Wednesday 3 October 2012

မလေးရှားနိုင်ငံအတွင်းရွေ မြန်မာတွေ ..မြန်မာအချင်းချင်းသတိထားတစ်ခုပါ

မနေက.. ဖုန်း အခိုးခံရ သည် .. Nokia c6-01 model ... မွေးထားတဲ့ခွေး လက်ကိုကိုက်တယ် ..... ဖုန်းက တန်ဖိုး မရှိပေမယ် .. .. သူအဲလို ကျေးဇူး ကိုမှမငှဲ့ .ကွက် တဲ့ အတွက် အရမ်းဝမ်းနည်းမိတယ် ... ဒီနေ့မှ အစ .. နောက်နောင် မည်သည့် ရခိုင် သူငယ်ချင်း ကိုမှ မကူညီတော့ ပါ .... .. ကျနော် ကျပ်တည်း နေတာ ကိုလဲ အဲကောင် သိပါဒယ်...... သူ့ကို အိမ် နေစဉ် တစ်ခါ တစ်ကြိမ်မှ ငြိုငြင် မှု မရှိခဲ့ပါ ..... လာတုန်းက လဲ texi ဖိုး မရှိသောကြောင့် texi ဖိုး အကုန်ကျခံပြီး ခေါ်ယူခဲ့ပါတယ်.. ..တစ်ခါ တုန်းကလဲ ... ထမင်းဖိုးး 50 RM ကို အလောင်းစား သွားလုပ်လိုက်တယ်.. ခွင့်တစ်ခါ လွတ်လိုက်ပါဒယ်.... ဒီတစ်ခါ ... ဖုန်းခိုးသွားတယ်... 16 ရက်လောက် အိမ်မှာ နေစရာပေးထားတယ် .. စားစရာ ပေးထားတယ် .. အဲဒါကို မှ မထောက် .. ဖုန်းခိုးပြန်ပြီ.. ဒီတစ်ခါတော့ လုံးဝ ခွင့်မလွတ် ပါ ...... သနားလို့ မွေးတဲ့ ခွေး .. .. လက်ကို ကိုက်သွားလို့ .. အရမ်း ၀မ်းနည်း ၇တယ်.... ( ဒါပေမယ့်  .. သူဘ၀တစ်လျှောက်လုံး ဘေးရန်ကင်းကွာ ချမ်းသာရပါစေ လို့) ဆုတောင်းပေးပါတယ် . ဓါတ်ပုံကိုဆက်လက်ပေါ်ပြပါမည်..

ကျောက်နီမော်ကျေးရွာအားမီးရှို့ ရန် ကြိုးပမ်းခဲ့သူ ဘင်္ဂလီ သုံးဦးအား စခန်းမှူးမှ ကျပ်ငွေ ၄ သိန်းစီယူ၍ ပြန်လွှတ်ပေး

အောက်တိုဘာ (၁)ရက်နေ့ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီး ရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်း ရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်း သိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။ သို့သော်လည်းအဆိုပါ ဖမ်းဆီးထားသူများကို ကျောက်နီမော်ရဲစခန်းမှ စခန်းမှူး ဦးသောင်းထွေး က ငွေကျပ် လေးသိန်းစီရယူကာ ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ရဲစခန်းမှ အမည်မဖော်လိုသူတစ်ဦးကပြော ပါသည်။ ယင်းသို့ ပြန်လွှတ်လိုက်သည့်အတွက်ရဲများကမကျေပ်ဖြစ်နေကြကြောင်းလည်းသိရပါသည်။ ပြည်သူများကလည်း မကျေ မနပ် ဖြစ်နေကြကြောင်းလည်းသိရသည်။

အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး

ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့်  မိသားစုများနေထိုင်နိုင်ရန်အိမ်များဆောက် လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန်အတွက် သူမရဲ့ အပျိုစင်ညကို လေလံတင်ရောင်းချလျှက် ရှိနေပါတယ်။ အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး ဒေါ်လာ ၁၅၅၀၀အထိရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေအားလုံးအား ဘရာဇီးနိုင်ငံ တောင်ပိုင်းမှသူမနေထိုင်ရာ ဆန်တာကာတာရီနာ ပြည်နယ်တွင်အစိုးရမဟုတ်သည့် အဖွဲ့ အစည်း မှတာဝန်ယူလှူဒါန်းဆေက်လုပ်မည့် ဆင်းရဲသူဆင်းရဲသားများအတွက် (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်းအတွက်လှူဒါန်းပေး အပ်မှာဖြစ်ပါတယ်။ သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော စွပ်စွဲချက်များအားငြင်းဆန်ယင်း သူမအနေဖြင့် အချစ်စစ်အချစ်မှန်အားယုံကြည်လျှက်ရှိနေဆဲဖြစ်ကြောင်း သို့ သော်လည်းယခုအခွင့် အလမ်းလုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင်ဆောင်ရွက်ခွင့်  အဖြစ်မှတ်ယူပါကြောင်းပြောကြားခဲ့ ပါတယ်။ သို့ သော်လည်း ကြံ့ ခိုင်ရေးပညာရပ်ဆိုင်ရာကျောင်းသူလေးဟာ သူမရဲ့  အာဝါဟလုပ်ပြီးလှူမယ့် အာဝါသ အလှူပွဲအတွက် သြစတေးလျရုပ်သံရိုက် ကူးရေးအဖွဲ့ ရဲ့ "အပျိုစင်လိုချင်ပါတယ်။ အမည်ရှိ မှတ်တမ်းတင်ရုပ်သံအစီအစဉ်အား လက်ခံရိုက်ကူးပေးမှာမို့  အငြင်းပွားဖွယ်ရာတွေဖြစ်စေခဲ့ ပါတယ်။ " ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန်ကိစ္စ တစ်ခုလို့ မြင်ပါတယ်။.ဒီမှတ်တမ်းရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်.။ မှတ်တမ်းရုပ်ရှင်မှာပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်။ ဘ၀မှာတစ်ကြိမ်တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူ အိပ်စက်ပျော်ပါးခြင်း ) ပြုလုပ်တာမို့ ပြည့် တန်ဆာတစ်ယောက်အဖြစ် မသတ်မှတ်နိုင်ပါဘူး။
ဓါတ်ပုံကောင်းလေးတစ်ပုံရိုက်ခဲ့ လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ် မခံယူနိုင်လိုသလိုပါပဲ။" လို့ သူမကရှင်းပြခဲ့ ပါတယ်... "လေလံပွဲဆိုတာလည်းစီးပွားရေးသဘောဆန်ဆန်လုပ်တာပါပဲ။ ကျွန်မဟာ အချစ်ကိုကိုးကွယ်ယုံကြည်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ဦးပါ.။ ဒါပေမယ့် ဒီအတွက်ကြောင့် လည်းကျွန်မအနေနှင့် အပြောင်းလဲကြီးပြောင်း လဲရပါလိမ့် မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြောကြား ခဲ့ ပါတယ်။ . အီတလီအဆက်အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ် အစဉ်အား လွန်ခဲ့ သည့် ၂ နှစ်ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ် လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး၇န်ရှာ ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့  တာဖြစ်ပါတယ်။ ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအား ပထမဦးဆုံးအကြိမ် ချစ်တင်းမနှောခင်နှင့် ချစ်တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများ အား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်။ . လူပျိုအစစ်အဖြစ်ရိုက်ကူးမှတ်တမ်းတင်ရန် အချစ်ရေးတွင်အတွေ့  အကြုံမရှိဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒား ကိုလည်းရွေး ချယ်ထားပါတယ်. အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံးသတ်မည့် ထိုလေလံပွဲမှ ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့် ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့်  ရရှိမည်ဖြစ်ပါတယ်။ လေလံပွဲတွင် ဈေးအမြင့် ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်း မနှောမှီ ကာလသားရောဂါရှိမရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့် တန်ဆာဥပဒေ အားရှောင်ရှားကျော်လွှားနိုင်ရန် သြစတေးလျမှ အမေရိကသို့ သွားသည့် လေ ယာဉ်တစ်စင်းပေါ်တွင် ဝေ့ဟင်တွင်ဆင်နွှဲသည့် အချစ်ပွဲ ကိုပြုလုပ်ကြရမှာဖြစ်ပါတယ်။ လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး ကာတာရီနာကတော့ သူမအနေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝအတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက် သေပြဖို့ အသင့် ပြင်ထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်.။ Myanmar Online News

သိထားဖို့ရန် ဇော (၇) တန်...

