Saturday 15 September 2012

မိခင်ကျေးဇုးကြီးမားပုံ

ကင်ညှာနိုင်ငံ သဘာဝဘေးမဲ့တော ကဖြစ်ရပ်လေးပါ..။ ခြင်္သေ့သားအမိ ထဲက ခြင်္သေ့ကလေးဟာ အဆော့လွန်သွားရာက ချောက်ကမ်းပါး အောက်ကိုပြုတ်ကျသွားတာပါ..။ ကံဆိုးတဲ့ ကြားက ကံကောင်းခဲ့တာက ခြင်္သေ့ကလေးဟာ အောက်အထိပြုတ်ကျမသွားဘဲ ကမ်းပါးစွန်းလေးနားမှာ တင်ကျန်နေတာပါ..။ ဒီတော့ မိခင်ခြင်္သေ့မကြီးခမျာ သူ့ကလေးကိုငုံ့ကြည့်ရင်း အခြားသော ခြင်္သေ့အဖွဲ့ဝင်တွေကို လှမ်းပြီးအကူအညီတောင်းပါသေးတယ်..။ အခြားသောခြင်္သေ့တွေရောက်လာပေမဲ့လည်း ချောက်ကမ်းပါးစွန်းနားကနေ လှမ်းအော်နေရုံက လွှဲလို့ ဘာမှမကူညီပေးနိုင်ဘူးလေ...။ အောက်က ခြင်္သေ့ကလေးကလည်း သူ့အမေ ကိုလှမ်းပြီးအော်ခေါ်နေတယ်ထင်ပါရဲ့...။ ဒီအချိန်မှာ ခြင်္သေ့မ ကြီးဟာ သူ့အတွက်ဖြစ်လာနိုင်တဲ့ အန္တာရာယ်တွေကို လစ်လျူရှုပြီး သူ့ကလေးရှိရာကို ဖြေးဖြေးချင်းဆင်းသွားရှာပါတယ်..။ သူ့ကလေးနားရောက်တော့ သူ့ကလေးကို ကိုက်ချီပြီး ဖြေးဖြေးချင်း ခက်ခက်ခဲခဲ အပေါ်ကိုပြန်တက် လာခဲ့ပါတယ်..။ အပေါ်ရောက်တော့ သူ့ကလေးကို သနားတဲ့ဟန် နဲ့ လျှာနဲ့ ပွတ်သပ်ပေးပြီးချော့မြူနေတဲ့ မြင်ကွင်းအခိုက်အတန့်လေးဟာ မိခင်တွေရဲ့ မေတ္တတရားကြီးမားပုံကို ကြည်နူးစွာတွေ့မြင်ရပါတယ်..။ အမေ ဆိုတာ အစဉ်အမြဲ.. အမေပါပဲ..။ သားသမီးတွေ နဲ့ ပတ်သက်လာရင် ပေးဆပ်ဖို့.. စွန့်လွတ်ဖို့.. စွန့်စားဖို့... အမြဲအဆင်သင့်ရှိနေ တတ်တာဟာ.. ဘယ်သူရှိအံ့နည်း...။ သတ္တိခဲ... အမေ ဆိုတဲ့ အမေတွေ...ပဲပေါ့.....။

ပြည်ပ လက်လီအရောင်းဆိုင် အိန္ဒိယမှာ ဖွင့်ခွင့်ပြု

ဧရာမ လက်လီဆိုင်ကြီးတွေ ဖြစ်ကြတဲ့ Wal-Mart, Tesco နဲ့ Carrefour တို့လို နိုင်ငံခြား ကုမ္ပဏီတွေကို အိန္ဒိယ နိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်ပါတယ်။ အိန္ဒိယ အစိုးရရဲ့ သောကြာနေ့က ကြေညာချက်ကြောင့် ကုန်အမျိုးအစား တမျိုးမက ရောင်းချတဲ့ ကုန်စုံဆိုင်တွေမှာ နိုင်ငံခြား လုပ်ငန်းတွေ အနေနဲ့ အစုရှယ်ယာ အများစု ပိုင်ဆိုင်ခွင့် ရတော့မှာပါ။
အစိုးရရဲ့အစီအစဉ်ကို ဆန့်ကျင်သူတွေကတော့ ပြည်ပက လုပ်ငန်းတွေကြောင့် ပြည်တွင်းက အငယ်စား လက်လီလုပ်ငန်းတွေ နစ်နာပြီး အလုပ်အကိုင်တွေလည်း လက်လွတ် ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။ အစီအစဉ်ကို ထောက်ခံသူတွေ ကတော့ နိုင်ငံခြား လုပ်ငန်းတွေကြောင့် ပြည်တွင်းက လုပ်ငန်းတွေ ပိုမိုခေတ်မီ လာနိုင်သလို၊ စားသောက်ကုန် အရည်အသွေး တိုးတက်ပြီး ဈေးနှုန်းတွေ သက်သာ လာနိုင်တယ်လို့ ပြောနေကြတာပါ။ အိန္ဒိယ အစိုးရရဲ့ အစီအစဉ်သစ်အရ နိုင်ငံခြား လေကြောင်း လုပ်ငန်းတွေ ပြည်တွင်း လေကြောင်းလိုင်းတွေမှာ ၀င်ရောက် လုပ်ကိုင်ဖို့လည်း ခွင့်ပြုလိုက်ပါတယ်။ လတ်တလော အိန္ဒိယ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးမှုတွေကတော့ ကျဆင်းနေပြီး တိုင်းပြည်ရဲ့စီးပွားရေး အဆင့်အတန်း လျော့ကျ လာမှာ၊ ငွေကြေး ဖောင်းပွမှုတွေ ပိုများလာမှာကိုလည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

RNDP နန့် ALD ပါတီနှစ်ခု ပူပေါင်းဖို့ ဆွေးနွေးရေးကော်မတီဖွဲ့စည်းပြီး



ရက္ခမောင်မောင် (လေးဝတီ)။ ။ ရက္ခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) နှင့် ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ရို့ရေ ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းဖို့အတွက် ဆွေးနွေးရေးကော်မတီ ဖွဲ့စည်းကြောင်း လေးဝတီက သတင်းရရှိပါသည်။ ရက္ခိုင်နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တေ ALD နန့် RNDP ရေ ရက္ခိုင်ပြည်သူလူထုတိ တောင်းဆိုချက်နန့် အညီ လက်တွိ အကောင်အထည်ဖော်ရန် တွိဆုံညိုနှိုင်း ဆွေးနွေးမူတိ အကြိမ်ကြိမ် ပြုလုပ်ခရေလို့ သိရပါသည်။ အဂု တရားဝင် ပါတီကိုယ်စားလှယ်တိနန့် တွိ့ဆုံဆွေးနွေးဖို့ ကော်မတီ ဖွဲ့စည်းထားကြောင်းကို ALD အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးသာအောင်က အဂုပိုင် ပြောပြပါသည်။ “ပါတီနှစ်ခု ပူးပေါင်းဆောင်ရွက်လားဖို့အတွက် ဒုဥက္ကဌ ဦးအေးကျော်၊ အတွင်းရေးမှူး မျိုးကျော်၊ ဦးစောမောင်နန့် ဦးထွန်းညိုရို့တိကို ပါတီက တာဝန်ပီးထားရေ။ သူရို့ကို ဆွေးနွေးဖို့တော့ခါ ပါတီက တာဝန်ပီးထားရေ သူရို့တိ အဂု ဆွေးနွေးဂတ်တေကိစ္စကို တစ်ခုလေ့ မသိရသိမ့်။ ယင်းကော်မတီကို ၅ ဦး ကော်မတီနန့် ဖွဲ့စည်းထားရေ။ ယင်းလူတိနန့် ဆက်လက်ဆွေးနွေးလားဖို့ အစီအစိုင် ဟိရေ” လို့ ပြောပြလားပါသည်။ ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင် ပြန်လို့ မှတ်ပုံစိုင်ကပင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကြိုဆိုခကြောင်း၊ အဂု လက်ဟိအခြီအနီအရ ပါတီနှစ်ခု တရားဝင် ပူးပေါင်းမှုမဟိသိမ့်ကေ့လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးသော ဆူပူအကြမ်းဖက်မှု အခြေအနေတိ၊ ရက္ခိုင်ပြည်သူလူထုတိ တောင်းဆိုချက်အရ အလွတ်သဘောတွိဆုံမူတိနန့် ဆရာတော် ဦးဥတ္တမနိန့် အခမ်းအနားကိုလည်း ပူးပေါင်းလုပ်ဆောင်ခကတ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောဆိုခပါသည်။ ပါတီနှစ်ခုပေါင်းစည်းရေးအတွက် ပါတီဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၅ ဦး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီးကေ နှစ်ပါတီ ပူးပေါင်းဆောင်ရွက်လားဖို့ ကိစ္စတိကို ယင်းကော်မတီကရာ ဆုံးဖြတ်လားဖို့ဖြစ်ကြောင်း သိရပါသည်။ ရက္ခိုင်နိုင်ငံရေးပါတီကြီး နှစ်ခု ပူးပေါင်းဆောင်ရွက်လားဖို့ ကိစ္စနန့် ဆွေးနွေးပွဲ ရလာဒ်နန့် ပတ်သက်လို့ လေးဝတီက ဆက်လက် မိန်းမြန်းရေခါ ဦးအေးသာအောင်က “အမျိုးသားညီညွတ်ရေးအတွက် လုပ်စော်ရာ။ အကောင်းဖက်ကို မျှော်လင့်ရေ။ ယင်း ကော်မတီဝင် ၅ ယောက်ကို ပါတီကိုယ်စား တာဝန်ပီးထားစော်။ သူရို့တိကရာ ဆက်လက် ဆွေးနွေးလားဖို့ ဖြစ်တေ” လို့ ဆက်လက်ပြောပြလားပါသည်။ ယင်း ရက္ခိုင်ပါတီနှစ်ခုရေ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းလားဖို့ ရက္ခိုင်ပြည်သူတိဆန္ဒအရ ဆွေးနွေးနိန်ဂတ်စော် ဖြစ်ကြောင်းသိရပါသည်။ ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် တနိုင်ငံ တတိယ မဲအများဆုံးနန့် အနိုင်ရခရေ ပါတီတစ်ခု ဖြစ်ခပြီးကေ ပါတီဖျက်သိမ်းခံခြင်း ခံရပနာ၂၀၁၂ ဧပြီလတွင် ပြန်လို့ ပါတီမှတ်ပုံရာ တရားဝင်ပါတီအဖြစ် ရပ်တည်နိန်ရေ ရက္ခိုင်နိုင်ငံရေးပါတီကြီး တစ်ခု ဖြစ်ပါသည်။ ရက္ခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရေ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခပြီးကေ ရခိုင်ပြည်နယ်အတွင်း မဲအများဆုံးဖြင့် အနိုင်ရခရေ ပါတီတစ်ခုလည်း ဖြစ်ပါသည်။ ရက္ခိုင်အမျိုးသားညီညွတ်ရေးအတွက် ပြည်တွင်းက တရားဝင်ပါတီကြီးနှစ်ပါတီ တွိ့ဆုံညိုနှိုင်း ဆွေးနွေးမူတိ လုပ်ဆောင်နိန်ကြောင်း သတင်းရဟိပါသည်။

ဒေါက်တာအေးချမ်း ရောက်နေချိန်မှာ နိုင်ငံတော်က သမိုင်းညီလာခံတခုကို ပြုလုပ်ပေးသင့်တယ်

