Sunday 16 September 2012

မွန်တိုင်းရင်းသားစာပေမူကြမ်းတွင် နိုင်ငံတော်သီချင်းအစား မွန်အမျိုးသားသီချင်းထည်သွင်း

မွန်တိုင်းရင်းသားစာပေမူကြမ်းတွင် နိုင်ငံတော်သီချင်းအစား မွန်အမျိုးသားသီချင်းထည်သွင်း

မြန်မာသင်ပုန်းကြီးဖတ်စာကို သူငယ်တန်းမှဒုတိယတန်းထိ တိုင်းရင်းသားစာပေများသို. ပြန်ဆိုပြီး ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေသင်ကြားရာတွင် ထည့်သွင်းသင်ကြားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားပြီးနောက် မွန်လူမျိုးစုက တင်သွင်းသောမွန်ဘာသာမူကြမ်းတွင် နိုင်ငံတော်သီချင်းကိုထည့်သွင်းရမည့်အစား မူလရှိနှင့်ပြီးမွန်အမျိုးသားသီချင်းကို ထည့်သွင်းထားကြောင်း တိုင်းရင်းသားစာပေမူကြမ်းရေးဆွဲရာတွင် ပါဝင်သူတစ်ဦးက The Voice Weekly သို.ပြောကြားသည်။ ယင်းသို.မွန်အမျိုးသားသီချင်းကို အစားထိုးထည့်သွင်းရခြင်းမှာ နိုင်ငံတော်သီချင်းကိုမွန်ဘာသာတို. တိုက်ရိုက်ဘာသာပြန်ဆိုရာတွင် အခြားပြဌာန်းစာများနှင့်မတူဘဲ စကားလုံးအသုံးအနှုံး အသံမေအသံထား အခက်အခဲများစွာရှိခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါမူကြမ်းရေးဆွဲသူများတွင် ပါဝင်သူ မော်လမြိုင်တက္ကသိုလ်ပါမေက္ခအငြိမ်းစား ဒေါ်မိမြ၀င်းက ဆိုသည်


No comments:

Post a Comment