သိထားဖို့ရန် ဇော (၇) တန်... ================= ကျွန်ုပ်မြန်မာပြည်တွင်ရှိစဉ်က ပတ်ဝန်းကျင်၌ ညည်းညူနေသူတစ်ချို့ နှင့် ရယ်မောပျော်ရွှင်နေသူတစ်ချို့ကို တွေ့ခဲ့ရပါ၏ ။ ညည်းညူသူတစ်ချို့မှာကား - တတ်စွမ်းသလောက် ဒါနသုသိုလ်၊ သီလကုသိုလ်များကို ပြုလုပ်ပြီး သမ္မာအာဇီဝဖြင့် သက်မွေးဝမ်းကျောင်း ပြုနေကြပါလျှက် မတိုးတက်၊မကြီးပွါးသူများပင်ဖြစ်၍ ရယ်မောပျော်ရွှင် နေကြသူတစ်ချို့မှာကား - ဒါနကုသိုလ်၊သီလကုသိုလ်တွေ နည်းပါး သည့်အပြင် သမ္မာအာဇီဝမကျသော အကုသိုလ်အလုပ်များကိုလုပ်၍ တိုးတက်ကြီးပွါး နေသူများပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ကုသိုလ်တရားနှင့်အကုသိုလ်တရားတို့၏အကျိုးပေးမှာ မရှိတော့သယောင်ယောင်ဖြစ်နေ၍ သိထားဖို့ရန်ဇော(၇)တန် အကျိုး ပေးပုံကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။ ဇော ဟူသောဝေါဟာရကို တိုက်ရိုက်ဘာသာပြန်ရသော် (အဟုန်)ဟု အဓိပ္ပါယ်ရပါ၏ ။ တစ်နည်းပြောရလျှင် ကုသိုလ်ကံစေတနာနှင့် အကု သိုလ်ကံစေတနာတို့ကို ထိုက်ထိုက်တန်တန်အကျိုးပေးမည့် အဟုန် ပင်ဖြစ်ပါသည်။ အကြင်သူသည် ကုသိုလ်လုပ်သည်ဖြစ်စေ အကုသိုလ်လုပ်သည်ဖြစ်စေ ဇောစေတနာ(၇)ချက်စော၏ ။ ထိုဇောစေတနာတို့မှာကား... (၁)ပထမဇောစေတနာ (၂)ဒုတိယဇောစေနာ (၃)တတိယဇောစေတနာ (၄)စတုတ္ထဇောစေတနာ (၅)ပဉ္စမဇောစေတနာ (၆)ဆဋ္ဌမဇောစေတနာ (၇)သတ္တမဇောစေတနာ တို့ပင်ဖြစ်သည်။ ပထမဇောစေတနာသည် ယခုမျက်မှောက်ကာလတွင်ချက်ချင်းလက် ငင်းအကျိုးပေးခြင်းပင်ဖြစ်၏ ။ (ဒိဋ္ဌဓမ္မဝေဒနိယကံ)ဟုခေါ်ပါသည်။ ယခုဘ၀၌ပြုလုပ်သော ကုသိုလ်ကောင်းမှုအတွက် ချက်ချင်းလက်ငင်း အကျိုးပေးရန် အင်္ဂါလေးချက်နှင့် ညီညွတ်ရပေမည်။ (၁)အလှူ့ရှင်က မလှူခင်၊လှူဆဲ၊လှူပြီး ကာလာသုံးပါးတွင် စေတနာ သုံးတန်ကောင်းမွန်နေရမည်။ (၂)လှူဖွယ်ဝတ္ထုက တရားသဖြင့်ရှာဖွေထားသော ပစ္စည်းဖြစ်ရမည်။ (၃)အလှူခံပုဂ္ဂိုလ်က ဘုရား၊ပစ္စေကဗုဒ္ဓ၊ရဟန္တာ တစ်ပါးပါးဖြစ်ရမည်။ (၄)ထိုပုဂ္ဂိုလ်များဖြစ်နေပါသော်လည်း သာမန်အချိန်မဟုတ်ဘဲ နိရောဓသမာပတ်ဝင်စားရာက ကြွလာသောအချိန်ဖြစ်ရပေမည်။ အကယ်၍ ကုသိုလ်ကံစေတနာနှင့် အကုသိုလ်ကံစေတနာတို့မှာ ယခုမျက်မှောက်ဘ၀တွင် အကျိုးပေးခွင့်မကြုံပါက (အဟောသိကံ) ပျက်သွားတတ်ပေသည်။တစ်ဖန် သတ္တမဇောက သေပြီးနောက် ဒုတိယဘ၀တွင်လည်း အကျိုးပေးခွင့်မကြုံသေးပါက (အဟောသိကံ) ပျက်သွားနှိုင်သေး၏ ။ သို့သော်လည်း ဒုတိယဇောမှစ၍ဆဋ္ဌမဇောထိ အလယ်ဇောငါးချက်မှာ မူ တတိယဘ၀မှစ၍ နိဗ္ဗာန်မရမချင်း အကျိုးပေးတော့မည်ဖြစ်၏ ။ ထိုကံကို အပရာပရိယဝေဒနိကံဟုခေါ်ပါသည်။ ဤကံကိုကား သာမန်ပုထုဇဉ်ကိုမဆိုထားနှင့် ဘုရား၊ရဟန္တာသော်မှ ရှောင်လွှဲ၍မရနှိုင်ကြောင်းကို ကျေးဇူးရှင်မန်လည်ဆရာတော်ဘုရားကြီး က မာဃဒေ၀လင်္ကာ၌ ယခုလိုရေးသားထားခဲ့၏ ။ ရှင်လူသတ္တ၀ါ ထိုများစွာကား အပရာပရိယ ကံကိစ္စနှင့် ကင်းကြသူဘိ မည်မရှိရှင့် မသိနှိုင်တောင်း ကံဆိုးကောင်းကို ဥက္ခောင်းရွက်လျှက် အချက်သင့်စွာ ခံရရှာ၏ ။ လိုရင်းပြောချင်သည်မှာ - ကုသိုလ်ကောင်းမှုတွေလုပ်နေပါလျှက် မတိုးတက်မကြီးပွါးနှိုင်သေးသော်လည်း စိတ်ဓါတ်မကျဘဲ ဆက်၍သာ ကုသိုလ်တရားကို တိုးသထက်တိုးအောင် လုပ်ကြစေချင်ပါသည်။ အကြောင်းမှာ ထိုကုသိုလ်တရားတို့သည် အချည်းအနှီးမဖြစ်ဘဲ အကျိုးပေးခွင့် ရှိနေသေးသောကြောင်းပင်ဖြစ်၏ ။ နည်းတူ အကုသိုလ်အလုပ်ဖြင့် ကြီးပွါးနေသူတို့မှာလည်း သူတို့၏ အကုသိုလ်ကံ အကျိုးပေးချိန်မရောက်သေးခင်မှာ အကုသိုလ်ကို ပျားရည်သဖွယ် ထင်မှတ်နေတတ်၏ ။ သို့သော်လည်း အပရာပရိယဝေဒနိယကံက မည်သို့မျှရှောင်လွှဲ၍ မရနှိုင်ကြပေ။ သို့ဖြစ်၍ကုသိုလ်ကောင်းမှုကိုသာ ပြုလုပ်ကြရမည်ဖြစ်ကြောင်း ဓမ္မပဒ အဆုံးအမဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါ၏ ။ သဗ္ဗပါပဿ အ ကာရဏံ ကုသလသဥပသမ္ပဒါ သာစိတ္တ ပရိယောဒါပနံ ဧတံ ဗုဒသာသနံ။ (ဓမ္မပဒ) (၁)အတုံ့အလှည့်ကိုဖြစ်စေတတ်သဖြင့် မကောင်းမှုမှန်သမျှ လုံးဝမပြုလုပ်သင့်။ (၂)အတုံ့အလှည့်မှကင်းဝေးစေသဖြင့် ကောင်းမှုကိုကား မနေမနားကြိုးစားသင့်၏ ။ (၃)အမှားအမှန်ကို ထိုးထွင်းသိလာစေရန် မိမိ၏စိတ်ကို အဖြူစင်ဆုံးဖြစ်အောင် ပြုပြင်သင့်၏ ။ ဤသုံးချက်ကား ဗုဒ္ဓ၏အဆုံးအမပင်ဖြစ်ပေသည်။ (ကိုယ်ရော၊စိတ်ပါ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ) စံအောင်မြင့် ခေတ္တ/မလေးရှား ၃.၁၀.၂၀၁၂