------------------------------------ တနေ့ က ဒေါက်တာအေးချမ်းနဲ့  စကားပြောဖြစ်ပါတယ် ။ ရခိုင်ပြည်လုံးဆိုင်ရာ ညီလာခံကို သွားမှာမို့  စာတမ်းတစောင် ရေးနေတယ်လို့  ပြောပြတယ် ။ ခုတော့ ဒေါက်တာအေးချမ်းဟာ ရန်ကုန်ကို ရောက်သွားပါပြီ ။ လေဆိပ်မှာ ကြိုနေကြတဲ့  ရခိုင်လူမျိုးတွေကို မြင်တော့ မျက်ရည်တောင် ၀ဲမိပါတယ် ။ ရုပ်ရှင်သရုပ်ဆောင် နေထက်လင်း ၊ ရခိုင်အဆိုကျော်များဖြစ်ကြတဲ့  ၀င်းကိုခိုင် ၊ ညီမင်းခိုင်တို့ လို အနုပညာရှင်တွေလဲဘဲ ဒေါက်တာအေးချမ်းကို ကြိုဆိုနေတဲ့  ပြည်သူတွေရဲ့  ရှေ့မှာ မြင်ရတော့ အတူတူ လက်တွဲ ရှိနေပါလားဆိုတာတွေးပြီး သူတို့ ကိုလဲ ကျေးဇူးတင်ဖြစ်ပါတယ် ။ မကြာသေးခင်က နယူးယောက်မြို့ မှာ ကရင်လူမျိုး ဖိုးခွါးနဲ့  ရွှေည၀ါဆရာတော် ရောက်လာချိန် ဘုန်းကြီးကျောင်းမှာ စကားပြောဖြစ်ကြပါသေးတယ် ။ ဖိုးခွါးက အခုဆိုရင် ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးကျော် ကွယ်လွန်သွားပြီ ဆိုတော့ ဒေါက်တာအေးချမ်းတယောက်ဘဲ ရှိတော့တယ် ။ ဒါကြောင့် ခင်ဗျားတို့ က ဒေါက်တာအေးချမ်းရဲ့  ကျမ်းမာရေးကို ဂရုစိုက်ပေးပါလို့  ပြောရှာပါတယ် ။ သူ မသေသင့်ဘူးနော် ။ သူ့ မှာ အလုပ်တွေ အများကြီး လုပ်စရာတွေ ရှိသေးတယ် ။ ဒေါက်တာအေးချမ်းကိုလဲဘဲ ကျနော်က အဲဒီလို သတိတရ ကျမ်းမာရေးကို ဂရုစိုက်ပေးပါလို့  မှာကြောင်း ပြောပေးပါဆိုတယ် ။ ဒီစကားကိုလဲဘဲ ဒေါက်တာအေးချမ်းကို ကျနော် ပြောပြလိုက်ပါသေးတယ် ။ ဖိုးခွါးပြောတာ မှန်တယ် ။ ဒေါက်တာအေးချမ်းဟာ ရခိုင်သမိုင်းပညာရှင် တဦးဖြစ်သလို အခုဖြစ်နေတဲ့  သမိုင်းလိမ်ဘင်္ဂလိမ်ကုလားတွေနဲ့  ပါတ်သက်လို့  အဓိကတပ်ဦးကနေပြီး ဖြေရှင်းနေတဲ့  ပညာရှင်တဦးဖြစ်ပါတယ် ။ သူဟာ ရခိုင်မျိုးချစ် လူကြီးလူကောင်းတဦး အနေနဲ့  အခုဆိုရင် မိဖပြည်သူတွေနဲ့  ထိတွေ့ ခွင့်ရသွားပါပြီ ။သူ့ ကို ရခိုင်သမိုင်းပညာရှင် တဦးမို့  အခုရခိုင်ပြည်နယ်ကို ပြန်သွားတဲ့  ခရီးစဉ်မှာ အစိုးရက သူ့ ရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ပေးကြဖို့  အစိုးရကို မေတ္တာရပ်ခံပါရစေ ။ ဒေါက်တာအေးချမ်း ရှိနေချိန်မှာ အစိုးရကလဲဘဲ ရခိုင်သမိုင်းကော မြန်မာသမိုင်းကိုပါ သမိုင်းစာတမ်းဟောပြောပွဲတွေ သတင်းစာရှင်းလင်းပွဲတွေကို ဦးဆောင်ကျင်းပ ပေးဖို့  လိုအပ်ပါတယ် ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး - Mr Derek Mitchel - ဟာ ၀ါရှင်တန်မှာ သမိုင်းလိမ်ဘင်္ဂလီကုလားတွေကို အဓိက ဦးဆောင်နေတဲ့  ၀ါကာအူဒင်နဲ့  တွေ့ ဆုံပြီး အတူတကွ ဓါတ်ပုံရိုက်ခံကာ သမိုင်းလိမ် ဘင်္ဂလိမ်ကုလားအကြောင်းကို ဆွေးနွေးခဲ့ သူဖြစ်ပါတယ် ။ သံအမတ်ကြီးအနေနဲ့  လက်ခံခြင်း မခံခြင်းဆိုတာသည် ပဓါန မကျပေမဲ့  သူ့ ကို ပြောဆိုပြဖို့  ရှင်းလင်းဖို့  ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကို အစိုးရက စီစဉ်ပေးဖို့  လိုအပ်ပါတယ် ။ ဒါကြောင့်မို့ လို့ ဒေါက်တာအေးချမ်း ရောက်လာချိန်မှာ အမေရိကန်သံအမတ်ကြီးနဲ့  တွေ့ ဆုံခွင့် လုပ်ပေးဖို့  ၊ နိုင်ငံခြားသား သမိုင်းပညာရှင်များအပါအ၀င် သမိုင်းစာတမ်း ရှင်းလင်းပြုလုပ်ပေးဖို့ ဆိုတာကို အစိုးရက ဦးဆောင်ကျင်းပပေးရန် လိုအပ်တယ်လို့  မြင်ပါတယ် ။ အမေရိကန် သံအမတ်ကြီးနဲ့  တွေ့ ဆုံခွင့်ရအောင် ဖန်တီးပေးလိုက်တာဟာ ကောင်းသောအစီအစဉ် တခုဖြစ်မှာပါ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးထဲမှာ အဲဒီလူမျိုး မရှိဘူးဆိုတာကို သမိုင်းအထောက်အထားနဲ့  ပြောဆိုဖို့  ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ပြောဆိုရှင်းလင်းဖို့  သွားပါပြီ ။ အခုလို သမိုင်းပညာရှင် တဦးက ပြောဆိုတာကို နိုင်ငံတော်က ဥပဒေတရပ်အနေနဲ့  ထုတ်ပြန်ပြီး မရှိသော ၄င်းလူမျိုးအား မသုံးစွဲရန်နှင့် သုံးစွဲခေါ်ဝေါ်သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူရန်ဖြစ်ကြောင်း ပုဒ်မ္မ ပုဒ်ထီးတွေနဲ့  ချမှတ်ဖို့  အခွင့်အလမ်း ရရှိသွားပြီဖြစ်ပါတယ် ။ ဒီလို ဥပဒေအမိန့် တွေနဲ့  မပြုလုပ်ထားသမျှ မြန်မာနိုင်ငံသားတွေနဲ့  အခြား နိုင်ငံခြားသားတွေဟာ သူတို့ ရဲ့  အဆင့်အတန်းမရှိလှတဲ့  မီဒီယာတွေကနေပြီး ပြောဆိုရေးသားနေကြအုံးမှာဖြစ်ပါတယ် ။ သူ့ ကိုမှ သမိုင်းပညာရှင် စာတမ်းဖတ်ပွဲကို လုပ်ပေးရမှာလားဆိုပြီး အစိုးရက တလွဲမာနတွေနဲ့  မပြုလုပ်ကြပါရန် အထူးတိုက်တွန်းလိုက်ရပါတယ် ။ ခိုင်အောင်ကျော် ( နယူးယောက်

မွတ်ဆလင် ဘာသာဝင်များကမ္ဘာတဝန်း ဆန္ဒပြမှု ပြန့် နှံသွားပြီး

တမန်တော်ရုပ်ရှင်ဇာတ်လမ်းတိုအပေါ် စိတ်ဆိုးနေကြသော အစ္စလာမ်ဘာသာဝင်တို့ သည် အမေရိကန်သံရုံး ရုံးစိုက်ရာနိုင်ငံပေါင်း ၂၀ကျော်တွင် ဆန္ဒပြနေကြသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဆန္ဒပြသူတို့မှ ဆန္ဒပြရင်းအကြမ်းဖက်မှုများလည်းဖြစ်ပွားပြီး အမေရိကန်သံရုံးအချို့ဖျက်ဆီးမီးရှို့ခံရမှုများရှိနေကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖေါ်ပြထားသည်။

ဘာသာရေး သင့်မြတ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ဘာသာရေး သင့်မြတ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
ဘာသာရေး သင့်မြတ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း ဗွီအိုအေ (မြန်မာဌာန) 15.09.2012 ပြဿနာတွေ ကြုံနေရတဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်အတွက် လက်ဘနွန် နိုင်ငံဟာ စံနမူနာ တခုအဖြစ် ပြသဖို့ ပုပ်ရဟန်းမင်းကြီး ဘန်းနဲဒစ် (Benedict) က တိုက်တွန်းလိုက်ပါတယ်။ ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး စနေနေ့က ကြွလာတဲ့ Beirut မြို့မှာတော့ လူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး သမ္မတ နန်းတော်မှာ လက်ဘနွန် အစိုးရ တာဝန်ရှိသူတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ လက်ဘနွန်မှာ ရှိကြတဲ့ ခရစ်ယာန်နဲ့ မူစလင်တွေဟာ ရာစုနှစ်တွေနဲ့ချီပြီး အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြသလို၊ တချို့မိသားစုတွေမှာ ဆိုရင်လည်း ဘာသာ ၂ မျိုးစလုံးကို ကိုးကွယ်ကြသူတွေတောင် ရှိတယ်လို့ ရဟန်းမင်းကြီးက မိန့်ခဲ့ပါတယ်။ ဒီလိုမျိုး မိသားစု တစုမှာတောင် ဖြစ်နိုင်တယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း တခုလုံးမှာရော ဘာကြောင့် မဖြစ်နိုင်ရမှာလဲလို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။ တွေ့ဆုံမှုမှာ ပါဝင်သူ လက်ဘနွန် ခေါင်းဆောင် တယောက်ဖြစ်တဲ့ Sheikh Mohammad Rachid Qabbani ကတော့ ရဟန်းမင်းကြီးကို စာတစောင် ပေးအပ်ခဲ့ပြီး ဒီအထဲမှာတော့ ခရစ်ယာန် တယောက်ကို တိုက်ခိုက်တယ်ဆိုရင် မူစလင် တယောက်ကို တိုက်ခိုက်သလို သဘောထားမှာ ဖြစ်တယ်လို့ ဖော်ပြထားတာပါ။ စနေနေ့နှောင်းပိုင်း လူငယ်တွေကို တရားဟောရာမှာတော့ ဆီးရီးယား လူငယ်တွေအပေါ် ဂရုဏာ ဖြစ်မိတဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့သလို၊ သူတို့ရဲ့ ရဲစွမ်းသတ္တိကို လေးစားသလို၊ အခုအခါ ခရစ်ယာန်နဲ့ မူစလင် အတူလက်တွဲပြီး အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေကို အဆုံးသတ်ရမယ့် အချိန် တန်နေပြီလို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။ Like · · Share

သမိုင်းပညာရှင် ရခိုင်လူမျိုး ဒေါက်တာအေချမ်း

နိုင်ငံရေးအကျဉ်းသားဟောင်း သမိုင်းပညာရှင် ရခိုင်လူမျိုး ဒေါက်တာအေချမ်း ၁၅.၉.၂၀၁၂ ရက်နေ့ ၃း၄၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာပြီး ည ရး၃၀ နာရီ တွင် ကမာရွတ်မြို့နယ်ရှိ ဒေါ်စောရီ မြန်မာထမင်းဆိုင်တွင် သာယာဝတီထောင်တွင်အတူနေ တပည့်များနှင့်ညစာ အတူတကွစားသောက်ခဲ့သည်။

ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားဖို့ လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

2012-09-15 ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော် အဆောက်အဦ၀င်း အတွင်းက သဘင်ဆောင်မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံမှာ ပွင့်လင်းမြင်သာမှုနဲ့တကွ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ တိုင်းရင်းသားပါတီ (၁၇) ပါတီနဲ့ ကျောင်းသားလူငယ်တွေ၊ လူထုကိုယ်စားပြု ကိုယ်စားလှယ်တွေက ဒီမိုကရေစီဆိုင်ရာ စာတမ်းတွေ ဖတ်ကြားခဲ့ကြပြီး အခမ်းအနားကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ အဖွဲ့ဝင်တွေက သတင်းစာဆရာတွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ဒုတိယမြောက် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဦးခင်အောင်မြင့် အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ IPU နိုင်ငံတကာ ပါလီမန်အမတ်များ သမဂ္ဂအဖွဲ့က ကိုယ်စားလှယ်တွေ၊ စာပေ၊ ဂီတ၊ အနုပညာနဲ့ လူမှုရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ စုစုပေါင်း လူ ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့မှာလည်း မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့က ဦးဆောင်ပြီး မဟာအောင်မြေမြို့နယ်၊ ပေါ်တော်မူ ဆုတောင်းပြည့်စေတီမှာ မနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ၊ မြေယာပြဿနာ၊ အလုပ်ရှင် အလုပ်သမားပဋိပက္ခ၊ လက်ပံတောင်းတောင် ပြဿနာ စတာတွေအားလုံး အဆင်ပြေငြိမ်းချမ်းစေရေး ဆုတောင်းစာတွေကို မီးပုံးပျံတွေပေါ် ရေးသားပြီး လွှတ်တင်ခဲ့ကြပါတယ်။ ဆုတောင်းပွဲကို ရဲအထူးသတင်းတပ်ဖွဲ့က စောင့်ကြည့် မှတ်တမ်းယူတာနေကလွဲလို့ အနှောင့်အယှက် အဟန့်အတား တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။ Copyright © 1998-2011 Radio Free Asia. All rights reserved.

