Wednesday 3 October 2012

မလေးရှားနိုင်ငံအတွင်းရွေ မြန်မာတွေ ..မြန်မာအချင်းချင်းသတိထားတစ်ခုပါ

မနေက.. ဖုန်း အခိုးခံရ သည် .. Nokia c6-01 model ... မွေးထားတဲ့ခွေး လက်ကိုကိုက်တယ် ..... ဖုန်းက တန်ဖိုး မရှိပေမယ် .. .. သူအဲလို ကျေးဇူး ကိုမှမငှဲ့ .ကွက် တဲ့ အတွက် အရမ်းဝမ်းနည်းမိတယ် ... ဒီနေ့မှ အစ .. နောက်နောင် မည်သည့် ရခိုင် သူငယ်ချင်း ကိုမှ မကူညီတော့ ပါ .... .. ကျနော် ကျပ်တည်း နေတာ ကိုလဲ အဲကောင် သိပါဒယ်...... သူ့ကို အိမ် နေစဉ် တစ်ခါ တစ်ကြိမ်မှ ငြိုငြင် မှု မရှိခဲ့ပါ ..... လာတုန်းက လဲ texi ဖိုး မရှိသောကြောင့် texi ဖိုး အကုန်ကျခံပြီး ခေါ်ယူခဲ့ပါတယ်.. ..တစ်ခါ တုန်းကလဲ ... ထမင်းဖိုးး 50 RM ကို အလောင်းစား သွားလုပ်လိုက်တယ်.. ခွင့်တစ်ခါ လွတ်လိုက်ပါဒယ်.... ဒီတစ်ခါ ... ဖုန်းခိုးသွားတယ်... 16 ရက်လောက် အိမ်မှာ နေစရာပေးထားတယ် .. စားစရာ ပေးထားတယ် .. အဲဒါကို မှ မထောက် .. ဖုန်းခိုးပြန်ပြီ.. ဒီတစ်ခါတော့ လုံးဝ ခွင့်မလွတ် ပါ ...... သနားလို့ မွေးတဲ့ ခွေး .. .. လက်ကို ကိုက်သွားလို့ .. အရမ်း ၀မ်းနည်း ၇တယ်.... ( ဒါပေမယ့်  .. သူဘ၀တစ်လျှောက်လုံး ဘေးရန်ကင်းကွာ ချမ်းသာရပါစေ လို့) ဆုတောင်းပေးပါတယ် . ဓါတ်ပုံကိုဆက်လက်ပေါ်ပြပါမည်..

ကျောက်နီမော်ကျေးရွာအားမီးရှို့ ရန် ကြိုးပမ်းခဲ့သူ ဘင်္ဂလီ သုံးဦးအား စခန်းမှူးမှ ကျပ်ငွေ ၄ သိန်းစီယူ၍ ပြန်လွှတ်ပေး

အောက်တိုဘာ (၁)ရက်နေ့ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီး ရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်း ရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်း သိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။ သို့သော်လည်းအဆိုပါ ဖမ်းဆီးထားသူများကို ကျောက်နီမော်ရဲစခန်းမှ စခန်းမှူး ဦးသောင်းထွေး က ငွေကျပ် လေးသိန်းစီရယူကာ ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ရဲစခန်းမှ အမည်မဖော်လိုသူတစ်ဦးကပြော ပါသည်။ ယင်းသို့ ပြန်လွှတ်လိုက်သည့်အတွက်ရဲများကမကျေပ်ဖြစ်နေကြကြောင်းလည်းသိရပါသည်။ ပြည်သူများကလည်း မကျေ မနပ် ဖြစ်နေကြကြောင်းလည်းသိရသည်။

အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး

ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့်  မိသားစုများနေထိုင်နိုင်ရန်အိမ်များဆောက် လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန်အတွက် သူမရဲ့ အပျိုစင်ညကို လေလံတင်ရောင်းချလျှက် ရှိနေပါတယ်။ အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး ဒေါ်လာ ၁၅၅၀၀အထိရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေအားလုံးအား ဘရာဇီးနိုင်ငံ တောင်ပိုင်းမှသူမနေထိုင်ရာ ဆန်တာကာတာရီနာ ပြည်နယ်တွင်အစိုးရမဟုတ်သည့် အဖွဲ့ အစည်း မှတာဝန်ယူလှူဒါန်းဆေက်လုပ်မည့် ဆင်းရဲသူဆင်းရဲသားများအတွက် (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်းအတွက်လှူဒါန်းပေး အပ်မှာဖြစ်ပါတယ်။ သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော စွပ်စွဲချက်များအားငြင်းဆန်ယင်း သူမအနေဖြင့် အချစ်စစ်အချစ်မှန်အားယုံကြည်လျှက်ရှိနေဆဲဖြစ်ကြောင်း သို့ သော်လည်းယခုအခွင့် အလမ်းလုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင်ဆောင်ရွက်ခွင့်  အဖြစ်မှတ်ယူပါကြောင်းပြောကြားခဲ့ ပါတယ်။ သို့ သော်လည်း ကြံ့ ခိုင်ရေးပညာရပ်ဆိုင်ရာကျောင်းသူလေးဟာ သူမရဲ့  အာဝါဟလုပ်ပြီးလှူမယ့် အာဝါသ အလှူပွဲအတွက် သြစတေးလျရုပ်သံရိုက် ကူးရေးအဖွဲ့ ရဲ့ "အပျိုစင်လိုချင်ပါတယ်။ အမည်ရှိ မှတ်တမ်းတင်ရုပ်သံအစီအစဉ်အား လက်ခံရိုက်ကူးပေးမှာမို့  အငြင်းပွားဖွယ်ရာတွေဖြစ်စေခဲ့ ပါတယ်။ " ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန်ကိစ္စ တစ်ခုလို့ မြင်ပါတယ်။.ဒီမှတ်တမ်းရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်.။ မှတ်တမ်းရုပ်ရှင်မှာပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်။ ဘ၀မှာတစ်ကြိမ်တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူ အိပ်စက်ပျော်ပါးခြင်း ) ပြုလုပ်တာမို့ ပြည့် တန်ဆာတစ်ယောက်အဖြစ် မသတ်မှတ်နိုင်ပါဘူး။
ဓါတ်ပုံကောင်းလေးတစ်ပုံရိုက်ခဲ့ လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ် မခံယူနိုင်လိုသလိုပါပဲ။" လို့ သူမကရှင်းပြခဲ့ ပါတယ်... "လေလံပွဲဆိုတာလည်းစီးပွားရေးသဘောဆန်ဆန်လုပ်တာပါပဲ။ ကျွန်မဟာ အချစ်ကိုကိုးကွယ်ယုံကြည်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ဦးပါ.။ ဒါပေမယ့် ဒီအတွက်ကြောင့် လည်းကျွန်မအနေနှင့် အပြောင်းလဲကြီးပြောင်း လဲရပါလိမ့် မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြောကြား ခဲ့ ပါတယ်။ . အီတလီအဆက်အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ် အစဉ်အား လွန်ခဲ့ သည့် ၂ နှစ်ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ် လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး၇န်ရှာ ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့  တာဖြစ်ပါတယ်။ ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအား ပထမဦးဆုံးအကြိမ် ချစ်တင်းမနှောခင်နှင့် ချစ်တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများ အား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်။ . လူပျိုအစစ်အဖြစ်ရိုက်ကူးမှတ်တမ်းတင်ရန် အချစ်ရေးတွင်အတွေ့  အကြုံမရှိဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒား ကိုလည်းရွေး ချယ်ထားပါတယ်. အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံးသတ်မည့် ထိုလေလံပွဲမှ ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့် ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့်  ရရှိမည်ဖြစ်ပါတယ်။ လေလံပွဲတွင် ဈေးအမြင့် ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်း မနှောမှီ ကာလသားရောဂါရှိမရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့် တန်ဆာဥပဒေ အားရှောင်ရှားကျော်လွှားနိုင်ရန် သြစတေးလျမှ အမေရိကသို့ သွားသည့် လေ ယာဉ်တစ်စင်းပေါ်တွင် ဝေ့ဟင်တွင်ဆင်နွှဲသည့် အချစ်ပွဲ ကိုပြုလုပ်ကြရမှာဖြစ်ပါတယ်။ လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး ကာတာရီနာကတော့ သူမအနေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝအတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက် သေပြဖို့ အသင့် ပြင်ထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်.။ Myanmar Online News

သိထားဖို့ရန် ဇော (၇) တန်...

သိထားဖို့ရန် ဇော (၇) တန်... ================= ကျွန်ုပ်မြန်မာပြည်တွင်ရှိစဉ်က ပတ်ဝန်းကျင်၌ ညည်းညူနေသူတစ်ချို့ နှင့် ရယ်မောပျော်ရွှင်နေသူတစ်ချို့ကို တွေ့ခဲ့ရပါ၏ ။ ညည်းညူသူတစ်ချို့မှာကား - တတ်စွမ်းသလောက် ဒါနသုသိုလ်၊ သီလကုသိုလ်များကို ပြုလုပ်ပြီး သမ္မာအာဇီဝဖြင့် သက်မွေးဝမ်းကျောင်း ပြုနေကြပါလျှက် မတိုးတက်၊မကြီးပွါးသူများပင်ဖြစ်၍ ရယ်မောပျော်ရွှင် နေကြသူတစ်ချို့မှာကား - ဒါနကုသိုလ်၊သီလကုသိုလ်တွေ နည်းပါး သည့်အပြင် သမ္မာအာဇီဝမကျသော အကုသိုလ်အလုပ်များကိုလုပ်၍ တိုးတက်ကြီးပွါး နေသူများပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ကုသိုလ်တရားနှင့်အကုသိုလ်တရားတို့၏အကျိုးပေးမှာ မရှိတော့သယောင်ယောင်ဖြစ်နေ၍ သိထားဖို့ရန်ဇော(၇)တန် အကျိုး ပေးပုံကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။ ဇော ဟူသောဝေါဟာရကို တိုက်ရိုက်ဘာသာပြန်ရသော် (အဟုန်)ဟု အဓိပ္ပါယ်ရပါ၏ ။ တစ်နည်းပြောရလျှင် ကုသိုလ်ကံစေတနာနှင့် အကု သိုလ်ကံစေတနာတို့ကို ထိုက်ထိုက်တန်တန်အကျိုးပေးမည့် အဟုန် ပင်ဖြစ်ပါသည်။ အကြင်သူသည် ကုသိုလ်လုပ်သည်ဖြစ်စေ အကုသိုလ်လုပ်သည်ဖြစ်စေ ဇောစေတနာ(၇)ချက်စော၏ ။ ထိုဇောစေတနာတို့မှာကား... (၁)ပထမဇောစေတနာ (၂)ဒုတိယဇောစေနာ (၃)တတိယဇောစေတနာ (၄)စတုတ္ထဇောစေတနာ (၅)ပဉ္စမဇောစေတနာ (၆)ဆဋ္ဌမဇောစေတနာ (၇)သတ္တမဇောစေတနာ တို့ပင်ဖြစ်သည်။ ပထမဇောစေတနာသည် ယခုမျက်မှောက်ကာလတွင်ချက်ချင်းလက် ငင်းအကျိုးပေးခြင်းပင်ဖြစ်၏ ။ (ဒိဋ္ဌဓမ္မဝေဒနိယကံ)ဟုခေါ်ပါသည်။ ယခုဘ၀၌ပြုလုပ်သော ကုသိုလ်ကောင်းမှုအတွက် ချက်ချင်းလက်ငင်း အကျိုးပေးရန် အင်္ဂါလေးချက်နှင့် ညီညွတ်ရပေမည်။ (၁)အလှူ့ရှင်က မလှူခင်၊လှူဆဲ၊လှူပြီး ကာလာသုံးပါးတွင် စေတနာ သုံးတန်ကောင်းမွန်နေရမည်။ (၂)လှူဖွယ်ဝတ္ထုက တရားသဖြင့်ရှာဖွေထားသော ပစ္စည်းဖြစ်ရမည်။ (၃)အလှူခံပုဂ္ဂိုလ်က ဘုရား၊ပစ္စေကဗုဒ္ဓ၊ရဟန္တာ တစ်ပါးပါးဖြစ်ရမည်။ (၄)ထိုပုဂ္ဂိုလ်များဖြစ်နေပါသော်လည်း သာမန်အချိန်မဟုတ်ဘဲ နိရောဓသမာပတ်ဝင်စားရာက ကြွလာသောအချိန်ဖြစ်ရပေမည်။ အကယ်၍ ကုသိုလ်ကံစေတနာနှင့် အကုသိုလ်ကံစေတနာတို့မှာ ယခုမျက်မှောက်ဘ၀တွင် အကျိုးပေးခွင့်မကြုံပါက (အဟောသိကံ) ပျက်သွားတတ်ပေသည်။တစ်ဖန် သတ္တမဇောက သေပြီးနောက် ဒုတိယဘ၀တွင်လည်း အကျိုးပေးခွင့်မကြုံသေးပါက (အဟောသိကံ) ပျက်သွားနှိုင်သေး၏ ။ သို့သော်လည်း ဒုတိယဇောမှစ၍ဆဋ္ဌမဇောထိ အလယ်ဇောငါးချက်မှာ မူ တတိယဘ၀မှစ၍ နိဗ္ဗာန်မရမချင်း အကျိုးပေးတော့မည်ဖြစ်၏ ။ ထိုကံကို အပရာပရိယဝေဒနိကံဟုခေါ်ပါသည်။ ဤကံကိုကား သာမန်ပုထုဇဉ်ကိုမဆိုထားနှင့် ဘုရား၊ရဟန္တာသော်မှ ရှောင်လွှဲ၍မရနှိုင်ကြောင်းကို ကျေးဇူးရှင်မန်လည်ဆရာတော်ဘုရားကြီး က မာဃဒေ၀လင်္ကာ၌ ယခုလိုရေးသားထားခဲ့၏ ။ ရှင်လူသတ္တ၀ါ ထိုများစွာကား အပရာပရိယ ကံကိစ္စနှင့် ကင်းကြသူဘိ မည်မရှိရှင့် မသိနှိုင်တောင်း ကံဆိုးကောင်းကို ဥက္ခောင်းရွက်လျှက် အချက်သင့်စွာ ခံရရှာ၏ ။ လိုရင်းပြောချင်သည်မှာ - ကုသိုလ်ကောင်းမှုတွေလုပ်နေပါလျှက် မတိုးတက်မကြီးပွါးနှိုင်သေးသော်လည်း စိတ်ဓါတ်မကျဘဲ ဆက်၍သာ ကုသိုလ်တရားကို တိုးသထက်တိုးအောင် လုပ်ကြစေချင်ပါသည်။ အကြောင်းမှာ ထိုကုသိုလ်တရားတို့သည် အချည်းအနှီးမဖြစ်ဘဲ အကျိုးပေးခွင့် ရှိနေသေးသောကြောင်းပင်ဖြစ်၏ ။ နည်းတူ အကုသိုလ်အလုပ်ဖြင့် ကြီးပွါးနေသူတို့မှာလည်း သူတို့၏ အကုသိုလ်ကံ အကျိုးပေးချိန်မရောက်သေးခင်မှာ အကုသိုလ်ကို ပျားရည်သဖွယ် ထင်မှတ်နေတတ်၏ ။ သို့သော်လည်း အပရာပရိယဝေဒနိယကံက မည်သို့မျှရှောင်လွှဲ၍ မရနှိုင်ကြပေ။ သို့ဖြစ်၍ကုသိုလ်ကောင်းမှုကိုသာ ပြုလုပ်ကြရမည်ဖြစ်ကြောင်း ဓမ္မပဒ အဆုံးအမဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါ၏ ။ သဗ္ဗပါပဿ အ ကာရဏံ ကုသလသဥပသမ္ပဒါ သာစိတ္တ ပရိယောဒါပနံ ဧတံ ဗုဒသာသနံ။ (ဓမ္မပဒ) (၁)အတုံ့အလှည့်ကိုဖြစ်စေတတ်သဖြင့် မကောင်းမှုမှန်သမျှ လုံးဝမပြုလုပ်သင့်။ (၂)အတုံ့အလှည့်မှကင်းဝေးစေသဖြင့် ကောင်းမှုကိုကား မနေမနားကြိုးစားသင့်၏ ။ (၃)အမှားအမှန်ကို ထိုးထွင်းသိလာစေရန် မိမိ၏စိတ်ကို အဖြူစင်ဆုံးဖြစ်အောင် ပြုပြင်သင့်၏ ။ ဤသုံးချက်ကား ဗုဒ္ဓ၏အဆုံးအမပင်ဖြစ်ပေသည်။ (ကိုယ်ရော၊စိတ်ပါ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ) စံအောင်မြင့် ခေတ္တ/မလေးရှား ၃.၁၀.၂၀၁၂

ပါတီ (ရတပ) မှ ခေါင်းဆောင်များသည် စစ်တွေမြို့တွင် ရောက်ရှိနေသော ဗြိတိန် သံအမတ်ကြီးနှင့် ယမန်နေ့က တွေ့

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) မှ ခေါင်းဆောင်များသည် စစ်တွေမြို့တွင် ရောက်ရှိနေသော ဗြိတိန် သံအမတ်ကြီးနှင့် ယမန်နေ့က တွေ့ ဆုံခဲ့သည်။ တွေ့ဆုံကြသည့် စစ်တွေမှ နိုဗယ် ဟိုတည်။ “ သူတို့က ဗြိတိန်သံအမတ် အပါအ၀င် နောက်ထပ် အရာရှိ နှစ်ဦးပါ။ ညနေ ၃ နာရီခွဲမှာ စစ်တွေကို သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့နဲ့က ညနေ ၅ နာရီခွဲမှာ စစ်တွေ နိုဗယ် ဟိုတည်မှာ တွေ့ကြပါတယ်။ ဆွေးနွေးတဲ့ ကိစ္စကတော့ ရခိုင်မှာ ဖြစ်သွားတဲ့ အရေးအခင်း အပေါ်မှာ အဓိကထား ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်သူ ရတပ ပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။ ဆွေးနွေးပွဲသို့ ရတပ ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်၊ စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၊ ဗဟိုကော်မီတီဝင် ဦးရွှေမောင်နှင့် နှင့် အထွေထွေအတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ရတပ ပါတီ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်ပြီး အမြင် သဘောထားကို ဗြိတိန် သံအမတ်ကြီးက မေးမြန်းခဲ့သလို အနာဂတ်တွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များ အကြား အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး အတွက် လိုအပ်ချက်များကိုလည်း မေးမြန်းသွား ခဲ့သည်ဟု ဆိုသည်။ “ အဓိကတော့ ဖြစ်စဉ်တွေကိုဆွေးနွေးတယ်။ ကျွန်တော်တို့က နောက်ခံ သမိုင်းတွေ အပါအ၀င် ဖြစ်စဉ်တွေကို ပြောပြတယ်။ အနာဂတ်မှာ ကွန်မျူနတီ နှစ်ခုပေါ့လေ ( ရခိုင်နဲ့မွတ်ဆလင်) ဘယ်လို အတူ လက်တွဲနေနိုင်မလဲ ဆိုတဲ့ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ပြောပြလိုက်ပါတယ်။ ပီးရင် စက်တင်္ဘာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ရသေ့တောင် လူထု ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပြောပြလိုက်ပါတယ်။ ဒါက တကယ့် အစစ်အမှန် ရခိုင်လူထု သဘောထားဆိုပြီး ဆုံးဖြတ်ချက်တွေကိုလည်း ပေး လိုက်ပါတယ်” ဟု သူက ဆက်ပြောသည်။ ၎င်းပြင် ရခိုင်ဒေသမှာ အလွန်ဆင်းရဲပြီး အကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေ ရကြောင်း ၊ သို့အတွက် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြား အဖွဲ့အစည်းများ အစိုးရများ အနေဖြင့် ဘက်မလိုက်ဘဲ ရခိုင်အရေးကို ဆောင်ရွက် သင့်ကြောင်းကိုလည်း ဗြိတိန်သံအမတ်ကြီးနှင့် အဖွဲ့ကို တင်ပြခဲ့သည်ဟု သူက ဆိုသည်။ “ ဗြိတိတ် သံအမတ်ကြီးကလည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ် ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ပီးရင် ကွန်မျူနတီ နှစ်ခု အနာဂတ်မှာ သင့်သင့်မြတ်မြတ် နေနိုင်မလဲ ဆိုတာကို သူတို့ အဖြေရှာဖို့ လာတဲ့ အကြောင်း၊ အတတ်နိုင်ဆုံး ဗြိတိန် အစိုးရနဲ့ ကူညီ ဆောင်ရွက်သွား မယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်” ဟု ဦးဦးလှစောက ပြောသည်။ ဗြိတိန် သံအမတ်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က တခြား ရခိုင် ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မွတ်ဆလင် ခေါင်းဆောင် များနှင့်လည်း သီခြားစီ တွေ့ဆုံသည်ဟု ဆိုသည်။ ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ဒုက္ခသည် စခန်းများသို့ သွားရောက် လည်ပတ် ကြည့်ရှု့နေသည်ဟု သိရသည်။ ( ဦးဦးလှစောနှင့် မေးမြန်းထားသော အင်တာဗျူးကို ဆက်လက် ဖေါ်ပြပေးပါမည်။) နိရဉ္စရာသတင်းဌာန အချိန် 17:25:00

နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်

နေပြည်တော်မှာ ဝင်ငွေကာင်းတဲ့ အလုပ် ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ နေပြည်တော်ရဲဆီမှာ အကူအညီ တောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲက ရပ်တည်တယ်လို့  ပြောပါတယ်။ လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိတဖက် ပျက်နေတဲ့ မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွးမွေးနေတဲ့ ၂၂ နှစ်အရွယ် စက်ရုံအလုပ်သမ ဒီအမျိုးသမီးငယ်ဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ ဝင်ငွေကာင်းမယ်ဆိုတဲ့ လူပွဲစားရဲ့ ပြောစကားကို ယုံပြီး လိုက်သွားရာက သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရ တဲ့ အထိ ဖြစ်ခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။ ကျန်းမာရေးကြောင့် စက်ရုံအလုပ်နားနေရချိန်မှာ လစာ ၁ သိန်းနဲ့ အပိုကြေး တလ ၁ သိန်း စုစုပေါင်း ၂ သိန်းလောက် ရမယ်ဆိုတဲ့အတွက် လိုက်သွားခဲ့တာလို့ ဆိုပါတယ်။ နေပြည်တော် ရွှေကြာပင်ရပ်ကွက်က ဇနီးမောင်နှံအိမ်မှာ ညအိပ်ရင်း အောက်ထပ်က အခန်းတွင်းကို သွင်းပြီး အသက် ၄၀ ကျော်အရွယ်အမျိုးသားကို နှိပ်ခိုင်းရာကေန သားမယားပြုကျင့်ခံခဲ့ရသလို ရိုက်နှက်တာလည်း ခံရတယ်လို့  ပြောပါတယ်။ ဒီနောက် ခြံကို ကျော်လွားထွက်ပြေးရာမှာ လွတ်မြောက်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။ အမှတ် (၁) ရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ က အမှုသွားဖွင့်ရာ ရဲက အမှုမဖွင့်ပေးပုံနဲ့ သူ့ကို ငွေကြေမှ ပြန်ရမယ်လို့  ပြောဆိုခဲ့ပြီး ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။ “ရဲစခန်းက အမှုဖွင့်မေပးဘူး။ သမီးကိုပိုက်ဆံပေးပြီး အမှုမဖွင့်နဲ့  ပြန်ဆိုတော့ သမီးက ဒီလိုဖြစ်ထားတာ ဖွင့်မယ်ဆိုတော့ မဖွင့်ပေးဘူး။ ညကျ ရဲတယောက်ကလာပြီး ပိုက်ဆံ ၁ သောင်းပေးပြီး လမ်းစရိတ် ကားလတ်မှတ်ဖြတ်သွားတဲ့။ ပိုတဲ့ဟာကို ထမင်းဝယ်စားဆိုပြီး ပြောတယ်။”“သွားတိုင်ခါစကေတာ့ ရဲဦးလေးက ပခုံးမှာ ကြယ်ပွင့် ၂ ခုတော့ တွေ့ တယ်။ သူက ညည်းပြန်ချင်ရင် ညည်းတို့ အိမ်က အစ်မတွေလာပြီး ပိုက်ဆံ ၅ သောင်း ရမှ ပြန်ရမယ်။ ပိုက်ဆံမရမချင်း မြပန်ရဘူးလို့လည်း ပြောသေးတယ်။”သူမဟာ ရဲက အမှုမဖွင့်ပေးလို့ အပြန်လမ်းမှာ လူမိုက်တွေကလိုက်တဲ့အတွက် ကူညီသူတွေက ဆိုင်ကယ်ပေါ် တင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့  ဆိုပါတယ်။ ဒီနောက် သူမဟာ သူ့ကို စာနာသူတွေ အကူအညီနဲ့ ရဲချုပ်ရုံးဆီရောက်သွားမှ စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်ခွင့်ရတယ်လို့ ဆိုပါတယ်။ အမှုဖွင့်ခွင့်မရခင် ရဲက အမှုမဖွင့်ပေးဘဲ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့ ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။ “ညည်း ပိုက်ဆံ ၁၀ သိန်းပေးရင် ကျေနပ်လားတဲ့။ သမီးက ပိုက်ဆံမလိုဘူး၊ ဖျက်ဆီးခံရတဲ့အတွက် တိုင်ရမှာပဲ။ တကယ်လို့ ထွက်ပြေးလို့သာမရခဲ့ရင် တခြားကို ပါရင်ပါသွားမှာ ဘယ်မှလည်း မသွားတတ်ဘူး။ ”အမှုလက်ခံပြီးတဲ့နောက် လင်မယား ၂ ဦးနဲ့ လူငယ် ၁ ဦးကို ရဲက လူကုန်ကူးမှုနဲ့ အမှုဖွင့်ပေး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ဒီအမျိုးသမီးအပေါ် စာနာကြတဲ့ ရွှေကြာပင်ရပ်ကွက်က ရပ်ကွက်သားတွေက သူမကို အလုပ်အကိုင်ရရှိရေး အတွက်ပါ စီစဉ်ပေးလို့ သူဟာ ဈေးဆိုင်တဆိုင်မှာ အကူအေရာင်းသမား အဖြစ် လုပ်နေပါတယ်။ ဒီကိစ္စကို နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က အိုင်အယ်လ်အို ဆက်ဆံရေး ကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေထံရောက်လာပြီး ဒီနေ့ ရန်ကုန်မြို့ အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။

Tuesday 2 October 2012

တရုတ်ကို စတင်ရောင်းချတော့မည့် ရခိုင်ပြည်နယ်မှ ရွှေဂတ်စ်ပိုက်လိုင်း

လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်ကို စတင်ရောင်းချတော့မည့် ရခိုင်ပြည်နယ်မှ ရွှေဂတ်စ်ပိုက်လိုင်း စီမံကိန်းကို လောလောဆယ်တွင် ရပ်ဆိုင်းထားရန် ပြည်တွင်း အဖွဲ့အစည်း (၁၂) ခုမှ ကျေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။
တောင်းဆိုသော အဖွဲ့(၁၂) ဖွဲ့ မှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁)Thazin Development Foundation (ရခိုင်ပြည်နယ်)(၂)Arakan Ray Youth (ရခိုင် ပြည်နယ်), (၃) Ayarwady West Development Organization (မင်းဘူး၊ စကု၊ပွင့်ဖြူ၊ ငဖဲ) , (၄) Green Network (Sustainable Development Group)(မကွေး) (၅) Green Future (ရေနံချောင်း)(၆)ပုပ္ပါးတောင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ (ကျောက် ပန်းတောင်း) (၇) Green for All (တောင်သာ၊မြင်းခြံ၊ နွားထိုး ကြီး) (၈) စိမ်းရောင်စို (တံတားဦး) (၉) စိမ်းရောင်စို Activities (မန္တလေး)၊ (၁၀)စိမ်းလန်းပြင်ဦးလွင် (ပြင်ဦးလွင်)၊ (၁၁) စိမ်းရောင်စို (ကျောက်မဲ)၊ (၁၂) ရှမ်းပြည်နယ်မြေက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (လားရှိုး၊သီပေါ ၊ နမ္မတူ၊ နောင်ချို ၊ နမ့်ခမ်း) တို့ဖြစ်သည်။ ထုတ်ပြန်သော ကျေညာချက် ခေါင်းစီးကို “ မြန်မာ-တရုတ် “ရွှေ”သဘာဝဓာတ်ငွေ့ နှင့် ရေနံပိုက် လိုင်းစီမံကိန်းအပေါ် မြန်မာပြည်သူလူထု၏ သဘောထားထုတ်ပြန်ချက်” ဟု ဖေါ်ပြပြီး အောက်တို ဘာလ (၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ကျေညာချက်ပါ အကြောင်းအရာများမှာ အောက်ပါ အတိုင်း အပြည့်အစုံ ဖြစ်သည်။ မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့သွယ်တန်းမည့် ရွှေသဘာဓာတ်ငွေ့ နှင့်ရေနံပိုက်လိုင်းစီမံကိန်း သည်မြန်မာနိုင်ငံ ၏မြို့နယ် (၂၁)မြို့နယ် ကိုဖြတ်သန်းသွားပါသည်။ ထိုစီမံကိန်းတွင် (၁) စာချုပ်ပါစီမံကိန်း အခြေခံ အချက်အလက်များကိုလည်းကောင်း ၊ နိုင်ငံရေးနှင့် ပါတ်သက်သည့် သဘောတူ ညီချက်များကို လည်းကောင်း ၊ပိုက်လိုင်းလုံခြုံဘေးကင်းရေး စံနှုန်း များကိုလည်းကောင်း ၊ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာအချက်အလက်များကို လည်းကောင်း၊ နောက်ဆက်တွဲအကောင် အထည်ဖော် မည့်အစီစဉ်များကို လည်းကောင်း ပြည်သူ လူထုအနေဖြင့်သိရှိခွင့်မရရှိခဲ့ပါ။ (၂) စီမံကိန်းမစတင်မီကပင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့်လူမှုဘ၀ သက်ရောက် ထိခိုက် မှုစစ်တမ်းများ (EIA,SIA) ကောက်ယူစီစစ်ခြင်းမရှိခဲ့ပေ။ အမှန်အားဖြင့် EIA, SIAစစ်တမ်း အရသာစီမံကိန်းကို အကောင်အထည်ဖော်ရန်သင့် မသင့်ဆုံးဖြတ်ရမည်ဖြစ်သည်။ (၃) လယ်ယာမြေနှင့်စိုက်ခင်းများကိုပျက်စီးစေခြင်း၊ အများပိုင်ကျေးရွာသုံးရေကန် သာသနိက နယ်မြေများ၊ လမ်းများကိုပျက်စီးစေခြင်း၊ သဘာဝရေထွက် များနှင့်ရေ ရေထိန်းတော များပျက် စီးစေခြင်း ၊ရှားပါးရေနေ ၊ကုန်းနေသတ္တဝါများ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်ပျက်စီးစေခြင်း၊ အများပိုင် သစ်တောနှင့်ဒေသခံအစုအဖွဲ့ပိုင်သစ်တောများကို ပျက်စီးစေခြင်းများ၊ ကမ်းရိုးတန်းနှင့် သန္တာကျောက်တန်းများ ထိခိုက်ပျက်စီး ခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင် နှင့်ဂေဟစံနစ်ကို အကြီးအကျယ်ထိခိုက်စေကြောင်း တွေ့ရှိရသည်။ (၄) လူ့အခွင့်အရေးချိုး ဖောက်မှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကလေးအခွင့် အရေး ချိုးဖောက်မှုများ နှင့် အမျိုးသမီးများ၏ ဘ၀အပေါ်ထိခိုက် သက်ရောက်မှုများဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ် ပိုမိုကြီးထွား အောင်အားပေးနေသော အကြောင်းလည်း ဖြစ်နေ သည်။ (၅) ပိုက်လိုင်းဖြတ်သန်းရာဒေသတလျှောက် မြေယာသုံးစွဲရာ၌လည်း ပိုင်ရှင်များကို အသိပေး ထားသည့် မှုလမြေပမာထက်ပိုမိုသုံးစွဲခြင်း၊ မြေယာလျော်ကြေး များကိုထိုက် တန်စွာပေးလျော် မှုမ ရှိခြင်း၊ဒေသခံများ၏ဘ၀ ရပ်တည်ရေးနှင့်လူမှု ဘ၀ဖွံ့ဖြိုးရေး ကဏ္ဍမျိုးစုံကိုလည်း အနှောက် အယှက်ဖြစ်စေခြင်းများ တွေ့ရှိရသည်။ (၆) ဒေသခံ ဌာနေတိုင်းရင်းသားများ သိရှိခွင့်ရမည့် မူလအခွင့် အရေးများ ကို လေးစားလိုက်နာမှု မရှိခြင်း၊ စီမံကိန်း အကောင်အထည်ဖေါ်မည့်အဆင့်တိုင်းတွင် ဒေသခံများပါဝင်ဆွေးနွေး ဆုံးဖြတ်ခွင့် လုံးဝ မရရှိခဲ့ခြင်း တို့ကိုလည်း တွေ့ရှိရသည်။ (၇) မိမိနိုင်ငံအတွက် မဟာဗျူဟာကျသော စီးပွားရေးစီမံကိန်းကြီးများကို တိုင်းတစ်ပါးလက် ပုံ အပ်ခြင်းမှာ နိုင်ငံအချုပ်အခြာ အာဏာနှင့်လုံခြုံရေးအတွက်စိုးရိမ် ဖွယ်ဖြစ် သည်။ မြန်မာ့မြေပေါ်မှ ဖြတ်သန်းတည်ဆောက် ထားသော ပိုက်လိုင်း၏ ပိုင်ဆိုင်ခွင့် နှင့် စီမံခန့်ခွဲပိုင်ခွင့် သည် မြန်မာနိုင်ငံ၏ လက်တွင် ရှိသင့်သော်လည်း မြန်မာတွင် အဆိုပါအခွင့်အရေး မရှိပေ။ ထို့ကြောင့်နိုင်ငံတော်အစိုးရ သက်ဆိုင်ရာကုမ္ပဏီများ၊ တာဝန်ရှိသူများအနေဖြင့် အထက်ပါ အခြေ အနေ များ ကို ဖြေရှင်းပေးရန်လိုအပ်သည်။ အထက်ပါအချက်များ မဖြေရှင်းနိုင်ခင် ပိုက်လိုင်းစီမံ ကိန်းကို လုံးဝရပ်ဆိုင်း ထားစေလိုကြောင်း မြန်မာပြည်သူများမှ လက်မှတ်ရေးထိုး ၍ တောင်းဆို လိုက်သည်။ မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ Myanmar-China Pipeline Watch Committee

မဂျာဆိုင်းအိန်အတွက် ဖခင်ဖြစ်သူကိုယ်တိုင် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြား

မဂျာဆိုင်းအိန်အတွက် ဖခင်ဖြစ်သူကိုယ်တိုင် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြား Wednesday, 03 October 2012 09:47 စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ ဆွတ်ငိုင်ယန်ရွာအ၀င်တွင် ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန်(အသက် ၁၄)နှစ် သေဆုံးခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ဖော်ထုတ် အရေးယူပေးရန် ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ အောက်တိုဘာလ ၁ ရက်နေ့က တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဂျာဆိုင်းအိန်သည် ၎င်းတက်ရောက်နေသည့် ဖားကန့်အထက်တန်းကျောင်းမှ နေထိုင်ရာ ဆွတ်ငိုင်ယန်သို့ ပြန်လာစဉ် လမ်း၌ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ မဂျာဆိုင်းအိန်၏ မိဘများအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက နိုင်ငံတော်သမ္မတရုံး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) စစ်မဟာဗျူဟာအဖွဲ့(ဖားကန့်)နှင့် ဖားကန့်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 'ကျွန်တော်သမီးရဲ့ ဖြစ်စဉ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါ။ ကျွန်တော့်လိုပဲ တခြားသော မိဘတွေကိုလည်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံစေချင်ဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဆီကိုလည်း တိုင်ကြားစာ ဆက်ပို့ဖို့ ရှိပါတယ်။ ကျွန်တော့်သမီးကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်စေချင်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့သော ဦးဘရန်ရှောင်၏ တိုင်ကြားစာတွင် ''နောက်နောင် မည်သည့်ပြည်သူလူထုကိုမျှ ဥပဒေနှင့် မညီညွတ်သော လုပ်ရပ်မျိုး မလုပ်ကြရန် တင်ပြထားပြီး တပ်မတော်သည် ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူကို ပစ်သည့် တပ်မတော်မဟုတ်ဘဲ ပြည်သူကိုကာကွယ်သည့် တပ်မတော်သာ ဖြစ်စေလိုပြီး မတည်ငြိမ်သော ဒေသများတွင် ယခုကဲ့သို့ တရားဥပဒေမဲ့ ပြုလုပ်မှုများလည်း လုံးဝမရှိစေလိုတော့ကြောင်း''ဖော်ပြထားသည်။ မဂျာဆိုင်းအိန်၏ ဖခင်ဦးဘရန်ရှောင်က ''ကျွန်တော်သမီးရဲ့ ဖြစ်စဉ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါ။ ကျွန်တော့်လိုပဲ တခြားသော မိဘတွေကိုလည်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံစေချင်ဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မ တီဆီကိုလည်း တိုင်ကြားစာဆက်ပို့ဖို့ ရှိပါတယ်။ ကျွန်တော့်သမီးကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်စေချင်ပါတယ်။ လောလောဆယ်တော့ သက်ဆိုင်ရာက အကြောင်းပြန်လာတာ မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။ News from : Eleven Media Group

ထိုင်းတောင်ပိုင်းမှာ ဆရာတော်များဆွမ်းခံထွက်ရင်

ထိုင်းတောင်ပိုင်းမှာ ဆရာတော်များဆွမ်းခံထွက်ရင် ထိုင်း တပ်မတော်သားတွေ ရှေ့ကနေ အသင့်အနေအထားနဲ့ကျည်ထိုးပြီး ဦးဆောင်သွားရပါတယ် အဖြစ်မှန်ပါ ဆွမ်းခံကြွလာတဲ့ ဆရာတော်တွေကို တိုက်ခိုက်ခြင်းဖြစ်ပါတယ် ဒီဖြစ်စဉ်က ထိုင်းမှာ ဖြစ်နေတာကြာပါပြီ တောင်ပိုင်းမွတ်စလင်တွေခွဲထွက်ခွင့်တောင်းရာကနေဖြစ်ပွားလာတဲ့ပြသနာတွေပါ မြန်မာပြည်ရခိုင်ဒေသမှာရော ဒီလိုအဖြစ်တွေတချိန်မှာမကြုံလာနိုင်ဘူးလား အခုကတည်းကမကာကွယ်ခဲ့ရင် မကြာခင်မှာ ထိုင်းတောင်ပိုင်းလိုဖြစ်လာလိမ့်မယ်

ဘင်္ဂလာBuddhist woman တစ်ယောက်ရဲ့ခံစားမူ..

A Bangladeshi Buddhist woman cries at a Buddhist temple which was torched in Ramu in the coastal district of Cox's Bazar, Bangladesh, on Oct. 1. Hundreds of Buddhists fled their southern Bangladesh villages in the wake of attacks by Muslims who burned at least 10 Buddhist temples and 40 homes in anger over a Facebook photo of a burned Quran.

ပတ္တမြားအထွက်နှုန်း ကျဆင်းလာ

ပတ္တမြားအထွက်နှုန်း ကျဆင်းလာ မိုးညို မြန်မာနိုင်ငံမှ ထွက်ရှိသော ပတ္တမြားအထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျဆင်းလာကြောင်း SPGEMS & JEWELRY ကုမ္ပဏီမှ ဒါရိုက်တာ ကိုအောင်ကျော်ဇင်ကပြောသည်။ “၀ယ်လိုအားများလာပြီး ကုန်ကြမ်းရှားလာတဲ့သဘောပါ”ဟု ကိုအောင်ကျော်ဇင်ကပြောသည်။ ထို့အပြင် ပတ္တမြားတူးဖော်သည့် ကျောက်တွင်းများ၏ အနက်ပေများ မြင့်မားလာခြင်း၊ တူးဖော်သည့် နည်းစနစ်များ မြင့်မားလာခြင်း၊ ခွင့်ပြုမိန့်ရရှိသည့် လုပ်ကွက်များ ချထားပေးမှု နည်းပါးလာခြင်းတို့ကြောင့် ယခုလို အထွက်နှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း ၎င်းကပင်ပြောသည်။ သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများအရ သတ္တုတွင်းများမှ သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် အကျိုးသက်ရောက်စေသော တွင်းများအား စိစစ်ခွင့်ပြုပေးနေကြောင်း၊ အထွက်နှုန်းကျဆင်းမှုမှာ မူလတွင်းပိုင်ရှင်၏ အသုံးပြုသော နည်းပညာများပေါ်တွင်သာ မူတည်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၏ ပတ္တမြားအထွက်နှုန်းမှာ ကျဆင်းလာသော်လည်း ၀ယ်လိုအားမှာမူ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာဆဲဖြစ်ပြီး အဓိကအားဖြင့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများ အပါအ၀င် ဥရောပနိုင်ငံများမှ ၀ယ်လိုအား မြင့်တက်နေဆဲဖြစ်ကြောင်း ပတ္တမြားကုန်သည်တစ်ဦးက ပြောသည်။ မိုးကုတ်မြို့နယ်မှ ပတ္တမြားအထွက်နှုန်းမှာ နှစ်စဉ် ကာရက်ငါးသောင်းဝန်းကျင် ထွက်ရှိပြီး ယခုနှစ်ပိုင်းမှ စတင်ကာ ထိုနှုန်းအောက်သို့ တဖြည်းဖြည်း ကျဆင်းလာကြောင်း မိုးကုတ်မြို့မှ သတ္တုတူးဖော်သည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပတ္တမြားကို မိုးကုတ်နှင့် မိုင်းရှူးဒေသတို့မှ အဓိက တူးဖော်ထုတ်လုပ်နေပြီး အချောထည်ရော အကြမ်းထည်ပါ နှစ်မျိုးစလုံး ပြည်ပသို့ တင်ပို့နေဆဲဖြစ်သည်။ သို့သော် မိုးကုတ်ဒေသထွက် ပတ္တမြားမှာ အရည်အသွေးမြင့်ပြီး ကမ္ဘာတွင်ပါ ကျော်ကြားသည်။ မိုးကုတ်နှင့် မိုင်းရှူးအပြင် တနိုင်း၊ မြိုင်ကြီးငူ၊ ပြင်လုံ စသော ဒေသများတွင်ပါ ပတ္တမြားအနည်းငယ် ထွက်ရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင် အချို့ကပြောသည်။ ထို့အပြင် မိုးကုတ်မြို့၌ ယခင်က မိရိုးဖလာပုံစံဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်သည့် လုပ်ငန်းအချို့မှာ စက်အင်အား အကူအညီ နည်းပါးနေခြင်း၊ ငွေကြေးတတ်နိုင်သော ကုမ္ပဏီအကြီးစားများကိုသာ တိုက်ရိုက်တူးဖော်ခွင့်များ ပြုထားခြင်းတို့ကြောင့် ဒေသတွင်း တစ်ပိုင်တစ်နိုင်သာ လုပ်နိုင်သည့် လုပ်ငန်းရှင်တို့မှာ အခက်အခဲဖြစ်နေရကြောင်း မိုးကုတ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။ သတ္တုတွင်းဥပဒေအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြစ်ချောင်းများနှင့်မြေများ မထိခိုက် မပျက်စီးနိုင်ရေး သတ္တုတူးဖော်ထုတ်လုပ်မှု တစ်နိုင်ငံလုံး၏ စာရင်းမှန်ကန်တိကျစွာ ရရှိနိုင်ရေး လက်လုပ်လက်စား တစ်ပိုင်တစ်နိုင် သတ္တုတူးဖော်မှုများအား ခွင့်ပြုပေးခြင်း မရှိကြောင်း ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေ၏ မေးမြန်းမှုကို ယခင် သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်က ပြန်လည်ဖြေကြားသည်။ News from : 7 Day News

ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း

လူဦးရေ ခြောက်သန်း နီးပါးခန့် မှီတင်း နေထိုင်လျက် ရှိပြီး ၃၀၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တော်သည် မကြာမီ အချိန် ကာလအတွင်း စတုရန်းမိုင်ပေါင်း ၁၀၀ ကျော် နေရာ သတ်မှတ်၍ ထပ်မံ တိုးချဲ့သွားရန် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောဆို လိုက်သည်။ ရန်ကုန်မြို့လယ်နှင့် အနီးဆုံး နေရာ တွင် တည်ရှိနေသည့် နေရာသုံးခုကို JICA နှင့် ပူးပေါင်း ရေးဆွဲ နေသော မြို့တော် စည်ပင်က ရန်ကုန်၏ အနာဂတ် မြို့တော် စီမံကိန်း တည်နေရာ အတွက် အဆိုပြု လိုက်ပြီး တိုးချဲ့ တည်ဆောက်ရန် အတွက် ထိုနေရာများကို လျာထား သတ်မှတ် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှု ဌာန လက်ထောက် ဌာနမှူး ဒေါ်နီလာဝင်း ကနေ ပြည်တော်တွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပ ပြုလုပ်သည့် အမျိုးသား အဆင့် မြေယာ အသုံးချမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာ သုံးခုတွင် ပြီးခဲ့သည့် လပိုင်းက မြို့တော် စည်ပင် ဝန်ထမ်းများ မြေကွက်များ အလုအယက် ဝယ်ယူသည် ဟု သတင်းထွက် နေသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တစ်ဝိုက်ရှိ ခန့်မှန်း ဧရိယာ ၂၆ စတုရန်း မိုင်ကျော်၊ သန်လျင်မြို့ မြောက်ဘက်ခြမ်း ခရမ်းမြို့နယ် အစပ်မှ အစိတ်အပိုင်း ခန့်မှန်း ဧရိယာ စတုရန်း မိုင် ၅၀ ကျော်နှင့် ဒလမြို့တောင်ဘက် ခြမ်းမှ တွံတေး နယ်စပ်အထိ ၃၇ စတု ရန်းမိုင်ကျော် တို့သည်လည်း အဆိုပြုထား ရာတွင် ပါဝင်လျက် ရှိသည်။ ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးကမူ “အဲဒီ နေရာတွေမှာ စီး ပွားရေး လုပ်ငန်းရှင် အတော်များများ ဝယ်ထားပြီး ကြပြီ” ဟု ဆိုသည်။ သို့သော် ယင်းနေရာ သုံးခု အနက် မည်သည့် နေရာသည် မည်သည့် ကာလ တွင် ရန်ကုန်မြို့၏ အနာဂတ်မြို့တော် စီမံကိန်း အဖြစ် စတင် တိုးချဲ့မည်ကိုမသိ ရှိ ရသေးသော်လည်း ကော့မှူး ကွမ်းခြံ ကုန်း တစ်ဝိုက်ကိုပါ စတုရန်း မိုင်ပေါင်း ၂၉၀ ကို နောက်တစ်ဆင့် အဖြစ် တိုးမြှင့် ရန် ရန်ကုန်မြို့တော် စည်ပင်က လျာထား သတ်မှတ် လိုက်ခြင်းကြောင့် ရန်ကုန်မြို့ ၏ တောင်ဘက်ရှိ ဒလမြို့နယ် တစ်ဝိုက် သည် အနာဂတ် ရန်ကုန်မြို့တော် ဖြစ်ရန် အတွက် ပါးစပ်ပြော၊ အရပ်ပြော အဆင့် မှ တိုးကာ ရေရေရာရာ အဆင့်တစ်ခုသို့ နီးကပ်လာပြီဟု ဆိုရမည် ဖြစ်သည်။ အနာဂတ် ရန်ကုန်မြို့တော်သည် နောင်နှစ် ၅၀အတွင်း စတုရန်း မိုင်ပေါင်း ၇၀၀ ကျော် အထိ တိုးချဲ့ရန် ရှိလာနိုင်ရာ ရန်ကုန်၏ မြေဧရိယာ အကျယ်သည် ယခု မြို့၏ နှစ်ဆအထိ ဖြစ်လာရန် ရှိနေသည်။ နောင်တွင် စီမံကိန်းအရ အနာဂတ်မြို့ တော်သစ် ဖြစ်လာမည့် ဒလဘက်တွင် လေယာဉ်ကွင်း တည်ဆောက် နိုင်ပါက အလွန် အချက်အချာ ကျပြီး စီးပွားရေး လည်ပတ်မှုကို အကောင်းဆုံး ပံ့ပိုးမှု ရရှိ စေနိုင် ပါသည်။ သို့သော် လေယာဉ်ကွင်း တည်ဆောက်ရန် ကိုမူ မြေပျော့၍ အခွင့် အလမ်း နည်းသည်ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ နွေတွင် ပုံမှန် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လေ့ ရှိသော ဒလဘက် ခြမ်းသည် ရေချိုလှောင်ကန်များ (ဖျာပုံ၊ ကျိုက်လတ်တွင် တူးထားသော ရေလှောင် ကန်ကြီးများ ကဲ့သို့ တူး၍ မိုးရေ စုဆောင်း ၍ သော်လည်းကောင်း၊ ရန်ကုန်မှ ရေပေး ဝေရေး စီမံကိန်းနှင့် ချိတ်ဆက်၍လည်း ကောင်း ဖြေရှင်း နိုင်ပါသည်။ ဒလဘက် ရန်ကုန်ကို တိုးချဲ့ဆောက် လိုက်သည်နှင့် ရန်ကုန်နှင့် နယ်ဒေသများ ဆက်သွယ်ရေး လမ်းကြောင်းများ လုံးဝ ကွဲလွဲသွားရန် ရှိသည်။ ဥပမာ ပေးရ လျှင် ယခုဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ သို့ သွားနေသော ရေလမ်းကြောင်းသည် ယခုလက်ရှိ ရန်ကုန်ကို လာရသကဲ့သို့ တွံတေး တူးမြောင်းကို အထက်ပြန်ဆန် ပြီး ဖြတ်နေရခြင်း မရှိတော့ဘဲ ကျိုက်ထော် သို့မဟုတ် ကွမ်းခြံကုန်း တို့သည် ပြည်တွင်း သင်္ဘော ဆိပ်ကမ်းများ ဖြစ်လာနိုင်ပါ သည်ဟု မြို့ပြပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာလှိုင်မြင့်က အွန်လိုင်း ဘလော့ဂ် တစ်ခုတွင် ရေးသား ထားသည်။ တွံတေး တူးမြောင်း ရေဆန်ကို စက်ကုန်ဖွင့် မောင်းနေရသော ရေ ကြောင်း ခရီးသွားရချိန် ကျုံ့သွားနိုင်ပြီး သင်္ဘောဆိပ်များသည် ယခုရန်ကုန်မှာ ကဲ့သို့ သင်္ဘောတစ်စင်းနှင့် တစ်စင်းထပ် ကပ် ရပ်နေစရာ မလိုအောင် သင်္ဘောဆိပ် များစွာ ထားလာနိုင်သည်ဟု ဒေါက်တာ လှိုင်မြင့်က ရေးသားသည်။ ယင်းကဲ့သို့ ထားနိုင်ပြီ ဆိုသည်နှင့် ကွမ်ဘေယာများ (Conveyors) ကုန် အတင်အချ ကရိန်းများဖြင့် ကုန်အတင် အချ သင်္ဘော အမျိုးအစားများပါ လုပ် ထားပါက ကုန်ကျစရိတ် သက်သာမြန် ဆန် လာနိုင်ပြီး လုပ်အား သက်သာသည့် နည်းစနစ်များနှင့် ကမ္ဘာကို ရင်ပေါင်တန်း လာနိုင်ကြောင်း ၎င်းက အကြံပေးထား သည်။ ဆိပ်ကမ်း ရှားပါး၍ ယခုရန်ကုန် တွင် ဆိပ်ကမ်း ဆိုလျှင် အင်အားကြီးသူ တို့သာ ရနိုင်သော အရာ ဖြစ်နေမှုသည် ပျောက်သွားပါက ဝန်ဆောင်မှု သက်သက် သာသာ ဖြစ်လာနိုင်ပြီး ဝန်ဆောင်မှု လျှော့ချ နိုင်လျှင် ကုန်ဈေးနှုန်း ကျလာ နိုင်ကြောင်း ၎င်းက ထောက်ပြသည်။ ရန်ကုန်တွင် ဆိပ်ကမ်းများ ပုဂ္ဂလိက လုပ်နိုင်မှုသည် ကြည့်မြင်တိုင် တစ်ဖက် ကမ်းတွင် နေရာ ကွက်ကွက်သာ ရှိပြီး ဒလဘက်တွင်မူ ထိုနေရာများထက် အဆ ပေါင်း ၅၀ ခန့်ကို ဆိပ်ကမ်းတွေ ပေါ်ထွက် လာနိုင် ပါသည်။ ရန်ကုန်တွင် ပင်လယ်ကူး သင်္ဘောက ဆိပ်ကမ်း တိုးချဲ့ဖို့ စိတ်ကူး ပါကလည်း ရန်ကုန်တွင် ၁၂ စီးခန့်သာ ကပ်နိုင်သည့် ဆိပ်ကမ်း ဆောက်နိုင်ပြီး ဒလဘက်တွင် အစင်း ၅၀၊ အစင်း ၁၀၀ ဆိုက်ကပ် နိုင်သည့် အတွက် သင်္ဘောဆိပ် နေရာ အတွက်မူ ရန်ကုန်သည် ဒလကို ယှဉ်ဖို့ ဆိုသည်မှာ စိတ်တောင် မကူးနှင့် ဟု ပြောနိုင်သည် အထိ ကွာခြားလျက် ရှိသည်။ သင်္ဘောဆိပ်တွင် မယှဉ်နိုင် ရုံမက ခရီးအချိန် ကျုံ့သွားခြင်းလည်း များစွာ ကွာခြား သွားနိုင်ပါသည်။ ဒလဘက် တွင် စီးပွားရေး ဧရိယာများ တိုးလာပါက စီးပွားရေး အကျိုးသက်ရောက်မှု များ ပိုမို ကောင်းမွန် လာသည်ကို တွေ့ကြရနိုင် သည်။ ဥပမာ- ကဏန်း အရှင်များ တင် ပို့မှုတွင် ပိုမိုမြန်ဆန် လာနိုင်သကဲ့သို့ ကဏန်းမွေးကန်များ သည် မြို့တော်နှင့် လေယာဉ်ကွင်း လက်တစ်ကမ်းတွင် ရှိနေ ပါသည်။ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံ မြို့မှ ငါးများသည် နေ့တစ်ဝက် ဆိုလျှင် ရန်ကုန်သို့ သင်္ဘောဖြင့် ရောက်နိုင်ပြီး တစ်နည်းအားဖြင့် တွံတေးသို့ လှိုင် သာယာမှ ဖောက်ထားသည့် လမ်းသည် ပို၍ အရေး ပါလာနိုင်သည်။ ယခုအခါ ဘိုကလေးမှ နံနက် ၁၁ နာရီ ထွက်သော ဧရာဝတီ သင်္ဘောသည် နောက်တစ်ရက် နံနက်မှသာ ရန်ကုန်သို့ ရောက်ရှိနိုင်ပြီး သင်္ဘောမောင်းချိန် ၁၅ နာရီခန့် ကြာမြင့် နေမှုမှသည် ဒလဘက်တွင် မြို့တော် သစ် တိုးချဲ့လာပါက ဘိုကလေး-ရန်ကုန် သို့ ရေလမ်းမှပင် ည ၇ နာရီလောက် ထွက်ပါက မနက်မလင်းခင်မြို့တော်ကို ရောက်ရှိ နိုင်သည်။ တွံတေးတောကြီးတန်း နားမှ ကျိုက် ထော်ရွာကြီးသည် မြစ်ပြင်ကျယ်၍ အနာဂတ် ရန်ကုန်မြို့တော်၏ ဆိပ်ကမ်း များဖြစ်လာနိုင်ရာ ရှိသည်။ နိုင်ငံ၏ အခြေခံ စားသောက်ကုန်များ အဓိက ထွက်ရှိရာ ဒေသနှင့် ဆက်သွယ်မှု လွယ် ကူလာ၍ အပိုဆောင်း ကုန်ကျ စရိတ်များ အထူး သက်သာ လာနိုင်ပါသည်။ ဒလမြို့တစ်ဝိုက် မြေဝယ်ထားသူ များ၏ မြို့သစ် စီမံကိန်း ခန့်မှန်းချက်သည် စီမံကိန်း ဧရိယာတွင်း ဝင်၍ ကံစမ်းမဲ ပေါက် သွားသည်ဟု ဆိုနိုင်သော်လည်း ဒဂုံမြို့သစ်၊ ထန်းတပင်၊ သီလဝါ တို့တွင် ပြီးခဲ့သည့်နှစ်က အလုအယက် ဒိုင်ဗင် ထိုး၍ ဝယ်ယူ ခဲ့ကြသူများ မှန်းချက်နှင့် လွဲသွားကြသည်။ အိမ်၊ ခြံ၊ မြေ ဗရုတ် ဗရက်တွင် တိုက်ဆောက် ကားစီး ရွှေတွဲလွဲ ငွေတွဲလွဲ အိမ်၊ ခြံ၊ မြေပွဲစားများ ကမူ ကွယ်ရာတွင် ကျိတ်ပြုံးကောင်း ပြုံးနေ ကြလိမ့်မည်။ သို့သော် ခန့်မှန်း ရသည်မှာ ယင်း အနာဂတ် မြို့တော်အတွက် စီမံကိန်း အဆင့်များသည် အနည်းဆုံး နှစ်ပေါင်း ၃၀ ခန့် အထိ အချိန်ယူ၍ အကောင် အထည် ဖော်ရဖွယ် ရှိနေပြီး အသေးစိတ် စီမံ အကောင်အထည် ဖော်ရန် အတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေ သည့် မြေယာ သိမ်းမှု များကလည်း အဆင့် တစ်ဆင့် အနေဖြင့် သတိကြီးစွာ ကိုင် တွယ်ရမည့် အခြေအနေများ ရှိနေသည်။ ရန်ကုန်မြို့တော်သည် ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် အပြီး တွင် ယာယီမြို့တော် တည်ခဲ့ပြီးနောက် မကြာမီ မြို့စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ စတင် တည်ဆောက် ခဲ့သည့် အချိန်က ကားများ မပေါ်သေး သည့်အတွက် မြင်း၊ ရထားများဖြင့် သွား ရန် အတွက်သာ စီမံကိန်းချ ဆောက်ခဲ့ ခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်က ရန်ကုန် မြို့ ဧရိယာသည် ၃၃ စတုရန်းမိုင် သာ ရှိပြီး နှစ်ပေါင်း ၆၀ ကျော် အကြာတွင် ၁၀ ဆနီးပါး ကျယ်ပြန့် လာခဲ့သည်။ သိမ်ဖြူလမ်း အနောက်ဘက်ခြမ်း မြို့တွင်းပိုင်း လမ်းများသည် (ရန်ကုန်မြို့ ၁ လမ်းမှ လမ်း ၄၀ အထိ) လမ်းမကြီး များမပါ ၎င်းတို့ အကျယ်သည် ပေ ၃၀ မှ ပေ ၅၀ ခန့်သာ ရှိကြသည်။ ယနေ့ အရှေ့တောင် အာရှမြို့တော်များနှင့် ယှဉ် ပါက ရန်ကုန်မြို့တော်သည် နှစ်ပေါင်း များစွာ နောက်ကျ ကျန်နေပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် ကောက်ယူခဲ့ သော စာရင်းအရ ရန်ကုန် တစ်မြို့လုံး တွင် လမ်းမိုင် အရှည် စုစုပေါင်း ၂၇၆၉ မိုင်ရှိကြောင်း၊ ယင်းလမ်းများကို အမျိုး အစားများ ခွဲခြားထားပြီး ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေသားလမ်းတို့ဖြစ် ကြောင်း သိရှိ ရသည်။ ရန်ကုန်မြို့တွင်း ဆက်သွယ်သွား လာရေးတွင် အဓိက သွားလာ နေသည် မှာ ကားလမ်းဖြစ်ပြီး ရန်ကုန်မြို့ရှိ နေရာ အများစုတွင် လမ်းပျက်စီးမှု များပြား နေခြင်းကြောင့် ခရီးလမ်း တစ်ခုကို အချိန် တိုအတွင်း သွားလာ၍ မရနိုင်ခြင်း၊ အချို့နေရာ များတွင် လမ်းကျဉ်းမြောင်း ခြင်း တို့ကြောင့် ကားပိတ်ဆို့မှုများ တစ် နေ့ တခြား တိုးတက် ဖြစ်ပေါ်လျက် ရှိသည်။ မြို့ပတ် ရထားမှာ လူဦးရေ သိန်းဂဏန်း သာ အသုံးပြု နေကြသေးသည်။ လက်ရှိ ရန်ကုန်မြို့တော်တွင် အစီအစဉ် ကျနမှု မရှိသည့် မြေအသုံးချမှု များ၊ အစိုးရ ပိုင်မြေနှင့် စည်ပင် ပိုင်မြေ များကို ကျူးကျော် နေထိုင်မှုများ၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများ တွင် ကျူးကျော် နေထိုင်ခြင်း၊ ဖွံ့ဖြိုးမှု ဆောင်ရွက်နိုင်ရန် အချိန်ကိုက် စီမံကိန်း များ ရေးဆွဲနိုင်မှု မရှိခြင်း၊ စက်မှုလက်မှု လုပ်ငန်းများ၊ လူနေရပ်ကွက်များ၊ စီးပွား ရေး ဧရိယာများ အတွင်း ကျယ်ပြန့်စွာ တည်ရှိနေခြင်းတို့ ဖြစ်ပေါ်လျက် ရှိခြင်း တို့ကြောင့် မြို့ပြ အုပ်ချုပ်ရေးနှင့် စီမံ ခန့်ခွဲမှု အပိုင်းကို နည်းလမ်းများဖြင့် ဖြေရှင်းသွားရန် လိုအပ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရန်ကုန်တွင် ကျင်းပသည့် Structure Plan စာတမ်း ရှင် တစ်ဦးက ဆွေးနွေး တင်ပြခဲ့သည်။ ယနေ့ ရန်ကုန်မြို့၏ လမ်းများ အနေ အထားနှင့် ယာဉ်စီးရေ အရေအတွက် သည် ယခုအတိုင်း ဆက်ထား ပါက မကြာမီ ဘန်ကောက်ထက် ဆိုးဝါးသည့် လမ်းပိတ် ဆို့မှုကြီးများ ပေါ်လာပြီး လူ့စွမ်းအား လုပ်အား ဆုံးရှုံးမှုကြီး များစွာ ကြုံရပါလိမ့် မယ်။ မြို့လယ် စီးပွားရေးဇုန်သို့ ဦးတည် ၍ စီးလာနေသော ဘတ်စ်ကားများ ပေါ် တွင် ငါးပိသိပ်၊ ငါးချဉ်သိပ် မွန်းကျပ်မှု၊ စိတ်ဖိစီးမှုများ၊ အချိန် ဆုံးရှုံးရမှုများကို တွက်ဆတတ်သူများ (ပညာရှင်များ) သိကြ ပါလိမ့်မည်။ ရန်ကုန်၏ အခြေအနေ သည် အလွန်ပူပင်ဖွယ် ကောင်းသည့် အနုတ်လက္ခဏာကြီး ဖြစ်လာပါက နောင် တွင် တိုင်းပြည်စီးပွားရေး နှောင့်နှေးပြီး ပျက်သွားသည် အထိ တာစူသွားနိုင် စရာ ရှိပါသည်။ ရန်ကုန်မြို့တော် စည်ပင်၏ အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း အဆိုပြုလွှာ တစ်ရပ် တွင် ပါရှိသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တစ်ဝိုက် ခန့်မှန်း ဧရိယာ ၂၆ စတုရန်းမိုင် ကျော်တွင် စီးပွားရေး ဇုန် ၁၀ ရာခိုင်နှုန်း၊ စက်မှုဇုန် ၄၀ ရာခိုင်နှုန်း အထိ မြေဧရိယာ ခွဲဝေ အသုံးပြုရန် ရှိသည့် အတွက် ၁၀ စတုရန်းမိုင် ကျော်သည့် စက်မှုဇုန်နှင့် စီးပွားရေး ဇုန်များ အတွက် ဖြစ်လာရန် ရှိပါသည်။ အထူးသဖြင့် ဒလမြို့တောင်ဘက် ခြမ်း စီမံကိန်းသည် စီးပွား ဧရိယာများကို ၂၀ ရာခိုင်နှုန်း အထိ အထူး အသားပေး ထားပြီး မြေဧရိယာ၏ ၈၀ ရာခိုင်နှုန်း အထိ လူနေထိုင်ရန် အတွက် ထည့်သွင်း အဆိုပြု ထားရာ အနာဂတ် ရန်ကုန်မြို့ပြ စီမံကိန်းကြီးသည် ဒလ တစ်ဖက်ကမ်း တွင် တွက်ဆ နိုင်စရာ ဖြစ်သည်။ JICA ၏လေ့လာချက်များအရ ရန်ကုန် တစ်ဖက်ကမ်း ဒလနှင့် ရန်ကုန် သည် လေးလမ်းသွား တံတား တစ်စင်း တည်ဆောက်ရန် ရှိပြီး ကျပ်ငွေ ဘီလီယံ ၂၀ ကျော်နှင့် ဒေါ်လာသန်း ၅၀ ကျော် ကုန်ကျမည်ဟု မြန်မာ-ဂျပန် နှစ်နိုင်ငံက ပူးပေါင်း လေ့လာ ထားကြသည်။ အလားတူ လှိုင်မြစ်ဖြတ်ကျော် ကြည့်မြင်တိုင် တစ် ဖက်ကမ်း အေးရွာနှင့် ဆက်သွယ်မည့် တံတား စီမံကိန်းသည် ကျပ် ၃၆ ဘီလီယံ နှင့် အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မကြာမီ ရန်ကုန်တွင် တည်ဆောက်ရန် ရှိသည့် လျာထားစာရင်းတွင် ပါဝင်နေရာ အနာဂတ် ရန်ကုန်မြို့တော်သည် ဒလနှင့် တွံတေး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် ပိုမို အလေးသာလျက် ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံ များအနီးတွင် မြင်ကွင်းကို ကွယ်ပျောက် စေမည့် အဆောက်အအုံသစ်များ တည် ဆောက်ခွင့်ကို ခွင့်ပြုတော့မည် မဟုတ် ကြောင်း စက်တင်ဘာလ အတွင်းက ပြောကြားခဲ့ရာ ယနေ့ ရန်ကုန်သည် ယခင် အဆောက်အအုံများကို သမိုင်းအမွေ အနှစ်အဖြစ် ထိန်းသိမ်းထားရင်း အင်ဒို နီးရှား နိုင်ငံရှိ ဂျာကာတာမြို့တော်ဟောင်း ကဲ့သို့လည်းကောင်း၊ အိန္ဒိယနိုင်ငံရှိ နယူး ဒေလီမြို့တော်ဟောင်း ကဲ့သို့လည်းကောင်း မဝေးတော့သည့် အနာဂတ်တွင် မြို့တော် ဟောင်း အဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်သည်။ ရန်ကုန်မြို့ တောင်ဘက် ဒလ- တွံတေး ဘက်သို့ အနာဂတ် မြို့တော် တိုးချဲ့ ပါက ဒလဘက်ခြမ်းရှိ မြို့နယ်အားလုံး (ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ တွံတေး ရှိသမျှ အားလုံး အထိ)ကို တိုးချဲ့၍ ရနိုင်ပြီး တွံတေးတော ကြီးတန်း အထိပါ တိုးချဲ့၍ ရနိုင်ပါသည်။ သို့သော် ပြီးခဲ့သည့် ကားကိစ္စတွင် ငွေရှင်တို့က လေးဘီးယာဉ်များကို ကြို သတင်းရ၍ ဝယ်သိမ်းပြီး အညွန့်ခူးချိန် တွင် ပြည်သူ အများစုက သိမ်းထားသော လေးဘီးယာဉ် အစုတ်မှ ရွှေဖြစ်သည်ကို မသိကြခြင်းကြောင့် လူညွန့်ခူး ခံလိုက်ရ သည်ကို သင်ခန်းစာယူ၍ အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်းများကို ပွင့်လင်း ထင်သာမှု ရှိရန်မှာ အထူး အရေးကြီးပြီး သတင်းကို ဝှက်၍ လက်ဝါးကြီးအုပ် အမြတ် ထုတ်မှုများကို ယခု တစ်ကြိမ်တွင် ဂရုပြု သင့် ပါသည်။ ယင်းဒေသတွင် နံငယ် ပုဆိုးပိုင်း ဝတ်၍ တစ်နေကုန် လယ်ထွန် စားသောက် နေရသော ဓားမဦးချ နေထိုင်သူများကို ကတုံးပေါ် ထိပ်ကွက်ကာ လယ်ယာမြေ ဧကပေါင်း များစွာကို နည်းမျိုးစုံဖြင့် သတင်းကြိုတင် ရယူကာ လက်ဝါးကြီး အုပ် ဝယ်ယူသူများ၊ လူပေါ် လူညွန့်ခူးသူ များ၊ လူပါးလူနပ်များကို မည်သို့ကိုင် တွယ် ရမည်ကို အစိုးရက မူတစ်ခုထည့် သွင်း လုပ်ကိုင် ပေးနိုင်မှသာ မြန်မာ အစိုးရ သည် သိသာသော ပြောင်းလဲမှုများကို ပြည်သူ့ထံ ဆောင်ကြဉ်း လာနိုင်သူ၊ ကောင်းမွန်သော အစိုးရ မှန်ကန်မှုနှင့် အုပ်ချုပ်သူ အဖြစ် အောက်ခြေလူထုက တစ်ဆင့်တိုး၍ အသိအမှတ် ပြုကြပါလိမ့် မည်။ Written by တင်အောင်ကျော်