ပါတီ (ရတပ) မှ ခေါင်းဆောင်များသည် စစ်တွေမြို့တွင် ရောက်ရှိနေသော ဗြိတိန် သံအမတ်ကြီးနှင့် ယမန်နေ့က တွေ့

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) မှ ခေါင်းဆောင်များသည် စစ်တွေမြို့တွင် ရောက်ရှိနေသော ဗြိတိန် သံအမတ်ကြီးနှင့် ယမန်နေ့က တွေ့ ဆုံခဲ့သည်။ တွေ့ဆုံကြသည့် စစ်တွေမှ နိုဗယ် ဟိုတည်။ “ သူတို့က ဗြိတိန်သံအမတ် အပါအ၀င် နောက်ထပ် အရာရှိ နှစ်ဦးပါ။ ညနေ ၃ နာရီခွဲမှာ စစ်တွေကို သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့နဲ့က ညနေ ၅ နာရီခွဲမှာ စစ်တွေ နိုဗယ် ဟိုတည်မှာ တွေ့ကြပါတယ်။ ဆွေးနွေးတဲ့ ကိစ္စကတော့ ရခိုင်မှာ ဖြစ်သွားတဲ့ အရေးအခင်း အပေါ်မှာ အဓိကထား ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်သူ ရတပ ပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။ ဆွေးနွေးပွဲသို့ ရတပ ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်၊ စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၊ ဗဟိုကော်မီတီဝင် ဦးရွှေမောင်နှင့် နှင့် အထွေထွေအတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ရတပ ပါတီ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်ပြီး အမြင် သဘောထားကို ဗြိတိန် သံအမတ်ကြီးက မေးမြန်းခဲ့သလို အနာဂတ်တွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များ အကြား အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး အတွက် လိုအပ်ချက်များကိုလည်း မေးမြန်းသွား ခဲ့သည်ဟု ဆိုသည်။ “ အဓိကတော့ ဖြစ်စဉ်တွေကိုဆွေးနွေးတယ်။ ကျွန်တော်တို့က နောက်ခံ သမိုင်းတွေ အပါအ၀င် ဖြစ်စဉ်တွေကို ပြောပြတယ်။ အနာဂတ်မှာ ကွန်မျူနတီ နှစ်ခုပေါ့လေ ( ရခိုင်နဲ့မွတ်ဆလင်) ဘယ်လို အတူ လက်တွဲနေနိုင်မလဲ ဆိုတဲ့ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ပြောပြလိုက်ပါတယ်။ ပီးရင် စက်တင်္ဘာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ရသေ့တောင် လူထု ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပြောပြလိုက်ပါတယ်။ ဒါက တကယ့် အစစ်အမှန် ရခိုင်လူထု သဘောထားဆိုပြီး ဆုံးဖြတ်ချက်တွေကိုလည်း ပေး လိုက်ပါတယ်” ဟု သူက ဆက်ပြောသည်။ ၎င်းပြင် ရခိုင်ဒေသမှာ အလွန်ဆင်းရဲပြီး အကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေ ရကြောင်း ၊ သို့အတွက် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြား အဖွဲ့အစည်းများ အစိုးရများ အနေဖြင့် ဘက်မလိုက်ဘဲ ရခိုင်အရေးကို ဆောင်ရွက် သင့်ကြောင်းကိုလည်း ဗြိတိန်သံအမတ်ကြီးနှင့် အဖွဲ့ကို တင်ပြခဲ့သည်ဟု သူက ဆိုသည်။ “ ဗြိတိတ် သံအမတ်ကြီးကလည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ် ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ပီးရင် ကွန်မျူနတီ နှစ်ခု အနာဂတ်မှာ သင့်သင့်မြတ်မြတ် နေနိုင်မလဲ ဆိုတာကို သူတို့ အဖြေရှာဖို့ လာတဲ့ အကြောင်း၊ အတတ်နိုင်ဆုံး ဗြိတိန် အစိုးရနဲ့ ကူညီ ဆောင်ရွက်သွား မယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်” ဟု ဦးဦးလှစောက ပြောသည်။ ဗြိတိန် သံအမတ်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က တခြား ရခိုင် ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မွတ်ဆလင် ခေါင်းဆောင် များနှင့်လည်း သီခြားစီ တွေ့ဆုံသည်ဟု ဆိုသည်။ ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ဒုက္ခသည် စခန်းများသို့ သွားရောက် လည်ပတ် ကြည့်ရှု့နေသည်ဟု သိရသည်။ ( ဦးဦးလှစောနှင့် မေးမြန်းထားသော အင်တာဗျူးကို ဆက်လက် ဖေါ်ပြပေးပါမည်။) နိရဉ္စရာသတင်းဌာန အချိန် 17:25:00

နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်

နေပြည်တော်မှာ ဝင်ငွေကာင်းတဲ့ အလုပ် ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ နေပြည်တော်ရဲဆီမှာ အကူအညီ တောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲက ရပ်တည်တယ်လို့  ပြောပါတယ်။ လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိတဖက် ပျက်နေတဲ့ မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွးမွေးနေတဲ့ ၂၂ နှစ်အရွယ် စက်ရုံအလုပ်သမ ဒီအမျိုးသမီးငယ်ဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ ဝင်ငွေကာင်းမယ်ဆိုတဲ့ လူပွဲစားရဲ့ ပြောစကားကို ယုံပြီး လိုက်သွားရာက သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရ တဲ့ အထိ ဖြစ်ခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။ ကျန်းမာရေးကြောင့် စက်ရုံအလုပ်နားနေရချိန်မှာ လစာ ၁ သိန်းနဲ့ အပိုကြေး တလ ၁ သိန်း စုစုပေါင်း ၂ သိန်းလောက် ရမယ်ဆိုတဲ့အတွက် လိုက်သွားခဲ့တာလို့ ဆိုပါတယ်။ နေပြည်တော် ရွှေကြာပင်ရပ်ကွက်က ဇနီးမောင်နှံအိမ်မှာ ညအိပ်ရင်း အောက်ထပ်က အခန်းတွင်းကို သွင်းပြီး အသက် ၄၀ ကျော်အရွယ်အမျိုးသားကို နှိပ်ခိုင်းရာကေန သားမယားပြုကျင့်ခံခဲ့ရသလို ရိုက်နှက်တာလည်း ခံရတယ်လို့  ပြောပါတယ်။ ဒီနောက် ခြံကို ကျော်လွားထွက်ပြေးရာမှာ လွတ်မြောက်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။ အမှတ် (၁) ရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ က အမှုသွားဖွင့်ရာ ရဲက အမှုမဖွင့်ပေးပုံနဲ့ သူ့ကို ငွေကြေမှ ပြန်ရမယ်လို့  ပြောဆိုခဲ့ပြီး ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။ “ရဲစခန်းက အမှုဖွင့်မေပးဘူး။ သမီးကိုပိုက်ဆံပေးပြီး အမှုမဖွင့်နဲ့  ပြန်ဆိုတော့ သမီးက ဒီလိုဖြစ်ထားတာ ဖွင့်မယ်ဆိုတော့ မဖွင့်ပေးဘူး။ ညကျ ရဲတယောက်ကလာပြီး ပိုက်ဆံ ၁ သောင်းပေးပြီး လမ်းစရိတ် ကားလတ်မှတ်ဖြတ်သွားတဲ့။ ပိုတဲ့ဟာကို ထမင်းဝယ်စားဆိုပြီး ပြောတယ်။”“သွားတိုင်ခါစကေတာ့ ရဲဦးလေးက ပခုံးမှာ ကြယ်ပွင့် ၂ ခုတော့ တွေ့ တယ်။ သူက ညည်းပြန်ချင်ရင် ညည်းတို့ အိမ်က အစ်မတွေလာပြီး ပိုက်ဆံ ၅ သောင်း ရမှ ပြန်ရမယ်။ ပိုက်ဆံမရမချင်း မြပန်ရဘူးလို့လည်း ပြောသေးတယ်။”သူမဟာ ရဲက အမှုမဖွင့်ပေးလို့ အပြန်လမ်းမှာ လူမိုက်တွေကလိုက်တဲ့အတွက် ကူညီသူတွေက ဆိုင်ကယ်ပေါ် တင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့  ဆိုပါတယ်။ ဒီနောက် သူမဟာ သူ့ကို စာနာသူတွေ အကူအညီနဲ့ ရဲချုပ်ရုံးဆီရောက်သွားမှ စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်ခွင့်ရတယ်လို့ ဆိုပါတယ်။ အမှုဖွင့်ခွင့်မရခင် ရဲက အမှုမဖွင့်ပေးဘဲ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့ ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။ “ညည်း ပိုက်ဆံ ၁၀ သိန်းပေးရင် ကျေနပ်လားတဲ့။ သမီးက ပိုက်ဆံမလိုဘူး၊ ဖျက်ဆီးခံရတဲ့အတွက် တိုင်ရမှာပဲ။ တကယ်လို့ ထွက်ပြေးလို့သာမရခဲ့ရင် တခြားကို ပါရင်ပါသွားမှာ ဘယ်မှလည်း မသွားတတ်ဘူး။ ”အမှုလက်ခံပြီးတဲ့နောက် လင်မယား ၂ ဦးနဲ့ လူငယ် ၁ ဦးကို ရဲက လူကုန်ကူးမှုနဲ့ အမှုဖွင့်ပေး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ဒီအမျိုးသမီးအပေါ် စာနာကြတဲ့ ရွှေကြာပင်ရပ်ကွက်က ရပ်ကွက်သားတွေက သူမကို အလုပ်အကိုင်ရရှိရေး အတွက်ပါ စီစဉ်ပေးလို့ သူဟာ ဈေးဆိုင်တဆိုင်မှာ အကူအေရာင်းသမား အဖြစ် လုပ်နေပါတယ်။ ဒီကိစ္စကို နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က အိုင်အယ်လ်အို ဆက်ဆံရေး ကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေထံရောက်လာပြီး ဒီနေ့ ရန်ကုန်မြို့ အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။