ကရင်ဒုက္ခသည် ပြန်လည်နေရာချထားရေး အစိုးရ ဆောင်ရွက်ပေးမည်

2012-09-15 ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ကရင်ဒုက္ခသည် တစ်သိန်းကျော်ကို မြန်မာနိုင်ငံ ပြန်ပို့ ပြီဆိုရင် မူရင်းဒေသတွေမှာ အဆင်ပြေပြေ အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးသွားမယ်လို့ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက RFA ကို မနေ့က ပြောကြားခဲ့ပါတယ်။
ကျွန်တော်တို့ကတော့ ဒုက္ခသည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ဦးချင်း ပြန်လာတာပဲဖြစ်စေ၊ တစ်ဖွဲ့လုံး ပြန်လာတာပဲဖြစ်စေ သူတို့တွေ နေရပ်ကို ပြန်လာတာကို ကျွန်တော်တို့ဘက်က အချိန်မရွေး လက်ခံတယ်။ သူတို့နေရာ ရှိလည်း ရှိတယ်။ သူတို့က ဆန္ဒရှိတယ်ဆိုရင် သူတို့နေရာမှာပဲ သူတို့ကို သူတို့ဆန္ဒရှိတဲ့အတိုင်း နေစေမှာ ဖြစ်ပါတယ်။ နေရာမရှိတော့တဲ့ လူတွေအတွက်ကိုတော့ သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ ပြည်ထောင်စုအစိုးရရော၊ ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေနဲ့ အကုန်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နေထိုင်မဲ့ နေရာလေးတွေ မိုင်း clear လုပ်ပေးရမှာပေါ့" ဒါ့အပြင် ကရင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေကိုပါ ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ် ဦးဇော်မင်းက ပြောပါတယ်။ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရာမှာ လက်ခံထားတဲ့နိုင်ငံ၊ လက်ခံထားတဲ့ အဖွဲ့စည်းတွေ၊ UNHCR တို့လို ကုလသမဂ္ဂ အဖွဲ့စည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး စနစ်တကျ လက်ခံသွားမယ်လို့လည်း သိရပါတယ်။ ပြန်လည် နေရာချထားရာမှာလည်း ဒုက္ခသည်စခန်းတွေမှာလို တစ်နေရာထဲမှာ စုပေါင်းနေထိုင်ရမှာ မဟုတ်ကြောင်း၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင်လည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။ ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ဒု ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းတို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းတွေက ဒုက္ခသည် တစ်သိန်း နှစ်သောင်းကျော်ကို တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြန်လည် နေရာချထားနိုင်ဖွယ် ရှိတယ်လို့ ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီက သတင်းမီဒီယာတွေကို မကြာခင်ရက်ပိုင်းက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ Copyright © 1998-2011 Radio Free Asia. All rights reserved.

ဘင်္ဂလီကုလားတွေ ရဲ့ မိုက်မဲ့မူတွေ


မောင်တောတွင် ဘင်္ဂလီများ၏ တိုက်ခိုက်ခြင်းခံရသော လင်မယားနှစ်ဦးအား ဘူးသီတောင်ဆေးရုံသို့ ပြောင်းရွှေ့ .............စက်တင်ဘာ (၁၄) ရက်နေ့က မောင်တောမြို့နယ် ကံသာယာ ရွာအနီးတွင် ဘင်္ဂလီများ၏ ကြမ်းဖက်ခြင်းခံရသော ဦးအောင်လှဖြူ၏ ဦးခေါင်းတွင် သေနတ်ကျည် ရှိနိုင်သည့်အတွက် ခွဲစိတ်ကုသရန်လိုအပ်နေရာ မောင်တောဆေးရုံတွင် ခွဲစိတ်ဆရာဝန်မရှိသောကြောင့် ယနေ့ နေ့လည်က ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဦးအောင်လှဖြူနှင့်၊ ဒေါ်မအောင်စိန်တို့ လင်မယားအားမှာ မောင်တောမြို့နယ် (၄) မိုင်ရှိ ကံသာယာကျေးရွာအနီးတွင် လယ်ယာလုပ်ငန်းတွင်ကင်းစောင့်နေရာ ဘင်္ဂလီ (၂၀)ခန့်က သေနတ်၊ တုတ်၊ ဓါးများဖြင့် ၀င်ရောက် အကြမ်းဖက်ခြင်းရသဖြင့် မောင်တောဆေးရုံတွင် အရေးပေါ်ကုသခံယူနေပြီးမှ ဆေးရုံတွင် ခွဲစိတ်ဆရာဝန် မရှိ၍ ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

" ပြဿနာက ညနေ (၇) နာရီကနေစတာပါ။ ရန်ငြိုးလည်းမရှိဘဲနဲ့ လာပြီးတော့ ပြဿနာရှာကြတယ်။ ယူနီဖောင်းနဲ့လည်း မဟုတ်ဘဲ အရပ်သားအဝတ်နဲ့ ခန့်မှန်းခြေ (၂၀) ယောက်ရှိမယ်ထင်ပါတယ်။ ကျနော့်ကို သေနတ်နဲ့ တစ်ချက်ပစ်တာ။ တစ်ချက်နဲ့ ခေါင်းကို ထိသွားပါတယ်။ သူတို့ဝင်လာချိန်မှာ မိန်းမကို ဓါတ်မီးမထိုးပါနဲ့ မီးငြိမ်းထားလိုက်လို့ပြောလိုက်ပါတယ်။ ကျနော်တို့လည်း လယ်ကွင်းထဲသို့ ဆင်းဖို့လုပ်နေကြတာပါ။ သူတို့က သတ်ဖို့လာကြတာဆိုတော့ ကျွန်တော်လည်း မထူးတော့ပါဘူး ဆိုပြီးတော့ ဒုတ်ကိုကိုင်ပြီး ထိုင်နေလိုက်ပါတယ်။ ထိုင်နေတုန်းမှာ လူတွေက တစ်ခဲနက် အများကြီးအုံလာပါတယ်။ ကျနော်မိန်းမကိုလည်း ဘင်္ဂလီများက ဆံပင်ဆွဲပြီး ရိုက်နှက်ခဲ့ပါတယ်။ " ဟု အသတ်ခံရသူ ဦးအောင်လှဖြူက ပြောသည်။

အသေးစိတ်ကို အာရ်ကန်တိုင်းမ်စ်မှ ဆက်လက်စုံစမ်းနေပါတယ်။
Like ·  ·  · 9 minutes ago · 

အစ္စလာမ်ဘာသာရေး ဆန္ဒပြမှု ဩစတြေးလျှသို့ကူးစက်ပြီ။ (၂၀၁၂ခု စက်တင်ဘာလ ၁၅ရက်)


ခေါင်းလောင်းထိုးသံ


ကျွန်တော် ရေးချင်နေမိသည်မှာ ကြာပြီ။ ရေးသင့်မရေးသင့် ချင့်ချိန်ရင်း အချိန်တွေ လင့်ခဲ့ရသည်။ ယခုတော့ မနေနိုင်လွန်း၍ ရေးလိုက်ရပါပြီ။ သမ္မတကြီး သတိရှိပါ ခင် ဗျာ။ ယနေ့ သမ္မတကြီးသည် တစ်ချိန်က ကျွန်တော်နှင့်လုပ်ဖော် ကိုင်ဖက်ဖြစ်ခဲ့ ပါသည်။ အတူနေ အတူစား ဘဝနှင့် ရင်းနှီးခဲ့ရဖူးပါသည်။ အကြီးအကဲနှင့် ရင်းနှီးကြောင်း မော်ကြွားလို၍ မဟုတ်ပါ။ အတွင်းသိ အစင်းသိဖြစ်ကြောင

