစ်မှာ သျှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နန့် စစ်တွေမြို့က
ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပီတိကို သင်ကြားခပါရေ။
မိန်း။ ဗိုလ်ရာဇာစွာ တော်လှန်ရေးနန့် ဇာပိုင်ဆက်စပ်ခပါသလဲ။ ဇာပါတီနန့်ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခစွာပါလဲ။
ဖြေ။ ယင်းပိုင် စစ်တွေမှာ စာသင်နေတုန်း အသက် ၁၆
နှစ်အရွယ်ကတည်းက သူက နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအ၀ိုင်းတနန့် ထိတွိ့ ဆက်ဆံခပါရေ။ အထူးသဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ
ALP
နန့် ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ခပါရေ။ ရန်ကုန်နန့် စစ်တွေကို
အလားအလာလုပ်ပြီးကေ လျှို့ဝှက်ယူဂျီ လုပ်နိန်ရေအချိန်မှာ အသက် ၂၀
ပြည့်ရေအခါ
သူရို့ရွာမှာ မိဘတိက ရဟန်းခံပီးပါရေ။ နောက်ပိုင်းမှာ ရန်ကုန်ကို
ပြန်လားပြီး
လျှို့ဝှက်ယူဂျီအလုပ်တိကို ဆက်လက်လုပ်ကိုင်ခပါရေ။ ယင်းပိုင် လိုလုပ်ယင်းနန့်
လူသိများ
လာရေအခါ ရန်ကုန်မှာ နီလို့မရရေအတွက် ဘိတ် (မြိတ်)၊ ကော့သောင်းဘက်ကို
ထွက်လားခရပါရေ။
မိန်း။ ဗိုလ်ရာဇာ၏ ငယ်စဉ်က စိတ်သဘောထား ဇာပိုင်ဟိရေလည်းဆိုတာကို ပြောပီးပါ။
ဖြေ။ သူ့ စိတ်နီသဘောထားကို သိရသလောက်ပြောရကေ
သူ ဇာနိန်ရာကို ရောက်ရောက်၊ ဇာအလုပ်ကိုပင်လုပ်လုပ်၊ ဇာပညာကိုပင် သင်သင်
သူစွာ ရခိုင်အမျိုးသားရေးကိုသာ ပိုပြီးကေ အလီးထားရေစိတဟိရေလို့ သိရပါရေ။ ငယ်စဉ်ကတည်းက သူစွာ အမျိုးသားရေးအကြောင်းတိကိုသာ
ပြောလေ့ဟိပါရေ။ နောက်ပြီးကေ သူ့အဖကလည်း ရခိုင်တော်လှန်ရေးသမား
ပြောက်ကျားတစ်ဦးဖြစ်တေ အတွက် သူစွာ အမျိုးသားရေးစိတ်ဓါတ် ငယ်စဉ်ကတည်းက
ပြင်းထန်ခသူတစ်ဦးဖြစ်ပါရေ။ ရခိုင်တမျိုး သားလုံး လွတ်မြောက်ရေးအတွက်
ငယ်စဉ်ကပင် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်ရေအတွက် အရွယ်ရောက် လာရေအခါ
မည်သူတဦးတယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကို အရောက် လားပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခစွာဖြစ်ပါရေ။
မိန်း။ ဗိုလ်ရာဇာစွာ လုပ်ဖေါ်ကိုင်ဖက်တိနန့်
သူ့လက်အောက်မှာဟိရေ ရဲဘော်ရဲဘက်တိကို သူကဇာပိုင် သဘောထား ဆက်ဆံတတ်ပါလဲ။
ဖြေ။ သူစွာ အမျိုးသားရေးသမားပီပီ
ရခိုင်ပြည်နန့် ရခိုင်လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရေ ဇာသူ့
ကိုမဆို ချစ်မြတ်နိုးရေ စိတ်ဟိပါရေ။ သူနန့်အတူ တော်လှန်တိုက်ပွဲဝင်ခရေ ရဲဘော်ရဲဘက်တိအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားပြီး
စောင့်ယှောက်ပါရေ။ တိုက်ပွဲမှာကျဆုံးလားရေ သူ၏ ရဲဘော်တိ အတွက်လည်း
သူစွာ အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပြီး သူ့အတွက် ပိုပြီးအလုပ် လုပ်ဖို့
စိတ်ပြင်းပြသူ တစ်ဦးလည်း ဖြစ်ပါရေ။
မိန်း။ ဗိုလ်ရာဇာ ဇာကြောင့် ကျဆုံးရသလဲလို့
အစ်ကိုယ့် အနီနန့် ယူဆပါသလဲ။
ဖြေ။ ဗိုလ်ရာဇာ ကျဆုံးရစွာက
စေတနာလွန်ကဲအားကြီးလို့ ကျဆုံးရရေလို့ ပြောချင်ပါရေ။ ဇာကြောင့် လဲဆိုကေ
ခုကိစ္စမှာ သူက အကြီးဆုံးတာဝန်ဟိသူဖြစ်ပြီး သူ့အောက်က တာဝန်ဟိသူတိ လားရောက်ဆောင်ရွက်ကေ ရနိုင်ရေကိစ္စဖြစ်ကေလေ့ ကိုယ်ကိုယ်တိုင် လားရောက်လုပ်ကိုင်ရေအတွက် အခုလိုဖြစ်ခရစွာဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ ဇာအလုပ်မဆို မိမိကိုယ်တိုင် လားရောက်လုပ်ကိုင်ရမှ
ကြေနပ်တေလူစားမျိုးဖြစ်ပါရေ။ သူ့ လက်အောက်က အဆင့်ဆင့်လုပ်နိန်ကတ်တေ
သူတိကို အားမလိုအားမရဖြစ်ရာကနီ သူကိုယ်တိုင်ပါဝင်ပြီး အိန္ဒိယကို လားရောက်ခစွာဖြစ်ပါရေ။ ဇာနိန်ရာမဆို သူလုပ်မှ ရရေဆိုရေ
သဘောထားတိဟိပါရေ။ အမျိုးသားအတွက် ဖြစ်စီချင်ရေဆန္ဒတိစွာ လွန်ကဲရေအတွက်
အခုပိုင်အဖြစ်ဆိုးနန့် ကြုံတွိ့ခရစွာ ဖြစ်ပါရေ။
မိန်း။ နိုင်ငံရေးအသိုင်းအ၀ိုင်းနန့်
တော်လှန်ရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်တချို့က ပြောကတ်ပါရေ။ ဗိုလ်ရာဇာက
နိုင်ငံရေးမဟိ၊ မိုက်ရူးရဲဆန်ရေ။ စစ်ဘုရင်ဝါဒကျင့်သုံးရေ။ စသဖြင့်
အမျိုးမျိုး ဝေဖန်ပြောဆိုမှု တွိရပါရေ။ ယင်းအပေါ် အစ်ကိုဇာပိုင် ထင်ပါသလဲ။
ဖြေ။ ယင်းကိစ္စနန့် ပတ်သက်လို့ပြောရဖို့ဆိုကေ
သူစွာ စစ်သားတစ်ယောက်ဖြစ်တေအတွက် အပြောကြမ်း ပါရေ။ ယကေလေ့
သူ့နှလုံးသားစွာ အလွန်တရာမှ နုညံ့ပါရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးအပေါ်မှာ
သူ ထားရေသဘောထားစွာ အလွန်တရာ နုညံ့အားကြီးပါရေ။ ဇာလောက်ပင် သူ့ပါးစပ်က
ကြမ်းကြမ်းတမ်းတမ်း ပြောကေလေ့ သူပြောရေစကားတိထဲမှာ စေတနာပါရေအတွက်
ကြားရရေသူတိက စကားကြမ်းကြမ်း ပြောကေလေ့ ခွင့်လွှတ်သည်းခံကြပါရေ။
ဗိုလ်ရာဇာ၏ နိုင်ငံရေး၊ စည်းရုံးရေး၊ တိုက်ခိုက်ရေးကအစ ကျွန်တော်
အနီးကပ်မြင်လိုက်ရစွာက တခုလေ့ပြောစရာမဟိပါ။ နောက်တခုက သူ့ကို
ဝိုင်းရံပီးကတ်တေ တချို့ခေါင်းဆောင် တိက သူ့အမှားတိကိုတွိ့ကေလည်း
မှားစွာကို မှားရေလို့မပြောဘဲ မှန်ရေဆြိုပီး မြှောက်ပင့်လို့ ပီးကြစွာတိလည်း ဟိခပါရေ။ ယင်းအတွက်ကြောင့်လည်း ဗိုလ်ရာဇာကို
ထိခိုက်မှုတချို့ဟိခပါရေ။ ယကေလေ့ ဗိုလ်ရာဇာစွာ တိုင်းပြည်အတွက်
အများကြီး အလုပ်လုပ်ခသူတစ်ဦးဖြစ်ရေ အတွက် မှားစွာတိ ဟိနိုင်ခကေလေ့ သူမှားခစွာတိက သာမန်အမှားမျိုးတိသာ ဖြစ်ရေလို့ ပြောချင်ပါရေ။
မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်ပြည်တပ်မတော်ကို
စတင်တည်ထောင်လာရေ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါရေ။ ယင်း စတင်လာရေအခါ သူ ဇာပိုင်ဖြတ်သန်းကျော်လွှားလာသလဲဆိုစွာကို အစ်ကိုသိသလောက် ပြောပြပီးပါလား။
ဖြေ။ ဗိုလ်ရာဇာ ပထမဆုံး ALP ကိုဝင်ပါရေ။ သိရသလောက်
ဗိုလ်ရာဇာစွာ
ALP က
ခေါင်းဆောင်တချို့နန့် ဆက်ဆံရေး အဆင်မပြေလို့ သိရပါရေ။ ယင်းကြောင့် သူ့ကို သီဒဏ်ပီးခစွာတိ ဟိရေလို့လည်း သိရပါရေ။ ယင်းပိုင် သီဒဏ်ပီးခံရရေအတွက်
သူစွာ ကရင်နယ်မြီ တပ်မဟာ ၄ ကို တိတ်တဆိတ် ထွက်ခွါလားပြီး ယင်းမှာ
တော်လှန်ရေးစလုပ်ပြီး လက်နက်နိ စုဆောင်းပါရေ။ လူတိ စုဆောင်းခပါရေ။
လက်နက်နန့် ငွေအင်အား တောင့်တင်းလာရေအခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တိနန့်
ဖြတ်ပြီး ဘင်္ဂလာ-ရခိုင်နယ်စပ်မှာ ရခိုင်ပြည် တပ်မတော်
AA ကို
လာရောက်ထူထောင်ခပါရေ။ ဗိုလ်ရာဇာစွာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှာ
ရခိုင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွီ
စုဆောင်းပီးနိုင်ခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။
မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်တော်လှန်ရေးမှာ
အလွန်နာမည်ကြီးခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။ ယင်းချင့်က ဇာကြောင့်ပါလဲ။
ဖြေ။ ဗိုလ်ရာဇာစွာ သူရ သတ္တိနန့်
ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းရေသူ တစ်ဦး
ဖြစ်ပါရေ။ နောက်ပြီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါရေ။ နီစွာထိုင်စွာ လားစွာလာစွာအစ သတိ ဟိပါရေ။ စစ်သားကောင်းတစ်ယောက်အနိနန့် ဇာနိန်ရာမှ
သူ့ကိုပြောဖွယ်ရာမဟိပါ။ ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနန့်
ဆက်ဆံရေနိန်ရာမှာလည်း ပျော့ပျောင်းပါရေ။ ပီးကမ်းချီးမြှင့်ရေနိန်ရာမှာလည်း
မငှဲ့ကွက်တတ်ပါ။ ငယ်သားတိအပေါ်မှာ စိတ်ထိခိုက်အောင် မပြောပါ။ နောက်ပြီးကေ
မဟာမိတ်တိနန့် လည်း ပြေလည်ပါရေ။ ဗုဒ္ဓဘာသာနန့်ဆိုင်ရေ
လှူဒါန်းစွန့်ကြဲပေးကမ်းမှုတိကို ရောက်ရေနိန်ရာမှာ လုပ်ပါရေ။ ပြီးကေ
ဗိုလ်ရာဇာစွာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် တခုလည်း
လုပ်ကိုင်ခစွာ မဟိဘဲ အမြင့်မြတ်ဆုံး ပီးဆပ်လားသူတစ်ဦးဖြစ်ပါရေ။
ဗိုလ်ရာဇာစွာ ရခိုင့် နိုင်ငံရေး တော်လှန်ရေးမှာ စံတင်ထားလောက်တေ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါရေ။ ယင်းကြောင့်
ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာစွာ
အထူးထင်ရှားသူတစ်ဦးဖြစ်ခစွာ ဖြစ်ပါရေ။
မိန်း။ ဗိုလ်ရာဇာ ကျဆုံးလားရခြင်းအတွက်
ရခိုင်လူမျိုးတိအတွက် နစ်နာဆုံးယှုံးမှုတိ ဟိရေလို့ ထင်ပါသလား။
ဖြေ။ ဗိုလ်ရာဇာ ကျဆုံးလားရေအတွက်
ကျွန်တော်ရို့ ရခိုင်သားတိအတွက် အလွန့်အလွန် ဆုံးယှုံးမှုတစ်ခု ဖြစ်တေလို့
ကျွန်တော်အနီနန့် ခံစားရပါရေ။ ဇာဖြစ်လို့လဲဆိုကေ ဗိုလ်ရာဇာ
ကျဆုံးလားရေနောက်ပိုင်းမှာ သူ့ပိုင်လူမျိုး နောက်ထပ်ပေါ်ပေါက်မလာရေအတွက်
ဖြစ်ပါရေ။ ဗိုလ်ရာဇာ လုပ်ခရေလမ်းကြောင်းကို ဆက်လက် လုပ်နိုင်ရေသူ
မဟိရေပိုင် ဗိုလ်ရာဇာ အသက်၊ သွီး၊ ချွေးနဲက ရင်းနှီးပြီးရှာဖွီထားခရေ
လက်နက် ခဲယမ်း မီးကျောက်တိကိုလည်း ထိန်းသိမ်းနိုင်ခရေ သူတိ မဟိခပါ။ ရခိုင်တော်လှန်ရေးမှာ ကိုယ်ကျိုး စွန့်သူတိနည်းပါးပြီးကေ
ဗိုလ်ရာဇာပိုင် ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နိုင်ရေ ခေါင်းဆောင်တိကို
လက်ဆင့်ကမ်း မမွီးထုတ်နိုင်ရေအတွက် သူကျဆုံးလားခြင်းက
ရခိုင်တော်လှန်ရေးအတွက် အစားထိုး မရနိုင်ရေ ဆုံးယှုံးမှုကြီးတစ်ရပ်
ဖြစ်ပါရေ။ ဗိုလ်ရာဇာ ကျဆုံးသလားရေအတွက် ရခိုင်အမျိုးသားတိ လွတ်
မြောက်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ကျလားပါရေ။
အားနည်းလားရေလို့ ကျွန်တော့် အနီနန့် သတ်မှတ်ပါရေ။
မိန်း။ တချို့ကပြောပါရေ။ ဗိုလ်ရာဇာ
အသက်ရှင်ဟိသိမ့်ရေ။ တချို့က အိန္ဒိယအစိုးရ သတ်ပစ် လိုက်တတလို့
အမျိုးမျိုးပြောနိန်ကြပါရေ။ ယင်းအပေါ် ညီတော်စပ်တဲ့ မိသားစုဝင်
တစ်ယောက်အနီနန့် ဇာပိုင်ထင်ပါသလဲ။
ဖြေ။ ကျွန်တော်က ဗိုလ်ရာဇာ သီဆုံးလာခဗျာယ်ဖြစ်တေလို့ ယူဆပါရေ။ ဇာဖြစ်လို့လည်းဆိုကေ ပြဿနာ
ဖြစ်ရေနိန့်ကစပြီး ခုအချိန်ထိ တခုအစတနလည်း ပေါ်မလာဗျာယ်ဖြဟ်လို့ ဗိုလ်ရာဇာနန့်တကွ
ခေါင်းဆောင် ၆ ယောက် ကို အိန္ဒိယစစ်တပ်က သတ်ပစ်စွာမှန်ရေလို့
ကျွန်တော့်အနီနန့် ယုံကြည်ပါရေ။ အဂု အဖမ်းခံနီရရေ ရဲဘော်တိလည်း
ဗိုလ်ရာဇာနန့် ပစ်သတ်ခံရစွာကို မမြင်ခရကေလေ့ သေနတ်သံတိကို
ကြားခရသူတိလည်း ဖြစ်ကြပါရေ။ ယင်းကြောင့် ကျွန်တော်က အိန္ဒိယအစိုးရ
လုပ်ကြံသတ်ဖြတ်ပစ်တေဆိုစွာကို ဧကန်မုချ ယုံကြည်ပါရေ။ နောက်တချက်က
အိန္ဒိယနိုင်ငံမှာ ဒေကိစ္စနန့်ပတ်သက်လို့ ရေတပ်ဗိုလ်ချုပ်ကြီးကိုတောင်မှ ဖြုတ်ပစ်ရရေအဆင့်ထိဟိခရေအတွက် အမှန်တကယ် သတ်ပစ်စွာဟုတ်တေလို့
ယုံကြည်ပါရေ။
ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင်
တိုက်ပွဲဆင်နွဲဖို့ဆိုပြီးကေ ရခိုင်ပြည် တပ်မတော်
AA ကို
