Saturday 15 September 2012

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာ ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးသွားမည် FRIDAY, 14 SEPTEMBER 2012 16:22

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာ ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးသွားမည် FRIDAY, 14 SEPTEMBER 2012 16:22 ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာလူမျိုး ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာ လူမျိုးများအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အဓိကထား၍ အထောက်အထားများ လုပ်ဆောင် ပေးသွားမည်ဟု သိရှိရသည်။ ''ဒီလိုအထောက်အထား ထုတ်ပေးတာဟာ ကိုယ့်နိုင်ငံသားတွေ အလိမ်မခံရအောင်၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ ခံစားခွင့်ရရှိအောင် အဓိကရည်ရွယ်ပါတယ်။ အထောက်အထားလုပ်မယ့်သူတွေကလည်း မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာ နေခဲ့တယ်၊ ဘယ်အချိန်အထိ နေခဲ့တယ်ဆိုတာကို အတိအကျ ပြောဖို့လိုပါတယ်''ဟု လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အထောက်အထားများ ထုတ်ပေးခြင်းကို ကူညီဆောင်ရွက်ပေးရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ၅၀%၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၂၅%၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ၂၅% ဖြင့် အသီးသီး လုပ်ဆောင်သွားမည်ဖြစ်သည်။ အထောက်အထားများ ရရှိခြင်းဖြင့် မြန်မာဒုက္ခသည်များတွင် မိမိနေရပ်သို့ ပြန်လာလိုသူများအနေနှင့် တရားဝင်ပြန်လာခွင့်ရရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည်ဆိုလျင်လည်း အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်မှာ တစ်နှစ်အတွင်း နေရပ်သို့ ပြန်ဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီ NSC မှပြော ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါ ဒုက္ခသည်ထောင်ပေါင်းများစွာမှာ မြန်မာနိုင်ငံမှ ရှမ်းနှင့်ကရင်တိုင်းရင်းသားများဖြစ်ကြပြီး စစ်ဘေးရှောင်လာကြသူများဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းနေပြီး ဒုက္ခသည်များအတွက် နေစရာစခန်းများနှင့် အခြားအခြေခံ အဆောက်အဦများကို တစ်နှစ်အတွင်း တည်ဆောက်ရန် ပြင်ဆင်နေကြောင်း NSC မှ အထွေထွေအတွင်းရေးမှူး ၀ီချန်ပိုတီဖိုဆရီ၏ ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။ ၄င်းသည်ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နေပြည်တော်သို့ သွားရောက်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဦးအောင်မင်းက မြန်မာအစိုးရသည် ပြန်လာမည့်ဒုက္ခသည်များအတွက် သင်တန်းများနှင့် အလုပ်အကိုင်များလည်းပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ မြန်မာအစိုးရက ပြန်လာဖွယ်ရှိနေသည့် ဒုက္ခသည်များကို အလုပ်အကိုင်များ ဖန်တီးပေးရန် ထိုင်းနိုင်ငံအနေနှင့် မြန်မာ့မြေပေါ်တွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံပေးစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အရပ်သား အစိုးရတက်လာအပြီးတွင် ထိုင်းနိုင်ငံက ၄င်းတို့နယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ပိတ်ပြစ်လိုကြောင်း ကြေညာခဲ့သော်လည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ၄င်းတို့ကိုပေးထားသည့် အထောက်အပံ့များကို ဖြတ်တောက်ခြင်းကို အလျင်မလိုရန် တောင်းဆိုထားသည်။

No comments:

Post a Comment