်း ပေါ်လွင် စေလို၍ဖော်ပြရခြင်းသာဖြစ်ပါ၏။ လွန်ခဲ့သော ၃၅ နှစ်က ကျွန်တော်တွေ့ခဲ့သိခဲ့ရသော ထိုပုဂ္ဂိုလ် သည် ရိုးသား၏။ ကြိုးစား၏။ သူ့မိသားစု သည်လည်း ရိုးသား၏။ မော်ကြွားခြင်း၊ ထောင်လွှားခြင်း ကင်း၏။ ထိုပုဂ္ဂိုလ်ရော မိသားစုကိုပါ ကျွန်တော်တို့ ဇနီးမောင်နှံ က ညီငယ် ညီမငယ်လို၊ သားလိုသမီးလို သံယောဇဉ်တွေ တွယ်ခဲ့မိသည်။ ကျွန်တော်တို့က အိမ်ချင်းမျက် စောင်းထိုး နေခဲ့ကြရသည်။
ကျွန်တော့်အိမ်မှာ သားတွေ၊ သမီးတွေ တူ၊ တူမတွေ ခြောက်ယောက်ရှိသည်။ တက္ကသိုလ်တွင် လေးယောက် မှော်ဘီအထကတွင် နှစ်ယောက်ထားရသည်။ စရိတ်က မလုံလောက်။ ကျွန်တော့်အိမ်မှာ ဥစား ကြက်တွေ မွေးရသည်။ ကြက်ဥများကို စစ်ရုံးရိပ်သာသို့ သွင်းရသည်။ တရားသဖြင့်ရသော ဝင်ငွေဖြင့် ကလေးခြောက်ယောက် ကျောင်းထားရသည်။ ထိုအချိန် ထိုကာလ က ထိုပုဂ္ဂိုလ်၏ ကလေးများ ငယ်သေးသည်။ ဥစားကြက်မ အကောင် အစိတ်ခန့် မွေးထားသည်။ ကြက် မတွေဥ,ဥလျှင် ကလေးတွေကို ကျွေးသည်။ ပိုသော ကြက်ဥငါး လုံးကို ကျွန်တော့် အိမ်လာပို့တတ်သည်။ ကျွန်တော့်အမေနှင့်ကျွန်တော့် ယောက္ခမ အဘွားကြီးတွေ စားဖို့ဟု လာပို့ခြင်းဖြစ်သည်။ ယခု ခေတ်အခေါ် လာကန်တော့ သည် ခေါ်မလားမသိ။ ရှေ့တန်းတပ်မကို ဖြတ်၍ ရှေ့တန်းတက်ကြ၊ နောက်တန်း ပြန်ကြသော တပ်ရင်းများမှ တောတွင်း ရိက္ခာသံပုံး (တစ်ပုံးလျှင် လူရှစ်ယောက် စာ ရိက္ခာအမယ်စုံပါသည်) တစ်ပုံးတောင်းပြီး ကျွန်တော့်အိမ်သို့ လာပို့သည့်လုပ်ရပ်မျိုး သူ မလုပ်။ သူ့ဇနီးကလည်း မလုပ်။ မိကြီးဖကြီး စားဖို့အိမ်မွေး ကြက်မှဥသော ကြက်ဥလေးငါးလုံး လာပို့ သော ထိုပုဂ္ဂိုလ်မိသားစုကို ကျွန်တော်က ရိုးသား၏ဟု မှတ်ချက် ပြုပါသည်။ ထိုပုဂ္ဂိုလ်သည် ကုသိုလ်လည်း ထူး၏။ တပ်မဌာနချုပ်မှာပင် တပ်မမှူး ခြောက်ဦးလောက်နှင့် တွဲခဲ့ရ သည်။ လူကြီးများနှင့်အနီးကပ် နေခွင့်ရသည့်အတွက် လူကြီးများ တွေးပုံ၊ ခေါ်ပုံ၊ စဉ်းစားပုံတွေ အတုခိုးစရာ အများကြီးရသည်။ ထိုအတွေ့အကြုံများသည် မည်သည့် စစ်သင်တန်း ကျောင်းမှာမှ မရသော တန်ဖိုးကြီးအတွေ့အကြုံ များပါတည်း။ ထိုပုဂ္ဂိုလ်(ဗိုလ်ကြီး)နှင့်ပတ် သက်၍ကျွန်တော် aရးသားခဲ့သော ကဒူးမမှမော်ဖသို့ စာအုပ် ထဲမှာ အတိအကျ အကဲဖြတ်မှတ်တမ်း တင်ထားခဲ့ပြီး ဖြစ်ပါသည်။ ”တပ်မမှူးကြီး ပွဲကြမ်းတာ ဒုတပ်မမှူးကြီး ချော့ပြော သလောက်ရှိပါတယ်”ဟု ညီငယ်လို ဖြစ်နေသော စစ်ဆင်ရေး ဂျီသရီး က သူ့ပုံစံအတိုင်း ခပ်ပြုံးပြုံးခပ် မှန်မှန်လေး ပြောရှာပါသည်။ အလားအလာ ကောင်းသော အရာရှိလေးဖြစ်ကြောင်း ထိုစဉ်ကတည်းက သတိပြုခဲ့မိပါ သည်ဟု ကျွန် တော်ရေးခဲ့သည်။ ဆူသောပူသော လူကြီးကို နောက်ကွယ်မှာ အတင်းပြောသော အကျင့် သူ့မှာမရှိ။ ထို့ ကြောင့်လည်း စစ်မြေပြင် ထွက်လိုက်၊ ဦးစီးဌာန ရောက်လိုက်နှင့် ကံကောင်းလှစွာပဲ အတွေ့အကြုံ တွေရခဲ့လေတော့သည်။ ရာထူးတွေ တစ်ဆင့်ပြီး တစ်ဆင့်တိုးခဲ့သည်။ ဆရာသမား ဆယ်ယောက်၊ ဆယ့်ငါးယောက် လောက်ဆီက အတွေးအခေါ်တွေ၊ ဦးနှောက် အဆီအနှစ်တွေ ရထားခဲ့သော ထို ပုဂ္ဂိုလ်သည် ယနေ့နိုင်ငံတော် သမ္မတဖြစ်နေပေပြီ။ သည်နေ့သည် နေရာရောက် ၍ သည်တာဝန် ထမ်းဆောင်ခွင့်ရ နေသည်မှာလည်း သူ့ရဲ့ငယ်စဉ်က စရိုက်ကြောင့်ဟု ကျွန်တော်က ကိုယ်ပိုင် မှတ်ချက်ပြုပါသည်။ လူတိုင်းမှာ ဒေါသရှိသည်။ သူ့မှာဒေါသ မရှိ။ လူတိုင်းမှာ လောဘရှိသည်။ သူ့မှာ တော်ချင်တတ်ချင်သော အလုပ်လောဘ တော့ရှိသည်။ မတော်လောဘ မရှိ။ သည်နှစ်ချက်ကြောင့် သူ့မှာ မောဟမရှိ။ သူ့ လောက် တော်သောသူ ရှိမည်။ သူ့ထက် တော်သောသူ ရှိမည်။ သူ့လောက် ကြိုးစားသူရှိ မည်။ သူ့ထက်ကြိုးစားသူရှိမည်။ သူ့လောက် ရိုးသားသူ ရှိနိုင်သည်။
သူ့ထက် ရိုးသားသူရှိမည် ဟု ကျွန်တော်မထင်။ သည်နေ့ သူ့ကိုတပ်မတော်က ရွေးသည်။ လွှတ်တော်က ရွေးသည်။ နိုင်ငံတော်က တာဝန်ပေးသည်။ တစ်သက်တာမှာ တစ်ခါဖူး မှမလုပ်ဖူးသော အလုပ်ကြီးကို သူလုပ်နေရပြီ။ နိုင်ငံတော်သမ္မတကြီး။ ယနေ့အထိ အောင်မြင်မှုတွေ ရနေသည်။ ဆုံးဖြတ်သင့်သော ကိစ္စကို ရဲရဲဆုံးဖြတ်သည်။ ညှိ နှိုင်း သင့်တာ ညှိနှိုင်းသည်။ တိုင် ပင်သင့်တာ တိုင်ပင်သည်။ ချိန် ဆသင့်တာ ချိန်ဆသည်။ သည်းခံသည်။ စိတ်ရှည်သည်။ ငါတကောကောခြင်း မရှိသေးဟု မြင်မိသည်။ ဗြိတိသျှလက်အောက် ကျွန် သဘောက်ဘဝ ရောက်ခဲ့ရာမှ ရုန်း ကန်ထလာရသော မြန်မာ တစ်မျိုးသားလုံး တက်ကြွသော စိတ်ရှိကြသည်။ အုပ်ချုပ်သူကို ဆန့်ကျင် သော Anti Authority စိတ်သည် ပိုးပမာ လေမှာပြန့်လျက်ရှိသည်။ ၁၉၂ဝ ခုကစ၍ပြန့်ခဲ့သည်။ ၁၉၄၅ ခုမှာ ပြန့်ခဲ့သည်။ ယနေ့အထိ ကျန်နေသေးသည်။ လေထဲမှ ပိုး တွေမကုန်နိုင်သေးဟု ထင်သည်။ သို့သော် ယနေ့နိုင်ငံတော် သမ္မတကြီးကို လူတွေ ထောက်ခံ ကြသည်။ တစ်ပြည်လုံးက ထောက်ခံကြသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့သည်။ လက်တွဲဆောင်ရွက်ဖို့ နှစ်ယောက် စလုံး ရိုးသားစွာ သဘောတူကြ သည်။ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းနေသည်။ အမှိုက်ကစ ပြသာဒ်မီးလောင်မည့် အနောက်ပိုင်း ကိစ္စ ရဲရဲတင်းတင်း ဆုံးဖြတ်သည်။ ကြေညာသည်။ ဖိအားပေး သူတို့ကို ဆန့်ကျင်သည်။ လူထုက ထောက်ခံကြသည်။ အသံကျယ်ကျယ် ထောက်ခံသံ တွေကြားရ၍ ကျွန်တော်စိုးရိမ်မိပါ သည်။ သူ့အတွက် စိုးရိမ်ရပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်မီခဲ့သည်။ ကန်တော်မင်ပန်းခြံ တရားပွဲကို အဖေနှင့်ပါသွားဖူး သည်။ လူထုတစ်ခဲနက် ထောက်ခံ ပုံကို ကြုံခဲ့ရ၊ တွေ့ခဲ့ရဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်ပြည်လုံးက ချစ်ကြသည်ဟု ယုံကြသည်။
သို့သော် မုန်းသောသူ တစ် ယောက်လား ဆယ်ယောက်လား။ တစ်ရာလား၊ နှစ်ရာလားမသိ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ ရေတိမ်နစ် ခဲ့ရသည်။ နိုင်ငံရေး လောကမနာလို စိတ်သည် ကြောက် စရာကောင်းလှ၏။ နိုင်ငံတော်တာဝန် ကျွန်တော် ထမ်းဆောင်စဉ် ကာလက နိုင်ငံခြားမှ လာသောအဖွဲ့ခေါင်းဆောင်က ကျွန်တော့်ကို မေးပြော ပြောသည်။ ”အောင်ဆန်းစုကြည်ကို တစ်ပြည်လုံးက ချစ်နေကြရဲ့သားနဲ့ မင်းတို့အစိုးရက ဘာကြောင့် လွတ်လွတ်လပ်လပ် သွားလာခွင့် မပေးတာလဲ”ဟု မေးပါသည်။ ကျွန်တော်က ရိုးရိုးပဲ ဖြေခဲ့ပါ သည်။ ”ဒေါ်အောင်ဆန်းစုကြည်ကို လူတွေချစ်တာ မှန်တယ်။ ရာခိုင် နှုန်းပြည့် မဟုတ်ဘူးလို့ ထင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်ပြည်လုံး လူတိုင်း လူတိုင်းက ချစ်ကြတယ် လို့ တို့ယုံခဲ့တယ်။ မချစ်တဲ့လူ တစ်ယောက် နှစ်ယောက်ကြောင့် ရေတိမ်နစ်ခဲ့ရတယ်၊ ဒေါ်အောင် ဆန်းစုကြည်ကို တစ်ယောက် ယောက်ကလာပြီး ရန်ပြုရင် မင်းတို့ အစိုးရက လာပြီး တာဝန်ယူမှာလား”ဟု ပြောလိုက်မိပါသည်။ ယခု သမ္မတကြီး ဦးသိန်းစိန်ကိုလူထုက ထောက်ခံနေကြသည်။ သိသာထင်ရှားစွာ လှုပ်ရှား လာ သော ပြုပြင်ပြောင်းလဲရေးကို လူထုက သဘောကျသည်။ ဟိုနေရာမှ ထောက်ခံ၊ သည်နေရာမှထောက်ခံ သတင်းစုံ ဖတ်ရသည်။ ချစ်သူရှိလျှင် မုန်းသူရှိ နိုင်သည်။ သည်နေ့ ဖတ်ရသော ပေါ်ပြူ လာနယူးစ်မျက်နှာဖုံးမှာ ကြည်ညို ဖွယ်ရာ သံဃာတော်များ ဓာတ်ပုံ နှင့်သမ္မတကြီးကို ထောက်ခံကြ ပြီဟူသော သတင်းတွေ့ရ ဖတ်ရ ပြန် သည်။ လက်ပွေ့ အရောင်းသမား များ၊ လမ်းထောင့်မှ ဂျာနယ်ဆိုင် များမှာ အရောင်းသွက်နေသည်။ ထို့ကြောင့် ကျွန်တော်မျိုသိပ် မထားနိုင်တော့ပါ။ ရေးလိုက် ပါမိပြီ။ သမ္မတကြီး သတိရှိပါခင်ဗျာ။

မောင်ဆွေသက်

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာ ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးသွားမည် FRIDAY, 14 SEPTEMBER 2012 16:22

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာ ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးသွားမည် FRIDAY, 14 SEPTEMBER 2012 16:22 ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာလူမျိုး ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာ လူမျိုးများအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အဓိကထား၍ အထောက်အထားများ လုပ်ဆောင် ပေးသွားမည်ဟု သိရှိရသည်။ ''ဒီလိုအထောက်အထား ထုတ်ပေးတာဟာ ကိုယ့်နိုင်ငံသားတွေ အလိမ်မခံရအောင်၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ ခံစားခွင့်ရရှိအောင် အဓိကရည်ရွယ်ပါတယ်။ အထောက်အထားလုပ်မယ့်သူတွေကလည်း မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာ နေခဲ့တယ်၊ ဘယ်အချိန်အထိ နေခဲ့တယ်ဆိုတာကို အတိအကျ ပြောဖို့လိုပါတယ်''ဟု လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အထောက်အထားများ ထုတ်ပေးခြင်းကို ကူညီဆောင်ရွက်ပေးရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ၅၀%၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၂၅%၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ၂၅% ဖြင့် အသီးသီး လုပ်ဆောင်သွားမည်ဖြစ်သည်။ အထောက်အထားများ ရရှိခြင်းဖြင့် မြန်မာဒုက္ခသည်များတွင် မိမိနေရပ်သို့ ပြန်လာလိုသူများအနေနှင့် တရားဝင်ပြန်လာခွင့်ရရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည်ဆိုလျင်လည်း အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်မှာ တစ်နှစ်အတွင်း နေရပ်သို့ ပြန်ဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီ NSC မှပြော ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါ ဒုက္ခသည်ထောင်ပေါင်းများစွာမှာ မြန်မာနိုင်ငံမှ ရှမ်းနှင့်ကရင်တိုင်းရင်းသားများဖြစ်ကြပြီး စစ်ဘေးရှောင်လာကြသူများဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းနေပြီး ဒုက္ခသည်များအတွက် နေစရာစခန်းများနှင့် အခြားအခြေခံ အဆောက်အဦများကို တစ်နှစ်အတွင်း တည်ဆောက်ရန် ပြင်ဆင်နေကြောင်း NSC မှ အထွေထွေအတွင်းရေးမှူး ၀ီချန်ပိုတီဖိုဆရီ၏ ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။ ၄င်းသည်ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နေပြည်တော်သို့ သွားရောက်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဦးအောင်မင်းက မြန်မာအစိုးရသည် ပြန်လာမည့်ဒုက္ခသည်များအတွက် သင်တန်းများနှင့် အလုပ်အကိုင်များလည်းပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ မြန်မာအစိုးရက ပြန်လာဖွယ်ရှိနေသည့် ဒုက္ခသည်များကို အလုပ်အကိုင်များ ဖန်တီးပေးရန် ထိုင်းနိုင်ငံအနေနှင့် မြန်မာ့မြေပေါ်တွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံပေးစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အရပ်သား အစိုးရတက်လာအပြီးတွင် ထိုင်းနိုင်ငံက ၄င်းတို့နယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ပိတ်ပြစ်လိုကြောင်း ကြေညာခဲ့သော်လည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ၄င်းတို့ကိုပေးထားသည့် အထောက်အပံ့များကို ဖြတ်တောက်ခြင်းကို အလျင်မလိုရန် တောင်းဆိုထားသည်။