ထူထောင်ခရေ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို
၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာ
ရေတပ်အခြီစိုက်စခန်းတစ်ခု ဖွင့်ပီးမေ ဆိုပြီး ခေါ်ယူလားကာ
လုပ်ကြံသတ်ဖြတ်လိုက်ပါရေ။ ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနန့် အတူ
ပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း ဂနိန့်တိုင် အိန္ဒိယအစိုးရက
ချုပ်နှောင်ထားပါရေ။ ဘင်္ဂလာနယ်စပ်မှာဟိနိန်ရေ ရာနန့်ချီရေ ရဲဘောတိနန့်
ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနန့်အတူ ပျောက်ဆုံးလားခရပါရေ။
Posted by aa at 12:50 AM No comments:
ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို
ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို
အစိုးရကသာ အဏာကို ချုပ်ကိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ အနောက်ဖက် တံခါး ရခိုင်ပြည်ကို ရခိုင်တိုင်းရင်းသားများ ကာကွယ်ခွင့် မရခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောကြားသည်။
အစိုးရကသာ အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ရခိုင်တိုင်းရင်းသားများတွင် လုပ်ပိုင်ခွင့် အာဏာ မရှိခဲ့သဖြင့် အနောက်ဖက်တံခါးကို ထိထိရောက်ရောက် ကာကွယ်နု
ိင်ခြင်း မရှိခဲ့ကြောင်း ၄င်းက ရှင်းပြသည်။
ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် ဦးအေးသာအောင်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
အနောက်ဖက်တံခါးကို ရခိုင်တိုင်းရင်းသားများ သမိုင်းပေးတာဝန်အရ စောင့်ရှောက်ခဲ့သောလည်း အာဏာကို ချုပ်ကိုင်ထားသော အစိုးရပိုင်း၏ အားနည်းမှု အကျင့်ပျက် ခြစားမှုတို့ကြောင့် တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ၀င်လာခဲ့ကြောင်း၊ ယင်းသို့ ၀င်ရောက်လာမှုတို့ကြောင့် ဘူးသီးတောင် ၊ မောင်တောမြို့နယ်တို့တွင် လူဦးရေ မညီမျှမှုများ ဖြစ်လာခဲ့ကြောင်း ဦးအေးသာအောင်က ဆိုသည်။
ဘူးသီတောင် ၊ မောင်တောမြို့တို့တွင် ရခိုင် တိုင်းရင်းသား ဦးရေမှာ ၉ရာခိုင်နှုန်းခန့်သာ ရှိပြီး ဘင်္ဂါလီ ၈၄ရာခိုင်နှုန်းခန့်ရှိသည်။
ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် တွေ့ရသော ဦးအေးသာအောင်
ဓါတ်ပုံ - The Voice Weekly
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲမိန့်ခွန်းပြောမည်
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲမိန့်ခွန်းပြောမည်
2012-09-18
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြားဆုတွေကို လက်ခံယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က မနက် ၁ဝ နာရီခွဲမှာ ဂျပန်နိုင်ငံကတဆင့် ရောက်ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန်စံတော်ချိန် မနက် ၉ နာရီမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ပူးတွဲမိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ USIP ခေါ် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထပြုတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောဖို့ ရှိပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အနာဂတ် အလားအလာနဲ့ စိမ်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ် လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton လည်းတက်ရောက်ပြီး အဖွင့်မိတ်ဆက်စကား ပြောကြားမှာပါ။
“အသွင်ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း” လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲ ကျင်းပပုံကို ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ အင်တာနက်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
အဲဒီနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ RFA လွတ်လပ်တဲ့ အာရှအသံကို ဒီကနေ့ နေ့လည် ၂ နာရီ (မြန်မာစံတော်ချိန် ဒီည ၁၂ နာရီခွဲတိတိ) မှာ လာရောက်ပြီး (၁)နာရီကြာမျှ အချိန်ယူလည်ပတ် ကြည့်ရှုမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မနက်ဖြန်မနက် RFA ရုပ်သံနဲ့ ရေဒီယို အစီအစဉ်တွေကနေ တင်ဆက်မှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း အမေရိကန် သမ္မတကတော် Mitchelle Obama ကလည်း သမ္မတ အိမ်ဖြူတော်မှာ တစ်ညတာ လာရောက်လည်ပတ် တည်းခိုဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတယ်လို့ ဝါရှင်တန်မှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကို ကိုးကားပြီး Foreign Policy စာစောင်က ရေးသားပါတယ်။
အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတည်ခင်းမယ့် ညစာစားပွဲကို သမ္မတဟောင်း George W Bush ၊ သမ္မတဟောင်း Bill Clinton နဲ့ ကမ္ဘာကျော် Microsoft ကွန်ပြူတာ လုပ်ငန်းရှင် သူဋ္ဌေးကြီး Bill Gates တို့လည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး
အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဉ္စရာက တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ အဓိက ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြပါတယ်။
