Monday 17 September 2012
အမေရိကန်မှ ဆူဒန်နှင့် တူနီးရှားနိုင်ငံများရှိ သံရုံးဝန်ထမ်းအချို့ကို ပြန်လည် ခေါ်ယူခဲ့
အမေရိကန်မှ ဆူဒန်နှင့် တူနီးရှားနိုင်ငံများရှိ သံရုံးဝန်ထမ်းအချို့ကို ပြန်လည် ခေါ်ယူခဲ့
စက်တင်ဘာလ ၁၈ ၊ ၂၀၁၂
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနဟာ ဆူဒန်နဲ့ တူနီးရှားနိုင်ငံတွေက ၎င်းရဲ့ သံရုံးဝန်ထမ်း တချို့ကို ပြန်လည် ရုတ်သိမ်းဖို့ ပြီးခဲ့တဲ့ စနေနေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်နဲ့ တူနီးရှားနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် သံရုံး ၀န်ထမ်းတချို့နဲ့ ၀န်ထမ်း မိသားစုဝင် အားလုံးကို ပြန်လည်ခေါ်ယူဖို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ညွှန်ကြားထားပြီး အမေရိကန် နိုင်ငံသားတွေကို ဆူဒန်နဲ့ တူနီးရှား နိုင်ငံတွေကို ခရီးသွားလာခြင်း မပြုဖို့ သတိပေးချက် ထုတ်ပြန် ထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောကြားခဲ့ပါတယ်။
အစ္စလာမ် ဘာသာရေးကို ထိခိုက်စေတဲ့ ရုပ်ရှင်ကြောင့် ပြီးခဲ့တဲ့ ၂ရက်အတွင်း တူနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း ဆန္ဒပြသူ ၃ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မှာလည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေဟာ အမေရိကန် သံရုံးအတွင်းကို ၀င်ရောက်စီးနင်းဖို့ လုပ်ဆောင်ခဲ့တဲ့ အတွက် လူ ၃ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အမေရိကန် အစိုးရဟာ လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရတဲ့အတွက် အမေရိကန် သံအမတ်ကြီး ခရစ်စတိုဖာ စတီဗင်နဲ့ သံရုံးဝန်ထမ်း ၃ဦး သေဆုံးခဲ့ရ ပြီးနောက် ကမ္ဘာအနှံ့အပြားရှိ ၎င်းတို့ရဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
မူရင်းသတင်း--Royal Hero Media
Subscribe to:
Post Comments (Atom)
No comments:
Post a Comment