VISA ကတ် မြန်မာနိုင်ငံသို့ သုံးလအတွင်း ၀င်ရောက်နိုင်ရန် ပြင်ဆင်နေပြီး မြန်မာဘဏ် သုံးဘဏ်နှင့် စတင်ချိတ်ဆက် ဆောင်ရွက်မည်


VISA ကတ် မြန်မာနိုင်ငံသို့ သုံးလအတွင်း ၀င်ရောက်နိုင်ရန် ပြင်ဆင်နေပြီး မြန်မာဘဏ် သုံးဘဏ်နှင့် စတင်ချိတ်ဆက် ဆောင်ရွက်မည်PDFPrint
FRIDAY, 14 SEPTEMBER 2012 17:12
AddThis Social Bookmark Button



Visa ကတ်စနစ်ကို မြန်မာနိုင်ငံတွင် သုံးလအတွင်း အသုံးပြုနိုင်ရန် ပြင်ဆင်နေပြီး ကနဦး အနေဖြင့် မြန်မာဘဏ်များဖြစ်သော ကမ္တောဇဘဏ်၊ သမ၀ါယမဘဏ်(CB)နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် စတင် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။
Visa Inc ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Visa Incမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်   စက်တင်ဘာလ ၁၃ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြချက်အရ သိရပါသည်။
Visa Credit Card System ကို ပြည်တွင်းဘဏ် သုံးဘဏ်အပြင်  ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြုနိုင်ရန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ Visa Credit Card System ကို ပထမအဆင့် အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယအဆင့် အနေဖြင့် ဟိုတယ်ကြီးများ၊ နိုင်ငံခြားသား ခရီးသွားများ အများအပြား သွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံးစွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of  Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံပွဲတွင် Visa Inc (Asia Pacific)LLC မှ Country Manager Mr. Somb- oon Krobteeranon နှင့် Visa Worldwide Pte Limited မှ Director Mr. Hiro Taylor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
နာမည်ကျော် အီလက်ထရောနစ် ငွေပေးချေ ကတ်လုပ်ငန်း VISA Inc က ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ VISA ရုံးမှ သြဂုတ်လ ၁၇ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ အရ မြန်မာနိုင်ငံကို စီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ အပျော် ခရီးလာတာပဲဖြစ်ဖြစ် လာရောက်ကြမယ့်  နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် အရေးတကြီးလိုအပ်ချက် က အခြေခံ အေတီအမ် ကွန်ရက်စနစ်နဲ့ Point of Sales Terminal တွေ ဖြစ်လာပါလိမ့်မယ်။ ဒီအပိုင်းကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်ဆုံး အာရုံစူးစိုက်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်"ဟု အရှေ့တောင်အာရှ နှင့် သြစတြေးလျ အာရှဒေသဆိုင်ရာ Visa Group Country Manager Mr. Peter Maher က အဆိုပါထုတ် ပြန်ချက်တွင် ပြောကြားပါသည်။
VISA ကတ် မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါက Myanmar Payment Union Network နှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများသာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း Myanmar Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သိ ရပါသည်။
VISA ကတ်၏ ကမ္ဘာလုံးဆိုင်ရာ အဓိက ပြိုင်ဘက်ဖြစ်သော Master ကတ်ကလည်း မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် သမ၀ါယမဘဏ်နှင့် ချိတ်ဆက်ပြီးဖြစ်သည်ဟု ယခုလဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။ ဂျပန် JCB ကတ်နှင့် တရုတ် CUP ကတ်တို့ကလည်း ပြင်ဆင်နေကြ ကြောင်း သိရပါသည်။ VISA Inc သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် ၀န်ဆောင်မှုပေးနေပါသည်။
Visa ကတ်စနစ်ကို မြန်မာနိုင်ငံတွင် သုံးလအတွင်း အသုံးပြုနိုင်ရန် ပြင်ဆင်နေပြီး ကနဦး အနေဖြင့် မြန်မာဘဏ်များဖြစ်သော ကမ္တောဇဘဏ်၊ သမ၀ါယမဘဏ်(CB)နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် စတင် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။
Visa Inc ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Visa Incမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်   စက်တင်ဘာလ ၁၃ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြချက်အရ သိရပါသည်။
Visa Credit Card System ကို ပြည်တွင်းဘဏ် သုံးဘဏ်အပြင်  ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြုနိုင်ရန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ Visa Credit Card System ကို ပထမအဆင့် အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယအဆင့် အနေဖြင့် ဟိုတယ်ကြီးများ၊ နိုင်ငံခြားသား ခရီးသွားများ အများအပြား သွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံးစွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of  Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံပွဲတွင် Visa Inc (Asia Pacific)LLC မှ Country Manager Mr. Somb- oon Krobteeranon နှင့် Visa Worldwide Pte Limited မှ Director Mr. Hiro Taylor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
နာမည်ကျော် အီလက်ထရောနစ် ငွေပေးချေ ကတ်လုပ်ငန်း VISA Inc က ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ VISA ရုံးမှ သြဂုတ်လ ၁၇ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ အရ မြန်မာနိုင်ငံကို စီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ အပျော် ခရီးလာတာပဲဖြစ်ဖြစ် လာရောက်ကြမယ့်  နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် အရေးတကြီးလိုအပ်ချက် က အခြေခံ အေတီအမ် ကွန်ရက်စနစ်နဲ့ Point of Sales Terminal တွေ ဖြစ်လာပါလိမ့်မယ်။ ဒီအပိုင်းကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်ဆုံး အာရုံစူးစိုက်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်"ဟု အရှေ့တောင်အာရှ နှင့် သြစတြေးလျ အာရှဒေသဆိုင်ရာ Visa Group Country Manager Mr. Peter Maher က အဆိုပါထုတ် ပြန်ချက်တွင် ပြောကြားပါသည်။
VISA ကတ် မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါက Myanmar Payment Union Network နှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများသာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း Myanmar Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သိ ရပါသည်။
VISA ကတ်၏ ကမ္ဘာလုံးဆိုင်ရာ အဓိက ပြိုင်ဘက်ဖြစ်သော Master ကတ်ကလည်း မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် သမ၀ါယမဘဏ်နှင့် ချိတ်ဆက်ပြီးဖြစ်သည်ဟု ယခုလဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။ ဂျပန် JCB ကတ်နှင့် တရုတ် CUP ကတ်တို့ကလည်း ပြင်ဆင်နေကြ ကြောင်း သိရပါသည်။ VISA Inc သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် ၀န်ဆောင်မှုပေးနေပါသည်။

စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၁ နှစ်ပြည့် အမေရိကန်တွင် ကျင်းပ


စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၁ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်တွင် အမေရိကန်၌ နယူးယောက်မြို့၊ ၀ါရှင်တန်ရှိ ပင်တဂွန်စစ်ဌာနချုပ်၊ အကြမ်းဖက်သမားများကို ပြန်လည်တိုက်ခိုက်ပြီး လေယာဉ်ပျက် ကျခဲ့သော ပင်ဆီဗေးနီးယားပြည်နယ်ရှိ လယ်ကွင်းတို့၌ ပြုလုပ်ခဲ့သည်။
နယူးယောက်မြို့ရှိ ကုန်သွယ်ရေးမျှော်စင်ညီနောင်ကို အယ်လ်ကေးဒါးတို့က လေယာဉ်များပြန်ပေးဆွဲပြီး အသေခံဝင်တိုက်မှုကြောင့် လူ ၂၉၈၃ ဦး သေဆုံးခဲ့သည်။ သေဆုံးသူတို့၏ အမည်များကို သူတို့၏ ဆွေမျိုးများက ဖတ်ပြသည့် အခမ်းအနားကို ပြိုကျခဲ့သော အဆောက်အအုံနေရာတွင် ပြန်လည်တည်ဆောက်နေသည့် Ground Zero ၌ ပြုလုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကုန်သွယ်ရေးမျှော်စင်၌ ကားဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူများ၏ အမည်များကိုလည်း သူတို့၏ ဆွေမျိုးများက ရွတ်ဖတ်ခဲ့ကြသည်။
အယ်လ်ကေးဒါးတို့က လေယာဉ်လေးစီးကို ပြန်ပေးဆွဲခဲ့ပြီး နှစ်စီးကို ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ညီနောင်အားလည်းကောင်း၊ တစ်စီးကို ပင်တဂွန်စစ်ဌာနချုပ်သို့လည်းကောင်း ၀င်တိုက်ခဲ့ပြီး တစ်စီးမှာမူ ခရီးသည်များက ပြန်လည်တိုက်ခိုက်ပြီး ပင် ဆီဗေးနီးယားလယ်ကွင်းထဲသို့ ထိုးဆင်းခဲ့သည်။ ယင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အချိန်များကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ခေတ္တငြိမ်သက်ခဲ့ကြသည်။ လေယာဉ်များ ၀င်တိုက်မိကြောင့် မျှော်စင်ညီနောင်ပြိုကျခဲ့သည့်အချိန်နှစ်ခုတွင်လည်း ခေတ္တငြိမ်သက်ခဲ့ကြသည်။
မင်ဟက်တန်ရှိ One World Trade အဆောက်အအုံတွင် 9/11 တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူများအတွက် ဂုဏ်ပြုသည့် အလင်းရောင်ထွန်းထားစဉ် Photo: AFP
၁၀ နှစ်ပြည့် အခမ်းအနားပြုလုပ်စဉ်က အမေရိကန်သမ္မတ ဘာရက်အိုဘားမားအပါအ၀င် အရေးကြီးဧည့်သည်များစွာ တက်ရောက်ခဲ့သော်လည်း ယခုနှစ်အခမ်းအနားသို့ နယူးယောက်မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်နှင့် အခြားနိုင်ငံရေးသမားများက မတက်ရောက်ခဲ့ပေ။
၁၁ နှစ်ပြည့်အခမ်းအနားကို အိုဘားမားနှင့် သူ၏ဇနီးမီရှဲလ်အိုဘားမားတို့က အိမ်ဖြူတော်အပြင်ဘက်တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ခေတ္တငြိမ်သက်ခဲ့ကြပြီး ပင်တဂွန်တွင်ပြုလုပ်ခဲ့သော အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က ယူနိုက်တက်လေကြောင်းလိုင်း အမှတ်စဉ် ၉၃ ပျက်ကျခဲ့သော ပင်ဆီဗေးနီးယားပြည်နယ်ရှိ Shanksvilleသို့ သွားရောက်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာသည်လည်း ပင်ဆီဗေးနီးယားသို့ သွားရောက်ခဲ့ပြီး သေဆုံးခဲ့သူများကို ဂါရ၀ပြုခဲ့ကာ အာဖဂန်တွင် အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နင်းရေးစစ်ပွဲအတွက် အသက်ပေးခဲ့ရသော အမေရိကန်တပ်ဖွဲ့ဝင်များ ကိုလည်း မမေ့လျော့ကြရန် သတိပေးခဲ့သည်။ အကြမ်းဖက်သမားများကို ပြန်လည်တိုက်ခိုက်ခဲ့သော လေကြောင်းအမှတ်စဉ် ၉၃ လေယာဉ်မှ  ခရီးသည်များ အသက်စွန့်ခဲ့သလိုပင် အာဖဂန်စစ်ပွဲတွင် တိုက်ပွဲဝင်နေသူများသည်လည်း စွန့်လွှတ်အနစ်နာ ခံသူများဖြစ်ကြောင်း သူကဆိုသည်။
9/11 တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများအတွက် အောက်မေ့သည့် အထိမ်းအမှတ်အဖြစ် Pepperdine တက္ကသိုလ်ကျောင်းသားများက အမေရိကန်အလံများကို စိုက်ထူထားစဉ် Photo: AFP
ဘင်လာဒင်စီးနင်းမှုအကြောင်း စာအုပ်ထုတ်ဝေမှု
၉။၁၁ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၁၁ နှစ်ပြည့်နှင့် တိုက်ဆိုင်ပြီး ဘင်လာဒင်ကို စီးနင်းမှုတွင် ပါဝင်ခဲ့သော Navy SEAL မှ အဖွဲ့ဝင်ဟောင်းတစ်ဦးက မာ့ခ်အိုဝင်အမည်ဖြင့် ရေးသားခဲ့သော စာအုပ်ကိုလည်း ဖြန့်ချိခဲ့သည်။ ယင်းစာအုပ်တွင် အထူး တပ်ဖွဲ့များက တိမ်းရှောင်နေသော ဘင်လာဒင်ကို နှိမ်နင်းခဲ့ပုံ၊ သတင်းများပြန်ပို့ပုံစသော အချက်အလက်များ ပါဝင်ခဲ့သည်။ သို့သော် အမေရိကန်မီဒီယာများက စာအုပ်ရေးသားသူမှာ မက်ဘက်ဆွန်နက်တီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ စာရေးသူကို ဥပဒေကြောင်းအရ ကိုင်တွယ်မည်ဟု ပင်တဂွန်က ထုတ်ပြန်သည်။
၉။၁၁ ဆိုးကျိုးသက်ရောက်မှုများတွင်  ကင်ဆာ ၅၈ မျိုးကို ထပ်မံပေါင်းထည့်
စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကုန်သွယ်ရေးမျှော်စင်ညီနောင် ပြိုကျမှုမှ ထွက်ပေါ်လာသော အဆိပ်သင့်ပစ္စည်းများ ထိတွေ့ခဲ့သူများ ခံစားခဲ့ရသည့် ကင်ဆာရောဂါ ၅၈ မျိုးကို ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူများက စက်တင်ဘာလ ၁၀ ရက်တွင် ၉/၁၁ ၏ ဆိုးကျိုးသက်ရောက်မှုများ စာရင်းတွင် ထပ်မံပေါင်းထည့်ပေးခဲ့သည်။ ဆိုးကျိုးသက်ရောက်မှုစာရင်းတွင် ယင်းကဲ့သို့ ပေါင်းထည့်ပေးခြင်းကြောင့် အပျက်အစီးများ ရှင်းလင်းရေးတွင် ပါဝင်ခဲ့ပြီး ရောဂါများရခဲ့ သော စေတနာ့ဝန်ထမ်းများ၊ အသက်ရှင် ကျန်ခဲ့သူများ၊ အနီးနားရှိ နေထိုင်သူများမှာ ဆေးကုသစရိတ်များ ရရှိမည်ဖြစ်သည်။ ကုသစရိတ် ဘတ်ဂျက်မှာ ဒေါ်လာ ၁၄ သန်းမှ သန်း ၃၀ အထိ ရှိနိုင်သည်။
Ref:CNN;AFP