မေး ။ ။ ဥက္ကဌ မနေ့က တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ယေဘူယျအားဖြင့် အဓိက ဘာတွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို နည်းနည်း ပြောပြပေးပါ။
- – ယေဘူယျ ပြောရရင် အဓိက ဆွေးနွေးခဲ့ကြတာကတော့ National identity နဲ့ ၂၁ ရာစုမြန်မာနိုင်ငံရဲ့ Citizenship မြန်မာနိုင် ငံ၏ တိုင်းရင်းသားတော့ မဟုတ်ဘူး။ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်တဲ့ ကိစ္စပါ။
မေး။ ။ အဲဒီ ဆွေးနွေးပွဲမှာ ဥက္ကဌလည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ကြားပါတယ်။ ဥက္ကဌက ဘာ တွေကို ဆွေးနွေးခဲ့ပါလဲ။
- - ကျွန်တော်တို့က အထူးသဖြင့် အမျိုးသားလက္ခဏာ မပျောက်ပျက်ဖို့ အတွက် ဘာတွေကို လုပ်သင့် တယ်ဆိုတာကို ဆွေးနွေးပါတယ်။ နောက်ပြီး နောက် နိုင်ငံသားဖြစ်မှုနဲ့ ပတ် သတ်လို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဆွေးနွေးပါတယ်။ ဘာကြောင့်လည်းဆိုရင် ဆော်ဒီဘက်က လာတဲ့ စပ်ကြောင်းနဲ့ အထူးသဖြင့် တူရကီဘက်ကလာတဲ့ စပ်ကြောင်းနဲ့ အထူးသဖြင့် အစ္စလာမ်မစ် စက်ကြောင်း၊ အဲဒီ စပ်ကြောင်းနဲ့ အရှေ့တောင်အာရှ ယိုးဒယားအ ထိ ရောက်နေတဲ့ စပ်ကြောင်း အကြားမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတည်ရှိမှု အဲဒီတည်ရှိ မှု အဓိက အရေးပါတဲ့ အနောက်ဘက် ရခိုင်ပြည်၏ တံခါးဟာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အဲဒီအခြေ အနေ ယင်းအခြေအနေ မတိုင်မီကဆိုရင် ပြည်ထောင်စုကို ဒီမိုကရေစီလမ်းကြောင်းကို သွားကြမယ်ဆိုပြီး တနှစ်ခွဲခန့် လုပ်နေတဲ့ကာလ အဲဒီကာလမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှု အဲဒီကာလတွေကို ပြန်သုံးသပ်တဲ့အခါ မှာ ဒီပြည်ထောင်စုကြီး မစစ်မှန်တဲ့အတွက် အမျိုးသား အသွင်လက္ခဏာတွေ ပျောက်လုနီးပါး အခြေ အနေကို အဲဒီနှစ်ပေါင်း ၆၀ ရဲ့ အတွေ့အကြုံကိုယူပြီး ကျွန်တော်တို့ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မှ တိုင်းရင်းတမျိုးချင်းရဲ့ identity ကိုဖော်ထုတ်နိုင်မှ ပြည်ထောင်စုရဲ့ identity ပေါ်လာမယ်။ အဲဒီလို ပေါ်လာပြီးမှ ငြိမ်းချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုကြီးဖြစ်မယ်ဆိုရင် တနိုင်ငံလုံး တမျိုးသားလုံး ရဲ့ ခုနက identity မပျောက်ဖို့ အရေးကြီးတဲ့ ကာလဟာ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာ အဲဒီပြဿနာ နဲ့ ယင်းပြဿနာ နိုင်ငံသားပြုမှုဆိုတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၏ ခိုင်ခန့်တိကျ၊ သမာသမတ်ကျကျ တည်ရှိနေမှု အကြောင်းကို ကျွန်တော်တို့ အကြမ်း အားဖြင့် ဆွေးနွေးပါတယ်။ ကျွန်တော်တို့ ၁၀ မိနစ်လောက်ဘဲ ကျွန်တော်တို့ အချိန်ရပါတယ်။
မေး။ ။ အဲဒီဆွေးနွေးပွဲမှာ တခြားလူတွေက ရခိုင်ကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေကိုဆွေးနွေးကြပါသလဲ။ သိသလောက် နည်းနည်း ရှင်းပြပေးပါ။
- - ကျွန်တော်တို့က ရခိုင်ကိစ္စကို အမြည်းသဘော ဆွေးနွေးပါတယ်။ အမြည်းသဘောဆိုတာက ဗမာပြည်နဲ့ ခြုံပြီး ဆွေးနွေးပါတယ်။ ဦးကိုကိုကြီးတို့ကလည်း National identity နဲ့ပတ်သတ် ပြီး စုံစမ်းမှုတွေကို တင်ပြပါတယ်။ တော်တော်လေးကို ဆွေးနွေးပါတယ်။ အထူးသဖြင့် သူဆွေးနွေးတဲ့ အချက်မှာဆိုရင် ဘင်္ဂလီဆိုတာ လူမျိုးစု တစုပေါ့။ နယ်စပ် ဒေသမှာရှိ တဲ့ လူမျိုးစုတစုပေါ့။ သတ်မှတ် ထားတဲ့ ဘောင်ဒရီ (Boundary) အတွင်းမှာ ဟိုဘက်ဒီဘက် နယ်စပ်မှာ ခွပြီး နေထိုင်ကြတယ်။ ဥပမာ ရှမ်းနယ်စပ်မှာလည်း ရှမ်းဆိုတာ ဟိုဘက် ဒီဘက်မှာ ရှိတယ်။ အပေါ်ပိုင်းက ချင်း နယ်စပ် မှာလည်း ရှိတယ်။ အဲဒီလို ရခိုင် နယ်စပ် မှာလည်းရှိရမယ်။ ရခိုင်မျိုးနွယ်စုဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာရှိသလို ဘင်္ဂလာဒေ့ခ်ျ ဘက်က သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်နဲ့ Cox”s bazar နယ်တွေမှာရှိတာကို ထောက်ပြ တယ်။ အဲဒီလို ဒီဘက်က မျိုးနွယ်စု တစုဟာ ဒီဘက်မှာသာ ရှိပြီး ဟိုဘက်မှာလည်း ရှိပါတယ်။ ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှာတော့ ဒီမျိုးနွယ်စုက ဒီဘက် မြန်မာဘက်မှာ ရှိနေပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှာ လုံးဝမရှိဆိုပြီးပြောနေတဲ့ ငြင်းပယ်နေတဲ့ ကိစ္စတွေကို ထောက်ပြပါတယ်။ ဘင်္ဂလီဆိုတဲ့ မျိုးနွယ်စုကလည်း အင်မ တန်ကြီးမားတယ်။ တဂိုးလ်က စပြီး သူပြောတယ်။ ဒီဘက်မှာ ဒီဘက်မှာလည်း မျိုးနွယ်စုရှိသလို ဘင်္ဂလာဒေ့ခ်ျ ဘက်မှာ လည်း ဒီမျိုးနွယ်စု ရှိရမယ်ဆိုတဲ့ သဘောနဲ့ သူဆွေးနွေး ပါတယ်။ ဒါကြောင့် သူတို့ဖန်တီးထားတဲ့ မျိုးနွယ်စုတစုက ရခိုင်ပြည်ဘက်မှာသာ ရှိပြီး ဘင်္ဂလာဒေ့ခ်ျ ဘက် မှာလုံးဝ မရှိ။ အဲဒီနိုင်ငံကလည်း သူတို့နိုင်ငံဘက်က လူမျိုးနွယ်စု မဟုတ်လို့ပြောတာဟာ ယုတ္တိဗေဒ အားဖြင့် သူလက် မခံနိုင်ဘူး ဆိုပြီး သူဆွေးနွေးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသား ဥပဒေနဲ့ ပတ်သတ်ပြီး ဘယ်လိုလိုအပ် တယ်ဆိုတာကို ဆွေးနွေးပါတယ်။ ဇာကနာကလည်း ပြောပါတယ်။ ဆရာ ဦးကျော်ဝင်းတို့ကလည်း ခေတ်စနစ်ကို ချိန်ပြီး ဆွေးနွေးပါတယ်။ နောက် တိုင်းရင်းသား ရေးရာဝန်ကြီး ဖြစ်တဲ့ ဦးစောထွန်းအောင်မြင့်ကလည်း