Tuesday 2 October 2012

တရုတ်ကို စတင်ရောင်းချတော့မည့် ရခိုင်ပြည်နယ်မှ ရွှေဂတ်စ်ပိုက်လိုင်း

လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်ကို စတင်ရောင်းချတော့မည့် ရခိုင်ပြည်နယ်မှ ရွှေဂတ်စ်ပိုက်လိုင်း စီမံကိန်းကို လောလောဆယ်တွင် ရပ်ဆိုင်းထားရန် ပြည်တွင်း အဖွဲ့အစည်း (၁၂) ခုမှ ကျေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။
တောင်းဆိုသော အဖွဲ့(၁၂) ဖွဲ့ မှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁)Thazin Development Foundation (ရခိုင်ပြည်နယ်)(၂)Arakan Ray Youth (ရခိုင် ပြည်နယ်), (၃) Ayarwady West Development Organization (မင်းဘူး၊ စကု၊ပွင့်ဖြူ၊ ငဖဲ) , (၄) Green Network (Sustainable Development Group)(မကွေး) (၅) Green Future (ရေနံချောင်း)(၆)ပုပ္ပါးတောင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ (ကျောက် ပန်းတောင်း) (၇) Green for All (တောင်သာ၊မြင်းခြံ၊ နွားထိုး ကြီး) (၈) စိမ်းရောင်စို (တံတားဦး) (၉) စိမ်းရောင်စို Activities (မန္တလေး)၊ (၁၀)စိမ်းလန်းပြင်ဦးလွင် (ပြင်ဦးလွင်)၊ (၁၁) စိမ်းရောင်စို (ကျောက်မဲ)၊ (၁၂) ရှမ်းပြည်နယ်မြေက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (လားရှိုး၊သီပေါ ၊ နမ္မတူ၊ နောင်ချို ၊ နမ့်ခမ်း) တို့ဖြစ်သည်။ ထုတ်ပြန်သော ကျေညာချက် ခေါင်းစီးကို “ မြန်မာ-တရုတ် “ရွှေ”သဘာဝဓာတ်ငွေ့ နှင့် ရေနံပိုက် လိုင်းစီမံကိန်းအပေါ် မြန်မာပြည်သူလူထု၏ သဘောထားထုတ်ပြန်ချက်” ဟု ဖေါ်ပြပြီး အောက်တို ဘာလ (၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ကျေညာချက်ပါ အကြောင်းအရာများမှာ အောက်ပါ အတိုင်း အပြည့်အစုံ ဖြစ်သည်။ မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့သွယ်တန်းမည့် ရွှေသဘာဓာတ်ငွေ့ နှင့်ရေနံပိုက်လိုင်းစီမံကိန်း သည်မြန်မာနိုင်ငံ ၏မြို့နယ် (၂၁)မြို့နယ် ကိုဖြတ်သန်းသွားပါသည်။ ထိုစီမံကိန်းတွင် (၁) စာချုပ်ပါစီမံကိန်း အခြေခံ အချက်အလက်များကိုလည်းကောင်း ၊ နိုင်ငံရေးနှင့် ပါတ်သက်သည့် သဘောတူ ညီချက်များကို လည်းကောင်း ၊ပိုက်လိုင်းလုံခြုံဘေးကင်းရေး စံနှုန်း များကိုလည်းကောင်း ၊ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာအချက်အလက်များကို လည်းကောင်း၊ နောက်ဆက်တွဲအကောင် အထည်ဖော် မည့်အစီစဉ်များကို လည်းကောင်း ပြည်သူ လူထုအနေဖြင့်သိရှိခွင့်မရရှိခဲ့ပါ။ (၂) စီမံကိန်းမစတင်မီကပင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့်လူမှုဘ၀ သက်ရောက် ထိခိုက် မှုစစ်တမ်းများ (EIA,SIA) ကောက်ယူစီစစ်ခြင်းမရှိခဲ့ပေ။ အမှန်အားဖြင့် EIA, SIAစစ်တမ်း