ဗုဒ္ဓဟောကြားခန္တီသည်းခံခြင်းတရား)

(ဗုဒ္ဓဟောကြားခန္တီသည်းခံခြင်းတရား) ခန္တီ-မြန်မာလိုတော့ သည်းခံခြင်း။ သည်းခံခြင်းသည် အညံခံခြင်းဟုတော့ တိုက်ရိုက်ယူ၍ မရကောင်းသော ဝေါဟာရ တစ်ခုဖြစ်သည်။ သည်းခံခြင်း၏ ကျယ်ပြန့်သော အနက်အရ မြတ်နိုးခြင်း ခံရမှုကိုလည်း သည်းခံ၏။ မထီမဲ့မြင်ပြုခြင်း ခံရမှုကိုလည်း သည်းခံ၏။ ခန္တီကို တရားကိုယ်အားဖြင့် “အဒေါသ” ဟု၍လည်းကောင်း၊ အဒေါသ ဟူသည်မှာ “မေတ္တာ” ဟူ၍လည်းကောင်း မှတ်သားနိုင်ပါသည်။ မေတ္တာဝင်လျှင် အပြစ်မမြင်တတ်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်း၏ တရားကိုယ် ဖြစ်ရခြင်း ဖြစ်၏။ ဤလောက၌ အဓမ္မမထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိ၏။ ထိုအဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သောနည်းကို သုံးဖို့ လို၏။ ထိုမှန်ကန်သော နည်းကား သည်းခံခြင်း “ခန္တီ”ပင် ဖြစ်၏။ သည်းခံခြင်းဟူသည် နုံ့သောဒေါသဖြင့် သည်းခံသည်လည်း ရှိ၏။ ။ အဒေါသဖြင့် သည်းခံသည်လည်း ရှိ၏ ။ နုံ့သောဒေါသဖြင့် သည်းခံခြင်းကို ကြောက်၍ သည်းခံခြင်း ဟူ၍ ဆိုရ၏ ။ ကြောက်၍ သည်းခံခြင်းတွင် အာဃာတသည် အမြစ်တွယ်လျက် ရှိ၏ ။ တစ်ခုသော တစ်နေ့တွင် အမြစ်တွယ်နေသော အာဃာတမှ ထက်သော ဒေါသသည် ဖြစ်ထွန်းလာနိုင်၏ ။ ထက်သော ဒေါသ ဖြစ်ထွန်းလာလျှင် လက်စားချေခြင်းသည် မလွှဲသာ မရှောင်သာ ဖြစ်ပေါ်လာမည် ဖြစ်၏ ။ ထိုအခါ စော်ကားမှု သံသရာသည် လည်းကောင်း၊ လက်စားချေမှု သံသရာသည် လည်းကောင်း လူ့သမိုင်း၌ အတောမသတ် လည်ပတ်နေမည် ဖြစ်၏ ။ အဒေါသဖြင့် သည်းခံခြင်းသည်သာ အာဃာတကို ပယ်ဖျောက်နိုင်သဖြင့် အမုန်းသံသရာကို တိုစေနိုင်၏ ။ ဘ၀ကိုလည်း အနဂ္ဃရတနာ ဖြစ်စေနိုင်၏ ။ အနဂ္ဃရတနာ ဖြစ်ခြင်း ဟူသည်မှာ အရာရာတိုင်း၌ “ငါ- ငါ့ဥစ္စာ” ဟူ၍ သိမ်းပိုက်တတ်သော တစ်ကိုယ်ကောင်း အမြင်ကို ပယ်သတ်နိုင်ခြင်း ဖြစ်၏ ။ တစ်ကိုယ်ကောင်းအမြင် ကင်းလေလေ ဘ၀သည် တန်ဖိုးမြင့်လေလေ ဖြစ်၏ ။ အဒေါသ ဆိုကတည်းက ယင်းသည်းခံမှုတွင် အလောဘလည်း ပါရ၏ ။ အမောဟလည်း ပါရ၏ ။ မေတ္တာလည်း ပါရ၏ ။မေတ္တာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ချစ်စရာကိုသာ မြင်၏ ။ ကရုဏာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ကြင်နာစရာကိုသာ မြင်တော့၏ ။ လောက၌ ချစ်စရာနှင့် ကြင်နာစရာကိုချည်း မြင်ရလေသော အခါ မိမိ ချစ်ရသောလောက၊ မိမိ ကြင်နာရသောလောကအတွင် အနစ်နာခံချင်စိတ် အလောဘပဓါန-သည်လည်းကောင်း၊ သူတို့နှစ်သက်နိုင်မည်ကို ရွေးချယ်တတ်သော အသိဉာဏ် အမောဟပဓါန-သည်လည်းကောင်း အလိုအလျောက် ပေါ်လာ၏ ။ ဤသည်ပင် “အသင်္ခါရိက” ဖြစ်၏ ။ သည်းခံခြင်းသည် မိမိတို့၏ အမြင်အပေါ်၌ များစွာ တည်မှီ၏ ။ လောကအပေါ် ချစ်တတ်သော မျက်စိ၊ ကြင်နာတတ်သော မျက်စိ၊ ကျေးဇူးတင်တ်သော မျက်စိဖြင့်သာ ကြည့်မည်ဆိုပါလျှင် ချစ်စရာကောင်းသော လောက၊ ကြင်နာစရာကောင်းသော လောက၊ ကျေးဇူးတင်စရာ ကောင်းသောလောကအပေါ် သည်းခံနိုင်ဖွယ် များစွာ ရှိ၏။ အခါတပါး၌ ပုဏ္ဍားတစ်ယောက်သည် နွားများပျောက်သွား၍ လိုက်ရှာရာတွင် မျက်စီလည်လမ်းမှားပြီး တောထဲ၌ စားစရာမဲ့လို့ အသီးခူးစားရာမှ ချောက်ထဲသို့ ကျ၏။ ထိုအခါ မျောက်မင်းတစ်ကောင်က ၎င်းပုဏ္ဍားအား သနားဂရုဏာသက်မိပြီး ဆင်းကယ်ဆယ်လေသည်။ ချောက်အပေါ်သို့အရောက် မျောက်မင်းသည် ပင်ပန်းလွန်း၍ ထိုအကြင်ပုဏ္ဍား၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ ထိုပုဏ္ဍားသည် ဗိုက်ဆာလွန်း၍ မျောက်မင်းအား ကျောက်ခဲဖြင့် ခေါင်းထုသတ်လေသည်။ ထိုအခါ မျောက်မင်းသည် အကြီးအကျယ်ထိတ်လန့်ပြီး သစ်ပင်ပေါ်တက်ပြေးလေတော့သည်။ သို့သော် မျောက်မင်းသည် အကြင်ပုဏ္ဍားအား ရွာသို့ရောက်ရန် သူ၏ သွေးစက်တို့ဖြင့် သစ်ပင်ပေါ်မှ လမ်းပြ၍ ကူညီခဲ့ပါသည်။ ထိုဇတ်တော်တွင် မျောက်မင်းသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ပင်ဖြစ်သည်။ ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ရဲ့ ကြီးမားတဲ့ သည်းခံခြင်း ခန္တှီတရားကို အရှင်းသားမြင်တွေ့နိုင်ပါသည်။ မိမိအား သတ်သည့်သူကိုပင် ကြီးမားသော သည်းခံတရားဖြင့် ကူညီပေးခဲ့သည်။ တကယ်ပင် အတုယူလေးစားဖို့ကောင်းပါသည်။ ထို့ကြောင့်လဲ လောက၏ အတုမဲ့ အနှိုင်းမဲ့ သစ္စာတရားရှင် မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ “စေတနာသည် လူတိုင်းနှင့် မတန်” ဟု ကျွန်တော်တို့ ပြောဖူးပါသည်။ ထိုသို့မဟုတ် စေတနာသည် လူတိုင်းနှင့်တန်၏။ လူတိုင်းအပေါ်လဲ ထားသင့်၏။ မှန်ကန်သောစေတနာဖြစ်ပါစေ, မိမိစေတနာအား တန်ဖိုးမထားသူသည် တန်ဖိုးမထားသလောက် အပြစ်ကျရောက်တက်စမြဲပင်ဖြစ်သည်။ ထိုဇတ်တော်တွင် ထိုပုဏ္ဍားသည် ဇတ်သိမ်းမလှစွာဖြင့် နိဂုံးချုပ်ရလေသည်။ မျောက်မင်း လမ်းညွှန်သည့်အတိုင်း ထိုပုဏ္ဍား ခရီးဆက်ရာ လမ်းတွင် တွေ့သော ရေအိုင်မှာ ရေသောက်ရန် ရေကန်ထဲအဆင်း ရေပေါက်ထိသော နေရာတို့မှာ အနာများဖြစ်လေသည်။ ထိုအနာမှာ ရိုးရိုးအနာမဟုတ်ပဲ ပြင်းထန်သော နူနာသာဖြစ်လေတော့သည်။ ထိုနောက် ဥယျာဉ်တစ်ခု၌ မြေမျို၍ ဇတ်သိမ်း ဆိုးခဲ့ရလေသည်။ နိဂုံးချုပ်ရလျှင် လောကရှိ လူသားတိုင်း ကြုံတွေ့နေစမြဲ လောကဓံ အသီးသီးရှိကြသည်။ ဆိုးသည့်လောကဓံအားလည်းကောင်း၊ ကောင်းသည့်လောကဓံအားလည်းကောင်း၊ ဆိုးဆိုးကောင်းကောင်း သည်းခံခြင်း အမှုကို လက်ကိုင်ထားရမည်။ သို့မှာသာ မိမိနှင့် ထိတွေ့ဆက်ဆံနေရသော သူငယ်ချင်းမိတ်ဆွေများဖြင့် အမုန်းကင်း အာဃာတကင်းစွာ ပေါင်းသင်းဆက်ဆံရ၏။ တစ်ယောက်တည်းနေဖို့ မသင့်တော်သော လောကအတွက် ပျော်ရွှင်နှစ်လိုဖွယ်ကောင်းသော ပတ်ဝန်းကျင်ဆိုတာ ရှိသင့်၏။ ထိုပတ်ဝန်းကျင်အား မိမိသည်သာ တည်ဆောက်ရမည်ပင်။ ထို့အတွက် အကြီးမားဆုံးလိုအပ်ချက်သည် ခန္တီခေါ် သည်းခံခြင်းမှ တစ်ပါး အခြားမရှိနိုင်ပေ။ ထို့ကြောင့် ခန္တီတရား လက်ကိုင်ထား၍ အမှုကင်းပါစေလို့ ဆုမွန်တောင်းရင်း တင်ပြခြင်း တစ်ခန်းရပ်ပါရစေ မိတ်ဆွေ။ ခန္တီမင်္ဂလာ နှိပ်စက်စော်ကား၊ အမှုများ၊ ခန့်ထား ခန္တီပါ။ ချမ်းပူစသား၊ ဘေးဒဏ်များ၊ ခန့်ထားခန္တီပါ။ ခန္တီကျင့်က၊ မေတ္တာမျှ၊ ဒေါသကင်းရှင်းသည်။ ကုသိုလ်တိုင်းတွင်၊ ခန္တီပင်၊ ပါဝင်စေရမည်။ ခန္တီရှိသူ၊ ကုသိုလ်ဟူ၊ လွယ်ကူပြည့်စုံသည်။ ခန္တီကင်းငြား၊ ကုသိုမှား၊ ပျက်ပြားလေတော့သည်။ ခန္တီအာစာ၊ ရှိသူမှာ ပညာပြည့်စုံသည်။ ခန္တီရှိ၏၊ သမာဓိ၊ အတိပြည့်စုံသည်။ ခန္တီကင်းဘိ၊ သမာဓိ၊ မရှိပျက်တော့သည်။ ခန္တီရှိမှ၊ မြတ်သီလ၊ ကျနပြည့်စုံသည်။ ခန္တီကင်းငြား၊ သီလများ၊ ပျက်ပြားလေတော့သည်။ ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး မှတ်ချက်။ ။ဦးရွှေအောင်၏ “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်)” စာအုပ်မှ ခန္တီပါရမီအပိုင်းမှ ထုတ်နုတ်ရေးသာပြီးပြန်လည်မျှဝေသည်။ အရှင်မုနိန္ဒ(ပန်းထို)M.A မာဂဓတက္ကသိုလ်(ခေတ္တစင်္ကာပူ) ၃.၁၀.၂၀၁၂။

မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ

မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း လူနည်းစုများ ဖြစ်ကြသည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊သက် စသည့် လူမျိုးများကို ပြည် သူ့ စစ်သင်တန်း စတင်ပေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ မိမိတို့၏ ကျေးရွာများကို မိမိတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာမှ ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်သင်တန်းပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြည်သူ့စစ် သင်တန်းကို မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ(၄) ကြိမ်ချောင်းတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ရွာပေါင်း ၃၀ က လူပေါင်း ၃၀၀ ခန့် ပါဝင်သည်ဟု ပြောသည်။ ကြိမ်ချောင်းအနီး တည်ရှိသော နံ့သာတောင် ဆရာတော်က ပြည်သူ့စစ် သင်တန်းနှင့် ပတ်သက်ပြီး သူသိသလောက်ကို ယခုလို နိရဉ္စရာသို့ မိန့်ကြားသည်။ “သင်တန်းက စက်တင်ဘာ ၈ရက်နေ့က စပါတယ်။ တရွာက ၁၀ယောက်ကျော် သွားပြီး ပြည်သူ့စစ် တက်နေ ကြပါတယ်။ နယ်မြေ(၄) နစက စခန်းမှာ သင်တန်း တက်နေတာ ဖြစ်ပါတယ်။ စုစုပေါင်းလူ ၃၀၀ရာကျော်ရှိမယ် ထင်ပါတယ်။ သင်တန်းကာ လတော့ အတိအကျ မသိသေးဘူး” ဟု ဆရာတော်က မိန့်ကြားသည်။ ပြည်သူ့ စစ်သင်တန်းကို နစက နှင့် စစ်တပ်မှ အရာရှိများက ပေးနေခြင်း ဖြစ်ပြီး သင်တန်းအခြေအနေ ကို ကျေးရွာသား တစ်ဦးက ယခုလို ဆက်ပြောပြသည်။ “မနက် ၉နာရီမှာ သင်တန်းစပါတယ်။ ထမင်းစားချိန် ၁နာရီ အနားယူရတယ်။ ပြီးရင် သင်တန်း ပြန်စပြီးတော့ ည နေ ၄နာရီမှ ပြီး ပါတယ်။ သင်တန်းပြီးရင် ကိုယ့်ရွာကို ပြန်ကြရတယ်။ ရွာလုံခြုံရေး ဆက်ယူကြရပါတယ်” ဟု သင်တန်းသွားတက်သူ ရွာသားတစ်ဦးက ပြောပြသည်။ သင်တန်း ပြုလုပ်နေသော နစကစခန်းနှင့် နံ့သာတောင်ရွာမှာ ၃မိုင်ခွဲခန့်သာ ဝေးသောကြောင့် နံသာတောင်ကျေးရွာ သားများ အနေဖြင့် ခြေလျှင် လျှောက်ပြီး သင်တန်းသွားတက်ကာ သင်တန်း အပြီး ညနေဘက်မှ အိမ်ပြန်ကြရပြီး အိမ်သို့ ညနေ ၆နာရီတွင် ပြန်ရောက်ကြသည်ဟု သူက ဆိုသည်။ ပြည်သူ့ စစ်သတင်တန်း ပြီးလျှင် အစိုးရမှ ရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀ လက်စီ တပ်ဆင် ပေးမည်ဟု အထက်အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး ရွာသားများက ဆိုသည်။ မောင်တော တောင်ပိုင်းရှိ ကျေးရွာများမှာလည်း ပြည်သူ့စစ်သတင်တန်း ပေး နေပြီဖြစ်ကြောင်း မောရ၀တီကျေး ရွာသား တဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။ “ကျွန်တော်တို့ ရွာမှာတော့ ဒီလ ၁၇ရက်နေ့က စစ်ရေး သင်တန်း စပြပါတယ်။ တရွာက ၁၀ဦးစီတက်ရတယ်။ မနက် ၇နာရီကနေ ၁၁ နာရီ၊ ၁နာရီခွဲကနေ ည ၄နာ၇ီအထိ တက်ကြရပါတယ်။ သင်တန်းဆရာက ခလရ (၃၅၂)တပ်ရင်းက သင် တန်းမှူးတွေနဲ့ ရဲဘက်က သင်တန်းမှူးတွေ ပြနေပါတယ်။ သင်တန်းကာလတော့ တလ ဖြစ်ပါတယ်” ဟု ပြည် သူ့ စစ်သင်တန်း တက်နေသူ မောရ၀တီကျေး ရွာသား တဦးကပြောသည်။ မောင်တော တောင်ပိုင်းရှိ တခြားလူနည်းစု ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်း ပို့ချပေးနေသည်ဟု သူက ဆိုသည်။ နိရဉ္စရာ

မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဒီမိုကရေစီအကူးအပြောင်းများကို ချီးကျူးဂုဏ်ပြုရင်း အမေရိကခရီးစဉ်ကို အဆုံးသတ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဒီမိုကရေစီအကူးအပြောင်းများကို ချီးကျူးဂုဏ်ပြုရင်း
အမေရိကခရီးစဉ်ကို အဆုံးသတ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့ဥရောပ၊ တောင်အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများ၏ ဒီမိုကရက်တစ်အကူးအပြောင်းပုံစံများကို ချီးကျူးဂုဏ်ပြုရင်း ၄င်း၏ ၁၇ ရက်ကြာမြင့်သည့် အမေရိကခရီးစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင် ဒီမိုကရေစီပုံစံ ဖြစ်ပေါ်လာအောင် ပြုလုပ်ရမည်ဖြစ်ကြောင်းနှင်
အမေရိကတွင် ရှိသည့်ပုံစံနှင့် တူနိုင်လိမ့်မည် မဟုတ်ကြောင်း အောက်တိုဘာလ ၂ ရက်နေ့က ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက အမေရိကရဲ့ ဒီမိုကရေစီပုံစံလိုတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက အမေရိက
မဟုတ်လို့ပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က လော့အင်ဂျလိစ်မြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံရာတွင်
ထည့်သွင်းပြောကြားခဲ့သည်။

"နိုင်ငံတိုင်းကတော့ ကိုယ်ပိုင်ဒီမိုကရေစီကို ပုံဖော်ကြတာပဲ။ ဒီမိုကရေစီဆိုတာ အပေါ်ကနေ သွတ်သွင်းသင့်တဲ့အရာတော့
မဟုတ်ဘူး။ ကျွန်မအနေနဲ့ စစ်အစိုးရက ထောက်ခံပြောကြားနေတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာကို
အမြဲတမ်းဆန့်ကျင်ခဲ့ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ အမေရိကခရီးစဉ်တွင် သမ္မတအိမ်ဖြူတော်တွင်
အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သီးသန့်တွေ့ဆုံမှု အပါအ၀င် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်၊ အမေရိကန်လွှတ်တော်အမတ်များ၊ အမေရိကရောက် မြန်မာများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ကမ္ဘာကျော် ယေးလ်နှင့် ဟားဗတ်တကသိုလ်များတွင်လည်း မိန့်ခွန်းပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကခရီးစဉ်အတွင်း အမေရိကန်ကွန်ဂရက်လွှတ်တော်မှ
အရပ်သားများအား ချီးမြင့်သည့် အမြင့်ဆုံးဆုဖြစ်သည့် ကွန်ဂရက်ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့သလို
အခြားသောဂုဏ်ပြုဆုများကိုလည်း လက်ခံရယူခဲ့သည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေစဉ် ကုလသမဂ္ဂအထွေထွေညီလာခံ
တက်ရောက်ရန် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

သမ္မတဦးသိန်းစိန်က "သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတာ ပြည်သူတွေရဲ့ ဆန္ဒသဘောပေါ်မှာ မူတည်ပါတယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ"ဟု BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

လော့အင်ဂျလိစ်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာခဲ့ပါက
မည်သို့ ဆောင်ရွက်သွားမည်ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က "တစ်ကယ်လို့ ကျွန်မဟာ
မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို မေးတာထက် လက်ရှိ မြန်မာ သမ္မတက အခြေအနေတွေကို ဘယ်လိုကိုင်တွယ်နေတယ် ဆိုတာကို စဉ်းစားသင့်ပါတယ်။ လက်တွေ့ကျကြပါ"ဟု ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မည်သည့်ဒီမိုကရက်တစ်ပုံစံကို ရှာဖွေနေသလဲဆိုသည့်မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က
"ကျွန်မတို့အနေနဲ့ နေရာမျိုးစုံက လေ့လာစရာ သင်ခန်းစာတွေ အများကြီးပါပဲ။ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊
အင်ဒိုနီးရှား စတဲ့အာရှနိုင်ငံတွေသာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

"၁၉၈၀ ပြည့်နှစ်တွေကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ ကွန်မြူနစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို
ကူးပြောင်းခဲ့ကြတဲ့ အရှေ့ဥရောပနိုင်ငံတွေ၊ စစ်အစိုးရလက်ထက်ကနေ ကူးပြောင်းခဲ့ကြတဲ့ လက်တင်အမေရိကနိုင်ငံတွေလည်း ရှိပါတယ်။ နောက်ပြီး ကျွန်မတို့အနေနဲ့ တောင်အာဖရိကကိုလည်း မမေ့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်အစိုးရမဟုတ်ပေမယ့်လည်း အာဏာရှင်အစိုးရ ဖြစ်လို့ပါပဲ"ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ၁၇ ရက်ကြာမြင့်သည့် အမေရိကခရီးစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံသို့
ပြန်လာရန် အမေရိကန်ပြည်ထောင်စုမှ အောက်တိုဘာလ ၃ ရက်နေ့ (ယနေ့)တွင် ထွက်ခွာလာမည်ဖြစ်သည်။
မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဒီမိုကရေစီအကူးအပြောင်းများကို ချီးကျူးဂုဏ်ပြုရင်းအမေရိကခရီးစဉ်ကို အဆုံးသတ်

ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်ခြင်းရဲ့ နောက်ကွယ်

Wednesday, October 03, 2012 အိမ့်သံစဉ် အခုတလော ကမ္ဘာ့ မီဒီယာလောကမှာ မြန်မာသတင်းတွေက အတော်နေရာယူလာခဲ့ပါတယ်။ တချိန်က စစ်အုပ်ချုပ်ရေးနဲ့ ဖိနှိပ်မှုများစွာနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ပြုပြင်ပြောင်းလဲမှုဟာ စစ်ဗိုလ်ချုပ်ကြီး ဟောင်း တဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကြိုးပမ်းမှုကြောင့် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံတကာကပါ ပြောဆို ချီးမွမ်းခန်းထုတ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြည်တွင်း ဂျာနယ် တစောင်မှာသတင်း တပုဒ် ဖော်ပြလာပါတယ်။ ဒါကတော့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်မာရေး ကောင်းကြောင်း သမီးဖြစ် သူ ဒေါ်ခင်ပြုံးရွှေ ပြောကြားတဲ့ သတင်းတပုဒ်ပါ။ အဲဒီမှာတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီးဖြစ်သူ ဒေါ်ခင်ပြုံးရွှေ က ဖခင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကျန်းမာရေးဟာ ဒေါင်ဒေါင်မြည်ကြောင်း အများက ပြောနေသလို၊ တချို့ သတင်းတွေက ရေးနေ သလို ဆေးကုနေရတာတို့ဘာတို့ဟာ မဟုတ်မှန်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတာ သူတို့ သမီးတွေထက်တောင် သာပါသေးတယ်လို့ လည်း ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာ လမ်းက မဟာ ရန်ကုန် စေတီတော် ရွှေထီးတော် တင်လှူပွဲ အခမ်းအနားကို စစ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သား၊ သမီးတွေ ဖြစ်ကြတဲ့ ဦးကြိုင်သန်းရွှေ၊ ဒေါ်ခင်ပြုံးရွှေ၊ ဒေါ်သန္တာရွှေနဲ့ မြေး တွေ တက်ရောက် ပူဇော်ပွဲ လာတုန်းက ပြောလိုက်တာပါ။ ဒီစကားက အလွန် တာ သွားပါတယ်။ ဟိုး တလောကလည်း အလားတူ ဗိုလ်ချုပ်မှူးကြီး မိသားစုက ဆေးရုံ တခုကို ကျပ် သိန်းပေါင်း ၁ ထောင်ကျော်ဖိုးလှူဒါန်းတာကို နိုင်ငံပိုင် သတင်းစာတွေမှာလည်း ဖော်ပြခဲ့ဖူးပါ တယ်။ ဗိုလ်ချုပ်မှူးကြီးဟာ တချို့ သတင်းတွေမှာ ဖော်ပြနေကြသလို ခပ်ညံ့ညံ့လူမဟုတ်ပဲ အကွက်ဇယား စနစ်တကျ ချမှတ် ပြီး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးရဲ့ တကယ့် လက်သည်ဆိုတာ ပြချင်လို့ လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် လက်ရှိ ပြုပြင်ပြောင်းလဲရေး သမားကြီးလို့ လူပြောများနေတဲ့ သမ္မတ ဦးသိန်းစိန်၊ အမျိုး သား လွှတ်တော် ဥက္ကဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော် ဥက္ကဌလည်းဖြစ်တဲ့ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းစတဲ့သူတွေနဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်တွေ၊ ဖွဲ့စည်းပုံတွေနဲ့ ဒီ ပြုပြင်ပြောင်းလဲမှု အခင်း အကျင်းကြီး တခုလုံးကို ဖန်တီးခဲ့သူ တကယ့် ဇာတ်ဆရာ အစစ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးကို မေ့နေကြမှာစိုးလို့ သတိပေး စကား ထွက်ပြောလိုက်တာများလား လို့ တွေးမိစရာဖြစ်လာပါတယ်။ နောက်တမျိုးကလည်း ကြားယောင် ရေးသား တင်ပြနေကြတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျန်းမာရေး ချို့ယွင်းနေပြီ ဆိုတဲ့ တချို့ သတင်းတွေကို မိသားစုဝင်တွေကတဆင့် ပယ်ချလိုက်တာလည်း ဖြစ်နေပါတယ်။ News from : ဧရာဝတီသတင်း