သူ့အမြင်ကို ဆွေးနွေးပါတယ်။ နောက်ကျွန်တော်တို့ ဦးအေးသာအောင် နောက် NDPD က ဦးကျော်လှထင်ပါတယ်။ သူကတော့ သူ့ဟာသူ ကုလားလို့ ပြောပါတယ်။ သူတို့ရဲ့ ဒီနိုင်ငံမှာ နှစ် ပေါင်းများစွာတည်ရှိတဲ့ သမိုင်းတည်ရှိမှု၊ ရခိုင် ဘုရင်လက်ထက် ကတည်းက အစ္စလာမ်ဘာသာရှိ မှု တွေကိုသူဆွေးနွေးပါတယ်။ နောက်ပြီး သူတို့ရဲ့ ရပ်တည်မှုတွေကို တော်တော်လေး အာပေါင် အာရင်း သံသံနဲ့ ဆွေးနွေးသွားတာ တွေ့ရပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နောက်ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ၊ နောက်တက်ရောက်လာကြတဲ့ ပညာရှင်တွေကလည်း ထောက်ပြီး မေးမြန်းတာတွေ အများကြီး ရှိပါတယ်။ အဲဒါကို Panelists တွေက တာဝန်ယူပြီး ရှင်းပြကြပါတယ်။
မေး။ ။ ဒီဆွေးနွေးပွဲက ရခိုင်လူမျိုးတွေအတွက် အကျိုးရှိတယ်လို့ မြင်ပါလား။ ဥက္ကဌအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
- - ဆွေးနွေးပွဲ တစ်ခုဆိုတာက အကျိုးရှိတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆို ရင် ဗမာပြည်သူလူထုရဲ့အမြင်၊ တိုင်းရင်းသားပေါင်းစုံရဲ့အမြင်၊ နောက်ပြီး နိုင်ငံရေးပါတီပေါင်းစုံ ရဲ့အမြင်တွေကို ဒီဆွေးနွေးပွဲမှာ တစုံတခုသော အတိုင်းအတာအထိ ထင်ဟပ်ပါတယ်။ အားလုံးက တော့ ရခိုင်ပြည်အရေးဟာ ဗမာနိုင်ငံတခုလုံးရဲ့ အရေးဆိုပြီး သူတို့ ယူဆပါတယ်။ ဗမာတမျိုးသားလုံး ရဲ့ identity မပျောက်ဖို့ အတွက် လိုအပ်ကြောင်းကိုလည်း သူတို့သဘောပေါက်ပါတယ်။ ဒါကြောင့် လူဦးရေ ဖောင်းပွမှုကြီးတဲ့ နိုင်ငံနှစ်ခုအကြားမှာ အင်မတန်မှ မြန်ဆန်စွာနဲ့ ပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှု အဲဒီ ဒဏ်ရာဒဏ်ချက်တွေ ကျွန်တော်တို့ဒေသကို လွှမ်းမိုး လာနိုင်မှုတွေကိုလည်း ဆင်ခြင်စဉ်းစားပါတယ်။ နောက် နိုင်ငံတကာရဲ့ Globalization နဲ့လည်းတွေးပါ တယ်။ နောက် ၁၉၈၂ ခုနှစ်ရဲ့ ဥပဒေလိုအပ်မှု ဒါတွေကိုလည်း ထဲထဲဝင်ဝင် ဆွေးနွေးကြပါတယ်။ သို့သော်လည်း ဒီလိုဆွေးနွေးမှုတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယူတချက်တစ်ခုကို ကျနော်တို့ ဆုံးဖြတ်ချက် ချနိုင်အောင်အထိ တော့ ရချင်မှ ရပါမယ်။ သို့သော်လည်း ဖြေရှင်းချက် တခုကို ရဖို့အတွက် ဆွေးနွေးပွဲများစွာကိုဖြတ် သန်းပြီး အမြင်များကိုရရှိပြီးမှ တကယ့်လက်တွေ့ ဖြစ်ပျက်မှုနဲ့ မကင်းကွာတဲ့ အယူအဆတွေကို သုံးသပ် ဆုံးဖြတ် ထည့်သွင်း နိုင်ရင်တော့ ကျွန်တော်တို့လက်ရှိ ဖြစ်နေတဲ့ ပြဿနာအားလုံးကို လိုအပ်တဲ့ ကာလတခုမှာတော့ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ အဲဒီဆွေးနွေးပွဲကို နိုင်ငံခြားသားတွေတက်ရောက်ပါလား။ ဥပမာ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းတို့ တက်ရောက်တာတွေ ရှိပါလား။
- – ဒေါက်တာအေးချမ်းတို့ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်တို့ တရက်စောပြီး ဆွေး နွေးကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆရာအေးချမ်းကတော့ ဂျပန်ကို မနေ့ကတည်းက ပြန်သွား ပါပြီ။ အဲဒီနေ့က ကျွန်တော် ရခိုင်မှာဘဲ ရှိနေပါတယ်။
Narinjara
September 18, 2012
ဘင်္ဂလီတစ်ဦး၏ သွေးဆောင်ဖျားယောင်မှုကို ခံရသော မန္တလေးသူ
ဘင်္ဂလီတစ်ဦး၏ သွေးဆောင်ဖျားယောင်မှုကို ခံရသော မန္တလေးသူ
မန္တလေးမြို့ ဇာတိဖြစ်သော ညီအစ်မနှစ်ယောက် မလွင်လွင်ထွေးနှင့် .............(အမည်မဖေါ်လိုပါ - လုံခြုံရေးအရ) တို့ မဲဆောက်ဈေး၌ ဈေးရောင်းနေရာကနေ စက်တင်ဘာလ (၁၃)ရက်နေ့က ယင်းညီအစ်မနှစ်ယောက်မှာ စကားများ၍ ညီမဖြစ်သူ မလွင်လွင်ထွေးက အပြင်ထွက်သွားပြီး ဘင်္ဂလီတစ်ဦးဖြစ်သူ စူဖူးက သွေးဆောင်ဖျားပြီး လိမ်လည်ခေါ်ယူ၍ သားမယားအဖြစ်ပြုကျင့်လိုက်ကြောင်း သိရသည်။
“ ကျမတို့ညီအစ်မနှစ်ယောက်က မဲဆောက်ဈေးမှာ ဈေးရောင်းပြီးနေကြတာပါ။ ကျမတို့မှာ ဒီနေရာမှာ မိဘတွေလည်းမရှိပါဘူး။ ညီအစ်မနှစ်ယောက်တည်းနေကြတာ။ အဲဒီနေ့က ၁၃ ရက်ပေါ့နော် ကျမတို့ ညီအစ်မှနှစ်ယောက် စကားများကြတယ်။ ညီမကတော့ စိတ်ဆိုးလို့ အပြင်ထွက်သွားပါတယ်။ ကျမထင်တာက အိမ်ကိုသွားတယ်လို့ ထင်ခဲ့တာ။ ညနေရောက်တော့ အိမ်ကိုလည်းမရောက်ဘူး။ ကျမလည်း လန့်သွားတာပဲ။ သေချာစုံစမ်းလိုက်မှ အဲဒီကုလား စူဖူးဆီမှာ ဖြစ်နေတယ်။ ကျမအရမ်းစိုးရိမ်ပါတယ်။ သူတို့က ဘင်္ဂလီကုလားဆိုတော့ ကျမညီမကို သတ်ပစ်လိုက်မှာကို ကြောက်တယ်။ အဲဒီဘင်္ဂလီတွေမှာ လူတစ်ယောက်ကို သတ်ဖို့သိပ်ဝန်လေးတာမဟုတ်ဘူး။ နောက်ပြီးတော့ သူမှာက မယားကြီးရှိတယ်။ ကျမညီမကို မယားငယ်အဖြစ်ယူပြီး နှိပ်စက်မှာ ကျမအမတစ်ယောက်အနေနဲ့ အရမ်းစိုးရိမ်ပါတယ်။ ကျမတို့ကို ကူညီပေးကြပါ။ ကျမတို့ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းဖို့ လုပ်ပေးကြပါ။ ” ဟု အစ်မဖြစ်သူက(အမည်မဖေါ်လိုပါ) ပြောသည်။
သွေးဆောင်ဖျားယောင်းမှုကို ခံရသူ မလွင်လွင်ထွေးညီအစ်မနှစ်ယောက်မှာ အဲဒီဘင်္ဂလီကုလား စူဖူးနှင့် ရင်းနှီးကြပြီး ဖြစ်သည့်အတွက် စိတ်ဆိုးသွားတာကို အခွင့်ကောင်းယူ၍ အိမ်ကို အလည်ခေါ်ကာ သွေးဆောင်ဖျားယောင်းပြီး သားမယားအဖြစ် ပြုကျင့်လိုက်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလီ စူဖူးမှာ ကျောက်အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းကိုလည်း သိရသည်။ စူဖူးမယားကြီး အဖေအမေတွေက အစ်မဖြစ်သူကို ရန်ရှာလာသောကြောင့် ဆွယ်မျိုးရှာ မြဝတီသို့ ထွက်ပြေးလာရကြောင်း အစ်မဖြစ်သူက ပြောသည်။
