Tuesday, 2 October 2012
မဂျာဆိုင်းအိန်အတွက် ဖခင်ဖြစ်သူကိုယ်တိုင် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြား
မဂျာဆိုင်းအိန်အတွက် ဖခင်ဖြစ်သူကိုယ်တိုင် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြား
Wednesday, 03 October 2012 09:47
စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ ဆွတ်ငိုင်ယန်ရွာအ၀င်တွင် ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန်(အသက် ၁၄)နှစ် သေဆုံးခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ဖော်ထုတ် အရေးယူပေးရန် ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ အောက်တိုဘာလ ၁ ရက်နေ့က တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဂျာဆိုင်းအိန်သည် ၎င်းတက်ရောက်နေသည့် ဖားကန့်အထက်တန်းကျောင်းမှ နေထိုင်ရာ ဆွတ်ငိုင်ယန်သို့ ပြန်လာစဉ် လမ်း၌ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
မဂျာဆိုင်းအိန်၏ မိဘများအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက နိုင်ငံတော်သမ္မတရုံး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) စစ်မဟာဗျူဟာအဖွဲ့(ဖားကန့်)နှင့် ဖားကန့်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
'ကျွန်တော်သမီးရဲ့ ဖြစ်စဉ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါ။ ကျွန်တော့်လိုပဲ တခြားသော မိဘတွေကိုလည်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံစေချင်ဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဆီကိုလည်း တိုင်ကြားစာ ဆက်ပို့ဖို့ ရှိပါတယ်။ ကျွန်တော့်သမီးကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်စေချင်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့သော ဦးဘရန်ရှောင်၏ တိုင်ကြားစာတွင် ''နောက်နောင် မည်သည့်ပြည်သူလူထုကိုမျှ ဥပဒေနှင့် မညီညွတ်သော လုပ်ရပ်မျိုး မလုပ်ကြရန် တင်ပြထားပြီး တပ်မတော်သည် ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူကို ပစ်သည့် တပ်မတော်မဟုတ်ဘဲ ပြည်သူကိုကာကွယ်သည့် တပ်မတော်သာ ဖြစ်စေလိုပြီး မတည်ငြိမ်သော ဒေသများတွင် ယခုကဲ့သို့ တရားဥပဒေမဲ့ ပြုလုပ်မှုများလည်း လုံးဝမရှိစေလိုတော့ကြောင်း''ဖော်ပြထားသည်။
မဂျာဆိုင်းအိန်၏ ဖခင်ဦးဘရန်ရှောင်က ''ကျွန်တော်သမီးရဲ့ ဖြစ်စဉ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါ။ ကျွန်တော့်လိုပဲ တခြားသော မိဘတွေကိုလည်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံစေချင်ဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မ တီဆီကိုလည်း တိုင်ကြားစာဆက်ပို့ဖို့ ရှိပါတယ်။ ကျွန်တော့်သမီးကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်စေချင်ပါတယ်။ လောလောဆယ်တော့ သက်ဆိုင်ရာက အကြောင်းပြန်လာတာ မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။
News from : Eleven Media Group
ထိုင်းတောင်ပိုင်းမှာ ဆရာတော်များဆွမ်းခံထွက်ရင်
ထိုင်းတောင်ပိုင်းမှာ ဆရာတော်များဆွမ်းခံထွက်ရင် ထိုင်း တပ်မတော်သားတွေ ရှေ့ကနေ အသင့်အနေအထားနဲ့ကျည်ထိုးပြီး ဦးဆောင်သွားရပါတယ် အဖြစ်မှန်ပါ
ဆွမ်းခံကြွလာတဲ့ ဆရာတော်တွေကို တိုက်ခိုက်ခြင်းဖြစ်ပါတယ် ဒီဖြစ်စဉ်က
ထိုင်းမှာ ဖြစ်နေတာကြာပါပြီ တောင်ပိုင်းမွတ်စလင်တွေခွဲထွက်ခွင့်တောင်းရာကနေဖြစ်ပွားလာတဲ့ပြသနာတွေပါ
မြန်မာပြည်ရခိုင်ဒေသမှာရော
ဒီလိုအဖြစ်တွေတချိန်မှာမကြုံလာနိုင်ဘူးလား
အခုကတည်းကမကာကွယ်ခဲ့ရင်
မကြာခင်မှာ ထိုင်းတောင်ပိုင်းလိုဖြစ်လာလိမ့်မယ်
ဘင်္ဂလာBuddhist woman တစ်ယောက်ရဲ့ခံစားမူ..
A Bangladeshi Buddhist woman cries at a Buddhist temple which was torched in Ramu in the coastal district of Cox's Bazar, Bangladesh, on Oct. 1. Hundreds of Buddhists fled their southern Bangladesh villages in the wake of attacks by Muslims who burned at least 10 Buddhist temples and 40 homes in anger over a Facebook photo of a burned Quran.