Sunday 23 September 2012

သမတ္တကြီး ဘာဆက်လုပ်မလဲ

ရခိုင်အရေးနှင့်ပါတ်သက်၍သမတကြီးဦးသိန်းစိန်နှင့် VOA အမေရိကန် အသံမြန်မာပိုင်းအစီအစဉ်တွေ့ ဆုံမေးမြန်းခဏ်းအပေါ်ကျေနပ်အားရ သူများရှိသကဲ့သို့ အားမရသူများလည်းရှိလေသည်။ ကျေနပ်အားရသူများကိုဘာကြောင့်ကျေနပ်သည်ကိုစူးစမ်းနေစရာမလိုချေ။ သိုသော်သမတကြီး၏ဖြေဆိုချက်များအပေါ်အားမရဖြစ်နေသူများရှိသောကြောင့် ဘာကြောင့်အားမရဖြစ်ကြသည်ကိုစစ်ဆေးကြည့်လိုပါသည်။ ရှေးဦးစွာအသိအမှတ်ပြုရမည့်အချက်မှာလက်ရှိအနေထက်ပို၍ကြီးထွားဆိုးဝါးသွားနိုင်စရာ အလွန်ရှိနေသည့်အမျိုးသားလုံခြုံရေးချိမ်းချောက်မှုတစ်ခုအားယာယီပဲဖြစ်ဖြစ်ထိမ်း ချုပ်ထားနိုင်ခြင်း (keeps under control, at least for the moment) ဖြစ်သည်။ ထို့ ပြင်သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာဟုအမည်တပ်နေကြသူများကိုသမတကြီးကိုယ်တိုင်က “ဘင်္ဂလီများ” ဟုအတိအလင်းအမည်တပ်ခေါ်ဝေါ်သွားသည်မှာလည်းသူတို့ ၏တကယ့် လူမျိုးရင်းမြစ်ကိုအမှန်အတိုင်းခေါ်ဝေါ်ရာရောက်သဖြင့်ကျေနပ်စရာကောင်းပါသည်။ သို့ သော်ပြဿနာကိုသမတကြီးကလက္ခဏာချက်အကဲဖြတ်ရာတွင် “လူမျိုးရေးကြောင့်ဖြစ်တာမဟုတ် - ဘာသာရေးကြောင့်ဖြစ်တာမဟုတ် ရာဇ၀တ်မှုတစ်ခုမှအစပြု” သည်ဟုသုံးသပ်ပြသွားပါသည်။ မမှားသော်လည်းအပေါ်ယံရှပ်၍ပြောရာကျသည်ဟုခံစားမိပါသည်။ အကြောင်းမှာဤရာဇ၀တ်မှုမျိုးများ ပေါက်ဖွားပေးရာလူ(ခိုး)၀င်နေမှုပြဿနာ (immigration issue) ကိုရင်းမြစ်ပြဿနာအဖြစ်ထောက်ပြမသွားပါ။ ဤသူများသည်ဒေသခံအမျိုးသမီးတွေကိုသာမကသူတို့ နှင့်အမျိုး၊ဘာသာတူ မိန်းခလေးများကိုလည်းစော်ကားကျုးလွန်နေကြကြောင်းယခုအခါသိလာကြပြီဖြစ်သည်။ ထို့ နောက်သမတကြီးကလူ့ အခွင့်အရေး၊ ‘လူသားအမြင်’‘ကမ္ဘာ့ရွာကြီး’ဆိုသောခေတ်ပေါ် အသုံးအနှုံးများကိုသုံးစွဲသွားသဖြင့်ထိုစကားလုံးများ၏ရှိသမျှပူးတွဲပါအဓိပ္ပါယ် များ (connotations) သည်မြန်မာခေါင်းဆောင်ကြီးအပေါ်တစုံတရာသြဇာ သက်ရောက်နေလိမ့်မည်ဟုမှန်းဆမိပါသည်။ ထို့ ကြောင့်ပင်“ရခိုင်တိုင်းရင်းသားများကိုကျနော်တို့ ကစကားဆယ်ခွန်းဆယ့်ငါးခွန်းပြောတာထက် ခင်ဗျားတို့ (ပြည်ပမီဒီယာ)ကတစ်ခွန်းပြောတာကပိုပြီးထိရောက်ပါတယ်-သဘောထားတွေ စိတ်ထားတွေအမြင်မှန်ရလာအောင်၊ပြောင်းလဲလာအောင်လုပ်ပေးပါ”ဟု ဗွီအိုအေ၏မေးခွန်းများကိုဖြေဆိုရင်းတဆက်တည်းမေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ပြည်ပသတင်းဌာနများကိုအားကိုးလာခြင်း၊အသုံးချရန်စိတ်ကူးလာခြင်း တို့ သည်ယခင်စစ်အစိုးရသဘောထား၊နည်းပရိယယ်များနှင့်ပြောင်းပြန်ဖြစ် သဖြင့်သဘောထားကောင်းလာသည်ဟုယူဆနိုင်မည်ဖြစ်သော်လည်း “ရခိုင်တိုင်းရင်းသားတွေစိတ်ထားသဘောထားတွေအမြင်မှန်ရ လာအောင်”ဆိုသည့်အချက်ကိုမူနားမလည်ပါ။ [စင်စစ်ရခိုင်ဘင်္ဂလီပဋိပက္ခပေါက်ကွဲထွက်မလာမီကပင်ဒေသတွင်းအခြေအနေ ကိုသေသေချာချာမသိဘဲလူ့ အခွင့်အရေးနှင့်ကိုင်ပေါက်နေသောပြည်ပမီဒီယာ ကိုရခိုင်များသာမက၊မြန်မာတစ်နိုင်ငံလုံးကစိတ်ပျက်နေခဲ့ကြသည်-ဥပမာ ဘီဘီစီ-အင်နာဂျုံးကိစ္စ။ လက်တွေ့ တွင်ပြည်ပမီဒီယာ၏သြဇာကိုပြည်တွင်းမီဒီယာကတဖြည်းဖြည်းဖယ်ရှားလာနေပြီဖြစ်သည်။] ရခိုင်ပြည်ထည်းသို့ ဝင်ရောက်နေထိုင်သူဘင်္ဂလီတွေနှင့်ပါတ်သက်၍ရခိုင်တွေဘက်က ဘာတွေများမှားနေလို့ လဲမေးစရာဖြစ်နေသည်။အခြားနိုင်ငံများတွင်တရားမ၀င်ခိုးဝင်လာသူတွေ ကိုဒေသခံတွေကအနိုင်ကျင့်တတ်ကြသည်မှာသဘာဝဖြစ်သည်။ ဥပမာထိုင်းမလေးရှားနိုင်ငံများရောက်မြန်မာနိုင်ငံသားများဘ၀။ ရခိုင်ပြည်နယ်တွင်မူဤသဘာဝနှင့်ပြောင်းပြန်ဖြစ်ကာဒေသခံတွေက ၀င်လာနေသူတွေကိုကြောက်လန့် နေရသည်။ ရခိုင်တွေသည် သူတို့ နှင့်အတူယှဉ်တွဲရောနှောနေထိုင်ခဲ့ဘူးသည်။ သူတို့ ဆီကဈေးဝယ်စားသည်။သူတို့ ကိုငှားရမ်းခိုင်းစေခြင်း အားဖြင့်အလုပ်အကိုင်ပေးသည်။ပြဿနာဖြစ်အောင်ရန်စလိုက်တာ ရခိုင်တွေဘက်ကမဟုတ်။ယခုသတ်ကြ၊ သေကြတော့လည်း၊သူသတ်-ကိုယ်သတ်- သူသေ-ကိုယ်လည်းသေ-တန်းတူရည်တူပဲဖြစ်သည်။တဘက်သတ်ကြီးမဟုတ်။ ယခုသမတကြီးကရခိုင်တွေအမြင်မှန်ရလာအောင်ဖြောင့်ဖျနားချပေးရန်ဗွီအိုအေသတင်းဌာန ကိုမေတ္တာရပ်ခံနေသောအခါရခိုင်များသည်-ရိုဟင်ဂျာအရေးလိမ်ညာဝါဒဖြန်လှုံ့ ဆော်နေကြသလို ပြသနာ၏လက်သည်တရားခံဖြစ်နေကြသည့်သဘောသက်ရောက်နေသည်။ မည်သို့ ဖြစ်စေသမတကြီးကပင်ဘင်္ဂလီပြဿနာကိုဒုက္ခသည်များအဖြစ်သတ်မှတ်မည်။ တခြားနိုင်ငံပို့ မည်ဟုကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးအန်တိုနီယိုဂူတားရက်စ် (Antonio Guterres) ကိုပြောလိုက်သောအခါရခိုင်ပြည်သူတွေကချီးကျူးကြ၊ပြည်ထောင်စုအလံတွေထူကြဖြင့်သဘောထားပြတ်ပြတ်သားသား ရှိသောသမတကြီးအစိုးရကိုထောက်ခံကြလေသည်။ သို့ ရာတွင်သမတကြီးအစိုးရသည်ပြဿနာပိုကြီးထွားကျယ်ပြန့် မလာအောင်ထိမ်းချုပ်နိုင် သည့်တိုင်အခြားရေရှည်ပြဿနာများကိုကားဆက်လက်၍ရင်ဆိုင်သွားရဦးမည်ဖြစ်သည်။ ၄င်းတို့ မှာ- ပြည်ပကတောင်းဆိုနေသောသီးခြားလွပ်လပ်သောစုံစမ်းရေး အဖွဲ့ ခွင့်ပြုပေးရေးကိစ္စ- ဒေသခံရခိုင်များကစီးပွားရေးအရမဆက်ဆံတော့သဖြင့် ဘင်္ဂလီများအတွက်အစာရေစာလုံလောက်အောင်ရရှိရေးကိစ္စ- အခြေခံပညာကင်းမဲ့နေသူများဖြစ်၍ပညာသင်ကြားပေးရမည့်ကိစ္စ - မယားအများယူ၊အကန့် အသတ်မရှိခလေးမွေးနေသောလူအုပ်ကြီး၏ လူဦးရေတိုးနှုံးပေါက်ကွဲနေမှုအားလူ့ အခွင့်အရေးမထိခိုက်စေဘဲထိမ်းချုပ်ရမည့်ကိစ္စ - ဗွီအိုအေကသီးခြားလွပ်လပ်သောစုံစမ်းရေးကော်မရှင်ကိစ္စကိုမေးမြန်းခဲ့သည်။ ပြည်ပ(ကုလသမဂ္ဂ၊အီးယူစသောခေါင်းစဉ်များအောက်မှာမူဆလင်နိုင်ငံတွေက လူတွေပါလာမည့်) အဖွဲ့ မျိုးကိုဆိုလိုဟန်တူသည်။ယခုအခါအစိုးရကပြည်တွင်းမှ ပုဂ္ဂိုလ် (၂၇) ဦးဖြင့်စုံစမ်းရေးကော်မရှင်ဖွဲ့ စည်းပေးလိုက်သည်။ ရလဒ်ကိုသုံးလအတွင်းတင်ပြကြမည်ဟူ၍သိရသည်။ သုံးလဟူသောအချိန်သည်ယခုကိစ္စအတွက်ရှည်လွန်းပါသည်။ ထို့ ပြင်မည်မျှသမာသမတ်ကျသောပုဂ္ဂိုလ်များဖြင့်ဖွဲ့ စည်းသည်ဖြစ်စေ စုံစမ်းရေးကော်မရှင်သည်“ပြည်တွင်းဖြစ်” ဖြစ်နေသည်။ ဤကော်မရှင်ဖွဲ့ ပေးရေးကိုတောင်းဆိုသည်မှာပြည်ပကဖြစ်သည်။ပြည်တွင်းကမဟုတ်။ ပြည်တွင်းကလူတွေကပြဿနာ၏ရင်းမြစ်ကိုသိပြီးသားဖြစ်သည်။ တောင်းဆိုချက်ကိုလိုက်လျှောသောဘက်(အစိုးရ)၏ရည်ရွယ်ချက်မှာ အစိုးရအပေါ်သံသယမရှိအောင်’ဖြစ်သည်။ ထို့ ကြောင့်အဖြစ်မှန်အချက်အလက်မှန်များကိုဖေါ်ထုတ်ရန်သည်ဒုတိယကိစ္စသာဖြစ်သည်။ အချက်အလက်များထက်မကျေမနပ်ဖြစ်နေသူများကျေနပ်အောင်လုပ်ဘို့ ကအဓိကဖြစ်သည်။ သံသယရှိနေသမျှဘယ်လောက်လုပ်ပြစေကာမူကျေနပ်ကြလိမ့်မည်မဟုတ်။ ပြည်ပကသူတို့ လူတွေလာ၍စုံစမ်းခွင့်မရသမျှသံသယရှိကြမှာလည်းဖြစ်သည်။ ယခုပင်ထိုင်းနိုင်ငံနှင့်ဂျပန်အခြေစိုက်“ရိုဟင်ဂျာ”အရေးလုပ်နေသူတွေကမြန်မာအစိုးရ ခန့် ပြည်တွင်းဖြစ်စုံစမ်းရေးကော်မရှင်ကို discredit လုပ်ရန်အဓိကရထိုင်းတက္ကသိုလ် တစ်ခုကိုအသုံးချ၍နိုင်ငံတကာဆွေးနွေးပွဲတစ်ခုလုပ်မည်ဟုသိရသည်။ ထိုင်းအခြေစိုက်နိုင်ငံတကာမီဒီယာကိုပါအသုံးချ၍လူသားများအရေး (humanitarian aspects) ကိုအသားပေးကာထိုးနှက်လာပေတော့မည်။ ကျိမ်းသေသည့်အချက်မှာပြဿနာသည်ပြီးဆုံးဘို့ အဝေးကြီးလိုသေးကြောင်း အခုမှအစသာရှိသေးကြောင်းလူသိများလာအောင် publicity လုပ်မည့်အချက်ဖြစ်သည်။ ကမ္ဘောဒီးယားကအလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်နေသော ASEAN အဖွဲ့ က “ရိုဟင်ဂျာ”ကိစ္စဆွေးနွေးရန်ခေါင်းစဉ်တင်သည်ကိုမြန်မာကပြည်တွင်းရေး အကြောင်းပြချက်ဖြင့်ပါယ်ချခဲ့သည်ဟုသိရသည်။ စင်စစ်အိုအိုင်စီ (OIC)၏ ကိုယ်စားလှယ်အဖြစ်တူရကီကလာကြည့်တာ၊ နောက်ထပ်လည်းအင်ဒိုနီးရှား ဒုသမတဟောင်း)ကြက်ခြေနီဥက္ကဌလာကြည့်မှာတွေကိုပင်ခွင့်ပြုနိုင်လျှင် ASEAN initiative ကိုလက်မခံနိုင်စရာမရှိ။ မိမိတို့ ကစတင်ဖိတ်ခေါ်မှုပြုလျှင်ပြည်တွင်းရေးဝင်မစွက်ရေးမူကိုမထိခိုက်နိုင်။ နှစ်ဘက်ပဋိပက္ခ၏နောက်ပိုင်းကာလတွင်စခန်းရောက်ဘင်္ဂလီငါးသောင်းကျော်အား စားနပ်ရိက္ခာထောက်ပံ့ထားရေးနှင့်ကျမ္မာရေးစောင့်ရှောက်မှုတာဝန်များသည် အစိုးရ၏ခေါင်းပေါ်ကျနေသည်။အကယ်၍စုံစမ်းရေးကော်မရှင်ကိစ္စအဖုအထစ်ဖြစ်နေလျှင် ထိုဘင်္ဂလီဒုက္ခသည်များအားကာလအကန့် အသတ်မရှိစားနပ်ရိက္ခာထောက်ပံ့ရေး ဆေးဝါးနှင့်ကျမ္မာရေးများအတွက်ပြည်ပမှထောက်ပံ့ရေးအကူအညီများရရှိရေးကိစ္စ အပေါ်သက်ရောက်မှုများရှိလာနိုင်သည်။ စားရေရိက္ခာနှင့်ကျမ္မာရေးသည်လူသားချင်းစာနာရေးဖြစ်သဖြင့်ချက်ချင်းကူညီရမည်သာ။ သို့ သော်သမတကြီးအလေးထား၍ပြောသွားသည်များအနက်သူတို့ အား ပညာသင်ပေးရေးကိစ္စလည်းပါဝင်နေသည်။ ပညာသင်ကြားရေးသည်နိုင်ငံသားအခွင့်အရေးတစ်ခုဖြစ်နေသည်။ သူတို့ ကိုဤအခွင့်အရေးမပေးသင့်ဟုမပြောလို။သို့ သော်ပေးမည်ဆိုလျှင် သူတို့ ၏အဆင့်အတန်း(status)ဘာဖြစ်သည်ဆိုတာကို တိတိကျကျကမ္ဘာသိအလျင်သတ်မှတ်သင့်သည်။ ဤသို့ မသတ်မှတ်သေးဘဲအဆင့်ကျော်၍မဆိုနိုင်ငံသားများသာရနိုင်သည့်ပညာရေး ၀န်ဆောင်မှုများကိုမြန်မာအစိုးရကသူတို့ အားပေးခဲ့လျှင်နောင်တစ်ချိန်တွင် ဤအချက်ကိုထောက်၍ဒီလူတွေဟာဒီနိုင်ငံသားတွေဖြစ်နေလို့ နိုင်ငံသား အခွင့်အရေးတွေပေးခဲ့တာပေါ့ဟုစောဒကတက်လာနိုင်သည်။ ထို့ ကြောင့်သူတို့ ကိုပညာသင်ရေးမစမီသူတို့ တစ်ဦးချင်းစီ၏အဆင့်အတန်း (status သည်ဘာလဲ၊ တရားမ၀င်ရောက်လာသူလား (illegal migrant) နိုင်ငံသားလောင်း (potential citizens)တွေလားအလျင်ကွဲကွဲပြားပြားသတ်မှတ်ထားသင့်ပါသည်။ တရားမ၀င်ခိုးဝင်လာကြောင်းထင်ရှားသူများကိုဘယ်လောက်ကြာကြာ နေပြီးဖြစ်ပါစေပညာသင်ပေးစရာမလို။ Immigration Detention Camps သို့ ပို့ မြန်မာနိုင်ငံ၏ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားရန်သာရှိသည်။ ထို့ ကြောင့်ပညာသင်ကြားမှုမစတင်ခင်လူအရင်စစ်ထုတ်ပစ်ရေးလုပ်ရပါမည်။ နိုင်ငံသားအဖြစ်လက်ခံနိုင်မည့်သူများကိုရခိုင်မှသည်ပြည်ထောင်စု၏ဒေသအသီးသီး သို့ ရွှေ့ ပြောင်းခြင်းဖြင့်လူစုခွဲသင့်သည်။သို့ မှသာလက်တွေ့ ပညာသင်ပေးဘို့ လွယ်ကူလိမ့်မည်။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းအတိုင်းလည်းဖြစ်ပါသည်။ အမေရိကန်၊ကနေဒါ၊ ၾသစေတ်းလ် စေသာmajor accepting countriesများတွင်ဝင်ခွင့်ရသူများကိုတိုင်းပြည်နေရာအနှံ့ အပြား တွင်ဖြန့် ၍နေရာချထားသည်။တနေရာတည်းမှာစုမထား။ဤသို့ နေရာချ ထားပေးပြီးမှ English as a Second Language (ESL)ကိုသင်ကြားပေးသည်။ ထို့ ကြောင့်စားနပ်ရိက္ခာနှင့်ဆေးဝါးကျမ္မာရေးကိစ္စများအတွက်ပြောစရာမရှိသော်လည်း ပညာသင်ကြားရေးကိစ္စကိုရှုဒေါင့်စုံမှအသေအချာတွက်ချက်ပြီးမှစီစဉ်သင့်ပါသည်။ သူတို့ အားလုံးကိုသိုးနှင့်ဆိပ်မခွဲခြားဘဲပညာသင်ကြားရေးစတင်မည်ဆိုပါက လက်တွေ့ သဘောအရနိုင်ငံသား (de facto citizenship)အဖြစ်သတ်မှတ်ထားရာ ရောက်သွားနိုင်သည်ဟုသြစတျေးလျအခြေစိုက်မြန်မာပညာရှင်တစ်ဦးကထင်မြင်ချက်ပေးသည်။ ဘာဘဲဖြစ်ဖြစ်ဒီလူတွေပညာသင်ခွင့်ဆုံးဆုံးရှုံးနေလို့ ဒီလောက်စရိုက်ကြမ်း တမ်းနေတာ၊ဒေသခံများကိုအန္တရယ်ပြုနေတာဖြစ်သည်။ထို့ ကြောင့် သူတို့ ကိုအခြေခံပညာတော့သင်ပေးသင့်သည်ဟုယူဆလျှင်လည်း လူရှစ်သိန်းအနက်ဘယ်သူတွေကိုသင်ပေးမလဲ၊အားလုံးကိုသင်ပေးမှာလား။ ဘာပညာတွေသင်ပေးမလဲဆိုသည့်မေးခွန်းတွေဆက်၍ပေါ်ထွက်လာလိမ့်ဦးမည်။ သမတကြီးကြေငြာထားပြီးသားအချက်ဖြစ်သည့် ၁၉၄၈ ခုနှစ်မတိုင်မီကရောက်နှင့်နေ သူများ၏မြေးမျိုးဆက်ကိုလက်ခံမည်ဆိုသည့်အချက်အရလူအနည်းဆုံး၂သိန်းလောက် ကိုမြန်မာဘာသာပြော-ဖတ်-ရေး(အသုံးလုံး)တတ်မြောက်စေရန်ပင်အနည်းဆုံးတနှစ် အချိန်ပြည့်အားသွန်ခွန်စိုက်(intensively) သင်ပေး/သင်ယူကြမှဖြစ်မည်။ ဒေါ်လာတွေသန်းချီ၍ ကုန်မည့်ဤအစီအစဉ်ကိုကုလသမဂ္ဂ(UNESCO?)လိုနေရာမှ အကူအညီမပါပဲကိုယ့်အင်အားဖြင့်ကိုယ်လုပ်နိုင်ပါ့မလားစဉ်းစားရပေမည်။ တတ်နိုင်၍အကုန်အကျခံလျှင်ကောနိုင်ငံသားများအတွက်ဖြစ်ရမည့်ဘဏ္ဍာများ ထည်းမှဖဲ့ပေးရာကျမနေပေဘူးလားမေးရမည်ဖြစ်သည်။ ကျောင်းနေရမည့်အရွယ်များ(၅ နှစ်မှအထက်)ကိုမူလတန်းပညာရေးသင်ပေး၍ဖြစ်နိုင်သည်။ သို့ သော်ရခိုင်ကျောင်းတွေကိုသူတိုသွားတက်မှာမဟုတ်သလိုရခိုင်တွေကလည်းလက်ခံချင်မှာမဟုတ်။ နောက်ထပ်လက်တွေ့ ပြဿနာများရှိသေးသည်။ ပထမပြဿနာမှာ-သူတို့ ကိုအနှစ်နှစ်အလလစာသင်ပေးခဲ့သူကျောင်းဆရာကိုပင် သတ်ဖြတ်ခဲ့သူများကိုဘယ်ရခိုင်ဘယ်ဗမာကနောက်ထပ်သူတို့ အကြားသွား၍ စာသင်ချင်မည်နည်း။ ဒုတိယလက်တွေ့ ပြဿနာမှာမိန်းခလေးများကိုစာသင်ရေးဖြစ်သည်။ ခေတ်နောက်ကျမူဆလင်များသည်အမျိုးသမီးများပညာသင်ခြင်းကိုအပြင်းအထန် ဆန့် ကျင်ကြသည်။ အာဖဂန်နစ္စတန်တွင်မိန်းခလေးစာသင်ကျောင်းများကို ရက်ရက်စက်စက်ဖေါက်ခွဲ၊ပစ်ခတ်တိုက်ခိုက်နေတာမျက်မြင်ဖြစ်သည်။ ဤကျောင်းများသည်အမျိုးဘာသာတူအမျိုးသမီးဆရာမများကသင်ပေးသော မိန်းခလေးသီးသန့် ကျောင်းများဖြစ်သည်။ရခိုင်တွင်ဘင်္ဂလီခေါ်တောများ၏ ဇနီးများ၊နှစ်မများ၊သမီးများကိုလူမျိုးဘာသာမတူသူအမျိုးသားများကမြန်မာဘာသာစာ သင်ပေးရေးသည်မြွေတွင်းထည်းလက်နှိုက်ရတာလောက်အန္တရယ်ကြီးပေလိမ့်မည်။ ထို့ ကြောင့်သူတို့ ကိုပညာသင်ပေးမှဖြစ်မည်ဆိုလျှင်ပြည်တွင်းနေမြန်မာမူဆလင် ကွန်မြူနီတီကိုအကူအညီတောင်းသင့်သည်။ အကယ်၍ဤအလုပ်ကိုအစိုးရကကိုယ်တိုင်မလုပ်၊ပြည်တွင်းမြန်မာမူဆလင်ကွန်မြူနီတီကိုလည်း မသုံးချင်၍INGO များထံလွှဲပေးမည်ဆိုလျှင်၎င်းတို့ ကမြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွား (national interest)နှင့်ဆန့် ကျင်မည့်သင်ကြားမှုမျိုးများမလုပ်ကြဟုမပြောနိုင်ပါ။ နောက်ဆုံးဆွေးနွေးစရာအချက်မှာဘင်္ဂလီလူဦးရေအဆမတန်တိုးနေတာကို ထိမ်းချုပ်ရေးဖြစ်သည်။ဘင်္ဂလီများအတွင်းလူဦးရေပေါက်ကွဲမှုကိုသမတကြီးက ထုတ်ဖေါ်ပြောဆိုသွားသော်လည်းမည်သို့ ဖြေရှင်းမည်ကိုပြောမသွားပါ။ မေးသူကမမေးလို့ လည်းဖြစ်နိုင်ပါသည်။ ဘင်္ဂလီတိုး၏လူဦးရေတိုးနှုံးသည်တနိုင်ငံလုံး၏လူဦးရေတိုးနှုံးထက်မကျော်လွန်သင့်ပါ။ (တနိုင်ငံလုံးဖျမ်းမျှ တိုးနှုံးသည် ၂.