တိုက်ခိုက်ခံရသူမှာ မောင်တောမြို့နယ် ရွာသာယာကျေးရွာမှ ဦး အောင်လှဖြူ ဖြစ်ပြီး စက်တင်ဘာ လ ၁၄ ရက် သောကြာနေ့ ညနေ ၈ နာရီကျော်ခန့်တွင် လယ်တဲ စောင့် နေစဉ် ဘင်္ဂလီ ၂၀ ခန့်က သေနတ် တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ဖြစ်ပွားပုံနှင့်ပတ်သတ်ပြီး ဦးအောင်လှဖြူ၏ မိသားစုဝင်တဦးက ယခုကဲ့သို့ ပြောသည်။ “ဖြစ်တာက ည ၈ နာရီမှာ ဖြစ်တာပါ။ လယ်တဲမှာဖြစ်တာပါ။ လယ်တဲနဲ့ ရွာနဲ့က ၅ မိ နစ်ခန့် ဝေးပါတယ်။ သူက အသက် ၆၀ နီးပါးရှိပါပြီ။ ဒဏ်ရာတွေက ၀မ်းဗိုက်နဲ့ လည်ပင်းမှာ ဒဏ်ရာ ၃ ချက်ရှိ ပါ တယ်။ အားလုံးက ဓါးဒဏ်ရာပါ။ သူက ရွာနဲ့နီးတဲ့ အတွက် သူ့မယားနဲ့ လယ်တဲ စောင့်နေတာပါ။ ပြဿနာ ဖြစ်မှ အော်သံကြားတဲ့အတွက် ရွာကလူတွေ လိုက်သွားတော့ ဒဏ်ရာတွေနဲ့ မြေကြီးမှာ လဲနေတာကို တွေ့ရပါတယ်” ဟု ဆိုသည်။ ဦးအောင်လှဖြူအား တိုက်ခိုက်ခဲ့သူများမှာ ပန်းဇင်းပြင်ရွာနှင့် ညောင်ချောင်း ဘင်္ဂလီရွာမှ ဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသ်ာလည်း နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ “ သူတို့လယ်တဲကို လာပြီး ဘင်္ဂလီ ၂၀ ခန့်က လာဝိုင်းတဲ့အတွက် အော်တဲ့အချိန်မှာ ရွာသားတွေ ထွက်လိုက်သွားတဲ့အတွက် ထွက်ပြေးသွားတယ်။ အောင် လှဖြူမှာတော့ ဓါးဒဏ်ရာ ၃ ချက်နဲ့ အခုတော့ မောင်တော ဆေးရုံ ကိုပို့ထားပါတယ်။ သေမယ် ရှင်မယ်တော့မသိရပါဘူး” ဟု သူက ဆက်ပြောသည်။ အောင်လှဖြူ၏ ဇနီးဖြစ်သူမှာ လယ်တဲမှ ထွက်ပြေး လွှတ်မြောက်ခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကျေးရွာတွင် အခင်းဖြစ်ပွားပြီးနောက် နစက တပ်ဖွဲ့ဝင် ၅ ဦးရောက်ရှိ နေပြီး လုံခြုံရေးယူထားကြောင်း သူကဆက်ပြောသည်။ ယခုကဲ့သို့ ရခိုင်အမျိုးသားတဦး တိုက်ခိုက်ခံရချိန်တွင် မောင်တောမြို့သို့ ယခင်ပြည် ထဲရေး ၀န်ကြီးဟောင်း၊ ရခိုင်ပြည်နယ် တိုင်းမှူးဟောင်းလည်းဖြစ်ခဲ့သူ ရခိုင် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦး၊ ဗိုလ်ချုပ်ဘုန်းဆွေနှင့် မောင်တောမြို့နယ်မှ မွတ်ဆလင် လွတ်တော် ကိုယ်စား လှယ်တဦးဖြစ်သူ အောင်ဇော်ဝင်းတို့ ရောက်ရှိနေချိန်လည်း တိုက်ဆိုင်နေသည်။ ဦးမောင်ဦး ဦးဆောင်သည့်အဖွဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေကနေ ဘူး သီးတောင်သို့ အမြန်ယဉ်နှင့်ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်မြို့တွင် ဦးမောင်ဦးနှင့် အဖွဲ့ ကို ဘူးသီးတောင်မြို့ခံ သံဃာတော်များက တွေ့ဆုံရန်ကြိုးစားခဲ့သော်လည်း အတွေ့ မခဲဘဲ မောင်တောသို့ လုံခြုံရေးအပြည့်နှင့် ထွက်ခွာခဲ့သည်။ မောင်တောသို့ရောက်ရောက်ချင်း ကြံ့ခိုင်ရေးရုံးတွင် မွတ်ဆလင် ခေါင်းဆောင် များနှင့်တွေ့ ဆုံခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် ငခူရကျေးရွာသို့ ဦးအောင် ဇော်ဝင်းနှင့်အတူ သွားရောက်ခဲ့ပြီး ဘင်္ဂလီများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံစဉ် ၂၀၁၅ ခုနှစ် ကြံ့ဖွတ်ပါတီ မဲရရှိရေးကို ပြောကြားခဲ့ကြောင်း လည်း မောင်တောမြို့ခံများကပြောသည်။ ဦးမောင်ဦးနှင့်အဖွဲ့ မောင်တောသို့ လာရောက်စဉ် မောင်တောမြို့မှ ရခိုင်အမျိုး သမီး များ ဆန္ဒပြရန်စီစဉ်ခဲ့သော်လည်း အာဏာပိုင်များက ဟန့်တားခဲ့သည့်အတွက် ဖျက် သိမ်းခဲ့ရသည်ဟု သိရသည်။
                မောင်အေး.နီဉ္စရာ

