Sunday 16 September 2012

Joseph Yunနှင့် ဒုက္ခသည်စခန်းများအား ထပ်မံသွားရောက်တွေ့ဆုံ

Mr.Joseph Yunနှင့်အတူ အဖွဲ့ဝင် (၃) ဦးမှာ တာခ်နာမြို့နယ် ကုလအသိအမှတ်ပြုခံ ဒုက္ခသည်နှင့် အသိအမှတ်ပြုရန် တောင်းဆို ထားသော ဒုက္ခစခန်းနှစ်ခုအား နံက်ပိုင်းတွင် ထပ်မံ၍ ယမန်နေ့က သွားရောက်တွေ့ဆုံလေ့လာခဲ့ကြောင်း သတင်းရရှိသည်။ Mr. Joseph Yunနှင့်အဖွဲ့မှာ အင်္ဂါနေ့က ဒက္ကားမြို့သို့ မြန်မာမှရောက်ရှိလာပြီး ဗုဒ္ဓဟူးနေ့က အိုခီးယားမြို့နယ် ကိုတိုးပါလောင် ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့ပြီးနောက် တာခ်နာမြို့နယ် ကုလအသိအမှတ်ပြုခံထားရသော နော်ရာပါရာနှင့် အသိအမှတ်ပြုရန် တောင်းဆိုနေသော လေဒါစခန်းများသို့ (၃)နာရီခန့်ကြာလေ့လာရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းစခန်းများသို့ သွားရောက်လေ့လာခဲ့စဉ်အတွင်း ကော့စ်ဘဇားခရိုင်မှူး မိုဟာမတ် ဇော်ရ်နုလ် ဘာရီ၊ ရဲထောက်လှမ်းရေး ဘာဘူလ် အာက်တာရ်၊ ဒုက္ခသည်များကို ကူညီဆောင် ရွက်ပေးနေသူ ဆာလာဟ် အူဒိန်တို့ လိုက်ပါခဲ့ပြီး ဒေသခံအာဏာပိုင်များ လုံခြုံရေးများကို ဖြန့်ကျဲ့ ချထားပေးခဲ့ကြောင်း မျက်မြင်များက ပြောသည်။ အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အကူအညီများကို လက်ခံယူပြီး ဒုက္ခသည်များသို့ အရောက်ကူညီပေးနေကြောင်း၊ ဖြစ်ပေါ်နေသော ပဋိပက္ခများအတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်နေသည့်အတွက် ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ ဘင်္ဂလီမူဆလင်များအား နေ့စဉ်ကူညီ ပေးနေကြောင်း၊ ဒုက္ခသည်များအခက်အခဲကို ပြေလည်အောင်ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဘင်္ဂလီမူဆလင်များထပ်မံပြီး အကူအညီလိုအပ်နေသေးကြောင်းနှင့် မိမိဒေသသို့ ပြန်လည်သွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ် The Daily Ajker Deshbides သတင်းစာက ဆိုသည်။ ယင်းဝန်ကြီးနှင့်အဖွဲ့အနေဖြင့် ယမန်နေ့က နေ့လည်ပိုင်းတွင် ဒက္ကားသို့ထွက်ခွာသွားခဲ့ပြီး ယင်းမှတဆင့် မိမိနိုင်ငံသို့ထွက်ခွာသွားမည် ဖြစ်ကြောင်း သိရှိရသည်။ BGB အမှတ် (၁၇) တပ်ရင်းမှူး ခါလေကူဇ္ဖာမာန်နှင့် (၄၂) တပ်ရင်းမှူး ဇာဟိဒ်ဟာဆာန်တို့က ကျူးကျော်လာသော ဘင်္ဂလီမူဆလင်များကို နယ်စပ်ဒေသများမှ ဖမ်းဆီးရမိကြောင်းနှင့် စားသောက်ဖွယ်ရာများပေးပြီး ဖြတ်ကျော်လာသည့် နယ်စပ်များမှ စုစုပေါင်းဦးရေ (၅၀)ဦးအား ရခိုင်ပြည်နယ် နယ်စပ်ဘက်သို့ ယမန်နေ့က ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ယနေ့ထုတ် DAINIK COX'S BAZAR သတင်းစာက ဆိုသည်။ ၀န်ကြီးနှင့်အဖွဲ့ အနေဖြင့် ဘင်္ဂလာတွင် မြန်မာနိုင်ငံသား ဒုက္ခသည်များ ရှိနေသည့်အကြောင်းကို သတိရခဲ့ပုံ မရှိခဲ့ပေ။

No comments:

Post a Comment