ပတ္တမြားအထွက်နှုန်း ကျဆင်းလာ
ပတ္တမြားအထွက်နှုန်း ကျဆင်းလာ
မိုးညို
မြန်မာနိုင်ငံမှ ထွက်ရှိသော ပတ္တမြားအထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျဆင်းလာကြောင်း SPGEMS & JEWELRY ကုမ္ပဏီမှ ဒါရိုက်တာ ကိုအောင်ကျော်ဇင်ကပြောသည်။
“၀ယ်လိုအားများလာပြီး ကုန်ကြမ်းရှားလာတဲ့သဘောပါ”ဟု ကိုအောင်ကျော်ဇင်ကပြောသည်။ ထို့အပြင် ပတ္တမြားတူးဖော်သည့် ကျောက်တွင်းများ၏ အနက်ပေများ မြင့်မားလာခြင်း၊ တူးဖော်သည့် နည်းစနစ်များ မြင့်မားလာခြင်း၊ ခွင့်ပြုမိန့်ရရှိသည့် လုပ်ကွက်များ ချထားပေးမှု နည်းပါးလာခြင်းတို့ကြောင့် ယခုလို အထွက်နှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း ၎င်းကပင်ပြောသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများအရ သတ္တုတွင်းများမှ သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် အကျိုးသက်ရောက်စေသော တွင်းများအား စိစစ်ခွင့်ပြုပေးနေကြောင်း၊ အထွက်နှုန်းကျဆင်းမှုမှာ မူလတွင်းပိုင်ရှင်၏ အသုံးပြုသော နည်းပညာများပေါ်တွင်သာ မူတည်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ ပတ္တမြားအထွက်နှုန်းမှာ ကျဆင်းလာသော်လည်း ၀ယ်လိုအားမှာမူ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာဆဲဖြစ်ပြီး အဓိကအားဖြင့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများ အပါအ၀င် ဥရောပနိုင်ငံများမှ ၀ယ်လိုအား မြင့်တက်နေဆဲဖြစ်ကြောင်း ပတ္တမြားကုန်သည်တစ်ဦးက ပြောသည်။
မိုးကုတ်မြို့နယ်မှ ပတ္တမြားအထွက်နှုန်းမှာ နှစ်စဉ် ကာရက်ငါးသောင်းဝန်းကျင် ထွက်ရှိပြီး ယခုနှစ်ပိုင်းမှ စတင်ကာ ထိုနှုန်းအောက်သို့ တဖြည်းဖြည်း ကျဆင်းလာကြောင်း မိုးကုတ်မြို့မှ သတ္တုတူးဖော်သည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပတ္တမြားကို မိုးကုတ်နှင့် မိုင်းရှူးဒေသတို့မှ အဓိက တူးဖော်ထုတ်လုပ်နေပြီး အချောထည်ရော အကြမ်းထည်ပါ နှစ်မျိုးစလုံး ပြည်ပသို့ တင်ပို့နေဆဲဖြစ်သည်။ သို့သော် မိုးကုတ်ဒေသထွက် ပတ္တမြားမှာ အရည်အသွေးမြင့်ပြီး ကမ္ဘာတွင်ပါ ကျော်ကြားသည်။
မိုးကုတ်နှင့် မိုင်းရှူးအပြင် တနိုင်း၊ မြိုင်ကြီးငူ၊ ပြင်လုံ စသော ဒေသများတွင်ပါ ပတ္တမြားအနည်းငယ် ထွက်ရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင် အချို့ကပြောသည်။
ထို့အပြင် မိုးကုတ်မြို့၌ ယခင်က မိရိုးဖလာပုံစံဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်သည့် လုပ်ငန်းအချို့မှာ စက်အင်အား အကူအညီ နည်းပါးနေခြင်း၊ ငွေကြေးတတ်နိုင်သော ကုမ္ပဏီအကြီးစားများကိုသာ တိုက်ရိုက်တူးဖော်ခွင့်များ ပြုထားခြင်းတို့ကြောင့် ဒေသတွင်း တစ်ပိုင်တစ်နိုင်သာ လုပ်နိုင်သည့် လုပ်ငန်းရှင်တို့မှာ အခက်အခဲဖြစ်နေရကြောင်း မိုးကုတ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။
သတ္တုတွင်းဥပဒေအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြစ်ချောင်းများနှင့်မြေများ မထိခိုက် မပျက်စီးနိုင်ရေး သတ္တုတူးဖော်ထုတ်လုပ်မှု တစ်နိုင်ငံလုံး၏ စာရင်းမှန်ကန်တိကျစွာ ရရှိနိုင်ရေး လက်လုပ်လက်စား တစ်ပိုင်တစ်နိုင် သတ္တုတူးဖော်မှုများအား ခွင့်ပြုပေးခြင်း မရှိကြောင်း ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေ၏ မေးမြန်းမှုကို ယခင် သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်က ပြန်လည်ဖြေကြားသည်။
News from : 7 Day News
ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း
လူဦးရေ ခြောက်သန်း နီးပါးခန့် မှီတင်း နေထိုင်လျက် ရှိပြီး ၃၀၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တော်သည် မကြာမီ အချိန် ကာလအတွင်း စတုရန်းမိုင်ပေါင်း ၁၀၀ ကျော် နေရာ သတ်မှတ်၍ ထပ်မံ တိုးချဲ့သွားရန် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောဆို လိုက်သည်။
ရန်ကုန်မြို့လယ်နှင့် အနီးဆုံး နေရာ တွင် တည်ရှိနေသည့် နေရာသုံးခုကို JICA နှင့် ပူးပေါင်း ရေးဆွဲ နေသော မြို့တော် စည်ပင်က ရန်ကုန်၏ အနာဂတ် မြို့တော် စီမံကိန်း တည်နေရာ အတွက် အဆိုပြု လိုက်ပြီး တိုးချဲ့ တည်ဆောက်ရန် အတွက် ထိုနေရာများကို လျာထား သတ်မှတ် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှု ဌာန လက်ထောက် ဌာနမှူး ဒေါ်နီလာဝင်း ကနေ ပြည်တော်တွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပ ပြုလုပ်သည့် အမျိုးသား အဆင့် မြေယာ အသုံးချမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းနေရာ သုံးခုတွင် ပြီးခဲ့သည့် လပိုင်းက မြို့တော် စည်ပင် ဝန်ထမ်းများ မြေကွက်များ အလုအယက် ဝယ်ယူသည် ဟု သတင်းထွက် နေသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တစ်ဝိုက်ရှိ ခန့်မှန်း ဧရိယာ ၂၆ စတုရန်း မိုင်ကျော်၊ သန်လျင်မြို့ မြောက်ဘက်ခြမ်း ခရမ်းမြို့နယ် အစပ်မှ အစိတ်အပိုင်း ခန့်မှန်း ဧရိယာ စတုရန်း မိုင် ၅၀ ကျော်နှင့် ဒလမြို့တောင်ဘက် ခြမ်းမှ တွံတေး နယ်စပ်အထိ ၃၇ စတု ရန်းမိုင်ကျော် တို့သည်လည်း အဆိုပြုထား ရာတွင် ပါဝင်လျက် ရှိသည်။
ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးကမူ “အဲဒီ နေရာတွေမှာ စီး ပွားရေး လုပ်ငန်းရှင် အတော်များများ ဝယ်ထားပြီး ကြပြီ” ဟု ဆိုသည်။ သို့သော် ယင်းနေရာ သုံးခု အနက် မည်သည့် နေရာသည် မည်သည့် ကာလ တွင် ရန်ကုန်မြို့၏ အနာဂတ်မြို့တော် စီမံကိန်း အဖြစ် စတင် တိုးချဲ့မည်ကိုမသိ ရှိ ရသေးသော်လည်း ကော့မှူး ကွမ်းခြံ ကုန်း တစ်ဝိုက်ကိုပါ စတုရန်း မိုင်ပေါင်း ၂၉၀ ကို နောက်တစ်ဆင့် အဖြစ် တိုးမြှင့် ရန် ရန်ကုန်မြို့တော် စည်ပင်က လျာထား သတ်မှတ် လိုက်ခြင်းကြောင့် ရန်ကုန်မြို့ ၏ တောင်ဘက်ရှိ ဒလမြို့နယ် တစ်ဝိုက် သည် အနာဂတ် ရန်ကုန်မြို့တော် ဖြစ်ရန် အတွက် ပါးစပ်ပြော၊ အရပ်ပြော အဆင့် မှ တိုးကာ ရေရေရာရာ အဆင့်တစ်ခုသို့ နီးကပ်လာပြီဟု ဆိုရမည် ဖြစ်သည်။
အနာဂတ် ရန်ကုန်မြို့တော်သည် နောင်နှစ် ၅၀အတွင်း စတုရန်း မိုင်ပေါင်း ၇၀၀ ကျော် အထိ တိုးချဲ့ရန် ရှိလာနိုင်ရာ ရန်ကုန်၏ မြေဧရိယာ အကျယ်သည် ယခု မြို့၏ နှစ်ဆအထိ ဖြစ်လာရန် ရှိနေသည်။
နောင်တွင် စီမံကိန်းအရ အနာဂတ်မြို့ တော်သစ် ဖြစ်လာမည့် ဒလဘက်တွင် လေယာဉ်ကွင်း တည်ဆောက် နိုင်ပါက အလွန် အချက်အချာ ကျပြီး စီးပွားရေး လည်ပတ်မှုကို အကောင်းဆုံး ပံ့ပိုးမှု ရရှိ စေနိုင် ပါသည်။ သို့သော် လေယာဉ်ကွင်း တည်ဆောက်ရန် ကိုမူ မြေပျော့၍ အခွင့် အလမ်း နည်းသည်ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နွေတွင် ပုံမှန် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လေ့ ရှိသော ဒလဘက် ခြမ်းသည် ရေချိုလှောင်ကန်များ (ဖျာပုံ၊ ကျိုက်လတ်တွင် တူးထားသော ရေလှောင် ကန်ကြီးများ ကဲ့သို့ တူး၍ မိုးရေ စုဆောင်း ၍ သော်လည်းကောင်း၊ ရန်ကုန်မှ ရေပေး ဝေရေး စီမံကိန်းနှင့် ချိတ်ဆက်၍လည်း ကောင်း ဖြေရှင်း နိုင်ပါသည်။
ဒလဘက် ရန်ကုန်ကို တိုးချဲ့ဆောက် လိုက်သည်နှင့် ရန်ကုန်နှင့် နယ်ဒေသများ ဆက်သွယ်ရေး လမ်းကြောင်းများ လုံးဝ ကွဲလွဲသွားရန် ရှိသည်။ ဥပမာ ပေးရ လျှင် ယခုဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ သို့ သွားနေသော ရေလမ်းကြောင်းသည် ယခုလက်ရှိ ရန်ကုန်ကို လာရသကဲ့သို့ တွံတေး တူးမြောင်းကို အထက်ပြန်ဆန် ပြီး ဖြတ်နေရခြင်း မရှိတော့ဘဲ ကျိုက်ထော် သို့မဟုတ် ကွမ်းခြံကုန်း တို့သည် ပြည်တွင်း သင်္ဘော ဆိပ်ကမ်းများ ဖြစ်လာနိုင်ပါ သည်ဟု မြို့ပြပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာလှိုင်မြင့်က အွန်လိုင်း ဘလော့ဂ် တစ်ခုတွင် ရေးသား ထားသည်။
တွံတေး တူးမြောင်း ရေဆန်ကို စက်ကုန်ဖွင့် မောင်းနေရသော ရေ ကြောင်း ခရီးသွားရချိန် ကျုံ့သွားနိုင်ပြီး သင်္ဘောဆိပ်များသည် ယခုရန်ကုန်မှာ ကဲ့သို့ သင်္ဘောတစ်စင်းနှင့် တစ်စင်းထပ် ကပ် ရပ်နေစရာ မလိုအောင် သင်္ဘောဆိပ် များစွာ ထားလာနိုင်သည်ဟု ဒေါက်တာ လှိုင်မြင့်က ရေးသားသည်။
ယင်းကဲ့သို့ ထားနိုင်ပြီ ဆိုသည်နှင့် ကွမ်ဘေယာများ (Conveyors) ကုန် အတင်အချ ကရိန်းများဖြင့် ကုန်အတင် အချ သင်္ဘော အမျိုးအစားများပါ လုပ် ထားပါက ကုန်ကျစရိတ် သက်သာမြန် ဆန် လာနိုင်ပြီး လုပ်အား သက်သာသည့် နည်းစနစ်များနှင့် ကမ္ဘာကို ရင်ပေါင်တန်း လာနိုင်ကြောင်း ၎င်းက အကြံပေးထား သည်။