၂ % ဟုထင် ပါသည်)။ ထို့ ကြောင့်လူဦးရေများသော မိသားစုများတွင်ကာယကံရှင်များကမိမိတို့ အသိဖြင့်မကန့် သတ်လျှင်အစိုးရကဖြစ်သည့်နည်းဖြင့် ကန့် သတ်ပေးဘို့ ဖြစ်သည်။ (Eugenic/ forced neutering) ဘင်္ဂလီများမြန်မာနိုင်ငံထည်းစိမ့်ဝင်လာခြင်းသည်တစ်ဘက်နိုင်ငံမှလူဦးရေပေါက်ကွဲမှု၏ အကျိုးဆက်ဖြစ်ရာမြန်မာနိုင်ငံထည်းတွင်ဆက်လက်ပေါက်ကွဲမှုအဖြစ်မခံနိုင်ပါ။ အမျိုးသားလုံခြုံရေးကိုချိမ်းချောက်မှု (national security threat) ဆိုနေသည်မှာ ဤအချက်ကိုဆိုလိုပါသည်။ ဤသို့ ကိုင်တွယ်ရာ၌လူ့ အခွင့်အရေးစံတစ်ခုခုနှင့် ညိဖွယ်ရှိကောင်းရှိမည်။ အတတ်နိုင်ဆုံးတော့ကျိုးစား၍လိုက်နာသင့်ပါသည်။ သို့ သော်မလွှဲမရှောင်သာသောအခြေအနေတွင်အမျိုးသားအကျိုးစီးပွားကိုဦးစားပေး ရလိမ့်မည်။သူတော်စင်များအဖို့ သီလစင်ကြယ်ဖို့ ကအဓိကဖြစ်ချင်ဖြစ်မည်၊ နိုင်ငံကိုခေါင်းဆောင်နေသူများကတော့မိမိတို့ တာဝန်ကြေပြွန်ရမည်။ (Saints can be pure but statesmen must be responsible.) ရခိုင်အရေးသည်မြန်မာအစိုးရသစ်၏နိုင်ငံရေးခွန်အား(political strength) ကိုပြည်တွင်းပြည်ပမျက်နှာစာနှစ်ခုစလုံးမှာစာမေးပွဲစစ်လိုသလိုဖြစ်နေသည်။ ဦးသိန်းစိန်အစိုးရခေါင်းဆောင်သောဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်သည် ပထမကမ္ဘာစစ်အပြီးစစ်ရှုံးဂျာမဏီတွင်ပေါ်ပေါက်ခဲ့သောဝေမာသမတနိုင်ငံ (Weimer Republic, 1919-1933) ရင်ဆိုင်ခဲ့ရသောအခြေအနေမျိုးနှင့် ဆင်ဆင်တူသောအနေအထားမျိုးနှင့်ရင်ဆိုင်နေရသည်ဟုဆိုချင်ပါသည်။ ဂျာမန်ဝေမာသမတနိုင်ငံ၏ခေါင်းဆောင်များသည်အရည်အချင်း အထိုက်အလျှောက်ရှိသူများဖြစ်ကြသည်။တိုင်းပြည်အပေါ်စေတနာမှန်၍ ဂျာမန်ပြည်သူများ၏အခွင့်အရေးများကိုအစွမ်းကုန်အကောင်အထည်ဖေါ် ပေးရန်စိတ်ပိုင်းဖြတ်မှု (commitment) လည်းရှိခဲ့ကြသည်။ သို့ သော်စစ်ရှုံးဂျာမဏီ၏နိုင်ငံတကာသို့ ပြုရမည်ဝတ္တရားများ (international obligations) များကမချိမဆန့် ကြီးမားခဲ့သည်။ အထူးသဖြင့်ဗာဆိုင်းစာချုပ်အရစစ်နိုင်သူများသို့ ပေးရမည့် စစ်လျှော်ကြေးများကအလွန်တရာလေးလံလှပြီးပြည်တွင်းတွင်လည်း ၀ဲ-ယာအစွန်းရောက်နိုင်ငံရေး အင်အားစုများကလည်းမဖြစ်နိုင်သောတောင်းဆိုချက်များကြွေးကျော်သံများဖြင့်အစိုးရကိုဘေး ကြပ်နံကြပ်ဖြစ်အောင်လုပ်ခဲ့ကြသည်။ ရလဒ်မှာအပြောအဟောကောင်းသောအစွန်းရောက် အမျိုးသားရေးဝါဒီဟစ်တလာနောက်သို့ လူထုကစုပြုံလိုက်သွားကြခြင်းဖြစ်သည်။ စစ်အာဏာရှင်နောက်ခံရှိနေသောမြန်မာအုပ်စိုးသူများ၏နိုင်ငံတကာသို့ တင်ရှိနေသော ၀တ္တရားမှာဝေမာသမတနိုင်ငံလိုနိုင်ငံခြားကြွေးမြီများတော့မဟုတ်။ မိမိ၏အတိပ်အာဏာ ရှင်စံနစ်အရိပ်မည်းကြီးကြောင့်အလွန်မယုံသင်္ကာဖြစ်နေသောနိုင်ငံတကာမိသားစုကြီးက ယုံကြည်လာအောင်လူ့ အခွင့်အရေးများကိုအထူးပိုပိုသာသာလေးစားလိုက်နာပြရခြင်းဖြစ်သည်။ ရခိုင်ဘင်္ဂလီပဋိပက္ခတွင်နိုင်ငံတကာ၏ယုံကြည်မှုရအောင်တန်ဘိုးပေးခဲ့ရသည်များရှိသည်ဟု ဤသုံးသပ်ချက်ပြုသူကယုံကြည်ပါသည်။သို့ သော်ဤပေးဆပ်မှုကြောင့်ပင်ဤပြဿနာ သည်လူမျိုးသန့် စင်ရေး (ethnic cleansing) မဟုတ်ဟူသောဝါရှင်တန်၏ ထောက်ခံချက်ကိုရနိုင်ခဲ့ခြင်းဖြစ်သည်။ Jihad ဖြင့်ချိမ်းချောက်နေမှုလည်း (လောလောဆယ်တော့)ဆက်လက်၍အသံမမည်ဘဲရပ်သွားစေသည်။ ထို့ ကြောင့် So far, so good ဟုမှတ်ချက်ပြု ခြင်းဖြစ်ပါသည်။ သို့ ရာတွင်အာဏာရှင်စံနစ်ကြီးကြောင့်အမျိုးသားညီညွတ်ရေးမပြိုကွဲယုံတမယ်ယိုယွင်းနေပြီး လက်နက်ကိုင်အင်အားစုများသည်ကိုယ့်နယ်နှင့်ကိုယ်ဗဟိုအစိုးရနှင့်စင်ပြိုင်ရှိနေကြတုံးဖြစ်သည်။ နှစ်ရှည်စီးပွားရေးပိတ်ဆို့ မှုဒဏ်ခံခဲ့ရသောကြောင့်လည်းတိုင်းပြည်လူထုသည်မွဲပြာကျနေသည် တဘက်တွင်မြေမရှိသောဘင်္ဂလီများကမြန်မာပြည်ထည်းစိမ့်ဝင်နေသကဲ့သို့ အခြားတဘက် တွင်အလုပ်လက်မဲ့မြန်မာနိုင်ငံသားများကတိုင်းပြည်ကိုစွန့် ခွာ၍အလုပ်အကိုင်ရှိရာများသို့  ထွက်ခွာသွားနေကြသည်။ သမတကြီးဦးသိန်းစိန်အစိုးရသည်ဤကျဆင်းလာနေသောနိုင်ငံတော် (Failing state) ကို အချိန်မှီယုံက လေးလွှဲပြောင်းယူရခြင်းဖြစ်သည်။ ဤချိနဲ့ မှုသည်လျှို့ ဝှက်ချက် မဟုတ်ပဲလူတိုင်းမြင်နိုင်သဖြင့် “ရိုဟင်ဂျာသမတနိုင်ငံ”ထူထောင်လိုသူများကအခွင့်ကောင်းယူ တာဖြစ်သည်။ ထို့ ကြောင့်ကျောက်နီမော်ကိစ္စပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေတနည်း နည်းဖြင့်လုပ်ကြံလာလိမ့်မည်ဟုရခိုင်အရေးတွင်‘အကြောင်းသိသူ’တိုင်းကပြောခဲ့ကြသည်။ ထို့ ကြောင့်ဗွီအိုအေနှင့်အင်တာဗျူးတွင်သမတကြီးက“အခုလိုဒီမိုကရေစီပန်းတိုင်ကို ချီတက်နေတဲ့ခရီးမှာ“မမျှော်လင့်ဘဲ”ကြုံတွေ့ လာတဲ့အခက်အခဲတစ်ခု”ဟုပြောဆိုခြင်း သည်နားထောင်ရသူတွေစိတ်ဧအောင်တမင်လျှော့ပေါ့၍ပြောခဲ့သည်ဟုသာဆိုချင်ပါသည်။ ထို့ ကြောင့် ဤ “ရိုဟင်ဂျာပြဿနာ”ကိုအချိနှ်မှီအပြီးသပ်မဖြေရှင်းနိုင်လျှင်တစ်ချိန်ချိန်တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံနှင့်ထိပ်တိုက်တွေ့ ရဘို့ ဖြစ်လာနိုင်သည်။အဘယ့်ကြောင့် ဆိုသော်ရိုဟင်ဂျာဆိုသည်မှာဘင်္ဂလီတွေဘဲဆိုတာသက်သေပြစရာမလိုအောင် ရှင်းနေသောကြောင့်ဖြစ်သည်။ သို့ စဉ်လျှက်သူ့ တိုင်းပြည်ကလူသုံးသိန်း ကိုမြန်မာနိုင်ငံကလူတွေအဖြစ်လက်ခံဘို့ တောင်းဆိုနေသည်။ ထိုလူတွေကို အစာရေစာပြတ်စေလျှက်မြန်မာပြည်ထည်းပြန်သွားအောင်ဖိအားပေးနေသည်။ ဘင်္ဂလီများသည်မြန်မာနိုင်ငံထည်းသို့ သာမကအိန္ဒိယ(အာသံပြည်နယ်)ထည်းသို့ လည်း စိမ့်ဝင်နေသည်။အိန္ဒိယသည်အင်အားကြီးနိုင်ငံဖြစ်သဖြင့်သူကြိုက်သည့်နည်းဖြင့်အရေးယူနေနိုင် ( (Intruders are shot dead) သော်လည်းမြန်မာကအိန္ဒိယကိုတုပနိုင်သည့်အခြေအနေမရှိပေ။ မကြာသေးမီကဘင်္ဂလားဒက်ရှ်အစိုးရအသိုင်းအ၀ိုင်း၌မြန်မာနှင့်ရေပြင်ပိုင်နက် အငြင်းပွားမှု၌အပြည်ပြည်ဆိုင်ရာခုံရုံးဆုံးဖြတ်ချက်သည်သူတို့ ဘက်ကိုအသာစီးပေး သည်ဟုယူဆကာဒါကာတွင်အောင်ပွဲအခမ်းအနားကလေးတစ်ခုကျင်းပခဲ့သည်။ သူ့ နိုင်ငံတွင်းရှိရိုဟင်ဂျာအမည်ခံသုံးသိန်းကိုမြန်မာကလက်ခံပေးရန်တောင်းဆိုထားသည်။ ၄င်းကိုကြည့်လျှင်မြန်မာနှင့်ဆက်ဆံရာတွင်ပြော့ပြောင်းလိမ့်မည်ဟုမမျှော်လင့်နိုင်။ အကယ်၍မြန်မာနှင့်ဆက်ဆံရေးသိသိသာသာတင်းမာလာလျှင်မူဆလင်ကမ္ဘာက ဘင်္ဂလားဒက်ရှ်ဘက်ကအခိုင်အမာရပ်တည်ကူညီကြလိမ့်မည်ကိုသံသယရှိစရာမလို။ ထို့ ကြောင့် “ရိုဟင်ဂျာ” အရေးသည်အမျိုးသားလုံခြုံရေးကိုချိမ်းချောက်မှုဟုဆိုရခြင်းဖြစ်သည်။ အမျိုးသားလုံခြုံရေးကိုချိမ်းချောက်နေသောကိစ္စတစ်ခုသည်ပြည်တွင်းရေးသက်သက်မဟုတ်ပေ။ သမတကြီးပြောနေသောကမ္ဘာ့ရွာကြီးခေတ်တွင်နိုင်ငံတိုင်းသည်လူဝင်မှုပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ AIDS ပြဿနာ၊အကြမ်းဖက်ဝါဒနှင့်ဆိုက်ဘာရာဇ၀တ်မှု (Illegal migration, narcotics, AIDS, terrorism, Cybercrime) စသည့်ပြဿနာများ ကိုပြည်တွင်းရေးဟုသတ်မှတ်ကာနိုင်ငံတကာနှင့်-အထူးသဖြင့်အိမ်နီးနားချင်းနိုင်ငံများနှင့်-ပူးပေါင်းဆောင်ရွက်ရန်မငြင်းဆန်ကြတော့ပေ။ပြောင်းပြန်အားဖြင့်ပူးပေါင်းဆောင်ရွက်ရန် ကိုပင်တောင်းဆိုနေကြပြီဖြစ်သည်။ အကယ်၍သမတကြီးအစိုးရသတ်မှတ်သလို “ရိုဟင်ဂျာ” အရေးသည်ပြည်တွင်းရေးကိစ္စ သက်သက်ဖြစ်လျှင်ယခုသူတို့ ကိုယ်သူတို့  “ရို ဟင်ဂျာ”အမည်တပ်နေသူများအား တိုင်းရင်းသားများဖြစ်သည်ဟုသွယ်ဝိုက်၍အတည်ပြုပေးနေသလိုဖြစ်နေလိမ့်မည်။ သမတကြီးကသူတို့ ကိုဘင်္ဂလီများ (ဘင်္ဂလားဒ်ရှ်မှလာသောနိုင်ငံခြားသားများ)ဟုခေါ်နေပြီး သူတို့ ဖန်တီးသောပြဿနာကိုတော့ “ပြည်တွင်းရေး”ဟုသတ်မှတ်နေလျှင် ရှေ့ နောက်ညီညွတ်မှုရှိမည်မဟုတ်ပါ။ (inconsistent) အခြားတဘက်တွင်လည်းပြည်တွင်းရေးဖြစ်သည်ဟုသတ်မှတ်ထားသည့်ကိစ္စတစ်ခုကို အမျိုးသားလုံခြုံရေးချိမ်းချောက်မှုဟုထပ်၍ခေါင်းစဉ်တပ်ရခက်ပေလိမ့်မည်။ အမျိုးသားလုံခြုံရေးကိုချိမ်းချောက်ခြင်းမဟုတ်သော(ဟုတ်/မဟုတ်မသေချာသော) ကိစ္စတစ်ခုအားဖြင့်နိုင်ငံသားအားလုံး၏စည်းလုံးညီညွတ်သောထောက်ခံမှုရနိုင်ရန်ခက်ခဲလိမ့်မည်။ အထူးသဖြင့်မြန်မာမူဆလင်များ၏သစ္စာရှိ၍လှိုက်လှဲသောထောက်ခံမှု (sincere and resolute support) ကိုရယူရန်ခက်ပေလိမ့်မည်။ ထို့ ကြောင့်ဤပြသနာတွင်ပြည်တွင်းရေးဖြစ်သည်ဟူသောရပ်တည်ချက်သည်မိမိကိုယ်ကို မိမိပြန်ချေမှုံးရာရောက်နေသည့်ရပ်တည်ချက် (a self-defeating attitude) ဖြစ်နေသည်။ ပြောရလျှင်ကမ္ဘာရွာကြီးခေတ်မှာပြည်တွင်းရေးဆင်ခြေသည်နေရာအတော်များများတွင် အကျိုးထက်အပြစ်ကပိုများကာသုံးမ၀င်တော့သလောက်နီးနီး (almost irrelevant)ဖြစ်နေပြီ။ ထို့ ကြောင့်၎င်းအစားကိုယ့်စီရင်ပိုင်ခွင့် (our jurisdiction)ဆိုတာလောက်ပဲပြောလာကြသည်။ မြန်မာနိုင်ငံအဖို့ ၁၉၈၉ ခုနှစ်ကစတင်၍ပြောင်းလဲချမှတ်ခဲ့သော open doorပေါ်လစီကို စီးပွားရေးမျက်နှာစာတစ်ခုတည်းအတွက်ကန့် သတ်ထား၍မရနိုင်ပါ။ မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်(၁၉၆၂- ၂၀၁၂) အတွင်းပထမ၂၆ နှစ်သည် မိမိဖာသာအထီးကျန်လမ်းကြောင်း (self-isolation) လျှောက်လှမ်းခဲ့၍နောက်၂၄ နှစ်မှာ အနောက်တိုင်းဆန်ရှင်ပိတ်ဆို့ ရေးအောက်မှာနေခဲ့ရကာအားကိုးရလောက်သည့် အင်အားကြီးနိုင်ငံတစ်ခုခုနှင့်မဟာမိတ်ပြုထားသောလုံခြုံရေးစာချုပ်(Security Pact) တစ်ခုခုမရှိခဲ့။ လွပ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒကိုကျင့်သုံးနေသည်ဟူသော အမျိုးသားရေးမာန(national pride) ကလည်းဤအထီးကျန်ဖြစ်မှုကိုဖုံးကွယ်ပေးထားခဲ့သည်။ သို့ သော်ထိုကာလများအတွင်းနိုင်ငံတကာမီဒီယာကမြန်မာနိုင်ငံကို (Pariah state) ဟုသာအမှန်အတိုင်းသာခေါ်ဝေါ်ခဲ့သည်။ ၁၉၈၉ ခုနှစ်နောက်ပိုင်းတရုပ်ပြည်သူ့ သမတနိုင်ငံကအရေးပေါ်မိတ်ဆွေ (A friend in need) အဖြစ်ရပ်တည်ပေးခဲ့သော်လည်းအခမဲ့မဟုတ်ဘဲ တန်ဘိုးပေးရသည်များရှိသည်မှာအားလုံးအသိဖြစ်သည်။ တရုပ်နိုင်ငံ၏ရင်းနှီးမြုတ်နှံမှုများကိုလက်ခံထားသောကြောင့် အထူးသဖြင့်ကျောက်ဖြူဆိပ်ကမ်းနှင့်ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် တရုပ်ကမြန်မာနိုင်ငံကိုအထိုက်အလျှောက်(ကုလလုံခြုံရေးကောင်စီတွင်) ဖေးမမည်ဟုမျှော်လင့်နိုင်သော်လည်းတိတိကျကျပြောကြပြီဆိုလျှင် တရုပ်သည်မြန်မာ၏လုံခြုံရေးကိုအမေရိကန်ကထိုင်း၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့ ကိုအာမခံသလိုအာမခံသူ (security guarantor) မဟုတ်ပေ။ ထို့ ပြင်မြစ်ဆုံဆည်ကိစ္စသည်မြန်မာကတရုပ်ကိုနားရွက်တံတွေးဆွတ်လိုက်သလိုဖြစ်ခဲ့သည်။ (ဤကိစ္စကြောင့်အာဏာရပါတီအတွင်းတင်းမာသူအုပ်စုလှုပ်လှုပ်ရွရွဖြစ်သွားသေးသည်။) ထိုကာလများအတွင်းမြန်မာ-တရုပ်ဆက်ဆံရေးသည်စီးပွားရေးဆက်ဆံမှုက အဓိကဖြစ်သော်လည်းမြန်မာနှင့် ASEAN နိုင်ငံများဆက်ဆံရေးသည် ဘက်ပေါင်းစုံဖြစ်သည်သာမကရွယ်တူနိုင်ငံတွေချင်းဖြစ်သဖြင့်ပို၍ရင်းနှီးကြသည်။ အထီးကျန် ၂၄ နှစ်တာကာလတလျှောက် ASEAN ကအနောက်ဒီမိုကရေစီမီဒီယာများ ၏လှောင်ပြောင်မှုကိုခံလျှက်မြန်မာနှင့် Constructive engagement policy ကို ကျင့်သုံးပေးခဲ့သဖြင့်မြန်မာအဖို့ အသက်ရှုပေါက်ရခဲ့သည်။ ASEAN ခေါင်းဆောင်များအနက်ဆူရင်ပစ်ဆူဝမ်(Surin Pitsuwan) သည်မြန်မာနိုင်ငံအပေါ်အထူးစေတနာထားသူတစ်ဦးဖြစ်သည်။ ASEAN အုပ်စုတွင်လူဦးရေသန်း ၅၀၀ ရှိသည့်အနက်မူဆလင်ကတ၀က်ကျော်သဖြင့် မြန်မာပြည်တွင် “ရိုဟင်ဂျာ” ဆိုတာကိုအကြောင်းပြု၍ဘာသာရေးပဋိက္ခဖြစ်မှာ မလိုလားချေ။ မြန်မာနိုင်ငံတွင်ဤကဲ့သို့ သောပေါက်ကွဲမှုတစ်ခုဖြစ်လာ၍သက်တမ်းကြာ သွားလျှင်အလာူတူပဋိပက္ခမျိုးရှိပြီးသားထိုင်းနိုင်ငံအပြင်မလေးရှား၊ အင်ဒိုနီးရှားတို့ အထိ ကူးစက်ကျယ်ပြန့် လာကာအဖွဲ့ ၏စည်းလုံးညီညွတ်ရေးကိုထိခိုက်မှာစိုးရိမ်ဟန်ရှိသည်။ ထို့ ကြောင့်“ရိုဟင်ဂျာ”ဟူသောခေါင်းစဉ်ဖြင့်ဆွေးနွေးမည်ကိုကန့် ကွက်လိုကကန့်  ကွက်နိုင်သော်လည်းပြည်တွင်းရေးဖြစ်သည် (ASEAN ပဋိဥာဉ်ကိုချိုးဖေါက်ရာကျသည်) ဟူသောငြင်းပါယ်မှုသည်တွေးခေါ်ပုံလွဲနေသည်(wrong-headed) ဟုထင်ပါသည်။ သေချာသည်မှာဘင်္ဂလီများစိမ့်ဝင်လာခြင်းလူဝင်မှုပြဿနာ (immigration issue သည် အချိန်မှီမဖြေရှင်းနိုင်၍သက်တမ်းရင့်သွားလျှင်မူလရင်းမြစ်ပြဿနာပျောက်ကာ လူ့ အခွင့်အရေး၊လူသားချင်စာနာရေးပြဿနာ (humanitarian issue) များ အဖြစ်တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မည်။ ဤသို့ ဆိုလျှင်လူသား အရေးဝင်ရောက်စွက်ဖက်မှု (humanitarian intervention) လုပ်ရန်တောင်းဆိုသံတွေကျယ်လောင်ဖွယ်ရာရှိသည်။ ဤသို့ ဆိုလျှင်မိမိဘက်ကတပမ်းရှုံးနေသည်။ ကြာလေဖြေရှင်းရခက်လေဖြစ်လာနိုင်သည်။ မြန်မာသံတော်ဆင့်

