Thursday 20 September 2012

""ရခိုင်အထူးစုံစမ်းရေးအဖွဲ့ က မစုံစမ်းတတ်သူများ မဖြစ်ကြပါစေနဲ့ ""

( အောင်သာနီ) သတင်းတပုဒ် ဖတ်ရတယ် ။ ပေါက်တောမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ဦးတက်ထွန်းအောင် ကို အထူးစံစမ်းစစ်ဆေးရေးသမားတွေက မေးမြန်းခဲ့ တယ် ။အဲဒီမှာ ဒေါ်သန်းသန်းနုတို့  လဲ ပါတယ် ။ ဦးတက်ထွန်းအောင်ကဘင်္ဂလီကုလားတွေကို ၀န်ကြီးချုပ်ဟောင်း ဦးနုက သူ့ ပါတီမဲ အနိုင်ရစေဖို့ လုပ်ပစ်ခဲ့ တာကို ပြောပြတယ် ။ ဒေါ်သန်းသန်းနုက ကျမက ဦးနုရဲ့ သမီးပါလို့ ပြန်ပြောတယ် ။ ဦးတက်ထွန်းအောင်က နာမည်ကြားဖူးပါတယ် ။ ဒါပေမဲ့  သူ့ ပါတီမဲအနိုင်ရဖို့ လုပ်တာကိုတော့ ပြောရမှာဘဲ ဆိုပြီး ပြောတယ် ။ အဖေလုပ်သူရဲ့  ဒဏ်ကို သမီးဖြစ်သူက ခံစားရလေတယ်လို့ ဒေါ်သန်းသန်းနု က မှတ်ထင်သွားနိုင်တယ် ။ ဒါပေမဲ့  ရခိုင်လူမျိုးရဲ့ စိတ်ထဲမှာ အနာတရဖြစ်နေတဲ့  ဒီဒဏ်ကို ပြောနေတယ်ဆိုတာ ကိုတော့နားလည်သွားပေးဖို့ လိုတယ် ။ ဒီ့နောက် ဆက်ပြီးတော့ အမေးအဖြေ လုပ်ရာမှာအံဝင်ကွင်မကျတာတွေ ဖြစ်လာ တာတွေ့ ရတယ် ။ ဘယ်လိုဖြစ်တော့မှာလဲ ။ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့  သမီးဖြစ်သူ ဒေါ်သန်းသန်းနုကမေးစမ်းနေရတာကိုး ။ဦးတက်ထွန်းအောင်က ဘင်္ဂလီ ကုလားတွေရဲ့ ရန်စရှာမှုများ ၊မုဒိမ်းမှုများ၊ လူသတ်မှုများကို ပြောပြတယ် ။ စုံစမ်းစစ်ဆေးသူတွေကဒါတွေကအတိတ်တွေကလို့ ဆိုပြီး မေးစရာမလိုသလို ပြော စရာမလိုလို့  ပြောတယ်တဲ့  ။ ကဲ - ဒီတော့ခါ သမ္မတဦးသိန်းစိန်အစိုးရက ရခိုင်ပြည်အတွက်အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ ဆိုပြီး ကိုယ်စားလှယ်အဖွဲ့ တွေဟာဘာကိုအခြေခံပြီး မေးခွန်းထုတ်ရမှာလဲ ဆိုတာ မသိဘဲနဲ့  နာမည်ကြီးချင်လို့ ပါဝင်ချင်တာနဲ့ ကို သွားကြတာဖြစ်တယ် ။ ဒါက သမ္မတဦးသိန်းစိန်ရဲ့  စေတနာကိုစော်ကားသလို ဖြစ်ရပ်မှန်ကိုလဲ မှန်မှန် ကန်ကန် ဖြစ်စေမှာ မဟုတ်ဘူး ။ နိုင်ငံတော်ကလဲ သိဖို့ ကောင်းပါတယ် ။ ရခိုင်ပြည်ကိစ္စမှာဝန်ကြီးချုပ်ဦးနုဟာ စနက် တန်တချောင်းပါဘဲ ။ ဒါကို လောင်စာထည့်ပြီးဘာမှလုပ်စရာမလိုဘူး ။ သတိထားပြီး ကိုယ်စားလှယ်တွေ လုပ်ခိုင်းသင့်တယ် ။ ပြီးတော့ သတင်းသမားတွေ ဂျာနယ်လစ်တွေ အများကြီးတွေဘဲ ရှိနေတယ် ။ သူတို့တွေကို ကိုယ်စားလှယ်တွေ လုပ်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ခိုင်းရင် ဖြစ်ရပ်မှန်သတင်းတွေ အထောက်အကူပြု အချက်အလက်တွေ ရရှိမှာဖြစ်တယ် ။ သတင်းစာဂျာနယ်လစ်အမြင်နဲ့  နိုင်ငံရေးသမားတွေရဲ့ အမြင်တွေက မတူဘူးဆိုတာသိသာနိုင်ပါတယ် ။ တချိန်က ကျနော်က တကယ့်ဖြစ်ရပ်မှန်မှုခင်း ဂျာနယ်မှာ သတင်းထောက် တယောက်အဖြစ် ရေးသားခဲ့ သူဖြစ်တယ် ။ နေပြည်တော်ရဲက ထုတ်ဝေတဲ့  အယ်ဒီတာမောင်ယဉ်ကျော် ဦးစီးတဲ့ မှုခင်း ဂျာနယ်ဆိုတော့ လူသတ်မှုသတင်းတွေဘဲပေါ့ ။ ရာဇ၀တ်မှုသတင်းကို ရေးသားရာမှာ အခြေခံအကြောင်းအရာတွေကို ဖေါ်ပြရတော့စိတ်ဝင်စားစရာ အခြေခံအကြောင်းလေးတွေနဲ့  ဖေါ်ပြတယ် ။ ပြီးတော့မပြီးပြတ်သေးတဲ့  ရန်ငြိုးရန်စတွေ ထိတ်လန့် စရာဖြစ်လာမဲ့  အခြေအနေတွေကိုဖေါ်ပြတယ် ။ တကယ့်ဖြစ်ရပ်မှန်မှုခင်းဂျာနယ် ဟာ သာကေတမြို့ နယ်မှာရှောင်တိမ်းနေတဲ့  လူသတ်သမား ရောက်နေတယ် ဆိုတဲ့  သတင်းခေါင်းစဉ်နဲ့ ဖေါ်ပြခဲ့ တယ် ။ ဒါဟာ ရာဇ၀တ်မှုသတင်း တပုဒ်ရဲ့ တင်ပြမှုဖြစ်တယ် ။ ဒီလိုတင်ပြတော့ စာဖတ်သူ ပရိတ်သတ်က စိတ်ထဲမှာ တခုခု ခံစားလာရတယ် ။ ရှေ့ဆက်ဘာဖြစ်မလဲဆိုပြီး စိုးရိမ်စိတ်တွေ ၀င်လာကြတယ် ။ လူသတ်သမားက သာကေတမြို့ နယ် ရောက်နေပြီ မဟုတ်လား ။ ဒီလိုပါဘဲ ။ ရာဇ၀တ်မှုတွေကိုအခြေခံနေတဲ့  ရခိုင်ပြည်နယ်က သတင်းအချက်အလက်တွေ ကို စုံစမ်းသူများဟာသတင်းဂျာနယ်လစ်တွေ မဟုတ်ဘဲ မှတ်တမ်းတင် စာရေးတွေရဲ့  အလုပ်ကိုနိုင်ငံရေးပါတီက နိုင်ငံရေးသမားတွေကို ခိုင်းနေလို့  ကတော့ ဘာမှအလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်တယ် ။ ဆိုလိုချင်တာက မေးတာစမ်းတာ အင်တာဗျုးတွေ လုပ်ခိုင်းတာက သတင်းထောက်တွေ ဂျာနယ်လစ်တွေ သတင်းစာဆရာတွေကို လုပ်ခိုင်း တာပိုကောင်းပါတယ် ။ ပြီးတော့ ဒေါ်သန်းသန်းနုတို့ လို ရခိုင်လူမျိုးတွေအတွက် အနာဟောင်းကို တူးဆွပေးမဲ့ သူတွေကိုလဲ မေးတာမြန်းတာများမှာ မပါဝင်စေချင်တာပါဘဲ ။ စုံစမ်းစစ်ဆေးတာများကို သုံးသပ်ပြီး စာရင်းပြုစု မာတိကာ ခွဲ တဲ့  သူအဖြစ် အသိအမှတ်ပြု ပေးလို့  ရပါတယ် ။ ခုအချိန်ထိ စုံစမ်းစစ်ဆေးသူများရဲ့  လေ့လာချက်တွေကို ကြည့်တော့ သမိုင်းလိမ်ဘင်္ဂလီကုလားတွေရဲ့  သမိုင်းဆိုင်ရာအချက်အလက်များ ၊ ယဉ်ကျေးမှူလက်ရာများ ၊ စာပေများကို ဖေါ်ပြတင်ပြတာတွေ မရှိသေးဘူးဆို တာပါဘဲ။ ပါးစပ်ပြောနဲ့  ငါတို့ ဟာ လူမျိုးတပါလို့  ပြောလို့ မ ရသလို လူမျိုးတမျိုးပါလို့  ပြောနိုင်တဲ့  အချက်အလက် တခုတလေကိုမျ မတင်ပြနိုင်တာကို ထောက်ရှူရရင် ရခိုင်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ ဟာ ရခိုင်ပြည်နယ်က ပြသနာ အဓိက အပိုင်းဟာ ဘာလဲဆိုတာကို သိ နိုင်လောက်ပါပြီ။ ဇါဂနာပြောသလို သိပ်ကို ရှင်းနေပါတယ် ။ ကျနော်တို့  မေးစမ်းတဲ့  သူတွေဟာ ဘယ်သူကမှ ရိုဟင်ဂျာလို့  မပြောကြဘူး ။ ဘင်္ဂလီမွတ်ဆလင် လူမျိုးပါလို့  ပြောတယ် ။ ရိုဟင်၈ျာလို့  ခေါ်စေချင်သလားလို့  မေးတာတောင် အဲဒီလို ခေါ်စေချင်ရင် အဲလို ပြောမယ် ဆိုတာတောင် သူတို့ က မပြောပါဘူးတဲ့  ။ သူတို့ ဟာ ဘင်္ဂလီလူမျိုးပါလို့  ပြောတာပါတဲ့  ။ ကျေးဇူးပါဘဲ ကိုဇါဂနာ -ဒီလို ဗြောင်မေး ဗြောင်ပြောတဲ့  ခင်ဗျားကို ဒီနေရာမှာ ချီးကြူးပါရစေ ။ဒါပေမဲ့  နောက်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့  မေးတာ စမ်းတာအင်တာဗျူး လုပ်တဲ့ သူတွေဟာ ဒေါ်သန်းသန်းနုတို့ လို ဟိုလူတွေက ဒီလိုပြောနေတယ် ဆိုတာမျိုးလို နိမိတ်ပြ အင်တာဗျူးမျိုးနဲ့  မပြုလုပ်ကြပါနဲ့  မှာလိုက်ပါရစေ ။ နိုင်ငံရေးသမားတွေဟာ သတင်းသမားတွေရဲ့  အလုပ်ကိုမလုပ်တတ်ပါဘဲနဲ့  လုပ်လို့ ကတော့ လူမျိုလို့  လူမျိုးပျောက်မဲ့  အရေးကိုကာကွယ်နေကြတဲ့ သူအဖို့  ပိုပြီးတော့ အန္တရယ်ရှိလာနိုင်တယ်ဆိုတာပြောကြားချင်ပါတယ် ။ အောင်သာနီ

No comments:

Post a Comment