ဆိပ်ကမ်း ရှားပါး၍ ယခုရန်ကုန် တွင် ဆိပ်ကမ်း ဆိုလျှင် အင်အားကြီးသူ တို့သာ ရနိုင်သော အရာ ဖြစ်နေမှုသည် ပျောက်သွားပါက ဝန်ဆောင်မှု သက်သက် သာသာ ဖြစ်လာနိုင်ပြီး ဝန်ဆောင်မှု လျှော့ချ နိုင်လျှင် ကုန်ဈေးနှုန်း ကျလာ နိုင်ကြောင်း ၎င်းက ထောက်ပြသည်။
ရန်ကုန်တွင် ဆိပ်ကမ်းများ ပုဂ္ဂလိက လုပ်နိုင်မှုသည် ကြည့်မြင်တိုင် တစ်ဖက် ကမ်းတွင် နေရာ ကွက်ကွက်သာ ရှိပြီး ဒလဘက်တွင်မူ ထိုနေရာများထက် အဆ ပေါင်း ၅၀ ခန့်ကို ဆိပ်ကမ်းတွေ ပေါ်ထွက် လာနိုင် ပါသည်။ ရန်ကုန်တွင် ပင်လယ်ကူး သင်္ဘောက ဆိပ်ကမ်း တိုးချဲ့ဖို့ စိတ်ကူး ပါကလည်း ရန်ကုန်တွင် ၁၂ စီးခန့်သာ ကပ်နိုင်သည့် ဆိပ်ကမ်း ဆောက်နိုင်ပြီး ဒလဘက်တွင် အစင်း ၅၀၊ အစင်း ၁၀၀ ဆိုက်ကပ် နိုင်သည့် အတွက် သင်္ဘောဆိပ် နေရာ အတွက်မူ ရန်ကုန်သည် ဒလကို ယှဉ်ဖို့ ဆိုသည်မှာ စိတ်တောင် မကူးနှင့် ဟု ပြောနိုင်သည် အထိ ကွာခြားလျက် ရှိသည်။
သင်္ဘောဆိပ်တွင် မယှဉ်နိုင် ရုံမက ခရီးအချိန် ကျုံ့သွားခြင်းလည်း များစွာ ကွာခြား သွားနိုင်ပါသည်။ ဒလဘက် တွင် စီးပွားရေး ဧရိယာများ တိုးလာပါက စီးပွားရေး အကျိုးသက်ရောက်မှု များ ပိုမို ကောင်းမွန် လာသည်ကို တွေ့ကြရနိုင် သည်။ ဥပမာ- ကဏန်း အရှင်များ တင် ပို့မှုတွင် ပိုမိုမြန်ဆန် လာနိုင်သကဲ့သို့ ကဏန်းမွေးကန်များ သည် မြို့တော်နှင့် လေယာဉ်ကွင်း လက်တစ်ကမ်းတွင် ရှိနေ ပါသည်။ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံ မြို့မှ ငါးများသည် နေ့တစ်ဝက် ဆိုလျှင် ရန်ကုန်သို့ သင်္ဘောဖြင့် ရောက်နိုင်ပြီး တစ်နည်းအားဖြင့် တွံတေးသို့ လှိုင် သာယာမှ ဖောက်ထားသည့် လမ်းသည် ပို၍ အရေး ပါလာနိုင်သည်။ ယခုအခါ ဘိုကလေးမှ နံနက် ၁၁ နာရီ ထွက်သော ဧရာဝတီ သင်္ဘောသည် နောက်တစ်ရက် နံနက်မှသာ ရန်ကုန်သို့ ရောက်ရှိနိုင်ပြီး သင်္ဘောမောင်းချိန် ၁၅ နာရီခန့် ကြာမြင့် နေမှုမှသည် ဒလဘက်တွင် မြို့တော် သစ် တိုးချဲ့လာပါက ဘိုကလေး-ရန်ကုန် သို့ ရေလမ်းမှပင် ည ၇ နာရီလောက် ထွက်ပါက မနက်မလင်းခင်မြို့တော်ကို ရောက်ရှိ နိုင်သည်။
တွံတေးတောကြီးတန်း နားမှ ကျိုက် ထော်ရွာကြီးသည် မြစ်ပြင်ကျယ်၍ အနာဂတ် ရန်ကုန်မြို့တော်၏ ဆိပ်ကမ်း များဖြစ်လာနိုင်ရာ ရှိသည်။ နိုင်ငံ၏ အခြေခံ စားသောက်ကုန်များ အဓိက ထွက်ရှိရာ ဒေသနှင့် ဆက်သွယ်မှု လွယ် ကူလာ၍ အပိုဆောင်း ကုန်ကျ စရိတ်များ အထူး သက်သာ လာနိုင်ပါသည်။ ဒလမြို့တစ်ဝိုက် မြေဝယ်ထားသူ များ၏ မြို့သစ် စီမံကိန်း ခန့်မှန်းချက်သည် စီမံကိန်း ဧရိယာတွင်း ဝင်၍ ကံစမ်းမဲ ပေါက် သွားသည်ဟု ဆိုနိုင်သော်လည်း ဒဂုံမြို့သစ်၊ ထန်းတပင်၊ သီလဝါ တို့တွင် ပြီးခဲ့သည့်နှစ်က အလုအယက် ဒိုင်ဗင် ထိုး၍ ဝယ်ယူ ခဲ့ကြသူများ မှန်းချက်နှင့် လွဲသွားကြသည်။ အိမ်၊ ခြံ၊ မြေ ဗရုတ် ဗရက်တွင် တိုက်ဆောက် ကားစီး ရွှေတွဲလွဲ ငွေတွဲလွဲ အိမ်၊ ခြံ၊ မြေပွဲစားများ ကမူ ကွယ်ရာတွင် ကျိတ်ပြုံးကောင်း ပြုံးနေ ကြလိမ့်မည်။
သို့သော် ခန့်မှန်း ရသည်မှာ ယင်း အနာဂတ် မြို့တော်အတွက် စီမံကိန်း အဆင့်များသည် အနည်းဆုံး နှစ်ပေါင်း ၃၀ ခန့် အထိ အချိန်ယူ၍ အကောင် အထည် ဖော်ရဖွယ် ရှိနေပြီး အသေးစိတ် စီမံ အကောင်အထည် ဖော်ရန် အတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေ သည့် မြေယာ သိမ်းမှု များကလည်း အဆင့် တစ်ဆင့် အနေဖြင့် သတိကြီးစွာ ကိုင် တွယ်ရမည့် အခြေအနေများ ရှိနေသည်။
ရန်ကုန်မြို့တော်သည် ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် အပြီး တွင် ယာယီမြို့တော် တည်ခဲ့ပြီးနောက် မကြာမီ မြို့စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ စတင် တည်ဆောက် ခဲ့သည့် အချိန်က ကားများ မပေါ်သေး သည့်အတွက် မြင်း၊ ရထားများဖြင့် သွား ရန် အတွက်သာ စီမံကိန်းချ ဆောက်ခဲ့ ခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်က ရန်ကုန် မြို့ ဧရိယာသည် ၃၃ စတုရန်းမိုင် သာ ရှိပြီး နှစ်ပေါင်း ၆၀ ကျော် အကြာတွင် ၁၀ ဆနီးပါး ကျယ်ပြန့် လာခဲ့သည်။