Friday 21 September 2012

ဝန်ကြီးချုပ်ဦးနုမှ မှားယွင်းစွာ ပြဿနာကို မီးမွှေးခဲ့မိပုံ

အမေရိကန်လူမျိုးတစ်ယောက်ရေးသားသည့် ရိုဟင်ဂျာအကြောင်း ဖြစ်ရပ်မှန်များနှင့် နောက်ကြောင်းရာဇ၀င် အပိုင်း(၂) by Won Thar Nu page မှ ၀န်ကြီးချုပ်ဦးနုမှ မှားယွင်းစွာ ပြဿနာကို မီးမွှေးခဲ့မိပုံ ၁၉၅၀,၁၉၆၀,၁၉၇၀ခုနှစ်များမှာ မြန်မာပြည်ဟာနိုင်ငံရေးရှုပ်ထွေးမှုတွေ၊ အချင်းချင်း အချင်းများတိုက်ခိုက်မှုတွေ၊ ကွန်မြူနစ်သူပုန်ထမှုတွေ ၊ရောင်စုံသူပုန်တွေနဲ့ရှုပ်ယှက်ခတ်ပြီး ရှင်းမရလောက်အောင်ဖြစ်ခဲ့ရပါတယ်။(ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရတဲ့၁၉၄၇ခုနောက်ပိုင်းမှာဗိုလ်နေ၀င်းကအသာစီးရနေရာယူလာခဲ့တယ်)ပြည်ထောင်စုမြန်မာနိုင်ငံဟာ လုံးဝ ပြိုလဲသွားမယ့် အန္တရာယ်ကနေ ထိန်းချုပ်မှုရလာခဲ့စဖြစ်ခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင် ဦးနုအတွက်တော့ကြိုးတန်းပေါ်လျှောက်ရသလို အသည်းအသန်အခြေအနေ ရောက်ခဲ့တယ်။ ဦးနုကို လွှတ်တော်မှာ အယုံအကြည်မရှိအဆိုကို တင်သွင်းပြီးသူ့အာဏာကို ခွာချဖို့ ထုတ်ပြန်စာထွက်ခဲ့တယ်။ သူဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့ သူရနိုင်သမျှ အကူအညီတွေလိုနေပြီလေ။ ဦးနုဟာ ပါလီမန်မှာ ရခိုင်လွှတ်တော်အမတ်တွေကိုအားကိုးလို့ မရခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ ရခိုင်လူမျိုးတွေက ဦးနုကို မထောက်ခံဘဲ ဆန့်ကျင်ကြလို့ပါပဲ။ အဲဒီတုန်းက လွှတ်တော်မှာမူဆလင်တချို့ရှိတယ်။ ဦးနုဟာ သူ့ကို ယုံကြည်ပြီး ထောက်ခံမဲရဖို့ အဲဒီမူဆလင်တွေ အတွက် ဘာမဆို သူလုပ်နိုင်သမျှအကူအညီပေးချင်နေတယ်။ ၁၉၅၈ ခုနှစ်၊ ရွေးကောက်ပွဲမှာတော့ ဦးနုရဲ့ တစ်ကိုယ်ကောင်းကွက်ကြည့်တတ်တဲ့ အစိုးရဟာထောက်ခံမဲပွတ်ခါသီခါနဲ့ အနိုင်ရရှင်သန်နိုင်ခဲ့တယ်။ ဘာကြောင့် သူနိုင်ခဲ့သလဲဆိုတော့ သူက မူဆလင်တွေ၊ မွန်လူမျိုးတွေနဲ့ တခြားမဲအချို့ကို ရလိုက်လို့ပါပဲ။သူ ဒီမဲတွေရဖို့  မွန်တို့ကို မြန်မာပြည်ရဲ့ အရှေ့ပိုင်းမှာ မွန်ပြည်နယ်တွေ ဖန်တီးပေးမယ်၊ မြန်မာပြည်ရဲ့အနောက်ပိုင်းမှာတော့မူဆလင်ပြည်နယ် တွေတည်ထောင်စေမယ်၊ ပြီးတော့  မြန်မာပြည်မှာ ဘင်္ဂါလီမူဆလင်များကို နိုင်ငံသားပြုခွင့်ပြုမယ်လို့ ကတိပေးလို့ပဲဖြစ်ပါတယ်။ (အဲဒီအချိန်တုန်းက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို လူလည်း မသိ၊ အသုံးလဲ မပြုခဲ့ကြပါ)၁၉၈၅ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့မှာ ဦးနုက မူဂျာဟစ်သူပုန်အားလုံးကို လက်နက်ချကြပါလျှင် အခွင့်အရေးပေး မည်လို့ ကမ်းလှမ်းမှုလုပ်ခဲ့တယ်။ တချို့မူဂျာဟစ်တွေက လက်နက်ချကြတယ်။ တချို့ကတော့ နိုင်ငံသားပြုမှုကို တောင်းဆိုကြတယ်။ ဒါပေမယ့် အခြားအဖြစ်အပျက်တွေဟာ လျင်မြန်စွာဘဲ ဖြစ်ပျက်ခဲ့တယ်။ ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလမှာတော့ ဗမာတပ်မတော်က အဆင့်မြင့်စစ်အရာရှိတွေက ဦးနုရဲ့နေအိမ်ကိုသွားပြီး စစ်တပ်နဲ့ဆန့်ကျင်မှာလား သို့မဟုတ် အာဏာစွန့်လွှတ်ပြီး စစ်တပ်ကို အာဏာလွှဲအပ်မလားဆိုတဲ့ ရာဇသံ သတိပေးခဲ့တယ်။ (ဦးနုမှာ စစ်တပ်ကိုဆန့်ကျင်ရင် အကျဉ်းကျခံရ (သို့) အသတ်ခံရမှာဖြစ်တယ်)။ တကယ်တော့ စစ်အရာရှိများဟာ လေဆိပ်နဲ့ မြို့နယ်တွေနဲ့ ၁၀မိုင်ဝေးတဲ့နေရာတွေမှာ အဆင်သင့် တပ်စွဲထားပြီးပြီဖြစ်ပါတယ်။ဦးနုမှာ ရွေးချယ်စရာ မရှိလေပြီ။ သူ့မှာ အာဏာလည်း မရှိတော့ပြီမို့ သူ့ရဲ့ပြည်နယ်ပြုပေးရေး၊ နိုင်ငံသားပြုပေးရေး တွေလည်း ကင်းဝေးပျောက်ကွယ်ပြီပေါ့။ ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့ စစ်တပ် အိမ်စောင့်အစိုးရက အာဏာသိမ်းယူခဲ့ ပြီး (၂)နှစ်အတွင်း ရွေးကောက်ပွဲတွေကျင်းပပေးမယ်လို့ ကတိပေးခဲ့တယ်။ ၁၉၆၀ ခုနှစ်မှာ ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တယ်။အဲဒီရွေးကောက်ပွဲတွေမှာလည်း တကယ်တော့ ဦးနုကိုအာဏာပြန်ပေးဖို့ ဆန္ဒမဲ ပေးခဲ့ကြပါတယ်။ ဦးနုက သူ့ကို အမြန်မဲပေးခဲ့သူတွေကို ကျေးဇူးတင်ခဲ့ရပြီလေ။ ဦးနုက မဖွံ့ဖြိုးသေးတဲ့မြန်မာ့ရေဒီယို (Voice of Burma) ကနေ ပုံမှန်အစီအစဉ်တစ်ခုအနေနဲ့ ဘင်္ဂလီဘာသာစကားနဲ့ အသံလွင့်မှုကို အတင်းလုပ်စေပြီး သူ့ကိုအကူအညီပေးခဲ့တဲ့ မူဆလင်လွှတ်တော်ကိုယ်စားလှယ်တွေကို တစ်စိတ်တစ်ဒေသကြေနပ်အောင် လုပ်ခဲ့ပါ တယ်။ ဘင်္ဂါလီတွေဟာပို၍ပို၍လိုချင်လာကြတယ်။ ထောင်ပေါင်းများစွာရှိတဲ့ ဘင်္ဂါလီမူဆလင်တွေက မြန်မာလူမျိုး မှတ်ပုံတင်ကဒ်ရရှိလိုကြောင်းတောင်းဆိုကြတယ်။ မူဆလင်ဘာသာဝင်သူတွေကသာ ထိန်းချုပ်ရမဲ့ အထူးနယ်ခြား နယ်မြေ မောင်းတောမြို့ကို ဦးနုကထူထောင်တာပဲဖြစ်တယ်။ ဆိုလိုတာကတော့ ကြက်ခြံကို မြေခွေးအစောင့်ချခိုင်းသလို၊ ယခုလို နယ်ခြားဒေသကို မူလဆင်များက ထိန်းချုပ်လာနိုင်စေဖို့ပေါ့။ ယခုအခါမှာ ဘင်္ဂါလီမူဆလင်ခေါင်းဆောင်တွေက သူတို့ရဲ့ ဘင်္ဂါလီလူမျိုးတွေကို မြန်မာပြည်မှာရှိတဲ့ ကချင်၊ မွန်၊ ပအို့၊ ချင်း၊ ပလောင်စတဲ့ဇာတိမြေမှာ မွေးတဲ့ဌာနေခံ တိုင်းရင်းသား လူမျိုးနွယ်စုတွေလို့ သတ်မှတ်ပြီးအသိအမှတ်ပြုခံရ စေဖို့ ကြိုးစားခဲ့ကြတယ်။ ဒါမှသာနိုင်ငံသားဖြစ်ခြင်း၊ ပြုခြင်းအတွက် တရားဝင်မယ်လေ။ ယနေ့ခေတ်မှာ ဘင်္ဂါလီ မူဆလင် (သို့) စစ်တကောင်းမူဆလင်အသုံးအနှုံးတွေကို သုံးရမယ့်အစား ယေဘုယျအနေမျိုးနဲ့ “ရခိုင်မူဆလင်များ”လို့ခေါ်ဝေါ်သုံးစွဲလာခဲ့ပြီး၊ လူတွေနားလည်မှုလွဲအောင်ဆွယ်ယူပြီး ကမ္ဘာကြီးတစ်ခုလုံးက သူတို့ကိုရခိုင်မှတ်တမ်းဝင်အသိမှတ်ပြုတစ်ရပ်အဖြစ် ယုံလာစေဖို့ ကြိုးစားနေကြတယ်။ ဒီမှာ ထင်ရှားနေတဲ့ ပြဿနာ ကတော့ ရှင်းပါတယ်။ တခြားတခြားသော တိုင်းရင်းသားမျိုးနွယ်စုဖြစ်ခြင်းတွေမှာ နက်ရှိုင်းတဲ့ ဇစ်မြစ်တွေနဲ့သူတို့ရဲ့ ဇာတိမြေရဲ့ သမိုင်း ကြောင်းရှည်ဆိုတာရှိစမြဲဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်မူဆလင်လို့ဆိုတာတွေ မရှိကြပါဘူး။ သူတို့တတွေဟာ တစ်ဖက် နိုင်ငံကို ပြောင်းရွှေ့လာကြတဲ့ လူလှိုင်းကြီးတွေထဲက ပေါက်ပွားလာခဲ့ကြပြီး၊ သူတို့လူမျိုးတွေဟာရောက်တဲ့နေရာမှာ ရှိတဲ့သူတွေကို တိုက်ခိုက်သတ်ဖြတ်ကြပြီး ဌာနေခံဇာတိမြေက လူတွေဆီက ဥစ္စာပစ္စည်းတွေနဲ့ မြေယာတွေကိုလုယူခဲ့ကြတယ်။ပြီးတော့သူတို့မှာ အစ္စလာမ်ချည်း သီးသန့်ရှိတဲ့ ပြည်နယ်က သူတို့ရဲ့ မူဆလင်လူမျိုးတွေအတွက် ဆွေးနွေးပြောဆိုစရာတွေရှိတယ်ဆိုပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ဘယ်တော့မှ ဖြစ်လာနိုင် စရာအကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံ ဇာတိမြေက တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရေးအတွက် သူတို့ရဲ့ တောင်းဆိုချက်ဟာ ပယ်ချခံခဲ့ရတယ်လေ။ဤကမ္ဘာမြေပြင်ပေါ်မှာ ဇာတိချက်ကြွေဌာနေခံ ရခိုင်လူမျိုးတို့ရဲ့ တစ်စိတ် တစ်ပိုင်းလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်သလို၊မကြာသေးခင်ကမှ မျိုးဆက်တစ်ဆက် (သို့) နှစ်ဆက်မျှ ပြောင်းရွေ့ဝင်လာကြတဲ့ သူတို့တတွေဟာ ဤမြန်မာမြေမှာအခြေချနေကြရုံနဲ့လည်း မြန်မာ့တိုင်းရင်းသားလူမျိုးနွယ်စု တစ်စိတ်တစ်ဒေသ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တာကို လုံးဝ ရှင်းပါတယ်။ အဲဒီမှာ “ရခိုင်မူဆလင်”ဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုန်းကို အကောက်ဥာဏ်ဆင် တဲ့ရည်ရွယ်ချက်နဲ့သုံးခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တော့ အခု “ရိုဟင်ဂျာ” အခေါ်အဝေါ်ကို စတင်သုံးကြပြန်ပါတော့တယ်။ ဦးနုကအာဏာရရှိရေးအတွက်တစ်ကြိမ်ကြိုးစားခဲ့တာရော၊သူပြုခဲ့တဲ့ ကတိက၀တ်တွေရော၊ သူကိုယ်တိုင်ပင်လျှင် မအောင်မြင်လာတော့မဖြည့်စွမ်းနိုင်ခဲ့ပါဘူး။၁၉၆၂ ခုနှစ်၊ မတ်လတွင် ဗိုလ်ချုပ်နေ၀င်းက ဤအခြေအနေကို အကြောင်းပြလျက် စင်ပေါ်ကို စစ်တပ်အောင်ပွဲတင်ပြီး အာဏာကိုသိမ်းယူခဲ့တယ်။ ဖွဲ့စည်းပုံကို ဖြုတ်ချပြီး၊ မြန်မာရေဒီယိုအစီအစဉ်မှာ ဘင်္ဂါလီဘာသာနဲ့ မွန်ဘာသာနဲ့ ထုတ်လွှင့်ခြင်းကိုပါချက်ချင်းရပ်ဆိုင်းလိုက်ပါတယ်။ ဦးနုကိုလည်း ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ ဒီ့နောက် “ရိုဟင်ဂျာ”ဆိုတဲ့ နာမည်လည်း (၁၀)နှစ်လောက် ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ “ရိုဟင်ဂျာ”တို့၏ လုပ်ကြံတီထွင်မှုနှင့် သမိုင်းကြောင်း အထောက်အထားကိုဥာဏ်ဆင်လှည့်ဖြားရေးသားမှုများ ၁၉၅၀ ခုနှစ်အတွင်းမှာတော့ “ရိုဟင်ဂျာ”ဆိုတဲ့ အခေါ်အဝေါ်ဟာပေါ်ပေါက်ခဲ့တယ်။ အဲဒီအခေါ်အဝေါ်ဟာ ဒေသတ၀ိုက်ကို စတင်ပျံ့နှံ့လာပြီး တဖြည်းဖြည်းနဲ့ ဘင်္ဂါလီမူဆလင် (သို့) စစ်တကောင်းမူဆလင်ဆိုတဲ့ အခေါ်အဝေါ် တွေကို အစားထိုးတဲ့နာမည်တစ်ခုဖြစ်လာတယ်။ဒါပေမယ့် တော်တော်ကြာတဲ့အချိန်ရောက်မှ အများသိတဲ့ နာမည်တစ်ခုဖြစ်လာပါတော့တယ်။၁၉၆၀ ခုနှစ်မှာတော့ ဗိုလ်ချုပ်နေ၀င်းက မူဂျာဟစ်သူပုန်တွေကို နှိမ်နင်းခဲ့တယ်။ အဲဒီလိုနဲ့ မူဆလင်ခေါင်းဆောင်တွေ ဟာမူဆလင်တွေအတွက် ဇာတ်လမ်းအသစ်တစ်ပုဒ်လိုလာပြီဆိုတာကို သတိထားမိလာတာနဲ့အမျှ ဘ၀အသစ်အဖြစ် လက်ခံခဲ့ပြီး အခုဆိုရင်သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ”လို့ ခေါ်နေကြပြီ။ဒီစာလုံးအခေါ်အဝေါ်သစ်က “သတင်းမီဒီယာ နှင့် အထောက်အထား”တွေကို သေချာကိုင်တွယ်ဖို့ ပိုမိုလွယ်ကူလာ တယ်။ဘင်္ဂါလီမူဆလင်နဲ့ စစ်တကောင်းမူဆလင်ဆိုတဲ့ အခေါ်အဝေါ်တွေက သူတို့ဟာ ပြည်ပကလာတယ် ဆိုတာကို ဖော်ပြနေတယ်လေ။ပြီးတော့ သူတို့တွေ ဘင်္ဂါလီ သို့မဟုတ် စစ်တကောင်းမှာ အခြေစိုက်လာခဲ့ကြတယ် ဆိုတာကိုပေါ့။“ရိုဟင်ဂျာ”ဆိုတဲ့ နာမည်မှာ အခြားတူတဲ့ အဓိပ္ပါယ်မရှိဘူး။ ဒါကြောင့် အဲဒီနာမည်က သူတို့ရဲ့“သမိုင်းသစ်”ကို ဖြန့်ဖို့ပိုပြီးလွယ်ကူစေခဲ့တယ်။ အဲဒီ “သမိုင်းသစ်”မှာ သူတို့ ရိုဟင်ဂျာတွေဟာ အမှန်တကယ်ပဲ ဒီနယ်မြေတွေမှာ နေထိုင်ကျက်စားခဲ့တာအလွန့်အလွန်ကြာမြင့်နေပြီလို့ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဘာကြောင့် ရိုဟင်ဂျာတွေကို မုန်းရသလဲ၊ပြီးတော့ သူတို့ကို ဘာကြောင့် မကူညီတာလဲ ၁၉၄၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးပေးတော့ အိန္ဒိယအရှေ့ဘက်ခြမ်းနဲ့ အိန္ဒိယအနောက်ဘက်ခြမ်းဆိုပြီးမူဆလင်ဒေသနှစ်ပိုင်းရှိနေခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်ပိုင်းဟာ ပူးပေါင်းထားတာ မဟုတ်ဘဲနဲ့ ပါကစ္စတန်ရဲ့ အစ္စလာမ်နိုင်ငံ တစ်ခုအဖြစ်ပြုလုပ်ခြင်းခံခဲ့ရတယ်။ (အဲဒီမူဆလင်တွေဟာ သူတို့ရဲ့နိုင်ငံကိုတောင် ကိုယ်တိုင်ပြဿနာရှာခဲ့တယ်)နောက်ပိုင်းမှာတော့ သူတို့ကြားက တင်းမာမှုတွေ ပြင်းထန်လာပြီး သွေးချောင်းစီးတဲ့ တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တယ်။ ပြီးတော့ အရှေ့ပိုင်းဟာအင်အားကြီးတဲ့ အနောက်ပိုင်းက လွတ်လပ်ရေးရသည့်တိုင်အောင် တိုက်ခိုက်ခဲ့ကြတယ်။၁၉၇၁ ခုနှစ်နောက်ပိုင်းမှာ အရှေ့ဘက်အပိုင်းဟာ ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ နိုင်ငံသစ်ဖြစ်လာတယ်။ရခိုင်မှာရောက်နေတဲ့ မူဆလင်တွေက တကယ်တမ်းကြတော့ထူးခြားစွာဝေးလံတဲ့အနောက်ဘက်ပိုင်း (ပါကစ္စတန်)ကိုအားပေးထောက်ခံခဲ့ပြီး နယ်မြေနီးစပ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို နည်းနည်းလေးမှ အထောက်အကူ မပြုခဲ့ပါဘူး။ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့သူတို့တွေဟာပိုပြီးစိတ်ဓာတ်ပြင်းထန်တဲ့ပါကစ္စတန်နိုင်ငံရဲ့အစ္စလမ်ဘာသာကို ပိုပြီး သဘောကျနှစ်သက်လို့လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရပြီးနောက်မှာတော့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေဟာ မြန်မာနိုင်ငံမှာနေနေတဲ့ ဘင်္ဂါလီ (သို့)စစ်တကောင်း မူဆလင်တွေအပေါ် ဒေါသထွက်ခဲ့ကြတယ်။ ပြီးတော့ သူတို့တတွေကို သူတို့နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ပစ်လိုက်ပြီး သူတို့ကို သစ္စာဖောက်တွေအဖြစ် သတ်မှတ်ဆက်ဆံကြတယ်။ ယခုထက်တိုင်လည်း ဘင်္ဂလားဒေ့ရှ်က သူတို့ကို ခွင့်မလွှတ်နိုင်ဘူး၊ဖြေလည်း မဖြေပျောက်နိုင်လောက်အောင် နာကျည်းနေကြပါတယ်။ ဘယ်တော့မှလည်း သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာဖို့လက်ခံမှာ မဟုတ်ဘူး။ ဘင်္ဂါလီ (သို့) စစ်တကောင်းမူဆလင်တွေဟာလည်း ဒီလူတွေနဲ့ လူမျိုးချင်းအတူတူပါပဲ။ ဒီနေရာကပဲလာပြီး ဘာသာစကားချင်းလည်းအတူတူပါပဲ။ မျိုးနွယ်စုချင်းလည်း မကွာခြားပါဘူး။ ဒါပေမယ့်အဲဒီအချိန်မှာ အကယ်၍ ခင်ဗျားရဲ့ မိဘ (သို့) ဘိုးဘွားတွေက ပါကစ္စတန်ကိုထောက်ခံတယ် ဆိုရင် ဘင်္ဂလားဒေ့ရှ်က လက်သင့်မခံပါဘူး။ ရိုဟင်ဂျာတော်တော်များများဟာ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကို ခိုးဝင်ပြီး ကြောက်ခမန်းလိလိ ဒုက္ခသည်စခန်းကြီးတွေ ဖွင့်ဖို့ကြိုးစားခဲ့ကြတယ်။ ဒီတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ က အဲဒီဒုက္ခသည်တွေကို အကူအညီပေးမယ့် နိုင်ငံခြားအထောက်အကူပေးတဲ့အဖွဲ့အစည်းတွေကို တားမြစ်ခဲ့ပါတယ်။ဒါကြောင့် ရခိုင်ပြည်နယ်မှာ ရောက်နေတဲ့ မူဆလင်တွေဟာ သူတို့အတွက် မှတ်ပုံတင်လိုအပ်နေခဲ့တာပေါ့။ ပြီးတော့ “ရိုဟင်ဂျာ”ဆိုတဲ့အမည်ကို တည်ထွင်ခဲ့ကြရတာဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့အကြောင်းတစ်စေ့တစ်စောင်း ရခိုင်ဗုဒ္ဓဘာသာဝင်တွေက ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်ကို ဘာလို့ မကြည့်ချင် မမြင်ချင်ကြလဲဆိုတော့။ ဥပမာ ၁၉၄၈ ခုနှစ်တုန်းကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘာသာဝင် ဦးရေ (၂၈)ရာခိုင်နှုန်းရှိခဲ့ရာကနေ ယခုဆို (၉)ရာခိုင်နှုန်းပဲရှိတော့တယ်လေ။အဲဒါ ဘာ့ကြောင့်လဲ?။ ဟိန္ဒူတွေဟာ အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခြင်းခံခဲ့ကြရတယ်။ နိုင်ငံထဲကနေထွက်ပြေးအောင်လည်း ခြိမ်းခြောက်တာတွေ၊ဖိအားပေးတာတွေလုပ်ခဲ့ကြလို့ပါ။၁၉၄၈ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံမှာ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ဆိခ်ဘာသာဝင်ဦးရေ (၂၀)ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုဆို (၁)ရာခိုင်နှုန်းသာရှိတော့တယ်လေ။အိန္ဒိယနိုင်ငံက ၁၇၉၀ မိုင်ရှည်တဲ့ သံမဏိထည်နဲ့တည်ဆောက်ထားပြီး သံဆူးကြိုးတွေနဲ့ ကာရံထားတဲ့ ခံတပ်သဖွယ်နယ်နိမိတ်စည်းရိုးကြီးကို ရှည်လျားလှတဲ့ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်တလျှောက်လုံးမှာ တားဆီးတည်ဆောက်ထားခဲ့ တယ်။ရည်ရွယ်ချက်ကတော့ အစ္စလာမ်ဘာသာဝင် အကြမ်းဖက်သမားတွေ၊ အိန္ဒိယနိုင်ငံထဲမှာ အလုပ်အကိုင်လာရှာတဲ့ နိုင်ငံပြောင်းရွှေ့လာမယ့်လူတွေ၊ ထိန်းမနိုင်သိမ်းမနိုင်လောက်တဲ့ ရိုဟင်ဂျာလူလှိုင်းကြီးတွေနဲ့ တခြားမူဆလင်တွေ ၀င်မလာနိုင်အောင် (သို့) ကင်းဝေးအောင်ဖြစ်ပါတယ်။အဲဒီလိုပဲ အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ် မိုင် ၁၀၀၀ တလျှောက်လုံးကိုလည်း မူဆလင်အကြမ်းဖက်သမားတွေနဲ့ ကင်းလွှတ်အောင် အဓိကထားပြီး အဲဒီစည်းရိုးကြီး တွေကို တည်ဆောက်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်မှာတော့ အိန္ဒိယနိုင်ငံနဲ့ နယ်ခြားစည်းရိုးရယ်လို့ ဘာတစ်ခုမျှ မရှိပါဘူး။ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာရှင်ခေတ်အတောအတွင်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းခဲ့ချိန်မှာ ပျောက်ကွယ်သွားခဲ့ပြီး ၁၉၇၂ ခုနှစ်မှာပြန်ပြီးပေါ်လာခဲ့ပါသေးတယ်။ မူဆလင်ထုကဒီနယ်မြေကို သူ့သဘောနဲ့သူ အစ္စလာမ်ပြည်နယ်အဖြစ် တောင်းဆိုမှုကို ထပ်မံပယ်ချခံရပြီးတဲ့နောက်မှာ တဖန်ပြန်ပျောက်ကွယ်သွားပြန်ရော။ ၁၉၇၈ ခုနှစ်မှာ မြန်မာ့ တပ်မတော်နဲ့ မူဂျာဟစ်သူပုန်တွေ အကြီးအကျယ်တိုက်ခိုက်ကြစဉ်က နည်းနည်းပြန်ပေါ်လာပြန်တယ်။ (ဒီပွဲမှာ“နေ၀င်းစတိုင်”ကတော့ သိတဲ့အတိုင်းပဲ၊ သွေးထွက်သံယိုအပြင်းအထန်ပွဲကြမ်းတာမို့၊ အသေအပျောက်ကတော့ အများကြီးရှိခဲ့ပါတယ်)။ ၁၉၉၁ခုနှစ်မှာလည်း ဒုတိယအကြိမ် မြန်မာ့တပ်မတော်နဲ့ အပြင်းအထန်တိုက်ပွဲကြီးဖြစ်ပြီးတဲ့နောက်ပိုင်း တစ်ခါပြန်ပေါ်လာပြန်တယ်။ ၁၉၉၈ ခုနှစ်၊ မေလ(၁၃)ရက်နေ့မှာ ၁၉၄၂ ခုနှစ်က ဘင်္ဂါလီတပ် (Bengali V-Force)က ဌာနေခံ ရခိုင်ဗုဒ္ဓဘာသာဝင် (၃၀၀၀၀)ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲနှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ (RLO)ကဘင်္ဂါလီမူဆလင် (၅၀၀၀၀)ကျော်က မောင်းတောမြို့ကို အလျင်အမြန် ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ပါတယ်။ရိုဟင်ဂျာတွေဟာ ပထမဦးဆုံး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းကြီး တစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီး၊ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ရပ်ကွက်တွေကို မီးရှို့တယ်။ အဲဒီနေရာမှာနေထိုင်တဲ့ ရခိုင်လူမျိုးမှန်သမျှ အကုန်လုံးကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့လူမျိုးနွယ်တုံးအောင် သုတ်သင်တဲ့ ဒီအစီအစဉ်ကို ဌာနေခံ မြန်မာ့တပ်မတော်မှ အင်အားဖြည့်ထားတဲ့ မြန်မာ့ရဲတပ်ဖွဲ့က ရပ်တံ့အောင်တားဆီးကာကွယ် နိုင်ခဲ့တယ်။ အဲဒီကတည်းက မြန်မာ့တပ်မတော်တပ်မများကအမြဲတမ်းတပ်စွဲပြီး၊ ဘင်္ဂါလီမူဆလင်တို့ရဲ့ နောက်ထပ်လူမျိုးတုံးအောင် သတ်ဖြတ်တိုက်ခိုက်မှုကို ကာကွယ်စောင့်ရှောက်ခဲ့ရတယ်။ ရိုဟင်ဂျာတွေကနှစ်ပေါင်းများစွာဒုက္ခများစွာပေးလာခဲ့တာယခုနောက်ဆုံးဖြစ်တဲ့အချိန်အထိတိုင်အောင်ပါပဲ။ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့(RLO) ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ အာမက်ရှား (Ahmed Shah)ရဲ့ ဟောပြောချက်တိပ်ခွေကို အခမဲ့ဖြန့်ဝေတယ်။အဲဒီဟောပြောချက်တွေထဲမှာ မောင်းတောမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ မူဆလင်မကိုးကွယ်တဲ့သူမှန်သမျှ အားလုံးကို မြို့ထဲကနေမောင်းထုတ်ပစ်ရမယ်၊ ရခိုင်ဗုဒ္ဓဘာသာဝင်လူမျိုးသုဉ်းအောင် သတ်ဖြတ်သုတ်သင်ရမယ်၊ အဲဒီနေရာမှာ မူဆလင် ဘာသာဝင်မဟုတ်သူမှန်သမျှ အားလုံးကို ရှင်းပစ်ရမယ်လို့ တိုက်တွန်းညွှန်ကြားခဲ့တယ်။ ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ (RLO)ကလည်း သောင်းပေါင်းများစွာသော လှုံ့ဆော်စာရွက်များကို ဖြန့်ချိကြတယ်။ အဲဒီထဲမှာရခိုင်မိန်းကလေးချောချောလေးများရဲ့ဓာတ်ပုံတွေထည့်သွင်းဖော်ပြထားပြီး ဘင်္ဂလားဒေ့ရှ်ရှိနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီမူဆလင်ယောက်ျားများသွားရည်ကျလောက်အောင် ညွှန်းပြီး မြန်မာပြည်ကိုအရောက်လာကြဖို့ နှိုးဆော်ထားတယ်။ မြန်မာပြည်မှာအစာရေစာပေါများပြီး ရိုဟင်ဂျာယောက်ျားတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီး(၄)ယောက်ကို လက်ထပ်သင့်ကြောင်း၊ပြီးတော့ ဒီမိန်းကလေးတွေကို အစ္စလာမ်ဘာသာဝင်အောင်ပြောင်း ပစ်ရမယ်လို့ စည်းရုံးလှုံ့ဆော်ထားတယ်။ပြီးတော့ အဲဒီဒေသကို (မူဆလင်တို့အတွက်သာဖြစ်တဲ့အစ္စလာမ်ပြည်နယ်) ဟုထူထောင်ရေးဆိုတဲ့ မဟာအစီအစဉ်ကြီးကိုပါဝင်ကူညီကြဖို့ သင့်ကြောင်း ရေးသားထားတယ်။ Like · · Share