Tuesday, 18 September 2012

"အသက်၂ဝပြည့် မွေးနေ့ကို စိုးပြည့်သဇင် ဘယ်လိုဖြတ်သန်းမှာလဲ"

‎"အသက်၂ဝပြည့် မွေးနေ့ကို စိုးပြည့်သဇင် ဘယ်လိုဖြတ်သန်းမှာလဲ" စိုးပြည့်သဇင်က Laurel Art Academy က စီစဉ်ရိုက်ကူးတဲ့ ‘ မင်းနဲ့အတူတူ’ ဇာတ်ကား ကို ကျော်ကျော်ဗိုနဲ့၊ ဘရိတ်ကီ ၊ နော်လီဇာ ၊Laurel Art မှကျောင်း သူ၊ ကျောင်းသားတို့နဲ့ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကား က အနုပညာ သင်တန်း က သင်တန်းသူ၊ သင်တန်းသား တို့ကို ရိုက်ကူးထား တဲ့ ကျောင်းသား ဇာတ် လမ်းလေးဖြစ်ပြီး စိုးပြည့်သဇင်က သင်တန်း ကျောင်း အုပ်နော်လီဇာရဲ့သမီး၊အကသင် ပေး တဲ့ဆရာမအဖြစ် သရုပ်ဆောင် မှာဖြစ်ပါ တယ်။ ကျော်ကျော်ဗိုက အင်္ဂလိပ် အက ဆရာ ဖြစ်ပြီး ဘရိတ်ကီက အဆို ဆရာအဖြစ် သရုပ် ဆောင်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ငယ်ဘဝ ဇာတ်ရုပ်မှာ ပတ္တလားတီး တဲ့ အခန်း ပါတဲ့အတွက် ပတ္တလားတီး တာကို နည်း နည်း တော့ သင်ကြားခဲ့ ရကြောင်း ပြောပါ တယ်။ Laurel Art က သရုပ်ဆောင်သစ် တွေက လည်း စနစ်တကျသင်ကြားထားရတဲ့ အတွက် သရုပ်ဆောင်တာတော်ကြောင်း စိုးပြည့်သဇင် က ပြောပါတယ်။ စိုးပြည့် သဇင် က ဒီဇာတ် ကားပြီးရင်တော့ မြင့်မြတ်နဲ့ အချစ် ဇာတ်ကား ရိုက်ကူး မှာဖြစ်ပါတယ်။ စိုးပြည့် သဇင်က ‘ ချစ်သူရွေးမယ်’ သီချင်းခွေ ထဲက သီချင်း၆ ပုဒ်ကို ဗီစီဒီ ရိုက်ကူးထား ပြီးသွား ပြီဖြစ်ပါ တယ်။ ဒါရိုက်တာ တစ်ယောက်စီ နဲ့ သူတို့ စိတ် ကြိုက်ဖန်တီး ထား တာဖြစ်ေ ကြာင်း ပြော ပါ တယ်။ ဗီစီဒီနဲ့ ပတ်သက်ပြီး စိုးပြည့်သဇင်က ” စိုးပြည့် အခွေ အတွက် ဒါရိုက်တာ တွေက သူတို စိတ်တိုင်းကျပဲ ဖန်တီး ထားကြ တာပါ။ သီချင်းက ၆ပုဒ်ရိုက်ပြီးသွား ပြီ။ ၅ပုဒ်လောက် ရိုက်ဖို့ ကျန်သေးတယ်။ စိုးပြည့် အားတဲ့ဘက် ရော ပါဝင်မယ့် သရုပ်ဆောင်တွေ အား တဲ့ ရက်ပါ ညှိပြီး ရိုက်ကြ တာပါ။ အခု ရိုက်ပြီး သွားတာတော့ ကိုအောင်ရဲလင်း၊ ကိုမိုး အောင်ရင်၊ ကိုစည်ဖြိုး၊ ကိုမင်းမော်ကွန်း တို့နဲ့ ရိုက်ပြီး သွားပြီ။ စိုးပြည့် အခွေ ထွက်လာ ရင် တော့ ပရိသတ်ကြီး နားထောင်ပေး စေချင်ပါတယ်” လို့ ပြော ပါတယ်။ စက်တင်ဘာ ၂၂ရက်နေ့က စိုးပြည့် သဇင်ရဲ့ အသက် ၂ဝပြည့်မွေး နေ့ ဖြစ်ပါတယ်။ မွေးနေ့ကိုနှစ်တိုင်း အလှူလုပ်ပြီး ဖြတ်သန်း နေကျဖြစ် တဲ့ အတွက် ဒီနှစ် လည်း အလှူ လုပ်မှာဖြစ် ပါတယ် ။ မွေး နေ့ မှာတော့ ရှုတင် မှာပဲ ဖြတ်သန်း ဖြစ်ဖို့ များ ပြီး ည ဘက်တော့ ဘုရား သွား မှာဖြစ် ကြောင်း စိုးပြည့် သဇင်ကပြောပါ တယ်။ ခိုင်ဝေလွင် မူရင်းသတင်း--Popular Journal

No comments:

Post a Comment