သိမ်ဖြူလမ်း အနောက်ဘက်ခြမ်း မြို့တွင်းပိုင်း လမ်းများသည် (ရန်ကုန်မြို့ ၁ လမ်းမှ လမ်း ၄၀ အထိ) လမ်းမကြီး များမပါ ၎င်းတို့ အကျယ်သည် ပေ ၃၀ မှ ပေ ၅၀ ခန့်သာ ရှိကြသည်။ ယနေ့ အရှေ့တောင် အာရှမြို့တော်များနှင့် ယှဉ် ပါက ရန်ကုန်မြို့တော်သည် နှစ်ပေါင်း များစွာ နောက်ကျ ကျန်နေပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် ကောက်ယူခဲ့ သော စာရင်းအရ ရန်ကုန် တစ်မြို့လုံး တွင် လမ်းမိုင် အရှည် စုစုပေါင်း ၂၇၆၉ မိုင်ရှိကြောင်း၊ ယင်းလမ်းများကို အမျိုး အစားများ ခွဲခြားထားပြီး ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေသားလမ်းတို့ဖြစ် ကြောင်း သိရှိ ရသည်။
ရန်ကုန်မြို့တွင်း ဆက်သွယ်သွား လာရေးတွင် အဓိက သွားလာ နေသည် မှာ ကားလမ်းဖြစ်ပြီး ရန်ကုန်မြို့ရှိ နေရာ အများစုတွင် လမ်းပျက်စီးမှု များပြား နေခြင်းကြောင့် ခရီးလမ်း တစ်ခုကို အချိန် တိုအတွင်း သွားလာ၍ မရနိုင်ခြင်း၊ အချို့နေရာ များတွင် လမ်းကျဉ်းမြောင်း ခြင်း တို့ကြောင့် ကားပိတ်ဆို့မှုများ တစ် နေ့ တခြား တိုးတက် ဖြစ်ပေါ်လျက် ရှိသည်။
မြို့ပတ် ရထားမှာ လူဦးရေ သိန်းဂဏန်း သာ အသုံးပြု နေကြသေးသည်။
လက်ရှိ ရန်ကုန်မြို့တော်တွင် အစီအစဉ် ကျနမှု မရှိသည့် မြေအသုံးချမှု များ၊ အစိုးရ ပိုင်မြေနှင့် စည်ပင် ပိုင်မြေ များကို ကျူးကျော် နေထိုင်မှုများ၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများ တွင် ကျူးကျော် နေထိုင်ခြင်း၊ ဖွံ့ဖြိုးမှု ဆောင်ရွက်နိုင်ရန် အချိန်ကိုက် စီမံကိန်း များ ရေးဆွဲနိုင်မှု မရှိခြင်း၊ စက်မှုလက်မှု လုပ်ငန်းများ၊ လူနေရပ်ကွက်များ၊ စီးပွား ရေး ဧရိယာများ အတွင်း ကျယ်ပြန့်စွာ တည်ရှိနေခြင်းတို့ ဖြစ်ပေါ်လျက် ရှိခြင်း တို့ကြောင့် မြို့ပြ အုပ်ချုပ်ရေးနှင့် စီမံ ခန့်ခွဲမှု အပိုင်းကို နည်းလမ်းများဖြင့် ဖြေရှင်းသွားရန် လိုအပ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရန်ကုန်တွင် ကျင်းပသည့် Structure Plan စာတမ်း ရှင် တစ်ဦးက ဆွေးနွေး တင်ပြခဲ့သည်။
ယနေ့ ရန်ကုန်မြို့၏ လမ်းများ အနေ အထားနှင့် ယာဉ်စီးရေ အရေအတွက် သည် ယခုအတိုင်း ဆက်ထား ပါက မကြာမီ ဘန်ကောက်ထက် ဆိုးဝါးသည့် လမ်းပိတ် ဆို့မှုကြီးများ ပေါ်လာပြီး လူ့စွမ်းအား လုပ်အား ဆုံးရှုံးမှုကြီး များစွာ ကြုံရပါလိမ့် မယ်။ မြို့လယ် စီးပွားရေးဇုန်သို့ ဦးတည် ၍ စီးလာနေသော ဘတ်စ်ကားများ ပေါ် တွင် ငါးပိသိပ်၊ ငါးချဉ်သိပ် မွန်းကျပ်မှု၊ စိတ်ဖိစီးမှုများ၊ အချိန် ဆုံးရှုံးရမှုများကို တွက်ဆတတ်သူများ (ပညာရှင်များ) သိကြ ပါလိမ့်မည်။ ရန်ကုန်၏ အခြေအနေ သည် အလွန်ပူပင်ဖွယ် ကောင်းသည့် အနုတ်လက္ခဏာကြီး ဖြစ်လာပါက နောင် တွင် တိုင်းပြည်စီးပွားရေး နှောင့်နှေးပြီး ပျက်သွားသည် အထိ တာစူသွားနိုင် စရာ ရှိပါသည်။
ရန်ကုန်မြို့တော် စည်ပင်၏ အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း အဆိုပြုလွှာ တစ်ရပ် တွင် ပါရှိသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တစ်ဝိုက် ခန့်မှန်း ဧရိယာ ၂၆ စတုရန်းမိုင် ကျော်တွင် စီးပွားရေး ဇုန် ၁၀ ရာခိုင်နှုန်း၊ စက်မှုဇုန် ၄၀ ရာခိုင်နှုန်း အထိ မြေဧရိယာ ခွဲဝေ အသုံးပြုရန် ရှိသည့် အတွက် ၁၀ စတုရန်းမိုင် ကျော်သည့် စက်မှုဇုန်နှင့် စီးပွားရေး ဇုန်များ အတွက် ဖြစ်လာရန် ရှိပါသည်။
အထူးသဖြင့် ဒလမြို့တောင်ဘက် ခြမ်း စီမံကိန်းသည် စီးပွား ဧရိယာများကို ၂၀ ရာခိုင်နှုန်း အထိ အထူး အသားပေး ထားပြီး မြေဧရိယာ၏ ၈၀ ရာခိုင်နှုန်း အထိ လူနေထိုင်ရန် အတွက် ထည့်သွင်း အဆိုပြု ထားရာ အနာဂတ် ရန်ကုန်မြို့ပြ စီမံကိန်းကြီးသည် ဒလ တစ်ဖက်ကမ်း တွင် တွက်ဆ နိုင်စရာ ဖြစ်သည်။