မလွင်လွင်ထွေးနှင့် ဘင်္ဂလီ စူဖူးတို့မှာ မဲဆောက်ဈေးနားမှာ နေကြသည်ကို သိရပြီး အခုထက်ထိ အဆက်အသွယ်မရသောကြောင့် တွေ့သောသူများ အမြန်ဆုံး ဆက်သွယ်ပေးပါရန် တောင်းဆိုလိုက်ကြောင်း အစ်မဖြစ်သူက ပြောသွားသည်။
မလွင်လွင်ထွေးကို တွေ့သောသူများ ပြောပေးကြပါ။ အစ်မဖြစ်သူကို အမြန်ဆုံးဆက်သွယ်ပါလို့ ။ အစ်မဖြစ်သူက အရမ်းစိုးရိမ်နေပါတယ်။ ဒီစာကို
ဖတ်ပြီးသူတိုင်း မျှဝေပေးကြပါ။
မလေးရှားတွင် လူငယ်တစ်ဦး အရက်သောက်၍ ဦးနှောက်သွေးကြော ပြတ်ပြီး ရုတ်တရက်သေဆုံး
မလေးရှားတွင် လူငယ်တစ်ဦး အရက်သောက်၍ ဦးနှောက်သွေးကြော ပြတ်ပြီး ရုတ်တရက်သေဆုံး
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့
ပူချုန်းနယ်တွင် ရခိုင်လူငယ်တစ်ဦး
အရက်သောက်၍ ဦးနှောက်သွေးကြော
ပြတ်ကာ ရုတ်တရက်သေဆုံးကြောင်း
သတင်းရရှိသည်။သေဆုံးသွားသူမှာမြောက်ဦးမြို့ နယ်ကျောင်းတောင်ကျေးရွာမှ
ကိုနေလင်း ဆိုသူဖြစ်ပြီး
အသက်၂၆ရှိသည် ဟုသိရသည်။
""မနေ့ ညကနေ ကျွန်တော်တို့ သူငယ်ချင်းစုပြီး နည်းနည်းအရက်သောက်ကြတယ်။
ပြီးတော့ကိုယ်စီ ကိုယ်စီ အခန်းမှာအိပ်ကြတယ်။ဒီနေ့  မနက်ကျတော်မြို့ ထဲကိုသွားမယ်ဆိုပြီး
ကိုနေလင်း နှိုးတော့ နှိုး လို့ မရတော့ဘူး။ သေချာစမ်းကြည့်လိုက်တော့
အသက်မရှိတော့ဘူး။ “ဟု သေဆုံးသွာသူ၏ သူငယ်ချင်း မောင်စိုးသန်းက
ရွှေမြန်မာမီဒီယာကိုပြောသည်။
မသေဆုံးမီ တစ်ရက် ၁၇. ရက်နေ့ ညနေကသူငယ်ချင်းများနှုင့် အရက်ဝိုင်း ဖွဲ့ 
သောက်ကာ ပင်ကာကိုအနီးတွင်ထား၍ဖွင့်ထားကြောင့် အအေးပတ်ကာ သေဆုံး
သွားသည်ဟုဆိုသည်။မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ အရက်သောက်ပြီး မြန်မာအမျိုးသားများ
မကြာခဏ သေဆုံးနေကြရသဖြင့် မလေးရှားတွင် ရောက်ရှိနေသော
မြန်မာများအတွက်စိက်မကောင်းဖြစ်ရသည်ဟု" ARRC ထွေထွေအတွင်း
ရေးမူးကိုစောသန်းက ရွှေမြန်မာမီဒီယာယခု လို ပြောသည်။
""ဒီလို မကြာခဏဖြစ်နေတာတွေမြင်ရ တွေ့ နေရတယ်။ကျနော်စိက်မကောင်းဘူးဗျ။
ဒီလို အရက်သောက်ရင်း ပင်ကာအောက်မှာ အိပ်ပျော်သွားပြီး သေဆုံးသွားတဲ့  မြန်မာတွေ မလေးရှားမှာအကြီးဖြစ်နေတယ်။သတိရှိရှိနဲ့ အသိပညာဥာဏ်လေးနဲ့  လုပ်ကြရင်
အရမ်းကောင်းမှာပဲဗျာ။"ဟုရွှေမြန်မာမီဒီယာကို ပြောသည်။
သေဆုံးသူ ကိုနေလင်းမှာအလုပ်ကိုင်မရှိစဉ် အတွင်းအရက်သောက်ရင်းယခုလိုအဖြစ်ဆိုးနဲ့ 
ကြုံခဲ့ရသည်ဟုဆိုသည်။
မလေးရှားတွင် မြန်မာများအတွက် အလုပ်အကိုင်ရှာရခက်ခဲ့ပြီး"" Passport "" ရှိသူများကိုသာ
သူဌေးများကဦးစားပေးအလုပ်ခန့် အပ်လေ့ရှိကြောင့် ကိုစောသန်းပြောပြသည်။
ယခု သေဆုံးသူ ကိုနေလင်းကို နောက်အပတ်တနင်္ဂနွေနေ့ မှာသဂြိုလ်သွားမယ်လို့ 
သတင်းရရှိသည်။
Monday, 17 September 2012
ယူနိုက်တက်အတွက် ကစားရတာ ပုံမှန်တော့ မဟုတ်ဘူးလို့ ဆိုတဲ့ ဘတ္တနာ
ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဝီဂန်နဲ့ ပွဲအပြီးမှာတော့ အလက်ဇန်ဒါး ဘတ္တနာဟာ သရဲနီ ပရိတ်သတ်တွေနဲ့ ချစ်မြတ်နိုးမှုကို ရရှိဖို့အတွက် သူ့မှာ လိုအပ်တဲ့ အရည်အသွေး မျိုးစုံ ရှိနေတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။
ယူနိုက်တက် အသင်းအတွက် ပထမဦးဆုံး ပွဲထွက်ခွင့်ရတဲ့ ပွဲစဉ်မှာပဲ ဘတ္တနာက ပရီးမီးယားလိဂ် ရပ်ဝန်းကို ထုံးလိုမွှေ ရေလိုနှောက်နိုင်တဲ့ နောက်ခံ အစွန်လူ ဖြစ်လာဖို့ အလားအလာရှိတယ် ဆိုတာကို ယူနိုက်တက်ရဲ့ ဘယ်ကြော တစ်ခုလုံးမှာ ခြေစွမ်းပြ စုန်ဆန်ဆင်းပြီး ပြသသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အကယ်၍များ နောက်အပတ် အန်ဖီးကွင်းမှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲအတွက် ပြိုင်ဘက်အသင်းရဲ့ အဓိက ကစားသမား ဆွာရတ်စ်နဲ့ ပြသနာတွေရှိတဲ့ အီဗရာကိုသာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အနားပေးချင်တဲ့ ဆန္ဒသာ ရှိနေမယ်ဆိုရင် ဟော်လန်သား ဘတ္တနာအတွက် နောက်အပတ်မှာလည်း ထပ်မံ ခြေစွမ်းပြပြီး သရဲနီ ပရိတ်သတ်တွေရဲ့ မေတ္တာကို ခံယူနိုင်ဖို့ အခွင့်အလမ်း ရှိနေပြန်ပါသေးတယ်။
အသက် (၂၃)နှစ် အရွယ် ဘတ္တနာရဲ့ မန်ချက်စတာ ယူနိုက်တက် စွန့်စားခန်းကို ဟော်လန် စာနယ်ဇင်းသမားတွေက နီးနီးကပ်ကပ် စောင့်ကြည့်နေကြပြီး အိုးထရတ်ဖို့ဒ်မှာ သူရဲကောင်း တစ်ယောက်လို သူကောင်းပြု ခံလိုက်ရတဲ့ သူတို့ရဲ့ နိုင်ငံသား အတွက်လည်း ပျော်ရွှင်နေကြမှာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပွဲအစမှာတော့ ဘတ္တနာက အလွန် စိတ်လှုပ်ရှား နေခဲ့ပါသေးတယ် ဆိုတာကို "ကျွန်တော် ကွင်းထဲ ဝင်သွားပြီးတော့ ခြေထောက်တွေက လေးနေသလိုပဲဗျာ။ ကွင်းထဲက ပရိတ်သတ်တွေကတော့ သိပ်ကို မိုက်တယ်ဗျာ။ လူပေါင်း (၈) သောင်းလောက်က ကွင်းနဲ့ သိပ်နီးကပ် နေသလိုပါပဲ။ အဲ့ဒါကြီးက ဂယောင်ခြောက်ချား ဖြစ်စေတာပဲဗျို့။ ပုံမှန်တော့ မဟုတ်ဘူး ကိုယ့်လူရေ။ ဒါမျိုး အရင်က မခံစားရဖူးဘူးဗျာ" လို့ ဘတ္တနာက စိတ်လှုပ်ရှားမှု အပြည့်နဲ့ သူရဲ့ ပွဲဦးထွက် အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
