Saturday 15 September 2012

မိခင်ကျေးဇုးကြီးမားပုံ

ကင်ညှာနိုင်ငံ သဘာဝဘေးမဲ့တော ကဖြစ်ရပ်လေးပါ..။ ခြင်္သေ့သားအမိ ထဲက ခြင်္သေ့ကလေးဟာ အဆော့လွန်သွားရာက ချောက်ကမ်းပါး အောက်ကိုပြုတ်ကျသွားတာပါ..။ ကံဆိုးတဲ့ ကြားက ကံကောင်းခဲ့တာက ခြင်္သေ့ကလေးဟာ အောက်အထိပြုတ်ကျမသွားဘဲ ကမ်းပါးစွန်းလေးနားမှာ တင်ကျန်နေတာပါ..။ ဒီတော့ မိခင်ခြင်္သေ့မကြီးခမျာ သူ့ကလေးကိုငုံ့ကြည့်ရင်း အခြားသော ခြင်္သေ့အဖွဲ့ဝင်တွေကို လှမ်းပြီးအကူအညီတောင်းပါသေးတယ်..။ အခြားသောခြင်္သေ့တွေရောက်လာပေမဲ့လည်း ချောက်ကမ်းပါးစွန်းနားကနေ လှမ်းအော်နေရုံက လွှဲလို့ ဘာမှမကူညီပေးနိုင်ဘူးလေ...။ အောက်က ခြင်္သေ့ကလေးကလည်း သူ့အမေ ကိုလှမ်းပြီးအော်ခေါ်နေတယ်ထင်ပါရဲ့...။ ဒီအချိန်မှာ ခြင်္သေ့မ ကြီးဟာ သူ့အတွက်ဖြစ်လာနိုင်တဲ့ အန္တာရာယ်တွေကို လစ်လျူရှုပြီး သူ့ကလေးရှိရာကို ဖြေးဖြေးချင်းဆင်းသွားရှာပါတယ်..။ သူ့ကလေးနားရောက်တော့ သူ့ကလေးကို ကိုက်ချီပြီး ဖြေးဖြေးချင်း ခက်ခက်ခဲခဲ အပေါ်ကိုပြန်တက် လာခဲ့ပါတယ်..။ အပေါ်ရောက်တော့ သူ့ကလေးကို သနားတဲ့ဟန် နဲ့ လျှာနဲ့ ပွတ်သပ်ပေးပြီးချော့မြူနေတဲ့ မြင်ကွင်းအခိုက်အတန့်လေးဟာ မိခင်တွေရဲ့ မေတ္တတရားကြီးမားပုံကို ကြည်နူးစွာတွေ့မြင်ရပါတယ်..။ အမေ ဆိုတာ အစဉ်အမြဲ.. အမေပါပဲ..။ သားသမီးတွေ နဲ့ ပတ်သက်လာရင် ပေးဆပ်ဖို့.. စွန့်လွတ်ဖို့.. စွန့်စားဖို့... အမြဲအဆင်သင့်ရှိနေ တတ်တာဟာ.. ဘယ်သူရှိအံ့နည်း...။ သတ္တိခဲ... အမေ ဆိုတဲ့ အမေတွေ...ပဲပေါ့.....။

No comments:

Post a Comment