JICA ၏လေ့လာချက်များအရ ရန်ကုန် တစ်ဖက်ကမ်း ဒလနှင့် ရန်ကုန် သည် လေးလမ်းသွား တံတား တစ်စင်း တည်ဆောက်ရန် ရှိပြီး ကျပ်ငွေ ဘီလီယံ ၂၀ ကျော်နှင့် ဒေါ်လာသန်း ၅၀ ကျော် ကုန်ကျမည်ဟု မြန်မာ-ဂျပန် နှစ်နိုင်ငံက ပူးပေါင်း လေ့လာ ထားကြသည်။ အလားတူ လှိုင်မြစ်ဖြတ်ကျော် ကြည့်မြင်တိုင် တစ် ဖက်ကမ်း အေးရွာနှင့် ဆက်သွယ်မည့် တံတား စီမံကိန်းသည် ကျပ် ၃၆ ဘီလီယံ နှင့် အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မကြာမီ ရန်ကုန်တွင် တည်ဆောက်ရန် ရှိသည့် လျာထားစာရင်းတွင် ပါဝင်နေရာ အနာဂတ် ရန်ကုန်မြို့တော်သည် ဒလနှင့် တွံတေး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် ပိုမို အလေးသာလျက် ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံ များအနီးတွင် မြင်ကွင်းကို ကွယ်ပျောက် စေမည့် အဆောက်အအုံသစ်များ တည် ဆောက်ခွင့်ကို ခွင့်ပြုတော့မည် မဟုတ် ကြောင်း စက်တင်ဘာလ အတွင်းက ပြောကြားခဲ့ရာ ယနေ့ ရန်ကုန်သည် ယခင် အဆောက်အအုံများကို သမိုင်းအမွေ အနှစ်အဖြစ် ထိန်းသိမ်းထားရင်း အင်ဒို နီးရှား နိုင်ငံရှိ ဂျာကာတာမြို့တော်ဟောင်း ကဲ့သို့လည်းကောင်း၊ အိန္ဒိယနိုင်ငံရှိ နယူး ဒေလီမြို့တော်ဟောင်း ကဲ့သို့လည်းကောင်း မဝေးတော့သည့် အနာဂတ်တွင် မြို့တော် ဟောင်း အဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်သည်။
ရန်ကုန်မြို့ တောင်ဘက် ဒလ- တွံတေး ဘက်သို့ အနာဂတ် မြို့တော် တိုးချဲ့ ပါက ဒလဘက်ခြမ်းရှိ မြို့နယ်အားလုံး (ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ တွံတေး ရှိသမျှ အားလုံး အထိ)ကို တိုးချဲ့၍ ရနိုင်ပြီး တွံတေးတော ကြီးတန်း အထိပါ တိုးချဲ့၍ ရနိုင်ပါသည်။
သို့သော် ပြီးခဲ့သည့် ကားကိစ္စတွင် ငွေရှင်တို့က လေးဘီးယာဉ်များကို ကြို သတင်းရ၍ ဝယ်သိမ်းပြီး အညွန့်ခူးချိန် တွင် ပြည်သူ အများစုက သိမ်းထားသော လေးဘီးယာဉ် အစုတ်မှ ရွှေဖြစ်သည်ကို မသိကြခြင်းကြောင့် လူညွန့်ခူး ခံလိုက်ရ သည်ကို သင်ခန်းစာယူ၍ အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်းများကို ပွင့်လင်း ထင်သာမှု ရှိရန်မှာ အထူး အရေးကြီးပြီး သတင်းကို ဝှက်၍ လက်ဝါးကြီးအုပ် အမြတ် ထုတ်မှုများကို ယခု တစ်ကြိမ်တွင် ဂရုပြု သင့် ပါသည်။
ယင်းဒေသတွင် နံငယ် ပုဆိုးပိုင်း ဝတ်၍ တစ်နေကုန် လယ်ထွန် စားသောက် နေရသော ဓားမဦးချ နေထိုင်သူများကို ကတုံးပေါ် ထိပ်ကွက်ကာ လယ်ယာမြေ ဧကပေါင်း များစွာကို နည်းမျိုးစုံဖြင့် သတင်းကြိုတင် ရယူကာ လက်ဝါးကြီး အုပ် ဝယ်ယူသူများ၊ လူပေါ် လူညွန့်ခူးသူ များ၊ လူပါးလူနပ်များကို မည်သို့ကိုင် တွယ် ရမည်ကို အစိုးရက မူတစ်ခုထည့် သွင်း လုပ်ကိုင် ပေးနိုင်မှသာ မြန်မာ အစိုးရ သည် သိသာသော ပြောင်းလဲမှုများကို ပြည်သူ့ထံ ဆောင်ကြဉ်း လာနိုင်သူ၊ ကောင်းမွန်သော အစိုးရ မှန်ကန်မှုနှင့် အုပ်ချုပ်သူ အဖြစ် အောက်ခြေလူထုက တစ်ဆင့်တိုး၍ အသိအမှတ် ပြုကြပါလိမ့် မည်။
Written by တင်အောင်ကျော်
ဗုဒ္ဓဟောကြားခန္တီသည်းခံခြင်းတရား)
(ဗုဒ္ဓဟောကြားခန္တီသည်းခံခြင်းတရား)
ခန္တီ-မြန်မာလိုတော့ သည်းခံခြင်း။ သည်းခံခြင်းသည် အညံခံခြင်းဟုတော့ တိုက်ရိုက်ယူ၍ မရကောင်းသော ဝေါဟာရ တစ်ခုဖြစ်သည်။ သည်းခံခြင်း၏ ကျယ်ပြန့်သော အနက်အရ မြတ်နိုးခြင်း ခံရမှုကိုလည်း သည်းခံ၏။ မထီမဲ့မြင်ပြုခြင်း ခံရမှုကိုလည်း သည်းခံ၏။
ခန္တီကို တရားကိုယ်အားဖြင့် “အဒေါသ” ဟု၍လည်းကောင်း၊ အဒေါသ ဟူသည်မှာ “မေတ္တာ” ဟူ၍လည်းကောင်း မှတ်သားနိုင်ပါသည်။ မေတ္တာဝင်လျှင် အပြစ်မမြင်တတ်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်း၏ တရားကိုယ် ဖြစ်ရခြင်း ဖြစ်၏။
ဤလောက၌ အဓမ္မမထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိ၏။ ထိုအဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သောနည်းကို သုံးဖို့ လို၏။ ထိုမှန်ကန်သော နည်းကား သည်းခံခြင်း “ခန္တီ”ပင် ဖြစ်၏။
သည်းခံခြင်းဟူသည် နုံ့သောဒေါသဖြင့် သည်းခံသည်လည်း ရှိ၏။ ။ အဒေါသဖြင့် သည်းခံသည်လည်း ရှိ၏ ။ နုံ့သောဒေါသဖြင့် သည်းခံခြင်းကို ကြောက်၍ သည်းခံခြင်း ဟူ၍ ဆိုရ၏ ။ ကြောက်၍ သည်းခံခြင်းတွင် အာဃာတသည် အမြစ်တွယ်လျက် ရှိ၏ ။
တစ်ခုသော တစ်နေ့တွင် အမြစ်တွယ်နေသော အာဃာတမှ ထက်သော ဒေါသသည် ဖြစ်ထွန်းလာနိုင်၏ ။ ထက်သော ဒေါသ ဖြစ်ထွန်းလာလျှင် လက်စားချေခြင်းသည် မလွှဲသာ မရှောင်သာ ဖြစ်ပေါ်လာမည် ဖြစ်၏ ။ ထိုအခါ စော်ကားမှု သံသရာသည် လည်းကောင်း၊ လက်စားချေမှု သံသရာသည် လည်းကောင်း လူ့သမိုင်း၌ အတောမသတ် လည်ပတ်နေမည် ဖြစ်၏ ။