Thursday 13 September 2012

KIO နဲ့ နေပြည်တော်မှာ ဆွေးနွေးဖို့ သမ္မတဖိတ်ခေါ်

သမ္မတဦးသိန်းစိန်က ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ အနေနဲ့နေပြည်တော်မှာ လာပြီးတော့ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ ပေမဲ့လို့ ကေအိုင်အိုဖက်က လုံးဝ အကြောင်းမပြန်သေးဘူး လို့ သမ္မတရုံးက ပြောပါတယ်။ အခုလိုမျိုးဖြစ်ရတာက ကေအိုင်အိုအနေနဲ့ မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ မဆွေးနွေးချင်တာ ဖြစ်တဲ့အပြင် မြန်မာအစိုးရဘက်က နိုင်ငံရေးအရ မဆွေးနွေးဘဲနဲ့စစ်ရေး အရ ဆက်လက် တိုက်ခိုက်နေလို့ ဖြစ်တယ်လို့ ကချင်အရေး သုံးသပ်သူတစ်ဦး ကတော့ ပြောပါတယ်။ ဒီအကြောင်းကို ဦးဝင်းမင်းက ဆက်လက် တင်ပြထားပါတယ်။ မြန်မာသမ္မတဦးသိန်းစိန်အနေနဲ့ကချင်နဲ့ စေ့စပ်ရေးအတွက် ဆွေးနွေးမဲ့နေရာ သတ်မှတ်ဖို့ အခက်အခဲရှိနေရင် နေပြည်တော်မှာ လာဆွေးနွေးဖို့ သူကိုယ်တိုင်လည်း တာဝန်ခံတွေ့မယ်လို့ ကေအိုင်အိုကို ဂျူလိုင်လကတည်းက ဖိတ်ခေါ်ခဲ့ပေမဲ့ အခုအချိန်အထိ အကြောင်းမပြန်သေးဘူးလို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုပါတယ်။ "မဟုတ်ဘူး။ ကျနော်တို့ကခေါ်တယ်။ ဟိုဖက်ရွှေ့ ဒီဖက်ရွှေ့ အဆင်မပြေဘူး။ အဲ့ဒီတော့ နောက်ဆုံးသမ္မတကြီးက ပြောလိုက်တယ်။ အဲဒီလိုဆိုရင် နေပြည်တော်လာခဲ့ အားလုံးတာဝန်ယူတယ်။ နေပြည်တော်မှာ သူနဲ့တွေ့မယ် ဆိုပြီးတော့ခေါ်တယ် ဟိုဖက်က အကြောင်းမပြန်သေးဘူး။" ဦးဇော်ဌေးကပဲ ကေအိုင်အိုကို အခုလို ဆက်သွယ်တာကို ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌနဲ့ လက်ရှိသမ္မတရုံးဝန်ကြီးဦးအောင်မင်း ကိုယ်တိုင်ပို့ ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းလည်း ကောင်းကောင်းရှိနေပေမဲ့ အခုအချိန်အထိ ကေအိုင်အိုဖက်က အကြောင်းမပြန်သေးဘူးလို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။ "ပြောရရင်တော့ ဦးအောင်မင်းက အဲ့ဒီ့မက်ဆေ့စ်ခ်ျကို ကေအိုင်အို ကေအိုင်အေကို ပို့တယ်။ ပို့တော့ အကြောင်းမပြန်သေးဘူးလို့သိရတယ်။" တကယ်တော့ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ ဝန်ကြီးဦးအောင်မင်းအကြားမှာ အရင်ထိုင်းနဲ့ တရုတ်နယ်စပ်တွေမှာ ဆွေးနွေးခဲ့ရာမှာ ကေအိုင်အိုဘက်က နိုင်ငံရေးဆွေးနွေးဖို့နဲ့ မြန်မာစစ်တပ်ဖက်က ပြန်ဆုတ်ရေးတွေကို တောင်းဆိုခဲ့ပေမဲ့ အကြောင်းမထူးသေးတာက ဒီကိစ္စမှာ ကေအိုင်အိုဘက်က အကြောင်းမပြန်ရတဲ့ အဓိကကိစ္စဖြစ်နိုင်တယ်။ ကချင်ဖက်က မြန်မာအစိုးရထိန်းချုပ်တဲ့ နယ်မြေထဲမှာ မဆွေးနွေးချင်တာ တစ်ခုတင်မဟုတ်ဘူးလို့ ကချင်အရေးသုံးသပ်သူ ကချင်သတင်းစဉ်က အယ်ဒီတာကိုနော်ဒင်းက ဆိုပါတယ်။ "အကြိမ်ကြိမ်နိုင်ငံရေးကိစ္စဆွေးနွေးဖို့အတွက် အစိုးရကို သမ္မတသိန်းစိန်ဆီကို သူတို့က ရှင်းရှင်းလင်းလင်း သူတို့ တင်ပြခဲ့တယ်။ အရင်က ဦးအောင်သောင်း ဦးဆောင်တဲ့ငြိမ်းချမ်းရေး အဖွဲ့နဲ့ ရွှေလီမှာ တွေ့ဆုံတဲ့ အချိန်မှာလည်း သူတို့ပြောတဲ့ ဒီလမ်းပြမြေပုံပေါ့။ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ အဲဒီဟာမျိုးကိုလည်း သူတို့ရှင်းရှင်းလင်းလင်း တန်ဖိုးထားခဲ့တယ်။ ဒါပေမဲ့ ဦးအောင်မင်းနဲ့ သုံးကြိမ် တွေ့ဆုံတဲ့အချိန်အထိ အစိုးရကငြိမ်းချမ်းရေးကို မလိုလားဘူး။ နိုင်ငံရေး ဆွေးနွေးဖို့ကိုလည်း အပေါ်ယံပဲ သူတို့လုပ်တယ်။ တကယ်လိုတဲ့ အချက်မပြောဘူး။ ကေအိုင်အိုဘက် ကတော့ အဲဒီလိုမျိုး သုံးသပ်ထားတော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ ကေအိုင်အိုက လိုလားနေတာကို ကျနော်တို့သိရတယ်။ ဒါပေမယ့် ကေအိုင်အို ကတော့ ရှင်းရှင်းလင်းလင်းပဲ ပြောထားတယ်။ ဆွေးနွေးမယ်ဆိုရင်လည်းပဲ တိုင်းရင်းသားတွေ ပေါင်းစုံ ပါဝင်ပြီးမှပဲ နိုင်ငံရေးပြဿနာကို ဆွေးနွေးပြီးမှ ဖြေရှင်းရမယ်။ ကေအိုင်အို တစ်ဖွဲ့ နဲ့ ဒီနှစ်ဘက်ထဲ ဆွေးနွေးတဲ့ပုံစံနဲ့ မရဘူးဆိုတဲ့ အပိုင်းတွေကို ကေအိုင်အိုဘက်က ရှင်းရှင်းလင်းလင်း ပြောထားတာ ရှိတယ်။ သို့သော်လည်း ပထမအဆင့်အနေနဲ့က ဒီစစ်တပ်ပေါ့၊ စစ်တပ်ကို နောက်ဆုတ်ပေးဖို့ က ကေအိုင်အိုက ပထမတောင်းဆိုထားတယ်။" ဒါပေမယ့်အမည်မဖော်လိုတဲ့ ကချင်ကိစ္စငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောတာကတော့ နိုင်ငံရေးဆွေးနွေးဖို့က နောက်တစ်ဆင့်ဖြစ်တယ်။ အခုလောလောဆယ်က အပစ်အခပ်ရပ်စဲရေး သဘောတူဖို့လိုတယ်။ ဦးအောင်မင်းအနေနဲ့ စစ်ရေးကိစ္စတွေကို အာမခံဖို့ခက်တာကြောင့် ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌဗိုလ်ချုပ်ကြီးစိုးဝင်းအနေနဲ့ တရုပ်ပြည်ဘက် ခရီးသွားလာဖို့ အခက်အခဲဖြစ်နေလို့ အခုလိုနေပြည်တော်အထိ ဖိတ်ခေါ်အောင် သမ္မတကို ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့အနေနဲ့ မြန်မာအစိုးရနဲ့ ၁၉၉၄ကစပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပေမဲ့ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာအစိုးရဘက်က နယ်ခြားစောင့် တပ်ဖွဲ့ တွေကို လက်မခံခဲ့အပြီးမှာ ဒီအပစ်အခပ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်ခဲ့ အပြီး ၂၀၁၁- ဦးသိန်းစိန် အစိုးရအသစ် တက်လာချိန်မှာတော့ စစ်ပွဲတွေပြန်ဖြစ် လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကေအိုင်အိုဘက်က အခုတစ်ခေါက်မှာ အပစ်အခပ်ရပ်စဲရေး သာမကဘဲ နိုင်ငံရေး သဘောတူညီချက် ပါရနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်လို့ ကချင်သုံးသပ်သူတွေက ဆိုနေကြပါတယ်။
ဒေသခံ မူဆလင်ခေါင်းဆောင်တစ်ဦးက ရိုဟင်ဂျာအစား တိကျသော အမည်တစ်ခု သတ်မှတ်ပေးရန် အစိုးရအားတောင်းဆို စက်တင်ဘာ (၁၃) ရက်နေ့ မနက် (၉) နာ ရီတွင် အီရန်သံအမတ်ကြီး မစ္စတာ ဟူစိန်ကင်မာလီယာသည် အဖွဲ့ဝင် (၃) ဦးဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးခမ်းမတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရခိုင်ရပ်မိရပ်ဖများ၊ ဘင်္ဂလီခေါင်းဆောင်များနှင့် (၉)နာရီ (၃၀)မိနစ်၌ တွေ့ ဆုံဆွေးနွေးစဉ် ဘင်္ဂလီကိုယ်စားပြု ဦးကျော်မြင့်က မိမိတို့အပေါ် အမည်နာမအမျိုးမျိုးခေါ်ဝေါ်နေမည့်အစား နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့မျိုးနွယ်စု အမည်တစ်ခုကို တိတိကျကျသတ်မှတ်ပေးပါရန် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ "အစည်းအဝေးမှာ ရခိုင်အဖွဲ့က ဒီမှာ ရိုဟင်ဂျာလုံးဝမရှိဘူး။ ဘင်္ဂလီပဲရှိတယ် လို့ပြောတယ်။ ကျနော် ပြောတာက ကျနော့်အဖေကျတော့ ရခိုင်မူဆလင်ပြောတယ်။ ကျနော့်အမေကျတော့ ဗမာမူဆလင်ပြောတယ်။ ကျနော့် အကိုကျတော့ ရိုဟင်ဂျာပြောတယ်။ ကျနော်ကျတော့ ဘင်္ဂလီလို့ပြောတယ်။ အမျိုးမျိုးဖြစ်နေတယ်ဗျာ။ အစိုးရအနေနဲ့ နာမည်တစ်မျိုးမျိုးသတ်မှတ်ပေးပါ။ လူမျိုးနာမည်တစ်ခုခု သတ်မှတ်ပေးပါလို့ ကျနော်တင်ပြခဲ့တယ်။ " ဟု ဦးကျော်မြင့်က ပြောသည်။ ဆွေးနွေးပွဲ၌ ရခိုင်ကိုယ်စားပြု ဦးရွှေထွန်းအောင်က အီရန်သံအမတ်ကြီး ပြော စကားများတွင်ရိုဟင်ဂျာဟု မကြာခဏ သုံးစွဲပြောဆိုနေခြင်းကြောင့် ၄င်းအနေဖြင့် ရခိုင်မှာရိုဟင်ဂျာမရှိဟု ပြောခဲ့ကြောင်း။ ဘင်္ဂလီတချို့က မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတချို့ကိုရလို၍ ရိုဟင်ဂျာအမည်ဖြင့် လူမျိုးအမည်တုဖန်တီး လုပ်ဆောင်ခြင်းသာလျင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တယ်လီဖုန်းမှတဆင့် Arakan Times သို့ပြောကြား ခဲ့သည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဌ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း အားမေးမြန်းရာ ၄င်းက မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံတော်က သတ်မှတ်ထားသည့် လူမျိုး(၁၃၅) မျိုးမှာ ရိုဟင်ဂျာမပါဝင်ကြောင်း၊ နိုင်ငံတော်ပိုင်းကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဟု ပြတ်ပြတ်သားသား သဘောထားထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား အားလုံးက မရှိဟု သတ်မှတ်ထားသလို၊ လက်လည်းလက်မခံတဲ့ ရိုဟင်ဂျာအမည်နာမကို သုံးနေမည့်အစား၊ မူရင်းမိမိတို့ပကတိ အသွင်အပြင်ကို ထင်ဟပ်စေသည့် ဘင်္ဂလီအမည်ကို သုံးခြင်းဖြင့် ရခိုင်ပြည်နယ်မှာ အုပ်စုနှစ်ခုကြား တည်ငြိမ်၊ ငြိမ်းချမ်းမှု ပြန်လည် တည်ဆောက်ရေးကို အထောက်အကူပြုနိုင်မည်ဟု ယူဆကြောင်း ပြောဆိုသည်။ ကုန်ခဲ့သည့်ရက်ပိုင်းအတွင်းက မီဒီယာများအနေဖြင့် ရိုဟင်ဂျာအစား ဘင်္ဂလီကို သုံးကြပါရန် ရခိုင်ပြည်နယ် သတင်းစာဆရာ အသင်းကိုယ်စား MJA ဥက္ကဌ ဆရာမောင်ဝံသထံ မေတ္တာရပ်ခံခဲ့သော ပြည်နယ်သတင်းစာ ဆရာအသင်းဒုဥက္ကဌ စာရေးဆရာ ဗဂျီကျော်က " မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းတွေအရ ၁၉၄၂ ခုနှစ်၊ ၁၉၄၈ ခုနှစ်၊ ၁၉၅၂ ခုနှစ်ထိ ရိုဟင်ဂျာဆိုတဲ့ အမည် ကိုမတွေ့ရဘူး။ ပြည်ပကိုရောက်နေသူ တချို့က ရိုဟင်ဂျာအမည်သစ်ကို သုံးပြီးတော့ နိုင်ငံတကာ မှာရှိတဲ့ မူဆလင်ဘာသာဝင်တွေ ဆီကနေ အထောက်အပံ့ရဖို့ ကြိုးပမ်းနေ တာ ဖြစ်တယ်။ မရှိတာကို အတင်းလုပ်ထားတဲ့အတွက် ရိုဟင်ဂျာဆိုတဲ့အမည်ကို ဘယ်လိုမှ အသိ အမှတ်ပြုလို့ရမှာ မဟုတ်ဘူး။ ဒီနာမည်သစ်ဖန်တီးတာကို လက်ခံလိုက်ရင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှု၊ အချုပ်အခြာ နယ်နမိတ်ကအစ အထူးစိုးရိမ်စရာဖြစ် လာနိုင်တယ်။ ဒါကြောင့် သူတို့က အမည်နာမတောင်းဆိုလာရင် အစဉ်အဆက် သုံးလာခဲ့တဲ့ ဘင်္ဂလီ ဟာ အကောင်းဆုံးပါပဲ။ " ဟု ပြောသည်။ ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရက ဘင်္ဂလီဆိုသည့်အမည်မှာ ဘင်္ဂလားဒေသ နေထိုင် သူများဟုအမည်ရကြောင်း၊ရခိုင်တိုင်းရင်းသားများက ပြည်ထောင်စုအနောက်တံခါးကို လုံခြုံအောင် ထိန်းသိမ်းပေးထားခြင်း ဖြစ်ကြောင်း၊ လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းရရှိခံစားခွင့်ရှိသလို မိမိတို့၏ အချုပ်အခြာ နယ်နိမိတ်ကို ဥပဒေနှင့်အညီ ကာကွယ်ခွင့်လည်းရှိကြောင်း၊ ဘယ်နိုင်ငံမဆို တရား မ၀င်ခိုးဝင် လာသူတွေကို ဥပဒေမဲ့လက်ခံ၍ နယ်မြေပိုင်နက်သတ်မှတ်ပေးမှာ မဟုတ်ကြောင်း၊ ဥပဒေနှင့်အညီ ရိုးသားစွာ နိုင်ငံသားအခွင့်အရေးကို ရရှိအောင် ဆောင်ရွက် သင့်ကြောင်း၊ ရခိုင်ဟာရခိုင် ဗမာဟာဗမာ ကုလားဟာကုလား နာမည် သတ်မှတ်မှာ ရှက်စရာ မလိုပါကြောင်း၊ ဧည့်သည်က အိမ်ရှင်ကိုနှင်ပြီးမှ မိမိနယ်မြေ သတ်မှတ်ရန်ကြံရွယ်ခြင်းသည် မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း၊ လူ့အခွင့်အရေးအရကြည့်လျင်လည်း လူသားမဆန်သည့် လုပ်ရပ် သာဖြစ်ပါကြောင်း တယ်လီဖုန်း မှ တဆင့်ပြောကြားသည်။ ဒေသခံမူဆလင်များကိုယ်စား သက္ကေပြင်ကျေးရွာမှ ဦးကျော်မြင့်မှ ရခိုင်ဒေသသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မူဆလင်ဘာသာဝင်များ၏ အမည်နာမတောင်းဆိုချက်ပေါ် ရခိုင်အရေး ကျွမ်းကျင် သူများကလည်း ယခင့်ယခင်အစဉ်အဆက် ခေါ်ဝေါ်သတ်မှတ်လာခဲ့သော ဘင်္ဂလီ အမည်ကိုသာ သုံးစွဲသင့်ပါကြောင်း ဆန္ဒပြု ပြောဆိုကြသည်။ Arakan Times
(အရေးကြီးအထူးသတင်း) "UN မှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် လက်ခံလာရန် စည်းရုံးရေးဆင်းလျက်ရှိ" အခု UN က တိုင်းရင်းသားအဖွဲ့အစည်း တွေရဲ့ အရေးပါတဲ့ခေါင်းဆောင်တွေ ပေါက်ရောက်တဲ့လူတွေကိုရိုဟင်ဂျာ အရေးကို ထောက်ခံပေးဖို့(ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ်လက်ခံလာဖို့) လိုက်လံစည်းရုံးနေတယ်လို့ သတင်း ရရှိထားပါတယ်။ UN က ရိုဟင်ဂျာအရေးနဲ့ပက်သက်ပြီးတိုင်းရင်းသားအဖွဲ့အစည်းတွေဆီကို ထောက်ခံမဲတွေ လိုက်တောင်းနေပါတယ် ။ ရိုဟင်ဂျာအရေးအတွက် အားတက်သရောနဲ့ကို UN က ဦးဆောင်လှုပ်ရှားနေပါပြီတိုင်းရင်း သားအဖွဲ့အ စည်းတွေ သွေးစည်းညီညွတ်ကြပါ။ ကိုယ့်တိုင်းရင်းသားတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ပြီးတော့ UN ရဲ့စည်းရုံးမှုကို လက်မခံကြပါနဲ့ ။ ရခိုင် အဖွဲ့အစည်းတွေကလဲUN ထက်လက်ဦးမှုရအောင် မိမိတိုင်းရင်းသားညီအကို အဖွဲ့အစည်းတွေအားလုံးကို စည်းရုံးထားကြပါ ။ တိုင်းရင်းသားတွေအားလုံး ပူးပေါင်းအဖြေရှာကြပါ ။ပေါ့ပေါ့လေး သဘောမထားကြပါနဲ့ ။ နောက်တခုက ရိုဟင်ဂျာတွေတင်ထားတဲ့ သမိုင်းလိမ် စာတမ်းတွေကိုကျွမ်းကျင်တဲ့သမိုင်း ပညာရှင်တွေက သမိုင်းကြောင်းခိုင်ခိုင်လုံလုံနဲ့ ပြန်လည်ချေပဖို့ လိုအပ်နေပါတယ် ။ အရေးကြီးနေပါတယ် ။အချိန်မဆွဲပဲ အမြန်ဆုံးဆောင်ရွက်ကြပါ ။ (၁)ရခိုင်အဖွဲ့အစည်းတွေ UN ထက်ဦးအောင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို စည်းရုံးကြပါ (၂)ရခိုင်သမိုင်းကို ကျွမ်းကျင်တဲ့သမိုင်းပညာရှင်တွေနဲ့ ရိုဟင်ဂျာတွေတင်ထားတဲ့ သမိုင်းလိမ်စာတမ်းကို ပြန်လည်ချေပနိုင်အောင် ဆောင်ရွက်ကြပါ ။ မောင်အေး ပို့  ပေးသည်။
၈၈ မျိုးဆက် ကိုဂျင်မီနှင့် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် တွေ့ဆုံဆွေးနွေး 2012-09-13 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးတို့ မနေ့ ညက တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းကစလို့ အဲဒီဒေသမှာ တပ်ဖြန့်ချထားတဲ့ လုံခြုံရေး တပ်တွေကို ဖယ်ရှားပေးလိုက်ပြီလို့ သိရပါတယ်။ RFA ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ၈၈ မျိုးဆက် ကိုဂျင်မီက စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး တွေ့ဆုံဆွေးနွေးပြီး ဒေသခံ ပြည်သူများအား ရှင်းလင်းပြောပြနေစဉ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီဟာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ကိစ္စကိုလည်း ၀န်ကြီးချုပ် ဦးသာအေး ခေါင်းဆောင်တဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ အလေးထား ဆွေးနွေးခဲ့တယ်လို့ RFA ကို ဒီကနေ့ ပြောပါတယ်။ "စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အပါအဝင် အစိုးရအဖွဲ့နဲ့ ကျွန်တော်တွေ့တယ်။ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ကျွန်တော့်ကို အကြောင်းပြန်တာကတော့ လူတွေ ပြန်လွှတ်ရေး ကိစ္စက တရားရုံး လုပ်ထုံး၊ လုပ်နည်းနဲ့ အညီ ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် တရားရုံးလုပ်ထုံး၊ လုပ်နည်းနဲ့ အညီပဲ ပြန်လွှတ်လို့ရမယ်လို့ ဆိုတယ်။ အဲတော့ ကျွန်တော်တို့ အချိန်တစ်ခု စောင့်ရမယ်လို့ ပြောတယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတွေကို နောက်ဆက်တွဲ အရေးယူတာတွေကို မလုပ်ပါဘူး။ ကျောင်းသားတွေ ကိုလည်း ကျောင်းထုတ် ပစ်တာမျိုးတွေ မလုပ်ပါဘူး ဆိုပြီး အဲဒီ ကတိပြုချက် ရတယ်။ သူက ဒေသအတွင်းမှာ ရှိနေတဲ့အတွက် လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပဲ တာဝန်ယူထားရတာကိုး။ အဲတော့ ပြည်ထောင်စု အစိုးရအဆင့်မှာ ဆောင်ရွက်ရမဲ့ ကိစ္စတွေ အများကြီးပဲ ရှိနေသေးတဲ့အတွက် သူတို့နဲ့ မပြီးနိုင်ဘူးလို့ ဆိုတယ်" ကိုဂျင်မီဟာ လက်ပံတောင်းတောင် အရေးကို အကူအညီပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ကိုယ်စားလှယ်အဖြစ် မနေ့က မုံရွာမြို့ကို သွားရောက်ခဲ့တာဖြစ်ပြီး သူနဲ့ ၀န်ကြီးချုပ် ဆွေးနွေးခဲ့တာတွေ အကောင်အထည် ပေါ်လာမှုရှိ၊ မရှိဆိုတာ စောင့်ကြည့်ဖို့ မုံရွာမြို့ မဂ္ဂင် ဘုန်းကြီးကျောင်းမှာ ဒီကနေ့ ဒေသခံတွေနဲ့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။ တပ်ဖြန့်ထားတဲ့ လုံခြုံရေးတပ်တွေ ရုပ်သိမ်းသွားပြီ ဆိုပေမယ့် ရဲကားတွေကတော့ မြို့ပေါ်မှာ ကင်းလှည့်တာ တွေ့နေရဆဲပဲလို့ ၀က်မှေး ရွာသားတွေက ပြောပါတယ်။ ဒါ့အပြင် လက်ပံတောင်းတောင် အရေးနဲ့ ပက်သက်ပြီး မကွေး၊ ပခုက္ကူ၊ ရေနံချောင်း၊ မိထ္ထီလာ စတဲ့မြို့တွေက ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြေလတ်ဒေသ ဗကသများ အဖွဲ့ချုပ်က အချက် (၄) ချက်ပါ ကြေညာချက် တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လက်ပံတောင်းတောင် အရေးအတွက် လှုပ်ရှားဆောင်ရွက် သူတွေကို လိုက်လံ ဖမ်းဆီးနေတာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အခုလို ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ မြေလတ်ဒေသ ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုမင်းသော်ဇင်က ပြောပါတယ်။ "လက်ပံတောင်းတောင်မှာ ကြေးနီ စီမံကိန်းကို နိုင်ငံခြား ကုမ္ပဏီတွေ ဝင်ရောက်လုပ်နေတဲ့အပေါ်မှာ ဒေသခံ တောင်သူ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ထိခိုက်တယ်။ နောက် ကျေးရွာတွေကို ရွှေ့ပြောင်းရတယ်။ ပြည်သူလူထုဟာ ထိခိုက် ဆုံးရှုံးနေရတယ်။ ထိခိုက်နစ်နာ ဆုံးရှုံးနေရတာကို ကျောင်းသားတွေက ပြည်သူ လူထုရှေ့မှာ မားမားမတ်မတ်ရပ် ဝင်ရောက်ဖြေရှင်းတယ်။ အဲဒီလိုဖြေရှင်းတဲ့ အပေါ်မှာ မိဘပြည်သူ ဖြစ်တဲ့ တောင်သူလယ်သမားတွေကို ဖမ်းဆီးတယ်။ ကျောင်းသားတွေ ကို ဖမ်းဆီးဖို့အတွက် ညဥ့်နက်သန်းခေါင်မှာ ရဲတွေက ဝင်ရောက်စီးနင်း ရှာဖွေမှုတွေလုပ်တယ်။ ဒီဟာကို ကျွန်တော်တို့က ပြင်းထန်စွာ ကန့်ကွက်တယ်ဆိုတာကို ပြောတာပါ" မြေလတ်ဒေသ ဗကသများ အဖွဲ့ချုပ်အနေနဲ့ လက်ပတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူတွေအရေး ကိစ္စတွေမှာ ကူညီပါဝင် ဆောင်ရွက်ပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီစီမံကိန်းကို တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးတွဲ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။


