Sunday 16 September 2012

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ

ရခိုင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်ဖြင့်ရောက်ရှိလာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင်ခရီးစဉ်အတွင်း ပြည်သူများကို ဆဲဆိုကြိမ်းမောင်းကာ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ၀န်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင် ဆိပ်ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်တစ်စီးနှင့် ရောက်ရှိလာစဉ် ဆိပ်ကမ်းတွင် ကြိုနေသူများထဲမှ ဒေသခံတစ်ဦးက ဖုန်းဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ယူခဲ့ခြင်းနဲ့ ပတ်သက်၍ ကြိုဆိုသော ဒေသခံများအား ကြမ်းကြုတ်သောစကားလုံးများနှင့် ဆဲဆိုခဲ့ကြောင်း သိရသည်။ " ဒီနေ့ မောင်ဦးလာတယ်ဗျာ ရောက်ရောက်ချင်းပဲ ခင်ဗျားတို့ ရခိုင်တွေ ရိုင်းတယ်။ ဥပဒေနားမလည်ဘူး။ ရခိုင်ဆို တစ်ကောင်မှ အသုံးမကျဘူးဆိုပြီး ဆဲဆိုသွားတယ်။ အမှန်ကတော့ ဓါတ်ပုံရိုက်သူ ဦးမောင်သောင်းဟာ မောင်ဦးနဲ့ပါလာတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့မှာပါလာတဲ့ ဟန်းဖုန်းနဲ့ ဓါတ်ပုံလှမ်းရိုက်တာပါ။ အဲဒါကို မောင်ဦးက သူ့ကို ဓါတ်ပုံရိုက်ပါတယ်ဆိုပြီးတော့ စိတ်ဆိုးပြီး ကြိုဆိုနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေကို ဆဲဆိုပါတယ်။ သူ့နောက်မှာ မောင်တော ကုလားသူဌေး(၃)ယောက်ပါလာတယ်။ " လို့ ရသေ့တောင်မြို့ခံတစ်ဦးကပြောသည်။ အခင်းဖြစ်ပွားနေသည့်အချိန်တွင် ကျောက်တော်မြို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းလည်း ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် ယင်းအခင်းဖြစ်ပွားသည့် အနီးအနားတွင် ရှိနေခဲ့သည်။ ဓါတ်ပုံရိုက်မိသူ ဦးမောင်သောင်းအား ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေနေကြောင်း သိရသည်။ ဦးမောင်သောင်းဟာ အသက်(၄၀)ကျော် အရွယ်ဖြစ်ပြီးတော့ ရေယာဉ်လိုင်း လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ ယခုစည်းရုံးရေးခရီးစဉ်ဟာ ရခိုင်တွေကို မုန်းတီးတဲ့လူတစ်ဦးလွှတ်ပြီးတော့ ဘင်္ဂလီဆီမှ မဲတွေကို ကြံ့ခိုင်ရေးပါတီအတွက် စုစည်းတဲ့သဘောဖြစ်နိုင်တယ်။ နောက်တစ်ချက်က ပြဿနာကို မီးမသေအောင် လုပ်ဆောင်တဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခု ဖြစ်နိုင်ကြောင်း ရခိုင်နိုင်ငံရေး လေ့လာသူတစ်ဦးက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသွားသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်ပြီး ရခိုင်ဒေသ တိုင်းမှူးဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ဦးမောင်ဦး၏ စည်းရုံးရေးခရီးစဉ်အဖြစ် ရခိုင်ဒေသမြို့နယ် တချို့သို့ သွားရောက်ခဲ့ရာ ဒေသခံပြည်သူများ

No comments:

Post a Comment