ဘတ္တနာဟာ သူရဲ့ ပွဲဦးထွက်မှာပဲ ဘယ်နောက်တန်း အစွန်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြနိုင်ခဲ့ ရုံသာမက အသင်းအတွက် ဂိုးတစ်ဂိုးကိုပါ လှလှပပ သွင်းယူပေး နိုင်ခဲ့ပါသေးတယ်။ အဆိုပါ ဂိုးအတွက်လည်း ဘတ္တနာက ပျော်ရွှင်နေပါတယ်။
"ကျွန်တော် ဘောလုံးရတယ်ဗျာ။ ပြီးတော့ တစ်ဖက်အသင်း နောက်ခံလူ (၃)ယောက်ကို ကျော်ဖြတ်ပြီး ဂိုးထဲကို အပြင်း ကန်သွင်းယူခဲ့တာပါ။ အဲ့ဒီ ဂိုးက ဂိုးသမား အမှားကြောင့်တဲ့လား။ ကိစ္စ မရှိပါဘူးဗျာ"
"ရုတ်တရက်ပဲဗျာ။ အဲ့ဒီမှာ ကျွန်တော့်ကို အော်ဟစ် အားပေးနေတဲ့လူက (၈) သောင်းလောက် ရှိတယ်ဗျာ။ သိပ်ကို ခမ်းနားတဲ့ ခံစားမှုမျိုးပဲဗျာ။ ပွဲအပြီးမှာ မစ္စတာ ဖာဂူဆန်က ဂုဏ်ယူကြောင်း ပြောပါတယ်။ ပြီးတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ချီးမြှင့်ခြင်း ခံရသလို (၁.၅)လီတာ ရှန်ပိန် တစ်ပုလင်းလည်း ရခဲ့ပါသေးတယ်" လို့ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်လို့ ပျော်ရွှင်နေတဲ့ ဘတ္တနာက ပြောဆိုခဲ့ပါတယ်။
အမေရိကန်မှ ဆူဒန်နှင့် တူနီးရှားနိုင်ငံများရှိ သံရုံးဝန်ထမ်းအချို့ကို ပြန်လည် ခေါ်ယူခဲ့
အမေရိကန်မှ ဆူဒန်နှင့် တူနီးရှားနိုင်ငံများရှိ သံရုံးဝန်ထမ်းအချို့ကို ပြန်လည် ခေါ်ယူခဲ့
စက်တင်ဘာလ ၁၈ ၊ ၂၀၁၂
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနဟာ ဆူဒန်နဲ့ တူနီးရှားနိုင်ငံတွေက ၎င်းရဲ့ သံရုံးဝန်ထမ်း တချို့ကို ပြန်လည် ရုတ်သိမ်းဖို့ ပြီးခဲ့တဲ့ စနေနေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်နဲ့ တူနီးရှားနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် သံရုံး ၀န်ထမ်းတချို့နဲ့ ၀န်ထမ်း မိသားစုဝင် အားလုံးကို ပြန်လည်ခေါ်ယူဖို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ညွှန်ကြားထားပြီး အမေရိကန် နိုင်ငံသားတွေကို ဆူဒန်နဲ့ တူနီးရှား နိုင်ငံတွေကို ခရီးသွားလာခြင်း မပြုဖို့ သတိပေးချက် ထုတ်ပြန် ထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောကြားခဲ့ပါတယ်။
အစ္စလာမ် ဘာသာရေးကို ထိခိုက်စေတဲ့ ရုပ်ရှင်ကြောင့် ပြီးခဲ့တဲ့ ၂ရက်အတွင်း တူနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း ဆန္ဒပြသူ ၃ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မှာလည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေဟာ အမေရိကန် သံရုံးအတွင်းကို ၀င်ရောက်စီးနင်းဖို့ လုပ်ဆောင်ခဲ့တဲ့ အတွက် လူ ၃ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အမေရိကန် အစိုးရဟာ လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရတဲ့အတွက် အမေရိကန် သံအမတ်ကြီး ခရစ်စတိုဖာ စတီဗင်နဲ့ သံရုံးဝန်ထမ်း ၃ဦး သေဆုံးခဲ့ရ ပြီးနောက် ကမ္ဘာအနှံ့အပြားရှိ ၎င်းတို့ရဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
မူရင်းသတင်း--Royal Hero Media
မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "
"သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "
"ပီတိလည်းဖြစ်တယ်။ ကျွန်မမှာ သမီး နှစ်ယောက် ရှိတယ်။ ကျွန်မအခု အသက် ၅၈နှစ်အထိ သီလရှင် မဝတ်ဖြစ်ခဲ့သေးဘူး။ ဝတ်ဖို့လည်း အခြေ အနေမပေးခဲ့ဘူး။ အခု ကျတော့ ကျွန်မသမီးအကြီးလည်း ဝတ်ပြီးသွားပြီ။ သင်ဇာလည်း ဝတ်ပြီးသွားပြီဆိုတော့ သမီးတွေကတောင် အန်တီ့ထက်ပိုပြီး ပါရမီရှိတယ်။ သူ့အတွက် အညံ့တွေ လည်း ကင်းစင်သွားတာပေါ့။ သင်ဇာက သူစိတ်ညစ်လာတာတို့၊ အခက်အခဲ ဖြစ်လာတာတို့ဆိုရင် အန်တီ့ကို တိုင်ပင် တယ်။ အဲဒီအခါကျရင် အန်တီက သူ့ကို နေတာ၊ ထိုင်တာကအစ မိဘအနေနဲ့ သွန်သင်ဆုံးမတယ်။ တစ်ခါတလေကျရင်လည်း အန်တီတို့ခေတ်နဲ့ မတူတော့ တာတွေကို နားလည်ပေးရတာတွေ ရှိတယ်။ အန်တီက စီးပွားရေး အရရော၊ ကျန်းမာရေးအရရော သူ့နောက်ကို လိုက်နိုင်တာမျိုး မရှိတဲ့အတွက် အမေ အနားမှာမရှိတော့ လူငယ်တစ်ယောက်အနေနဲ့ သူ့ဘာသာသူ ဆုံးဖြတ်ရ တယ်။ အမှားတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ အန်တီက သူ့ကို အကြံဥာဏ်တွေ အကောင်းဆုံးပေးတယ်။ အခုလို သီလရှင်ဝတ်ဖို့ကိုလည်း အတတ်နိုင်ဆုံး သူ့အတွက် လုပ်ပေးတာ ပါ။ သူ့အတွက် အိမ်ထောင် ဖက်ဆို တာကလည်း အန်တီတို့တုန်းက ကိုယ့်စိတ်ကြိုက် ရွေးထားတဲ့အတွက်ကြောင့် သူ့ကို ဘယ်သူဘယ်ဝါကိုယူ ဆိုတာကိုမျိုး မသတ်မှတ် ဘဲ သူကြိုက်တာကို ရွေးချယ်ပြီး ဘဝကို လျှောက်စေချင်တယ်။ "လို့ ပီတိစကား ဆိုခဲ့ပါတယ်။
မေမွန်မောင်၊ ဝဿန်
သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်မည်
တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်
ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် (၉)
ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ
နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး
အစည်းအဝေးကို သမ္မတ ဦးသိန်းစိန်တက်ရောက်မှာ ဖြစ်ပါတယ်။
သမ္မတရဲ့ တရုတ်ခရီးစဉ်ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့
မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့လည်း ချစ်ခင်ရင်းနှီးမှု ခိုင်ခိုင်မြဲမြဲ ရှိသေးတယ်ဆိုတာ ဖော်ပြလိုတဲ့သဘောမျိုး တွေ့ရတယ်လို့ တရုတ်ပြည်အခြေစိုက်
ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။
"အခုလာတဲ့ ကိစ္စဟာ အမေရိကန်ကို မသွားခင် နှစ်နိုင်ငံဆက်ဆံရေးကို Balance
လုပ်တဲ့သဘောမျိုး ရှိတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုခါက
ဦးသိန်းစိန်တို့ အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ အကြီးအကျယ် စပြီးတော့
တွဲနေတဲ့အခါ ဆိုတော့ ဒီဘက်က အထင်မမှားအောင် သူလုပ်ဖို့
အများကြီးလိုပါတယ်။
တကယ်ဆိုတော့ တရုတ်ပြည်ဘက်က ကြည့်လိုက်လို့ရှိရင် ဒီအချိန် တရုတ်ပြည်မှာ
လည်း ၁၈ ကြိမ်မြောက် ပါတီညီလာခံ လုပ်တော့မှာ။ အဲဒီအတွက် အကြီးအကျယ်
စိုင်းပြင်းနေတဲ့ အချိန်မျိုး၊ သူတို့ သိပ်အလုပ်ရှုပ်နေတဲ့အချိန်၊ နောက်ပြီးကျတော့လည်း အားလုံးသိကြတဲ့အတိုင်း ဂျပန်နဲ့လည်း အင်မတန် တင်းတင်းမာမာ ဖြစ်နေတဲ့အချိန် အဲလို အခြေအနေထဲမှာပဲ လုပြီးသွားတွေ့ရတယ်ဆိုတော့ ကျွန်တော်ထင်တယ်။ စောစော ကတည်းက ပြောထားလို့လည်း ဖြစ်မယ်"
နှစ်စဉ်ကျင်းပနေတဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ ဒီနှစ် ထူးခြားချက်
အနေနဲ့ မြန်မာနိုင်ငံကို အထူးဧည့်သည် နိုင်ငံအဖြစ် တရုတ်အစိုးရက ဖိတ်ကြားခဲ့တာပါ။
သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံခရီးစဉ်ပြီးပြီချင်း အမေရိကန်ပြည်ထောင်စုမှာ
ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ စက်တင်ဘာလ
နောက်ဆုံးအပတ်မှာ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။
အချိန် 12:50...သတင်းသမားလေး(ငမင်းအောင်)
မုဆလင်စစ်ပွဲတစ်ချိုးကြောင့် ဖခင်မဲ့ သားတစ်ယောက်ရဲ့ ခံစားချက်
မုဆလင်စစ်ပွဲတစ်ချိုးကြောင့် ဖခင်မဲ့ သားတစ်ယောက်ရဲ့ ခံစားချက်
သူရဲကောင်း အဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာ.....တဲ့ .....
တာဝန်က ပြန်လာတဲ့ အခါ ဖေဖေ့ ဂုတ်ပေါ်ခွစီးခိုင်းပြီး လမ်းလျှောက်ထွက်ကြမယ်ဆို ။
သား ပြေးလွှားဆော့ကစားရင်း ချော်လဲကျတဲ့ အခါ
ဖေဖေရဲ့ ဆွဲထူတတ်တဲ့ လက်တစ်စုံရဲ့ နွေးထွေးမှု သား ..မမေ့သေးပါဘူး ။
ည အမှောင်တွေမှာ စိုးရွံ့ထိတ်လန့်တဲ့ အခါ ဖေဖေ့ ရင်ခွင်ထဲ တိုးဝင် အိပ်စက်ခဲ့ရတဲ့ လုံခြုံမှု သား... သတိရနေဆဲပါ ။
ဖေဖေ့ လက်မောင်းကို တွဲခို ဆော့ကစား ဖေဖေ နဲ့ သား ရီမောခဲ့ရတာတွေ
သား ...ကြားယောင်နေတုန်းပါ ။
သား ရဲ့ ပြောသမျှ စကားတွေကို ပြုံးပြီး နားထောင်ပေးကာ မေတ္တာမျက်ဝန်းတွေ နဲ့ ကြည့်နေတတ်တဲ့ ဖေဖေ့ ရဲ့ မျက်နှာ သား အတွက် တကမ္ဘာ ဖြစ်ခဲ့ပါတယ် ။
ဖေဖေ ပြောခဲ့တဲ့ စကားသံတွေ သား ရဲ့ နားထဲမှာ ပဲ့တင်ရိုက်နေ ဆဲပါ။
ခုတော့ ........
ဖေဖေ ရဲ့ နွေးထွေးတဲ့ လက် ၊ ထိတ်လန့်မှုတွေရဲ့ ဝေးရာ ဖေဖေ့ ရင်ခွင်၊
မေတ္တာလွှမ်းတဲ့ စကားသံတွေ ၊ ဂရုဏာ မျက်ဝန်းတွေ.... သား..... လွမ်းနေရတော့မယ် ။ သား အတွက် မဟာတံတိုင်းကြီး ပြိုလဲခဲ့ရပြီလေ ....
သား မငိုရဲ ပါဘူး ။
ယောကျာင်္း ဆိုတာ မငိုရဘူးလို့ ဖေဖေ ပြောခဲ့တဲ့ စကား သား....မှတ်သားဖူးခဲ့တယ် ။
မျက်ဝန်းအိမ်ထဲမှာ တွဲခိုလာတဲ့ မျက်ရည်စတွေကို အတတ်နိုင်ဆုံး မကျအောင်ထိမ်းပါ့မယ် ။
ဖေဖေ နဲ့ သား ဘဝခြားအောင် လုပ်ခဲ့သူတွေ ကို နာကျည်းတာထက်
ကမ္ဘာပေါ်မှာ စစ်ပွဲတွေကြောင့် ဖခင်မဲ့သွားခဲ့ရတဲ့ သားနှင့် ဘဝတူ သားသမီးတွေ နောက်ထပ် ရှိမလာအောင် စစ်ပွဲတွေ
ပျောက်ကွယ်သွားပါစေလို့ပဲ ဆုတောင်းမိတဲ့ ငြီးတွားသံ ဖေဖေ
ကြားနိုင်ပါစေသား ............
ဘင်္ဂလာဒ့ရှင်္တွင်လုကြိုက်အများဆုံးသော youtube ကိုပိတ်ပင်
ထွန်းထွန်းSeptember 18, 2012 at 8:15 am
မြန်မာ့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် အစိုးရမှ YouTube ကို ယမန်နေ့ ညနေမှ စတင် ပိတ်လိုက်ပြီ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ မူဟာမက် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောဆိုမူ ထွက်ပေါ်လာပြီးနောက် YouTube ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
Bangladesh Telecommunication Regulatory Commission (BTRC) မှ YouTube အား အငြင်းပွားဖွယ်ရာ အစ္စလာမ် ဆန့်ကျင်ရေး ဗွီဒီယိုအား ဖယ်ရှားးပေးရန် တောင်းဆိုခဲ့ရာ မလိုက်နာသဖြင့် ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ဘက်မှ ပိတ်ပင် တားမြစ် လိုက်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာာပိုင်များက ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်လည်း အဆိုပါ မူဟာမတ် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်မူများ ပေါ်ပေါက်လာခဲ့ရာ လွန်ခဲ့သည့် သောကြာနေ့က ဒက္ကာား အမေ ရိကန်သံရုံးရှေ့တွင်လည်း ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့အစ္စလာမ် နိုင်ငံအသီးသီးတွင်လည်း ဆန္ဒပြသမှုများ ဆက်တိုက် ပေါ်ပေါက်နေပြီး လစ်ဗျား နိုင်ငံတွင် အမေရိကန် သံအမတ်ကြီး တစ်ဦးအပါအ၀င် လူ ၄ ဦး သေဆုံးခဲ့သည်။
မွတ်ဆလင် အများအပြား နေထိုင်ရာ မြန်မာနိုင်ငံ ဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တော ဒေသတွင်မူ အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဆန့်ကျင် ကန့်ကွက်မူများ ပေါ်ပေါက်ခြင်ူ မရှိသေးကြောင်း သိရသည်။
Subscribe to:
Posts (Atom)