Monday 17 September 2012

မက္ကဆီကိုမြောက်ပိုင်းအကျဉ်းထောင်တခုမှ အကျဉ်းသားများထွက်ပြေးလွတ်မြောက်

မက္ကဆီကိုမြောက်ပိုင်းအကျဉ်းထောင်တခုမှ အကျဉ်းသားများထွက်ပြေးလွတ်မြောက်။ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Coahuila ပြည်နယ်ရှိအကျဉ်းထောင်မှ အကျဉ်းသား ၃၀ယောက်ထွက်ပြေးလွတ်မြောက်၍ အမေရိကန်နယ်စပ်ဖြတ်ကျော်ခိုးဝင်သွားကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူက တနင်္လာနေ့က မီဒီယာသို့ပြောကြားခဲ့သည်။ Piedras Negras မြို့ရှိအကျဉ်းထောင်၏ လက်သမားအလုပ်ရုံမှ အကျဉ်းသားတို့သည် ရေမြောင်းတဆင့်ထွက်ပြေးလွတ်မြောက်သွားကြသည်။ အဆိုပါအကျဉ်းထောင်ရှိအကျဉ်းသားအများစုမှာ မူးယစ်ဆေးဝါးဂိုဏ်းဝင်များဖြစ်ကြပြီး လူသတ်ပြန်ပေးဆွဲမှု၊မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတို့ဖြင့်အကျဉ်းကျခံနေရသူများဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအစိုးရဘက်မှ ထွက်ပြေးလာသောအကျဉ်းသားများကို ကူညီဖမ်းဆီးမည်ဖြစ်ကြောင်းကြေညာခဲ့သည်။ မက္ကဆီကိုနိုင်ငံအတွင်းရှိ မီဒီယာတချို့မှ ထွက်ပြေးလွတ်မြောက်သွားသောအကျဉ်းသားဦးရေမှာ ၁၀၀ကျော်ရှိကြောင်းရေးသားထားသော်လည်းအတည်ပြုရန်ခက်ခဲနေသည်။ ၂၀၁၀ခုနှစ်အတွင်းကလည်း အမေရိကန်နယ်စပ်အနီးရှိ Nuevo Laredo မြို့အကျဉ်းသားထောင်တခုမှ အကျဉ်းသား ၁၄၀ကျော်ထွက်ပြေးလွတ်မြောက်ခဲ့သေးသည်

No comments:

Post a Comment