အရသာစီမံကိန်းကို အကောင်အထည်ဖော်ရန်သင့် မသင့်ဆုံးဖြတ်ရမည်ဖြစ်သည်။ (၃) လယ်ယာမြေနှင့်စိုက်ခင်းများကိုပျက်စီးစေခြင်း၊ အများပိုင်ကျေးရွာသုံးရေကန် သာသနိက နယ်မြေများ၊ လမ်းများကိုပျက်စီးစေခြင်း၊ သဘာဝရေထွက် များနှင့်ရေ ရေထိန်းတော များပျက် စီးစေခြင်း ၊ရှားပါးရေနေ ၊ကုန်းနေသတ္တဝါများ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်ပျက်စီးစေခြင်း၊ အများပိုင် သစ်တောနှင့်ဒေသခံအစုအဖွဲ့ပိုင်သစ်တောများကို ပျက်စီးစေခြင်းများ၊ ကမ်းရိုးတန်းနှင့် သန္တာကျောက်တန်းများ ထိခိုက်ပျက်စီး ခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင် နှင့်ဂေဟစံနစ်ကို အကြီးအကျယ်ထိခိုက်စေကြောင်း တွေ့ရှိရသည်။ (၄) လူ့အခွင့်အရေးချိုး ဖောက်မှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကလေးအခွင့် အရေး ချိုးဖောက်မှုများ နှင့် အမျိုးသမီးများ၏ ဘ၀အပေါ်ထိခိုက် သက်ရောက်မှုများဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ် ပိုမိုကြီးထွား အောင်အားပေးနေသော အကြောင်းလည်း ဖြစ်နေ သည်။ (၅) ပိုက်လိုင်းဖြတ်သန်းရာဒေသတလျှောက် မြေယာသုံးစွဲရာ၌လည်း ပိုင်ရှင်များကို အသိပေး ထားသည့် မှုလမြေပမာထက်ပိုမိုသုံးစွဲခြင်း၊ မြေယာလျော်ကြေး များကိုထိုက် တန်စွာပေးလျော် မှုမ ရှိခြင်း၊ဒေသခံများ၏ဘ၀ ရပ်တည်ရေးနှင့်လူမှု ဘ၀ဖွံ့ဖြိုးရေး ကဏ္ဍမျိုးစုံကိုလည်း အနှောက် အယှက်ဖြစ်စေခြင်းများ တွေ့ရှိရသည်။ (၆) ဒေသခံ ဌာနေတိုင်းရင်းသားများ သိရှိခွင့်ရမည့် မူလအခွင့် အရေးများ ကို လေးစားလိုက်နာမှု မရှိခြင်း၊ စီမံကိန်း အကောင်အထည်ဖေါ်မည့်အဆင့်တိုင်းတွင် ဒေသခံများပါဝင်ဆွေးနွေး ဆုံးဖြတ်ခွင့် လုံးဝ မရရှိခဲ့ခြင်း တို့ကိုလည်း တွေ့ရှိရသည်။ (၇) မိမိနိုင်ငံအတွက် မဟာဗျူဟာကျသော စီးပွားရေးစီမံကိန်းကြီးများကို တိုင်းတစ်ပါးလက် ပုံ အပ်ခြင်းမှာ နိုင်ငံအချုပ်အခြာ အာဏာနှင့်လုံခြုံရေးအတွက်စိုးရိမ် ဖွယ်ဖြစ် သည်။ မြန်မာ့မြေပေါ်မှ ဖြတ်သန်းတည်ဆောက် ထားသော ပိုက်လိုင်း၏ ပိုင်ဆိုင်ခွင့် နှင့် စီမံခန့်ခွဲပိုင်ခွင့် သည် မြန်မာနိုင်ငံ၏ လက်တွင် ရှိသင့်သော်လည်း မြန်မာတွင် အဆိုပါအခွင့်အရေး မရှိပေ။ ထို့ကြောင့်နိုင်ငံတော်အစိုးရ သက်ဆိုင်ရာကုမ္ပဏီများ၊ တာဝန်ရှိသူများအနေဖြင့် အထက်ပါ အခြေ အနေ များ ကို ဖြေရှင်းပေးရန်လိုအပ်သည်။ အထက်ပါအချက်များ မဖြေရှင်းနိုင်ခင် ပိုက်လိုင်းစီမံ ကိန်းကို လုံးဝရပ်ဆိုင်း ထားစေလိုကြောင်း မြန်မာပြည်သူများမှ လက်မှတ်ရေးထိုး ၍ တောင်းဆို လိုက်သည်။ မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ Myanmar-China Pipeline Watch Committee