Tuesday 18 September 2012

ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို

ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို အစိုးရကသာ အဏာကို ချုပ်ကိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ အနောက်ဖက် တံခါး ရခိုင်ပြည်ကို ရခိုင်တိုင်းရင်းသားများ ကာကွယ်ခွင့် မရခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောကြားသည်။ အစိုးရကသာ အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ရခိုင်တိုင်းရင်းသားများတွင် လုပ်ပိုင်ခွင့် အာဏာ မရှိခဲ့သဖြင့် အနောက်ဖက်တံခါးကို ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိခဲ့ကြောင်း ၄င်းက ရှင်းပြသည်။ ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် ဦးအေးသာအောင်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ အနောက်ဖက်တံခါးကို ရခိုင်တိုင်းရင်းသားများ သမိုင်းပေးတာဝန်အရ စောင့်ရှောက်ခဲ့သောလည်း အာဏာကို ချုပ်ကိုင်ထားသော အစိုးရပိုင်း၏ အားနည်းမှု အကျင့်ပျက် ခြစားမှုတို့ကြောင့် တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ၀င်လာခဲ့ကြောင်း၊ ယင်းသို့ ၀င်ရောက်လာမှုတို့ကြောင့် ဘူးသီးတောင် ၊ မောင်တောမြို့နယ်တို့တွင် လူဦးရေ မညီမျှမှုများ ဖြစ်လာခဲ့ကြောင်း ဦးအေးသာအောင်က ဆိုသည်။ ဘူးသီတောင် ၊ မောင်တောမြို့တို့တွင် ရခိုင် တိုင်းရင်းသား ဦးရေမှာ ၉ရာခိုင်နှုန်းခန့်သာ ရှိပြီး ဘင်္ဂါလီ ၈၄ရာခိုင်နှုန်းခန့်ရှိသည်။ ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် တွေ့ရသော ဦးအေးသာအောင် ဓါတ်ပုံ - The Voice Weekly

No comments:

Post a Comment