အဒေါသဖြင့် သည်းခံခြင်းသည်သာ အာဃာတကို ပယ်ဖျောက်နိုင်သဖြင့် အမုန်းသံသရာကို တိုစေနိုင်၏ ။ ဘ၀ကိုလည်း အနဂ္ဃရတနာ ဖြစ်စေနိုင်၏ ။ အနဂ္ဃရတနာ ဖြစ်ခြင်း ဟူသည်မှာ အရာရာတိုင်း၌ “ငါ- ငါ့ဥစ္စာ” ဟူ၍ သိမ်းပိုက်တတ်သော တစ်ကိုယ်ကောင်း အမြင်ကို ပယ်သတ်နိုင်ခြင်း ဖြစ်၏ ။ တစ်ကိုယ်ကောင်းအမြင် ကင်းလေလေ ဘ၀သည် တန်ဖိုးမြင့်လေလေ ဖြစ်၏ ။
အဒေါသ ဆိုကတည်းက ယင်းသည်းခံမှုတွင် အလောဘလည်း ပါရ၏ ။ အမောဟလည်း ပါရ၏ ။ မေတ္တာလည်း ပါရ၏ ။မေတ္တာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ချစ်စရာကိုသာ မြင်၏ ။ ကရုဏာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ကြင်နာစရာကိုသာ မြင်တော့၏ ။ လောက၌ ချစ်စရာနှင့် ကြင်နာစရာကိုချည်း မြင်ရလေသော အခါ မိမိ ချစ်ရသောလောက၊ မိမိ ကြင်နာရသောလောကအတွင် အနစ်နာခံချင်စိတ် အလောဘပဓါန-သည်လည်းကောင်း၊ သူတို့နှစ်သက်နိုင်မည်ကို ရွေးချယ်တတ်သော အသိဉာဏ် အမောဟပဓါန-သည်လည်းကောင်း အလိုအလျောက် ပေါ်လာ၏ ။ ဤသည်ပင် “အသင်္ခါရိက” ဖြစ်၏ ။
သည်းခံခြင်းသည် မိမိတို့၏ အမြင်အပေါ်၌ များစွာ တည်မှီ၏ ။ လောကအပေါ် ချစ်တတ်သော မျက်စိ၊ ကြင်နာတတ်သော မျက်စိ၊ ကျေးဇူးတင်တ်သော မျက်စိဖြင့်သာ ကြည့်မည်ဆိုပါလျှင် ချစ်စရာကောင်းသော လောက၊ ကြင်နာစရာကောင်းသော လောက၊ ကျေးဇူးတင်စရာ ကောင်းသောလောကအပေါ် သည်းခံနိုင်ဖွယ် များစွာ ရှိ၏။
အခါတပါး၌ ပုဏ္ဍားတစ်ယောက်သည် နွားများပျောက်သွား၍ လိုက်ရှာရာတွင် မျက်စီလည်လမ်းမှားပြီး တောထဲ၌ စားစရာမဲ့လို့ အသီးခူးစားရာမှ ချောက်ထဲသို့ ကျ၏။ ထိုအခါ မျောက်မင်းတစ်ကောင်က ၎င်းပုဏ္ဍားအား သနားဂရုဏာသက်မိပြီး ဆင်းကယ်ဆယ်လေသည်။ ချောက်အပေါ်သို့အရောက် မျောက်မင်းသည် ပင်ပန်းလွန်း၍ ထိုအကြင်ပုဏ္ဍား၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ ထိုပုဏ္ဍားသည် ဗိုက်ဆာလွန်း၍ မျောက်မင်းအား ကျောက်ခဲဖြင့် ခေါင်းထုသတ်လေသည်။ ထိုအခါ မျောက်မင်းသည် အကြီးအကျယ်ထိတ်လန့်ပြီး သစ်ပင်ပေါ်တက်ပြေးလေတော့သည်။ သို့သော် မျောက်မင်းသည် အကြင်ပုဏ္ဍားအား ရွာသို့ရောက်ရန် သူ၏ သွေးစက်တို့ဖြင့် သစ်ပင်ပေါ်မှ လမ်းပြ၍ ကူညီခဲ့ပါသည်။
ထိုဇတ်တော်တွင် မျောက်မင်းသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ပင်ဖြစ်သည်။ ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ရဲ့ ကြီးမားတဲ့ သည်းခံခြင်း ခန္တှီတရားကို အရှင်းသားမြင်တွေ့နိုင်ပါသည်။ မိမိအား သတ်သည့်သူကိုပင် ကြီးမားသော သည်းခံတရားဖြင့် ကူညီပေးခဲ့သည်။ တကယ်ပင် အတုယူလေးစားဖို့ကောင်းပါသည်။ ထို့ကြောင့်လဲ လောက၏ အတုမဲ့ အနှိုင်းမဲ့ သစ္စာတရားရှင် မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ “စေတနာသည် လူတိုင်းနှင့် မတန်” ဟု ကျွန်တော်တို့ ပြောဖူးပါသည်။ ထိုသို့မဟုတ် စေတနာသည် လူတိုင်းနှင့်တန်၏။ လူတိုင်းအပေါ်လဲ ထားသင့်၏။ မှန်ကန်သောစေတနာဖြစ်ပါစေ, မိမိစေတနာအား တန်ဖိုးမထားသူသည် တန်ဖိုးမထားသလောက် အပြစ်ကျရောက်တက်စမြဲပင်ဖြစ်သည်။ ထိုဇတ်တော်တွင် ထိုပုဏ္ဍားသည် ဇတ်သိမ်းမလှစွာဖြင့် နိဂုံးချုပ်ရလေသည်။ မျောက်မင်း လမ်းညွှန်သည့်အတိုင်း ထိုပုဏ္ဍား ခရီးဆက်ရာ လမ်းတွင် တွေ့သော ရေအိုင်မှာ ရေသောက်ရန် ရေကန်ထဲအဆင်း ရေပေါက်ထိသော နေရာတို့မှာ အနာများဖြစ်လေသည်။ ထိုအနာမှာ ရိုးရိုးအနာမဟုတ်ပဲ ပြင်းထန်သော နူနာသာဖြစ်လေတော့သည်။ ထိုနောက် ဥယျာဉ်တစ်ခု၌ မြေမျို၍ ဇတ်သိမ်း ဆိုးခဲ့ရလေသည်။
နိဂုံးချုပ်ရလျှင် လောကရှိ လူသားတိုင်း ကြုံတွေ့နေစမြဲ လောကဓံ အသီးသီးရှိကြသည်။ ဆိုးသည့်လောကဓံအားလည်းကောင်း၊ ကောင်းသည့်လောကဓံအားလည်းကောင်း၊ ဆိုးဆိုးကောင်းကောင်း သည်းခံခြင်း အမှုကို လက်ကိုင်ထားရမည်။ သို့မှာသာ မိမိနှင့် ထိတွေ့ဆက်ဆံနေရသော သူငယ်ချင်းမိတ်ဆွေများဖြင့် အမုန်းကင်း အာဃာတကင်းစွာ ပေါင်းသင်းဆက်ဆံရ၏။ တစ်ယောက်တည်းနေဖို့ မသင့်တော်သော လောကအတွက် ပျော်ရွှင်နှစ်လိုဖွယ်ကောင်းသော ပတ်ဝန်းကျင်ဆိုတာ ရှိသင့်၏။ ထိုပတ်ဝန်းကျင်အား မိမိသည်သာ တည်ဆောက်ရမည်ပင်။ ထို့အတွက် အကြီးမားဆုံးလိုအပ်ချက်သည် ခန္တီခေါ် သည်းခံခြင်းမှ တစ်ပါး အခြားမရှိနိုင်ပေ။ ထို့ကြောင့် ခန္တီတရား လက်ကိုင်ထား၍ အမှုကင်းပါစေလို့ ဆုမွန်တောင်းရင်း တင်ပြခြင်း တစ်ခန်းရပ်ပါရစေ မိတ်ဆွေ။