Rakhine man brutally murdered in Kyauk taw
by Shwe Gyaw
Yangon, 12 September—U Kyaw Maung Chay (age 62) from Thayet Oak Village, kyauk taw Township, was killed by suspected villagers from Paikthe Bengali Village on his return from Kyauk Taw to his village yesterday evening, according to an administrative source. The victim reportedly came back from Kyauk Taw to his village, one and a half mile from Kyauk Taw, after collecting the money transferred by his son working in Malaysia when he was brutally murdered. His sons in the village found out that their father went missing and went out to search for their father at about 9 pm local time last night. They found their father’s personal belongings—slippers, the umbrella and a pool of blood halfway to Kyuaktaw. They went back to the village to inform the villagers from their village. Afterwards, they came back to the place to look for the body. The body of the victim was found near Paik The Bengali Village about 300 feet from the place where his personal belongings were found. He died from deep sword cuts on his throat and occipital bone.Groups of Bengali Villagers from Paikthe villages have been harassing and threatening Rakhine villagers on their way back to their villages for several months, according to a leader of a social association in Kyaw Taw. This incident of brutal killing broke out when members of the Commission for Investigation of the Conflict in Rakhine State were on a visit to Rakhine State. People in Rakhine State were increasingly worried about their helpless situation on their own land.