ခန္တီမင်္ဂလာ
နှိပ်စက်စော်ကား၊ အမှုများ၊ ခန့်ထား ခန္တီပါ။
ချမ်းပူစသား၊ ဘေးဒဏ်များ၊ ခန့်ထားခန္တီပါ။
ခန္တီကျင့်က၊ မေတ္တာမျှ၊ ဒေါသကင်းရှင်းသည်။
ကုသိုလ်တိုင်းတွင်၊ ခန္တီပင်၊ ပါဝင်စေရမည်။
ခန္တီရှိသူ၊ ကုသိုလ်ဟူ၊ လွယ်ကူပြည့်စုံသည်။
ခန္တီကင်းငြား၊ ကုသိုမှား၊ ပျက်ပြားလေတော့သည်။
ခန္တီအာစာ၊ ရှိသူမှာ ပညာပြည့်စုံသည်။
ခန္တီရှိ၏၊ သမာဓိ၊ အတိပြည့်စုံသည်။
ခန္တီကင်းဘိ၊ သမာဓိ၊ မရှိပျက်တော့သည်။
ခန္တီရှိမှ၊ မြတ်သီလ၊ ကျနပြည့်စုံသည်။
ခန္တီကင်းငြား၊ သီလများ၊ ပျက်ပြားလေတော့သည်။
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
မှတ်ချက်။ ။ဦးရွှေအောင်၏ “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်)” စာအုပ်မှ ခန္တီပါရမီအပိုင်းမှ ထုတ်နုတ်ရေးသာပြီးပြန်လည်မျှဝေသည်။
အရှင်မုနိန္ဒ(ပန်းထို)M.A မာဂဓတက္ကသိုလ်(ခေတ္တစင်္ကာပူ) ၃.၁၀.၂၀၁၂။
မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ
မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ
ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း
လူနည်းစုများ ဖြစ်ကြသည့် ရခိုင်၊ မြို၊
ဒိုင်းနက်၊သက် စသည့် လူမျိုးများကို ပြည်
သူ့ စစ်သင်တန်း စတင်ပေးနေပြီ ဖြစ်ကြောင်း
သတင်း ရရှိသည်။
မိမိတို့၏ ကျေးရွာများကို မိမိတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာမှ
ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်သင်တန်းပေးနေခြင်း ဖြစ်သည်ဟု
ဆိုသည်။
ပြည်သူ့စစ် သင်တန်းကို မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ(၄)
ကြိမ်ချောင်းတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ရွာပေါင်း ၃၀ က လူပေါင်း ၃၀၀ ခန့်
ပါဝင်သည်ဟု ပြောသည်။
ကြိမ်ချောင်းအနီး တည်ရှိသော နံ့သာတောင် ဆရာတော်က ပြည်သူ့စစ် သင်တန်းနှင့်
ပတ်သက်ပြီး သူသိသလောက်ကို ယခုလို နိရဉ္စရာသို့ မိန့်ကြားသည်။
“သင်တန်းက စက်တင်ဘာ ၈ရက်နေ့က စပါတယ်။ တရွာက ၁၀ယောက်ကျော်
သွားပြီး ပြည်သူ့စစ် တက်နေ ကြပါတယ်။ နယ်မြေ(၄) နစက စခန်းမှာ သင်တန်း
တက်နေတာ ဖြစ်ပါတယ်။ စုစုပေါင်းလူ ၃၀၀ရာကျော်ရှိမယ် ထင်ပါတယ်။
သင်တန်းကာ လတော့ အတိအကျ မသိသေးဘူး” ဟု ဆရာတော်က
မိန့်ကြားသည်။
ပြည်သူ့ စစ်သင်တန်းကို နစက နှင့် စစ်တပ်မှ အရာရှိများက ပေးနေခြင်း ဖြစ်ပြီး
သင်တန်းအခြေအနေ ကို ကျေးရွာသား တစ်ဦးက ယခုလို ဆက်ပြောပြသည်။
“မနက် ၉နာရီမှာ သင်တန်းစပါတယ်။ ထမင်းစားချိန် ၁နာရီ အနားယူရတယ်။ ပြီးရင်
သင်တန်း ပြန်စပြီးတော့ ည နေ ၄နာရီမှ ပြီး ပါတယ်။ သင်တန်းပြီးရင် ကိုယ့်ရွာကို
ပြန်ကြရတယ်။
ရွာလုံခြုံရေး ဆက်ယူကြရပါတယ်” ဟု သင်တန်းသွားတက်သူ ရွာသားတစ်ဦးက
ပြောပြသည်။
သင်တန်း ပြုလုပ်နေသော နစကစခန်းနှင့် နံ့သာတောင်ရွာမှာ ၃မိုင်ခွဲခန့်သာ
ဝေးသောကြောင့် နံသာတောင်ကျေးရွာ သားများ အနေဖြင့် ခြေလျှင် လျှောက်ပြီး
သင်တန်းသွားတက်ကာ သင်တန်း အပြီး ညနေဘက်မှ အိမ်ပြန်ကြရပြီး အိမ်သို့ ညနေ ၆နာရီတွင် ပြန်ရောက်ကြသည်ဟု သူက ဆိုသည်။
ပြည်သူ့ စစ်သတင်တန်း ပြီးလျှင် အစိုးရမှ ရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀ လက်စီ
တပ်ဆင် ပေးမည်ဟု အထက်အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး ရွာသားများက
ဆိုသည်။
မောင်တော တောင်ပိုင်းရှိ ကျေးရွာများမှာလည်း ပြည်သူ့စစ်သတင်တန်း ပေး
နေပြီဖြစ်ကြောင်း မောရ၀တီကျေး ရွာသား တဦးက နိရဉ္စရာသို့
ယခုလိုပြောသည်။
“ကျွန်တော်တို့ ရွာမှာတော့ ဒီလ ၁၇ရက်နေ့က စစ်ရေး သင်တန်း စပြပါတယ်။
တရွာက ၁၀ဦးစီတက်ရတယ်။ မနက် ၇နာရီကနေ ၁၁ နာရီ၊ ၁နာရီခွဲကနေ
ည ၄နာ၇ီအထိ တက်ကြရပါတယ်။
သင်တန်းဆရာက ခလရ (၃၅၂)တပ်ရင်းက သင် တန်းမှူးတွေနဲ့ ရဲဘက်က
သင်တန်းမှူးတွေ ပြနေပါတယ်။
သင်တန်းကာလတော့ တလ ဖြစ်ပါတယ်” ဟု ပြည် သူ့ စစ်သင်တန်း တက်နေသူ
မောရ၀တီကျေး ရွာသား တဦးကပြောသည်။
မောင်တော တောင်ပိုင်းရှိ တခြားလူနည်းစု ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်း ပို့ချပေးနေသည်ဟု သူက ဆိုသည်။
နိရဉ္စရာ
Subscribe to:
Posts (Atom)




